ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Thursday, May 29, 2008

ဝေဒနာအပိုင်းအစလေးများ-၎

(၁၁၆) အခုနောက် တစ်နာရီအတွင်း အန်ကယ်ခင်မောင်မျိုး နဲ့ ပင်ပေါင်ကစားဆိုပါပြီး စက်နဲ့ ပြောလာပါတယ်။ ဦးစီးအရာရှိနံမည် ကိုပြောလိုက်တာပါ ။ သူက ကျောက်ကြီးဗျူဟာ(သံဘို)မှာတွဲပြီး နောက်ချန်အဖွဲ့နဲ့ ရှေ့တန်း အတက်အဆင်း တပ်တွေကို ထပ်ဆင့်ကွပ်ကဲရနေရာပေါ့။ စကားဝှက်သဘောမျိုးပြောလာတာပါ။ ကဲအဖွဲ့တွေ ကြားတဲ့အတိုင်းပဲ 32 အမြန်ဆုံးကိုင် ပြီးတာနဲ့ ကျောပိုးအိပ်ထုတ်ကြပေါ့။

ကာလက တပ်မ(၃၃)တစ်မလုံးကို စကခ(၁၀)က လာရောက်တာဝန်ချိန်းယူနေကြပါပြီ။ အခုနေရာယူထားတဲ့ ပဒါးချောင်း အနီးက ၁၆ မိုင်စခန်းကို စကခ(၁၀)လက်အောက်ခံ တပ်တစ်တပ်က လာရောက်လို့ နယ်မြေ ဧရိယာ စခန်းစည်း ချိန်းယူပြီးစပဲရှိသေး ကိုနန္ဒတပ်ခွဲတောင် အခုနကမှ ဟိုဘက်လမ်းကင်းနေရာကပြန်ရောက်တာပါ ။ မိမိယူခဲ့တဲ့နေရာ လမ်းအခြေ အနေနဲ့ ရန်သူမျှော်မှန်းနေရာ အချက်အချာကုန်းတွေကို တပ်အသစ်ရဲ့ တပ်ခွဲကိုခေါ်ပြီး လိုက်ပြပေး ဘာတွေ ဘာတွေလုပ်တယ် ဘယ်အချိန်မှာတော့ဘာလုပ်တယ် ဘာဘာညာညာပေါ့ ။ ပိုကောင်းတာက ကိုယ်ချိန်းပေး လွှဲပေးရတဲ့ တပ်ခွဲမှူးက ၄၆ ကညီဖြစ်နေတော့ အားလုံးအိုကေတယ် ကျွန်တော်ကလည်း အသေးစိတ်ရှင်းပြ ဘာလုပ်သင့်တယ် ဘယ်နေရာမှာနေပြီး ဘာလက်နက်တွေကိုတော့ ညီလေးနားမှာထား တပ်စုတွေကို ဘယ် နေရာထိချ....စသည်ဖြင့်ပေါ့လေ

အဲဒီတပ်ခွဲကိုထားခဲ့ပြီး စခန်းပြန်ရောက်လို့ အမောတောင်မပြေသေးဘူး ကျောပိုးအိပ်ပြင် မောမောနဲ့ ထမင်း ကတန်းကမန်းစားပေါ့။ အဲဒီနေ့ညနေစောင်းမှ သံဘို ခလရ(၆၀)ထဲကိုရောက်ပါတယ်။ သတင်းတစ်ခုက တန်းကြားရတယ်။ နောက်က ခမရ(၃၅၁) ရေခပ်ဆိပ် မှာ မိုင်းတစ်လုံးကွဲ ၁၁ နှစ်သားကလေး ဘယ်ခြေနဲ့ ငယ်ပါ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားပါတယ်တဲ့။ ကျောက်ကြီးဆေးရုံရောက်တော့ အဲဒီကလေး(ရွာထဲကပါ) ဆုံးသွားပါတယ်။ အားလုံးကတော့ တောက်တစ်ခေါက်ခေါက်နဲ့ပါ။ ဟုတ်တယ်လေ တပ်နားအထိကိုလာပြီး မိုင်းထောင်ရဲ့တဲ့ ငပွေးသတ္တိကတော့.... သူရည်ရွယ်တာက ကားသမားတွေဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ ဘာလို့လဲဆိုတော့ ကလေးမြို့ကနေ စကခ(၁၀)တပ်တွေကို FAW အစီး ၈၂ စီးနဲ့သယ်လာတာက အဲဒီကားနဲ့ ကားသမားတွေကို (၃၅၁)ထဲမှာနေရာချတာကိုး။ အခုတော့ ခုပ်ရာတစ်ခြားရှရာတစ်ခြားဖြစ်သွားရပါတယ်။ ညရောက်မှ ကိုနန္ဒတို့ တပ်ခွဲမှူးတွေခေါ်ပြီး ကားစာရင်းတွေပေးပါတယ်(ကားက အပေါ်ကကားတွေနဲ့လုံးဝမျှ မသက်ဆိုင်ပါဘူး) အခုဟာက ရိက္ခာကားတွေ။ တပ်မ ချိန်း ရိက္ခာ Dumping ပါအသစ်ပုံပါတော့မယ်။

