ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Tuesday, December 18, 2007

ဗိုလ်ကြီးမစားခဲ့သော ငါးဟင်းတစ်ခွက်

ကျွန်တော်တို့ ခမရ(xx) စစ်ကြောင်း-၂ နဲ့ တပ်ခွဲ(၂)ခွဲ လမ်းကင်းတာဝန်ယူထားရတာ ဒီနေ့နဲ့ဆို ရက်(၂၀) နီးပါးရှိပြီပဲ။မနက် ၀၈း၀၀ နာရီကျော်ကပဲ နောက်တန်းပြန်ရမယ့် သင်တန်းတက် ဆေးရုံတက် အဖွဲ့တွေ ကိုယ် တာဝန်ယူထားရတဲ့ အပိုင်းတွေကနေ အေးဆေးပဲ ဖြတ်သွားတော့ လမ်းကင်း လုံခြံရေးတာဝန်က ပြီးပြီလေ။ မူသဲ(ကရင်ရွာ)နဲ့ကလည်း နဲနဲလေး ဝေးတဲ့အတွက် ဈေးဝယ်လို့ ကလဲမရတော့ထုံးစံအတိုင်း ငါးလေး၊ဖားလေး ရှာစားကြရတယ်လေ။ လမ်းကင်းကနေ ပြန်ရောက်တာနဲ့ ဗိုလ်နန္ဒအောင် တစ်ယောက် တပ်စုမှူး ညီငယ်(၂) ယောက်ကိုအခေါ်ခိုင်းပြီး ထမင်းစားပါတော့တယ်။ဆာဆာနဲ့ထမင်း နှစ်ပန်းကန်က အသာလေးကုန်ပါတယ်။

ထမင်းစားရင်း ညီငယ်(၂)ယောက်နဲ့ မန္တလေးရဲ့သတိရစရာလေးတွေနဲ့ ဘောလုံးပွဲလောင်းတိုင်း ရှုံးတာတွေပါ မကျန် ပြောရတာအရသာတစ်ခုလေ....ဘေးမှာ ရေဒီယိုလေး တစ်လုံးနဲ့ပေါ့....တပည့်ကျော် ပန်းကန်လာ သိမ်းမှ မေးဖို့ကြံရွယ်ထားတဲ့မေးခွန်းကို မေးလိုက်တယ်‘‘ဆရာကြီးမောင်ဆင့်ရောမတွေ့ပါလား. ဒီငါဟင်း ကရောဘယ်တုန်းက သွားရှာလိုက်တာလဲ‘‘ ဆိုတော့ ‘‘စစ်ကြောင်းမှူးရဲ့ တပည့်ကျော် တစ်ယောက်နဲ့ ခွဲရုံးက လှဦး ရယ် အခုနလေးကပဲ မနေ့က ငါးရတဲ့ ချောင်းအကွေ့လေးဘက်ကို သွားတယ်‘‘ တဲ့...တပ်ခွဲမှူး ဖြစ်ပေမယ့်စစ်ကြောင်းမှူးလည်း ဘာမှမပြောတာပဲဆိုပြီး ‘‘အေး ပြန်ရောက်ရင်တာ ငါ့ဆီလွှတ်လိုက်‘‘ လို့ ညီငယ်ဖြစ်တဲ့ ဒုဗိုလ်ရဲသူအောင် ကိုမှာပြီး ဆက်သွယ်ရေးစက်ရှိရာ တဲဘက်ကိုထွက်ခဲ့ပါတော့တယ်..
စက် သမားကို ‘‘ဘာထူးလဲ‘‘ လို့ မေးတော့‘‘၅၆(မထူး)ပါ ဗိုလ်ကြီး‘‘ဆိုတာနဲ့ နန္ဒ လည်း ရေဒီယိုလေး ကိုင်လို့ သဇင်(ပြင်ဦးလွင် အသံလွှင့်လိုင်း)ကလာတဲ့ သီချင်းလေးနားထောင်ရင်း စခန်းကိုတစ်ပတ် ပတ်ကြည့်တယ်။ အခုလို အချိန်မျိုးဆို တပည့်ကျော် ကင်းသမားတွေ ထမင်းလုံးစီပြီး အိပ်ငိုက်တတ် တယ်လေ.သွားနေလာနေကျ နေသားတကျ ဖြစ်သွား အေးဆေးသွားတာနဲ့ပေါ့ချင်ကြတာ စစ်သားတို့ သဘာဝကိုး .သဇင် ကလာနေတဲ့ အချစ်ရေပြန်ခဲ့တော့ ဆိုတဲ့ ရှင်ဖုန်း~ခင်ဘုန်း သီချင်းလေး နားထောင်လို့မှ မဆုံး သေးဘူး‘‘ဂျိမ်း‘‘ဆိုတဲ့အသံက လမ်းနဲ့ရေချောင်း ထိစပ်နေတဲ့ဟိုးဘက် ခပ်လှမ်းလှမ်းနေရာဘက်က ကြားလိုက်ရပါတော့တယ်‘‘ဆရာမျိုးထွန်း သွား ဗိုလ်ကြီးရဲသူအောင် ကိုသွားခေါ် ဒီ ဆက်သွယ်ရေး စက်နားမှာလာနေလို့ ပြောလိုက်.ကျွန်တော်လိုက်သွားပြီ စစ်ကြောင်းမှူး ကို တစ်ခါတည်း သတင်းဝင်ပို့သွားမယ် ..စစ်ကြောင်း (၁)က အဘတို့ကြားလို့ လှမ်းမေးရင် ဘာမှန်းတော့ မသိရသေးဘူး ကျွန်တော်ကိုယ်တိုင်သွားရှင်းနေတယ်လို့ပြောထားလို့ ပြော သေချာပြောနော် ကျွန်တော်ပြောတဲ့အတိုင်း‘‘ ဆိုပြီး ပြောလည်းပြောequipment ကို ကပျာကယာ ကောက်လွယ်ပြီး တပ်စု ၂ စုက စိတ်ချရတဲ့သူတွေခေါ်ပြီး အပြေးတစ်ပိုင်းနဲ့ သေနက်ဆွဲလို့ ထွက်ခဲ့ပါတော့တယ်.
ထင်တဲ့အတိုင်းပဲ တပည့်ကျော်တပ်သား လှဦး ရဲ့ ညာခြေသလုံး အောက်ပိုင်း သွေးအလိမ်းလိမ်းနဲ့ ခြေဖ၀ါးတစ်ခုလုံး ဖွာလန်ကြဲနေပြီလေ‘‘ဆရာကြီး‘‘ ဒေါသနဲ့ အော်ခေါ် မိတဲ့တစ်ပြိုင်နက် သတိဆွဲပြီးဘာမှ မပြောနိုင်ပဲ ကြောင်ကြည့်နေရှာတယ်။‘‘လုပ်မြန်မြန်ဝါးခုပ်မှာခုပ် ဟိုကောင် ခြေထောက်အပိုပါနေတာလား မင်းအဖေ မိုင်းကဘေးတစ်ဝိုက်မရှိတော့ဘူးမပြောနိုင်ဘူး လာတော့ဒီဘက်ကို အခုမှအဲဒီ မှာ ဘာမှလျှောက်ရှာမနေနဲ့ လာတဲ့အတိုင်းပြန်ပြီး မ ။ကျန်တဲ့သူတွေသွားလမ်းပေါ်ပြန်တက် ကင်းလည်းသေချာလုပ် မင်းအဖေတွေအသံကြားလို့ လာချောင်းချင်ချောင်းနိုင်တာပဲ သေချာကြည့်တွေ့တာနဲ့ ပစ်တာပစ် ‘‘ဆိုပြီး တပည့်ကို လက်တစ်ဖက်က ဆုပ်ကိုင်လို့. ‘‘ဟေ့ကောင် ဖိုးရှမ်း ဘာမှမဖြစ်ဘူးအားတင်းထား ကြားလား အေးဆေးပဲ နော် ဘာမှမဖြစ်ဘူး‘‘ ဆိုပြီး..လမ်းပေါ်ပြန်ခေါ် ၀ါးလုံးကို စောင်ကြားလေးနဲ့ ပုခက်လို လုပ်ပြီးတာနဲ့ စစ်ကြောင်းစခန်းကို အမြန်ချီရပါတော့တယ်...စစ်ကြောင်းရောက်တာနဲ့ ဆေးတပ်ကြပ် ဆေးတပ်သားတို့ ဒဏ်ရာကိုသန့်စင်ဖြတ်လှီးသင့်တာတွေဖြတ် ဗျူဟာဆေးခန်းကို ထပ်မံပို့ ဆောင်ရတော့တယ်လေ.ဆက်သွယ် ရေးစက်နားမှာ တပ်ရင်းမှူး(အဘ)ဆဲသမျှဆိုသမျှ နားထောင် ဖြစ်စဉ်တွေတင်...အလုပ်ကို ဇယ်ဆက်သွား ပါတော့တယ်. ညစာထမင်းစားတော့ ငါးဟင်းခွက်လေးလာချတယ်..အရင်စိတ်နဲ့တာဆို နန္ဒအောင် ဆွဲလွှင့် ယူပစ်မိမှာပါ။
အခုတော့ ဖြစ်ပြီးသွားမှတော့ဘာတတ်နိုင်မှာလဲလေ..ဆိုပြီး..တစ်ခြား ငှက်ပျောဖူးဟင်းလေး မြေပဲဆန်ကျော် စိုစိစိ ညိုမဲမဲ လေးနဲ့ပဲ နှစ်ပါးသွားလိုက်ပါတယ်..‘‘ညီလေး မင်းတို့ စဉ်းစားကြည့်လေ ကိုယ့် တပည့် ရဲဘော် တစ်ယောက်ရဲ့ ခြေဖ၀ါးတစ်ဖက်နဲ့ လဲပြီးရခဲ့တဲ့ အဲဒီငါးဟင်းကို စားလိုက်မယ့် (တစ်ခြားသည် အနေနဲ့တော့ထားပါ) မင်းတို့ ငါတို့ ဗိုလ်ကြီးဆိုတဲ့ စစ်ဗိုလ်တွေက အရာရှိ ပီသပါဦးမလား ...ကိုယ်ပြောတာသေချာ စဉ်းစားကြည့်နော် စားလိုက်လည်းဘာမှတော့ မဖြစ်ဘူး ပေါ့ကွာ..အေး မင်းတို့ငါတို့က….. ကိုယ့်အသိစိတ်နဲ့ကိုယ်ပေါ့ကွာ။မိုင်းထိသွားတဲ့ လှဦး ဆိုတဲ့ ရဲဘော်က ရှမ်းလေးပါ...နောက်တန်းမှာကတည်းက နန္ဒအောင် ကိုယ်တိုင် တပည့်အဖြစ် အရာရှိ ရိပ်သာမှာ ခေါ်ထားခဲ့တာလေ....အခုလည်းဒီရှေ့တန်းထွက်လာတော့လည်းသူ့ကို ခွဲရုံးမှာ တပ်ခွဲမှူးအနားမှာပဲ ခေါ်ထားလိုက်တယ် .. လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းက ‘‘ချောင်းဘက်က ခွေးဟောင်သံ လိုလိုဘာလိုလို ကြားတယ် အဲဒီဘက်ကို .တို့တပည့်တွေအကြောင်းမဲ့ ဘယ်သူမှ မသွားစေနဲ့ သေချာလိုက်မှာခိုင်း ညီလေး‘‘လို့ စစ်ကြောင်းမှူး ဗိုလ်မှူးအောင်ဇင်မိုး မှာတာကို နန္ဒအောင် နားထဲမှာ အခုထိ ပြန်ကြားနေမိပါတယ်....မသွားဖို့ အတန်တန်မှာထားခဲ့ပေမယ့် စစ်သားတို့ ထုံးစံအတိုင်း ဖြစ်ခါမှ ဖြစ်တော့ လက်တလော ၀မ်းစာအတွက် တစ်ခါတစ်လေလည်း အသားလေး ငါးလေးနဲ့ ကိုယ့်အရာရှိတွေ ဆရာတွေ ရဲဘော် တပည့်တပန်း တွေကို ရှာဖွေကျွေးမွေးချင်ကြတာ ဓမ္မတာပဲမို့ ....ဘယ်သူကိုမှလည်း အပြစ် မဆိုချင်တော့ပါဘူး.....