ရိက္ခာယာဉ်တန်းနဲ့အတူလိုက်ပါ ယာဉ်ပေါ်လုံခြုံရေး.. လုပ်ရမယ်ပေါ့.. မိုင်းတွေ တဂျိမ်းဂျိမ်းကွဲခဲ့တဲ့ ဒီလမ်း ဒီခရီးကို ကိုနန္ဒတို့က က ကားကြီးပျော်ပျော်လိုက်စီးရပါဦးမယ်။ ရင်လေးပါ့ အမေရေ... တပ်ခွဲတစ်ခွဲကို ကား ၆ စီး ခွဲတန်းရတယ် အဲဒါကိုမှ ကိုယ်ကထပ်ပြီးလူမျှ ခွဲရတယ်။ အမေသား ကံများ ကောင်းလိုက်ပုံက စစ်ကြောင်း ၁ နဲ့ ၂ ရှိတာ ၂ ကပွိုင့်ယာဉ်တန်း... ၂ မှာမှ ဆက်သွယ်ရေးစက်မပါလို့ စစ်ကြောင်းမှူးအနီးကပ်ကြီးကြပ်ပြီး မင်းတပ်ခွဲက ပွိုင့် တဲ့။ ကဲဗျာကောင်းဘူးလား။ ဒီလိုနေရာမျိုးမှာ ယာဉ်တန်းနဲ့လိုက် ဖို့က တစ်ခါမှလည်း အတွေ့အကြုံမရှိလေတော့ ထုံးစံအတိုင်း ကိုတိုးကြီး ကိုပဲမေးရတော့တယ်။ လုပ်ပါဦး အစ်ကိုကြီး ကားနဲ့လူ ဘယ်လိုခွဲပေးလို့ ကျွန်တော်က ဘယ်နေရာလောက်က လိုက်ရမှာလဲ..ပေါ့.. မင်းကတော့ ခွဲမှူးပီပီ အလယ် နဲ့ ရှေ့မကျတစ်ကျကားကလိုက် စက်လက်ကိုပွိုင့်ကားပေါ်တင်ပေးလိုက် ညီလေးဆီမှာ RPG တင်ထား၊MA-4 ပါ ယူထား၊ နောက်ကားမှာလည်း MA-4 ပါပစေ အိုကေလား...တဲ့။ ဒါနဲ့ပဲ ကိုယ်နဲ့ တစ်ဖွဲ့က ၃ စီးမြောက်နေ လိုက်မယ်၊ ဟုတ်ပြီ အဓိက ပွိုင့်ကားကို ဘယ်သူ့ကိုခေါင်း တပ်ရပါ့..........အင်း စဉ်းစားစဉ်းစား ဟုတ်ပြီ..