အဲဒီနေ့ကစလို့ နန္ဒအောင် တို့ ပုသိမ်ကြီးတပ်က အရာရှိရိပ်သာမှာ ဘယ်သောအခါမှ ငါးဟင်းမစားဖြစ်ကြ တော့ ဘူးလေ.....အယူသီးတာမဟုတ်ခဲ့ကြပေမယ့်လည်း ... တပ်သားလှဦး တစ်ယောက်ကတော့ ဒီနေ့အထိ အရာရှိရိပ်သာမှာ ချိုင်းထောက်တစ်ဖက်နဲ့ သူ့ဗိုလ်ကြီးတွေကို ထမင်းချက်ကျွေးနေတုန်းပဲလေ EA-1 (Enemy Action) ဘ၀ရောက်တာတောင် သူချစ်တဲ့ ဗိုလ်ကြီးတွေနဲ့အတူ လုပ်ပေးနိုင်တာကို လုပ်ပေး နေရှာတုန်းပဲ။ အခုဆိုသူ့ဆရာ ဗိုလ်ကြီးနန္ဒအောင် တစ်ယောက်ပင်လျင် ရှမ်းပြည်နယ် ကို အမြဲတမ်း ပြောင်းရွှေ့သွားခဲ့ပြီလေ...MS ဆိုတဲ့ Order လေး **…….သို့ပြောင်းရွှေ့တာဝန်ချထားလိုက်သည် *** ဆိုရင် သွားပေဦးတော့ သံယောဇဉ် အမျှင်တွေဖြတ် တစ်ခန်းရပ်လို့ ပိုင်ဆိုင်သမျှ သေတ္တာလေးတစ်လုံးအိပ်ယာလိပ်အိတ် တစ်လုံး မပြောင်းလဲတဲ့ပုံစံ အဖေအမေတို့ဆီ ပိုက်ဆံလေးမှာပြီး ခရီးနှင် သင်သွားလိုရာသို့…………..ပေါ့ဗျာ။
နေလွမ်းသူ

Read More...

Saturday, December 15, 2007

မန္တလေးဆေးရုံကြီးပေါ်မှ (အပိုင်း--၂)

သွေးသွင်းဖို့လုပ်တော့ သွေးဘဏ်ကနေ စစ်သား၊ရဲသား၊ဘုန်းကြီး free ပါဆိုတဲ့ နေရာမှာ လိုတဲ့ သွေးအတွက်အလှူငွေဆိုတဲ့ခေါင်းစဉ်အောက်ကို ပိုက်ဆံတွေ ပေးထားခဲ့ရတာကိုလည်း အံ့သြ မနေတော့ပါဘူးလေ.နေရာတိုင်းမှာ ပိုက်ဆံ ဆိုတာ ကလည်း ချောဆီတစ်ခုဖြစ်လို့နေတာကိုး...
စက်ဖွင့်ပြီး မိခင်တပ်ကို ဒုတိယအကြိမ်မြောက် သတင်းပို့ပြီးလို့ စက် ပိတ်လိုက်တဲ့အချိန်အထိ အခြေအနေက ထူးမလာသေးဘူး.အဲဒီအချိန်မှာပဲ စောစောက ပါရဂူကြီး နောက်မှာ Duty coat ဖြူဖြူတွေ မှတ်စု စာအုပ်တွေ ကလစ်ဖိုင်တွေ ကိုယ်စီ ကိုင်လာတဲ့ ဒေါက်တာ အလောင်းအလျာတွေ ပါလာကြတယ်.

ပါရဂူကြီးကခွင့်တောင်းတဲ့ အနေနဲ့ ‘‘ဗိုလ်ကြီး သူတို့ကို ဒီကေ့စ် အကြောင်း အခုတစ်ခါတည်း လက်တွေ့ ပြမလို့ပါ ‘‘တဲ့ .ဟုတ်ကဲ့ပါ ပေါ့..အဲဒီလိုပြောတုန်းပဲ ဆရာကြီးက ပါးစပ်ကနေ ငြီးငြူသံတွေထွက်လာတာနဲ့ ချက်ချင်းပဲ ဆေး အမ်အေ(MA) ကြီးကတစ်ဖက် သူကတစ်ဖက် လက်ကို ကိုယ်စီပြေးကိုင်ဆုပ်ချေပေးလိုက်ပါတယ်...စက်ထဲကလည်း ...ခေါ်သံ ထွက်ပေါ်လာတာက..‘‘နန္ဒ ရှိလား နန္ဒ..‘‘ တဲ့ ..တပ်ရင်းမှူး စက်နဲ့ခေါ်လာတဲ့အသံပဲ....‘‘အမိန့်ရှိပါ...‘‘ ဆိုတော့ ‘‘အောင်ခိုင်အောင်နိုင်‘‘တဲ့ ကျန်တဲ့အချိန်ဆို စိတ်ထဲမှာ နောက်ပြောင်နေမိမှာ ‘‘အောင်ခိုင် ရဲဖမ်းသွားပြီ.‘‘လို့ ။လက်ရှိအခြေအနေကို ပြန်ဖြေမလို့ ပါးစပ်ဟန်ပြင်နေတုန်း...ကျွန်တော် ဆုပ်ကိုင် ထားတဲ့ ဆရာကြီးရဲ့လက်ချောင်းလေးတွေကနေ ဆက်ကနဲ လှုပ်သွားလိုခံစားလိုက်ရလို့ ပြန်ငုံ့ အကြည့် မှာ ဆရာကြီး အမ်အေ က‘‘ဗိုလ်ကြီး သူ သွားပြီ‘‘..တဲ့..
ကျွန်တော် စက်ပြန် ခေါ်ဖို့ အားအင်တွေ တခဏချင်း ပျောက်သွားသလို ခံစားလိုက်ရတယ်... လူရှင်းတဲ့နေရာကို ထွက်ပြီး စက် ပြန်ခေါ်ဖို့ နေရာကနေ ထလိုက်တယ်။လူအုပ်ထဲကနေအထွက်မှာ ရှေ့တည့်တည့်ကနေဖယ် မလိုလို မဖယ်ချင်သလိုနဲ့ တစ်ယောက်ကို ဒီက မကျေမနပ်ဖြစ်နေတဲ့ မျက်နှာနဲ့ ဘုရှိုး ဒဲ့ရှိုးလိုက်တဲ့အချိန်မှာပဲ.....ထင်မှတ်မထားတဲ့ မျက်နှာလေး မျက်မှန်လေးအစုံ တက်ထားလျက်နဲ့လေ.......အံသြ မင်သက် နေတာပဲလားတောင်းပန်တိုးလျှိုးတဲ့ အကြည့်တွေလား ဆိုတာကို ‘‘နန္ဒအောင်‘‘တစ်ယောက် ဝေခွဲ ဆုံးဖြတ်ဖို့အချိန်မပေး နိုင်လှစွာပဲ အမြန်ဆုံးဖယ်ခွာခဲ့တယ် ‘‘နန္ဒ‘‘ မှ ‘‘ရန်နိုင် တယော‘‘ ..# % *^*^*^&*+*+*+*တပ်ရင်းက အခုပဲ တပ်မတော်ရဲ့ မြင့်မြင့်တင် ဝေးဝေးရှောင် ကားတစ်စီးလွှတ်ပေးလိုက်ပြီ ၊ဆရာကြီး ဆေးအမ်အေ နဲ့ မှာစရာရှိတာ မှာထားပြီး ချက်ချင်းပြန်လာခဲ့ပါ.ဆိုတဲ့အကြောင်းကို ပြောပြီး.. ပြန်ဖို့ပြင်ရတော့တယ် .ပါရဂူကြီးနဲ့ အတူ အနားမှာ ရှိနေကြတဲ့ ဆရာဝန်တွေသူနာပြုတွေကို နှုတ်ဆက်စကား ကျေးဇူး စကားတွေ အခါအခါ ဆိုလို့...ဆရာကြီး ရဲ့အသက်မဲ့ ခန္ဒာကိုတစ်ချက်ကြည့်ရင်း....စစ်သားတို့ မည်သည် ရှေ့တန်းထွက်မှရယ်မဟုတ်ဘဲ..ကျည်လွတ်မြေမှာလည်း သေချင်းတရားကို(အဖြစ်ဆိုးစွာ) ရင်ဆိုင်ရတာပါပဲလေ....လို့..။

အပြာနုရောင်ခန်းဆီးလိုက်ကာကို အဖွင့် ဆိုင်ကယ်ပြင်ဆိုင်မှာ ဒေါသတွေနဲ့ တောက်ခေါက်ခဲ့တဲ့ ဒေါက်တာလောင်းအလျာမမက တစ်စုံတစ်ယောက်ကို စောင့်နေတယ်ထင်ပါတယ် ..နန္ဒအောင် ကိုတွေ့တွေ့ချင်းမှာ တစ်ခုခုပြောမလို့ဟန်ပြင်ရင်း ပွင့်ဟ လာတော့မယ့်သယောင် နှုတ်ခမ်းနှစ်လွှာ..မျက်မှန်လေးအောက်က မျက်ဝန်းတစ်စုံကို တည့်တည့်ကြည့်ခါ.. ခေါင်းကို တစ်ချက် ဆက်ကနဲငြိမ့်လို့ ပြုံးပြနှုတ်ဆက်ရင်း ...နန္ဒအောင် .တစ်ယောက် မန္တလေးဆေးရုံကြီးပေါ်ကနေ အပြေးအလွှားကျောခိုင်းလိုက်မိပါတော့တယ်.....
မင်းပြောလာမယ့် စကား တစ်စုံတစ်ရာကို နားမထောင်ချင်လို့ စကားပြန်မပြောချင်လို့ မဟုတ်ပါဘူးကွာ.. ဖြစ်စဉ်တစ်ခုဖြစ်ပြီးတာနဲ့ နောက်ဆက်တွဲ ရင်ဆိုင်ရမယ့် လုပ်ရမှာတွေ ဖြေရှင်း တင်ပြတာတွေ ဇယ်ဆက်သလို ဇက်တိုက်လာဦးမှာမို့ပါ နားလည်နိုင်ပါစေလို့ပဲ………………….
ဖြစ်စဉ်ပြန်တမ်း၊ စုံစမ်းစစ်စေးရေးခုံရုံးတွေ၊ (စုံခုံသပ်ချုပ်တွေပေါ့ဗျာ) ကြေးနန်းတွေ….တွေပို့ဖို့။
နေလွမ်းသူ

Read More...

Friday, December 14, 2007

မန္တလေးဆေးရုံကြီးပေါ်မှ

အရေးအကြောင်းဆို ဒီဆိုင်ကယ်က ဘီးပေါက်ပြီ ...ပုသိမ်ကြီး တပ် ကိုမြန်မြန်ပြန် လူနာအတွက်လိုတဲ့ မော်ဖိန်း ထိုးဆေး ရဖို့က အရေးကြီးနေပါတယ် ဆိုမှ ဆေးရုံကထွက်လို့ နှစ်ပြလောက်ပဲ ရောက်သေး ပြသနာကစပြီ..တော်သေးတယ် သိပ်မတွန်းလိုက်ရဘူးနီးနီးနားနားဆိုင်တွေ့လို့ ။ဆိုင်ကယ်ပြင်ဆိုင်က ကောင်လေးကို နဲနဲမြန်မြန်လေးလုပ်ပေးဖို့ပြောတုန်းရှိသေးမျက်မှန်းလေးနဲ့ချောချောလေး(၂)ယောက် ဆိုင်ကယ်တွန်းပြီး ရောက်လာတယ်။‘‘မောင်လေး အဲဒီဆိုင်ကယ် ဘာမှမဖြုတ်ရသေးတဲ့အတူတူ အစ်မတို့ဟာကို(ဆိုင်ကယ်) အရင်လုပ်ပေးပါလား‘‘တဲ့ ‘‘ဆေးရုံကိုသွားရမှာ မနေ့ကလည်းနောက်ကျ ဒီနေ့လည်း တအား နောက်ကျ နေလို့ပါ‘‘ တဲ့ ..အမ် ...လာသေးတယ် သူတို့ကပဲ..အဟား….. ဘယ်ရမလဲ ‘‘နန္ဒအောင်” ကွ မှန်လို့ကတော့ တပ်ရင်းမှူး ..သမီး တောင်ပြန်အော်တဲ့ကောင်လေ ..ဟားဟား..‘‘ညီလေး ကိုယ်လည်းအရေးကြီးတာပဲ ပြီးတော့ အရင်ရောက်တာ မင်း လုပ်မှာဆက်လုပ် ‘လို့ပြောလိုက်တော့ မျက်နှာတွေက မကြည်ကြည့်နဲ့ ရှိုးကြတယ်။

‘‘တောက်‘‘ဆိုတဲ့အသံလေးကိကြားဖြစ်အောင်ကြားလိုက်ရပါသေးတယ်.ဒေါသအကြည့်တွေနဲ့လေ.....ထားလိုက်အဲဒါတွေ ....တပ်ကိုရောက်တာနဲ့ အဘ(တပ်ရင်းမှူး)ကို အကြိုးအကြောင်းသေချာရှင်းပြ။သူ့ဆီက အမိန့်ရတာနဲ့ တပ်ရေှးဗိုလ်ကြီးနဲအတူ ဗဟိုကင်း အာမခံ သေတ္တာထဲကဆေးထုတ် (မော်ဖိန်းဆေးဆိုတာက တပ် တိုင်း ဗဟိုကင်း က မီးခံသေတ္တာထဲမှာထားရတာလေ) ယူနီဖောင်း မြန်မြန်ဝတ်(နဲနဲတော့ သ လိုက်သေး) ချက်ချင်း ပြန်ထွက်ခဲ့တယ်လေ။ဖြစ်စဉ်က မော်တော်ယဉ် ဂိုဒေါင်စတိုးခန်း အကန့်လေး မီးလောင်တယ်..မန္တလေး၊ မတ်လ ရဲ့နွေခေါင်ခါင်မှာ မီးလောင်တာလေ စဉ်းစားကြည့်။မော်တော်ယာဉ် အရာခံဗိုလ် ဆရာကြီး အထဲမှာ ဆေးလိပ်သောက်လက်စကို စားပွဲပေါ်တင်ရင်း အိပ်ပျော်သွားခဲ့တာ။ခန္ဒာကိုယ် အပေါ် အရေပြားတွေက သူ့ကို မလိုက်တာနဲ့ကို အရေတွေ လန်လာတယ်....အဓိကပြသနာက သူ့တစ်ယောက်ထဲ မီးကို ကျိတ်ငြှိမ်း နေတဲ့အချိန်မှာ တစ်ခန်းလုံး ပိန်းပိတ်အောင်မွှန်ထူနေတဲ့ မီးခိုးငွေ့တွေကို အဆုတ်အပြည့်ရှူသွင်းထားမိတာက အဓိက ဖြစ်နေခဲ့တယ်...တဲ့..ပါရဂူကြီးပြန်ပြောပြချက်အရပါ..အပြင်ထွက်ဖို့ပြင်နေတဲ့ ‘‘နန္ဒအောင်‘‘ ချက်ချင်းပဲ ဆေးရုံကြီးကို လိုက်ပေးခဲ့ရတာလေ....ဆေးရုံကို ပြန်ရောက်တော့လူနာစကားနဲနဲပြောလာနိုင်တာ တွေ့ရတယ် လက်ကအကြောရှာမရတော့တာမို့ ခြေသလုံးကနေ ရှာဖို့လုပ်ကြတယ်.မော်ဖိန်း ထိုးပေးပြီးမှ လုပ်လို့ရတယ်။

ဆရာဝန်ကြီးက ဗိုလ်ကြီး ခန လိုက်ခဲ့ပေးပါလို့ခေါ်လို့ သူနဲ့ ခန လိုက်သွားရတယ်။ အခန်းထဲ ရောက်တော့ ဆရာကြီးရဲ့အခြေအနေမှန်ကို သေချာ ရှင်းပြတယ်.. အပေါ်ယံအရေပြား တွေ မရှိတော့တဲ့အတွက် မွေးညှင်းပေါက်တွေ ကနေတဆင့် ပြင်ပကနေမမြင်ရတဲ့ site effect တွေ ၀င်သွားခဲ့ရတယ်...နောက်ထပ် ပြသနာက ခန့်မှန်းလို့မရတဲ့ မိနစ်တွေအတွင်း သူဟာ ကာဗွန်ဒိုင် အောက်ဆိုဒ်တွေအမြောက်အများရှူသွင်း ထားမိပြီးဖြစ်ခဲ့တယ်တဲ့....ဒါကို နန္ဒအောင် တို့ စိတ်မရှည် လိုက်ပုံများ ကဲပါ ပါရဂူကြီး ပွင့်ပွင့်လင်းလင်းပြောပါ၊ ကျွန်တော့်ကိုကျွန်တော့်ဆရာကြီးရဲ့အခြေအနေ .လို့ပြောဖြစ်အောင်ပြောလိုက်သေးတယ်...ဆရာဝန်ကြီးက အဲဒါ ဗိုလ်ကြီးလည်းအမြင်ပါ ကျွန်တော့်ဆီက ဒီ ကေ့စ် (case) ကိုတာဝန်ယူနေတဲ့ ဒေါက်တာတွေ သူနာပြုတွေ အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်...တဲ့ ..ကောင်းပါပြီ ကျွန်တော်အခု သူ့နားကိုအခြေအနေသွား ပြန်ကြည့် လိုက်ပါဦးမယ်...ဆိုပြီ..ဆရာကြီး ကုတင်ဘေးကို ပြန်ရောက်လာတော့...ရင်နင့်ဖွယ်ရာ စိတ်မကောင်းဖွယ် မြင်ကွင်းတွေက ဆီးကြိုနေတယ်...ပါးစပ်မှာရော နှာခေါင်းတွေကပါ အောက်စီဂျင်ပိုက်(၃)ချောင်းအပြိုင်ထည့် ပေးထားတာကိုပဲ ဆရာကြီးတင်ထွန်းရဲ့အဆုပ် လှုပ်ရှားမှုက အား မရ စရာပဲလေ...ထုံးစံအတိုင်း လက်ထဲက Icom (လမ်းလျှောက်စကားပြောစက်) ကို မန္တလေး PKလိုင်းနှုံးကို(Dupe +) ပြောင်းပြီး တပ်ကို အကျိုး အကြောင်းသတင်းပို့ရပြီလေ...စက် ယူလာရင် အလုပ်ကို ဆက်တယ် လို့ မကြာခဏ ပြောဖြစ်ကြတာကို သတိရမိပါရဲ့...အခုတော့ ဒီစက်လေး ပါလာလို့ (ဆေးရုံ)သူများစားပွဲ ပေါ်က တယ်လီဖုန်းကို မျက်နှာငယ်လေးနဲ့ဖုန်း ဆက်ချင်လို့ ပါလို့ပြောနေစရာမလိုတော့တာတော့ အမှန်ပဲလေ၊ ခန္ဒာကိုယ်မှာ ညိုမဲပြီး အရေခွံ တစ်ချို့နီရဲထနေတဲ့ ဆရာကြီးရဲ့ခန္ဒာကိုယ်ကို ငေးကြည့်ရင်း ဆုတောင်းပေးရုံကလွဲလို့ ဘာမှ မတတ်နိုင်တဲ့အခြေအနေပဲလေ။

၁၄.၁၂.၂၀၀၇
************************************(ဆက်လက်ဖော်ပြပါမည်)နေလွမ်းသူ

Read More...

Tuesday, December 11, 2007

''သတိ'' ဟူသည် ပိုသည်မရှိလေတော့...

ပွိုင့် 2204 (တပခ) ခလရ (၂၆၄) စခန်းရဲ့အောက် ကိုက် ၁၅၀၀ အကွာက DKBA စခန်းမှာ ကျွန်တော်တို့ တပ် စခန်းချထားပါတယ်။ DKBA က လူအင်အား ၃၀ လောက်နဲ့ ဗိုလ်အဆင့် ရှိတဲ့သူ(ဗိုလ် ၀ါပေါ)ဦးစီးပြီး သစ် စခန်းချပြီး သစ်ထုတ်နေတယ်လေ။ရိက္ခာ(၇)ရက်စာထုတ်လို့ လှုပ်ရှားဆိုပြီးထွက်လာရတာ။ (၇)ရက်မှာ (၆)ရက်နဲ့ (၁)မနက် တိုက်ပွဲငယ်များဖြစ်ပွား ခဲ့ပါတယ်။ နောက်ဆုံးနေ့မနက် DKBA စခန်းကို ရောက်တဲ့နေ့အထိ တိုက်ပွဲ ဖြစ်ပွားခဲ့ကြ တယ်လေ။ သူတို့ကလည်း ကျောက်ကြီး ဗျူဟာရဲ့ ညွှန်ကြားချက်အရ သေချာနေရာချထား ပေးပြီး ဟင်းလျာတွေ လုပ်ထားပေးတော့ စားဖို့သောက်ဖို့က တော်တော်လေးကို တပည့်တွေ အတွက်အိုကေ စိုပြေစေပါတယ်။ ညစာကိုသူတို့လုပ်ပြီး ကျွန်တော်တို့ တပ်က အရာရှိတွေနဲ့ သူတို့ဆီက ခေါင်းဆောင်တွေစုပြီး လက်ဆုံစားမှပဲ သူတို့တွေရဲ့ (၅)ပါးသီလစောင့်ထိန်း နိုင်မှုကိုတွေ့ရပါတယ်။အသားငါး လုံးဝမစားကြပါဘူး အရက်လည်းမသောက်ဘူး။ ဘုရားရှင် မကြိုက်ဘူးလို့ဟောထားတယ်တဲ့။

မတတ်သာလို့ သူများအသက်ကို သက်ရရင်တောင်မှ အတ္တကင်းအောင်လုပ်ပါတယ်တဲ့။ ကျွန်တော်ကိုအတွက်ပဲ ငါးဟင်း တစ်ခြားအသား ဟင်းလျာတွေကို သီးသန့်စီစဉ်ထားပေး ကြတာပါတဲ့။ ကျွန်တော်တို့ကလည်း သိပ်တော့မကြိုက်ကြဘူးလေ..အဟဲဟဲ။ လာခဲ့ရတဲ့ (၇)ရက်မှာ (၅)ရက်က ငှက်ပျောခေါင်း(အမြစ်ဆုံတုန်းကို ခေါ်တာပါ)နဲ့ ငါးလေးခြောက် ၄-၅ ကောင် ရောချက်တဲ့ ဟင်းနဲ့ပဲ နှစ်ပါးသွားခဲ့ရတာက များခဲ့ကြကိုး။ ဒီစခန်းမှာရှိတဲ့ DKBA စစ်သည် တွေရဲ့စစ်ရေးသတိအမြဲရှိပုံကို မြင်တွေ့ပြီး မိမိစစ်သည်များကိုပါ ထပ်ဆင့်ပညာပေး စကားပြော စံနမူနာတစ်ခု အဖြစ်ပြသနိုင်ခဲ့ပါတယ်။ သူတို့တွေက ထမင်းစားနေကြတဲ့ အချိန် မှာလည်း ချပ်ဝတ်တန်ဆာ Equipments ကိုယောင်လို့မှ လုံးဝမချွတ်ကြပါဘူး။ ရေချိုးလည်း ယူနီဖောင်းအသင့် သေနတ်အသင့်တွေနဲ့ကြည့်ပါပဲ။ ကိုယ့်စစ်သားများကတော့ စခန်းချပြီဟေ့ ဆိုတာနဲ့ ကင်းသမားလောက် တာဝန်ကြပ်လောက်ပဲ ယူနီဖောင်း သေနတ် Equipments အသင့်ရှိတတ်တာမျိုးပါ။

အခုလို မိမိတပ်က စခန်းကြီး တစ်ခုခု အနားမှာ နေရလို့ ကတော့ အိုး..ပိုလို့တောင် အေးဆေး နေနိုင်ကြ နေတတ်ကြတာမျိုးပါ။ အခုလည်းကြည့်လေ ရေချောင်းထဲတပျော်တပါးဆင်းလို့ ပျော်ရွှင်စွာနဲ့ ငါးဖမ်းရေချိုးနေလိုက်ကြတာလေ ကျွန်တော်နဲ့ စစ်ကြောင်း(၂)ရဲ့ စစ်ကြောင်းမှူး ဖြစ်တဲ့ ဗိုလ်မှူးစိုင်းထွန်းထွန်း နှစ်ယောက်သား အိုင်ကွန်(Icom)ဖွင့်လို့ ငပွေး(ရန်သူ)တွေ စက်နဲ့ ပြောဆိုနေတာတွေကို Interception (inter) ဖမ်းနေကြပါတယ်..ဘေးမှာ DKBA တစ်ယောက်ကို ဘာသာ ပြန်ခိုင်းထားရတာပေါ့။ တစ်ခနလောက်မှာပဲ .တောက် ဖုန်း ၊တောက်..ဖုန်း ဆိုပြီး အမ်-၁၆ နဲ့ ဖန်း.ဖန်း ဖန်း ..ဖန်း နဲ့ ကာဘိုင် (Carbine) သေနက်သံတွေ ရေချောင်းရဲ့အပေါ်ဘက်ဆီကနေကြားလာရ ပါတယ်။ အဲဒီမှာပဲ DKBA တွေကထ အော်ပါ တော့တယ် ဟိုကောင်တွေ ငပွေးတွေလာပစ်တာ ပစ်ပေး ပြန်ပစ် ပစ် အဲဒီကောင်တွေ ဟို ခို(တောင်..တောင်ကုန်း ကိုသူတို့ သုံးနှုံးတာပါ)လေးပေါ်ကနေလာတာ အဲဒီဘက်ကို ပစ် ဗိုလ်ကြီး အဲဒီကို ပစ်ခိုင်းပါဟ စိန်ပြောင်းနဲ့သာ ပစ်ခိုင်းဟ ဆိုပြီး လုပ်ပါတော့တယ် ...တုံ ...တုံ ဆိုပြီး အမ်-၄၀ (ခေါက်ချိုးသေနတ်လည်း) ဂျိမ်း ဂျိမ်း ..ပေါက်ကွဲသံနဲ့အတူ ချောင်းထဲကို ကျရောက်ပေါက်ကွဲပါတော့တယ်။ ကိုယ့်ဆီက ကောင်းကောင်းမှ ပြန်ပစ်ချိန်မရသေးဘူး သေနက်ဆွဲ နေရာယူဖို့ ပြင်ကြတုန်းပဲ ရှိသေး ရန်သူ ငပွေးက ချက်ချင်း ပြန်လစ်သွားပါပြီ စစ်ကြောင်းမှူးက တပ်ခွဲ-၁ ခွဲ နဲ့လိုက်ခိုင်းဖို့ပြင်တော့ DKBAက မလုပ်နဲ့ အဲဒါ ငါတို့ဗိုလ်မှူးတို့ ကို လာသွေးကဲစမ်းတာ မိုင်းရှိတဲ့လမ်းကနေ ဒီကောင်တွေဆုတ်ပြေးသွားတာပေါ့ဟ..တဲ့
ကိုယ့်ဘက်က ဘာအထိအခိုက်မှ မရှိခဲ့ပေမယ့် အမ်အေ-၄ (MA-4) ၅ လုံးလောက်ပဲ ပြန်ပစ်နိုင်ခဲ့ပါတယ်....

မိမိစစ်သည် တပည့်ကျော်တွေကို အဲဒီနေ့ကစလို့ သေနတ် Equipments လုံးဝ ကိုယ်နဲ့မကွာဖို့ အမိန့် အတိ အကျ ထုတ်ပြန်လိုက်ပါတော့တယ်...စစ်သားဆိုတာမျိုးက နေရာတစ်ခုမှာ စခန်းချရလို့ အေးဆေးစွာနဲ့ ဘာမှ ထူးခြားမှု ဖြစ်စဉ်တွေ ရန်သူအရိပ်အယောင်တွေ မတွေ့ရတော့ဘူးဆိုတာနဲ့ အရမ်း စိတ်ချလက်ချနေနိုင်ကြ တဲ့လူစားမျိုးတွေပါ....အခုလည်း ကြည့်လေ ကင်းသမား နဲ့ ဆရာကြီး ၂ ယောက်လေက်ကပဲ ပြန်ပစ်နိုင်ခဲ့ တာပါ။ DKBA ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့တစ်တွေအတွက်ကတော့ အတွေ့အကြုံ ဓလေ့စရိုက်ဆန်း လေးတွေ တန်ဖိုးရှိစွာ ရခဲ့တာက အကျိုးအမြတ်တစ်ခုပါပဲလေ....စစ်သားတို့မည်သည် သတိ အသိ ပိုတယ် မရှိပါပဲ ကိုယ်နဲ့မကွာ သတိပါနိုင်ကာမှ တော်ကာကြတာမျိုးဆိုတာကိုတော့ ကျွန်တော်တို့မငြင်းနိုင်ခဲ့ပါဘူး.....
နေလွမ်းသူ

Read More...