ကျော်ထက် မင်းပွိုင့်ကားကလိုက် ပါမယ့်သူတွေက.... နောက်ကဆရာဘယ်သူ့ကိုသေချာမှာ ညီလေးကား နောက်ကကားပါ မပါ မျက်ခြေမပျက်ကြည့် ရှေ့နောက် ဘေး ဘယ် ညာ သေချာ သတိထားခိုင်း နောက်ကား မမီရင် ကားသမားကို မှေးထားခိုင်း။ စက်လက် မင်းပေါ်မှာပါလိမ့်မယ် ဖြစ်တာနဲ့ အတွဲလိုက်တာကုပ်.. မင်းကား နောက်တစ်ကားကျော်မှ ကိုယ်ကားပါမယ်။ မရှင်းရင်ထပ်မေး။ အိုကေ နောက်ပိတ်ကားအတွက် နောက်ထပ် ညီလေး တစ်ယောက်.. ကားတွေမနက်စောစော ၅ နာရီခွဲမှာ စလှိမ့်လာခဲ့ကြတယ်။ ကပ္ပါယ် စခန်းရောက်တာ ဘာမှကိုမကြာလိုက်ဘူး လမ်းမှာ လမ်းကင်းတွေကတော့ စိတ်သလိုလိုပဲ။ အဲဒီမှာ ဗိုလ်မှူးငြိမ်းချမ်းက သူ့တပ် Icom inter မိတာကိုပြောလာတယ်။ ဟကောင်အေးဆေးပါ ၃၈ လုံးထည့်ပြီးသွားပြီလို့ ဒီကောင်တွေ သတင်း ပို့နေတာကြားရတယ်...တဲ့ ကဲ မကောင်းဘူးလား(ဒီလမ်းကြောင်းကြီးတစ်လျှောက် ဟိုးအထက် ထီးထ စောထ နယ်စပ်စခန်းအထိ ကားမိုင်း ၃၈ လုံးမြှုပ်ထားတယ်လို့ ကြားဖြတ်မိတယ်..တဲ့) ကျွန်တော်တို့တပ်က တပ်မ ဌာနချုပ်စခန်းကြီးဖြစ်တဲ့ ဘော်စဲခိုထိပဲ ပုံပေးရမှာ။ ဟိုဘက်ကို တပခတိုင်းတပ်က ပုံမှာ..ကိုး။

မျက်စိကိုအလစ်မပေးရဲပါဘူး လမ်းကင်းမရှိတဲ့နေရာဆို အဝေးကိုလည်းကြည့်ရသေးတယ်။ ကားသံတွေက တစ်တောလုံး ပွတ်လောရိုက်နေတာ အဝေးကနေများ RPG နဲ့ဆော်ရင်ဒုက္ခ။ လမ်းမှာတွေ့နေရတဲ့ ကိုယ့် တပ်မ(၃၃)တပ်တွေက စစ်သည်အရာရှိတွေအကုန်လုံး မျက်နှာတွေက ပြန်ရတော့မှာမို့သာ ပြုံးနေကြသယောင် ရှိနေပေမယ့် မျက်တွင်းတွေကျ နှတ်ခမ်းတွေ တွေရှည် လို့ တစ်ချို့ဆို ဆံပင်တွေ စီးနှောင်ထားကြတယ် အသားအရေစိုစိုပြေပြေမရှိတော့သလိုပဲ။ ကိုတိုးကြီးဆီက ပိုက်ဆံ ၃၀၀၀ ချေးပြီး သူနဲ့ ဗိုလ်မှူးအကြံပေးတဲ့ အတိုင်း ကျောက်ကြီးမြို့ထဲကနေ ကွမ်းယာထုပ်တွေ၊ ဆေးလိပ်(အုတ်တွင်းကြယ်နီဆေးလိပ် က ဒေသမှာ လူကြိုက်အများဆုံး) ချိုချဉ်ထုပ်တွေ တစ်ခြား ဟင်းချက်စရာ အခြောက်လေးတွေ အိတ်နဲ့ထုတ်တင်လာတာ လမ်းမှာ နဲနဲစီပစ်ပစ်ချပေး အရာရှိတွေတော့ ကားမှေးပြီး လက်ထဲကမ်းပေးပေါ့။ သူတို့ဆီက ကြေနပ်မှုပီတီကို တွေ့ရတာ တကယ်စိတ်ချမ်းသာလိုက်တာ။ အေးလေ ဒါတွေနဲ့ဝေးနေကြရတာကြာခဲ့ကြပြီကိုး။ ဒီလိုနဲ့ ၁၆ မိုင် စခန်း(မနေ့ကမှ ခွာခဲ့တဲ့နေရာ) ကားခနရပ်နောက်ကားတွေစောင့်တုန်း စစ်ကြောင်းမှူးက ပြောလာပါတယ် ရှေ့တစ်လျှောက်လမ်းကင်းတွေအကုန်ရှိပါတယ် မနက်ကပဲ သူတို့ တစ်ယောက်ရလိုက်တယ် တဲ့....

ဒီလိုနဲ့အဲဒီနေရာရောက်ကားခနတန့်တော့ ထွက်လာတယ် ကျွန်တော်နဲ့ချိန်းတဲ့ ညီတော်မောင်။ ကံကောင်း တယ်ပြောရမလားအစ်ကိုကြီးရေ တဲ့ အစ်ကိုကြီးတို့ သောက်ရေခပ်တယ်ဆိုတဲ့ ဟိုချောင်းဘေးကနေ ငပွေး ၄ ယောက် တက်လာတာလမ်းပေါ်ကို စက်လက်သမား အရင်မြင်တာကျွန်တော်လည်း ဖြာခင်း(ဖြန့်ခင်း)ပြီးလို့ ဟိုဘက်တပ်စုကနေအပြန် ဒီကုန်းပေါ်တက် အစ်ကိုကြီးရဲ့ ဘိ လေးမှာ ခနယူမလို့ လုပ်တုန်း စက်လက်ဆရာက လက်တို့ပြီးပြတာနဲ့ မထူးဘူး ဆွဲထည့်လိုက်တာ ဒီကောင်တွေ ၃ ယောက်က သေနက်ကိုယ်စီနဲ့ လဲကျကျန်ခဲ့တဲ့ တစ်ကောင်က ကျောပိုးအိတ်တစ်လုံးလွယ်ထားတာ ရုတ်တရတ်အဲဒီလဲကျတဲ့သူဆီက အိတ်ကိုအတင်းဖြုတ် ကျန်တဲ့ နှစ်ယောက်က ပြန်ပစ်သေးတယ် ပြီးတာနဲ့အတင်း လှည့်ပြေးတာ။ ပျောက်ကျားဘောင်းဘီရှည်တွေနဲ့ ရလိုက်တဲ့ တစ်ယောက်က ဘောင်းဘီအတိုနဲ့ .. ဒါဆိုအဲဒီအလောင်းရော ဆိုတော့ ဗျူဟာကိုလက်ဆင့်ကမ်းပြီး ပို့လိုက်ပြီတဲ့.. သေနက်မရလိုက်ဘူးလား ..ဆိုတော့ ဟုတ်တယ် ကျကျန်ခဲ့တဲ့သူဆီက အိတ်ကိုအပါပြန်ဆွဲပြီး ပြေးတာ။ အားလုံးသုံးသပ်တာတော့ ဒီကောင်တွေ ကားမိုင်းထောင်မလို့ လမ်းပေါ်ကို အလစ်တက်လာတာ ဖြစ်မယ် တဲ့။

ကျွန်တော်ကတော့ အစ်ကိုကြီးကိုပဲကျေးဇူးတင်နေတာ အစ်ကိုကြီးပြောတဲ့အတိုင်း ကုန်းပေါ်အကုန်ဆွဲတင်ပြီး လမ်းကိုစီးမိုးထားလိုက်တာက အကုန်အန္တရာယ်ကင်းသွားတယ်..လို့သူကပြောလာတော့ ကျွန်တော်ကလည်း ဘာပဲဖြစ်ဖြစ် မင်းကငါ့ထက်ပိုတော်လို့ ရှေ့တန်းကိုမနေ့တစ်နေ့ကရောက်ပြီး ငါ ဘာမှမရခဲ့တဲ့နေရာကနေ ရန်သူအလောင်းတစ်လောင်းရအောင် ယူနိုင်ခဲ့လေကွာ...လို့ ။ နောက်ပြီး ကိုယ်တို့အားလုံးကတောင် ငါ့ညီကိုကျေးဇူးတင်ရမှာကွ။ ဟုတ်ပါတယ် အဲဒီနေရာမှာသာ သူတပ်ခွဲရှိမနေခဲ့ဘူးဆိုရင် ရန်သူအနေနဲ့ ကားမိုင်းတစ်လုံးလောက်တော့ ထည့်သွားမှာ အသေအချာပါပဲဗျာ။ ဒီလိုနဲ့ကားတွေဆက်ထွက်လာခဲ့ကြတယ် ဘောစဲခိုကို အစောကြီးရောက်ပါတယ်။ လမ်းမှာတော့ စကခ(၁၀)ကတပ်တွေရော တပ်မ(၃၃)ကတပ်တွေရော လမ်းကင်းတွေအထပ်ထပ်ယူထားလိုက်ကြတာများ (ဒါလောက်ယူထားနိုင်မှတော်ကာကျတာပါ) ခရီးတစ်ဝက် ကျိုးမယ်မရှိသေးဘူး ဆေးလိပ်တွေချိုချဉ်တွေ အကုန်ပြောင်ပါတယ်။ ဘာပဲဖြစ်ဖြစ်အဲဒီနေ့က ရင်တမမနဲ့ ဘယ်တော့များ အုံး ဆိုတဲ့ပေါက်ကွဲသံကြီး ကြားရမလဲ..........ဆိုပြီး
46 th မှ ညီလေး ဝင်းထက်စိုး သို့အမှတ်တရ

0 comments: