ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Monday, June 30, 2008

ယဉ်ကျေးမှု ပန်းခြံသို့ တစ်ခေါက်


လကုန်ခါနီး ကာလ ဆိုတော့ သိတဲ့ အတိုင်း ဖွဲ့စည်းပုံက လုံးဝ ပျက်နေသည့် အချိန်ပေါ့။ ပြတ်တုန်း လပ်တုန်း ၂၃ ဆိုသော်လည်း ကိုယ်က စည်းကမ်းရှိရှိ သိပ်သုံးစွဲတတ်သူ ဆိုတော့ ရက် ၂၀ ကျော်သည်နှင့် ဘ၀ က မှောင်လာတော့သည်။ ဘ၀ က မှောင်၊ ကံကြမ္မာ က ခါး၊ အကြွေးက ထူ၊ ဆော်က မကြည်၊ ဆိုသော မှောင်၊ခါး၊ ထူ၊ မကြည် ဘ၀ကြီးက လစဉ် ၂၀ရက် လောက်ရောက်သည်နှင့် ကြုံနေကြ။ မုန့်လုံးစက္ကူကပ်နေသည့် သံသရာ ကြီးလို ဖြစ်နေသည်။ ပြင်မည် ပြင်မည် ကြိုးစားသော်လည်း မရ။ ရာသီမှန်သော မိန်းမပျိုလေးသဖွယ် လစဉ် အဲဒီ အပြတ် အလပ် ကာလ ကြီးက ရောက်ရောက်လာသည်။ အော် ဗော့ဒ်ကာ လေးတောင် နပ်မှန် မသောက်နိုင်ပါလားကွယ် ဟု ညည်းမိလေတိုင်း ဘေးက အကြွေးရှင် သူငယ်ချင်းက မျက်စောင်း တထိုးထိုးနှင့် ဘုရှိုး ရှိုးခြင်းကို ခံရ၏။ က်ျသို့ က်ျပုံ ပြတ်လပ်နေသော ကာလတွင် မြန်မာပြည်ပြန်တော့မည့် စီနီယာ အကို တစ်ယောက်က လှမ်းခေါ်၏။ မပြန်ခင် ကျွှေးမွေးပြုစုသွားလိုသည် ဆိုပဲ။ ဟိုက် နိပ်ဟ။ သူကလည်း မပြန်ခင် ကျွှေးမွေးလိုသည်ဆိုတော့ ကိုယ်ကလည်း သူ့ကို နှုတ်ဆက် အနမ်းလေး သဘောဖြင့် အပြတ် ၀ါးပစ် လိုက်မည် ဟူသော ခံယူချက်ဖြင့် ချီတက်ခဲ့တော့သည်။

သူ့ဆီရောက်တော့ စစ်တပ်ထုံးစံ အတိုင်း စီနီယာ ဆိုတော့ သူကျွှေးသမျှ အလကား အခန့်သား အဆင်သင့် စားလို့ က မကောင်း။ ဒီတော့ မီးဖိုထဲဝင်။ သူ့ကို ကူညီလုပ်ကိုင်ပေးရင်း ဟင်းချက်ရ၏။ စားလို့ သောက်လို့ ကောင်းအောင် ဘာညာသာရကာ နည်းနည်း ပွားရင်း ဟင်းကူချက်၊ ဟင်းကျက်တော့ ရေမိုးချိုးပြီး စားပွဲ ထိုင်ရ၏။ ငါးကျော်နှင့် ကြက်ခြေထောက်စွပ်ပြုတ် ကို သောက်လိုက် ဘီယာလေး စုပ်လိုက်ဖြင့် အကိုတို့ ပြန်တော့မယ်ဆိုတော့ ဘယ်လောက် အားငယ်ရပါကြောင်း၊ အပြန်စောရ်ျ နှမျောမိပါကြောင်း၊ ရွာက ထွေးညို တို့ စာအုတို့ကို သတိရကြောင်းပြောလိုက်ပါ ဟု အမှတ်တရ မှာလိုက်ရပါကြောင်း စသည် စသည်ဖြင့် ဇရက်မင်း စည်းစိမ်ရော၊ ၀က်မင်း စည်းစိမ်ရော ခံပြီးသကာလ လူက ရေချိန်လေး နည်းနည်း တက်လာတော့သည်။ ဒီတော့ အစားအသောက် ကိစ္စပြီးတော့ ဟိုကိစ္စဘက် ဦးလှည့်လာပြန်၏။ အထင်တော် မလွဲလိုက်ကြပါနှင့်။ ဟိုကိစ္စ ဆိုသည်မှာ လျှောက်လည်ကြဖို့ ဖြစ်ပါသည်။ သူက တိရိစ္ဆာန်ရုံ သွားမည်ဟု အဆိုတင်သွင်း၏။ ကျွှန်တော်က တိရိစ္ဆာန်ရုံသွားဖို့ဆိုသည်မှာ မိမိတို့မှာ ကလေးလည်း မဟုတ်၊ ကလားလည်း မဟုတ်၊ အတွဲလည်း မဟုတ် သဖြင့် တခြားနေရာသွားကြဖို့ အယူခံဝင်၏။ သူကလည်း အသက်အရွယ်ကိုမှ မထောက်။ တိရိစ္ဆာန်ရုံမှာ ဘာကောင်ကြီးတွေ ရှိတယ်၊ ညာကောင်ကြီးတွေ ရှိတယ် စသည်ဖြင့် မဲဆွယ်ပြန်၏။ ကျွှန်တော်ကလည်း မလျှော့။ အတင်း ကန့်ကွက်၏။ က်ျသို့ က်ျပုံ အကြိတ်အနယ် ဆွေးနွေးကြ ပြီးသည့်နောက် ယဉ်ကျေးမှု ပန်းခြံ သို့ ချီတက်ကြရန် သဘောတူညီချက် ရသဖြင့် ထောက်ခံမဲ နှစ်မဲ၊ ကန့်ကွက်မဲ မရှိဖြင့် ဆုံးဖြတ်လိုက် ကြလေသည်။

က်ျသို့ ဖြင့် ရုရှလို ပက်ခ်ကူသူရီး မြန်မာလို ကိုယ့်ဘာသာ ဘာသာပြန်လိုက်တော့ ယဉ်ကျေးမှု ပန်းခြံသို့ ရောက် ခဲ့ရလေသည်။ မြေအောက် ရထားဘူတာက ထွက်ပြီး ပန်းခြံ မရောက်ခင် မော်စကို မြစ်ကို ဖြတ်ရ်ျ ဆောက်ထား သော တံတားကြီးကို အရင် တွေ့ရ၏။ သည်မှာတင် ကျွှန်တော်တို့ ရှုတင် မင်းသားတွေ ရိုက်ကွင်း စတော့သည်။ တံတားကြီး လက်ရန်းပေါ်ထိုင်လိုက်၊ တံတားဘောင်ပေါ် ရပ်လိုက်၊ တံတား ဘေးက မြစ်ပြင်ကို ရှုစားလိုက် စသည်ဖြင့် မြင်မြင်သမျှ လူအပေါင်းက ပြေးရိုက်ချင်လာအောင် စတိုင် အမျိုးမျိုးပေးကာ ဓာတ်ပုံ တစ်ဖျတ်ဖျတ် ရိုက်ကြတော့သည်။ လမ်းလျှောက်လာသော ရုရှ လှပျိုဖြူလေးများကို လည်း မလွတ်စေရ။ ကိုယ့်ဟာကို ရိုက်သလိုလို၊ နောက်ခံ ရှုခင်းကို ရိုက်သလိုလိုဖြင့် အကုန် မှတ်တမ်းတင် လေတော့သည်။ မော်စကို မြစ်ကို မြင်ရတော့ အမိမြေက ဧရာဝတီကို သတိရမိ၏။ သို့သော် သူတို့မြစ်က မြစ်ဆိုသော်လည်း သိပ် အကြီး ကြီး မဟုတ်။ ပြီးတော့ ကမ်းပါး နှစ်ဖက်ကိုလည်း ကျောက်တွေ စီပြီး အင်္ဂတေ ဖြင့် ကိုင်ထားပြီးသား။ အလှအပ ပြုပြင်ထားပြီးသည်ကို ကြည့်ရင်း ဒို့နိုင်ငံလို သဘာဝ ကို မထိန်းသိမ်းတတ်ကြပဲကိုး ဟု အိဒြေကြီး တစ်ခွဲသား ဖြင့် တွေးလိုက်မိသေးသည်။ ကြာကြာနေရင် တံတားပေါ်မှာတင် ကင်မရာ ဓာတ်ခဲ ကုန်ရချည်ရဲ့ဟု တွေးမိရင်း ပန်းခြံထဲ ရောက်မှ ထပ်ရိုက်ကြဖို့ အတင်းတိုက်တွန်းရင်း ဆွဲခေါ်ရ၏။

ပန်းခြံဝင်ခက ရူဘယ် ၈၀ တောင်ပေးလိုက်ရ၏။ ကိုယ်က အတင်းတိုက်တွန်းတာဆိုတော့လည်း ဘာမှ ပြောလို့ မဖြစ်။ သူသွားချင်သည်ဆိုသော တိရိစ္ဆာန်ရုံက ကျောင်းသားကဒ် ပြလျှင် ဖရီး ရ၏။ က်ျမှာက မရ။ ကျောင်းသား မကလို့ ကျောင်းအုပ်ကြီး ပဲလာလာ ပိုက်ဆံတောင်းမည် ဆိုပဲ။ မတတ်နိုင်၊ ကိုယ့် အတတ်ကိုယ်စူး ပြီး ကုတ်ကုတ် လေး နောက်ကနေ လိုက်ရ၏။ သူက စီနီယာ ဆိုတော့ သူစိတ်မကောင်း ဖြစ်မှာစိုးသဖြင့် သူ့ကို ပိုက်ဆံစိုက်ရှင်းခိုင်းလိုက်၏။ အကြံ မပိုင်လား။ စစ်တပ်မှာတော့ အသက်တွေ ဘယ်လောက် ကြီးကြီး စီနီယာ နှင့်တွေ့လျှင် ဂျူနီယာက ကလေး သာ ပြန်ဖြစ်သွားတတ်သည်မှာ ထုံးစံလေ။ ကိုယ့်ထက်ငယ်သော ဂျူနီယာ နှင့်တွေ့လျှင်လည်း သူတို့ နှိပ်စက်သမျှ ကောင်းကောင်းခံပေတော့။ မဟုတ်လျှင် သမိုင်း တရားခံ ဖြစ်သွားမည်။ က်ျချစ်စရာ ဓလေ့ လေးကတော့ ဘယ်တော့ မှ ပျောက်ပျက်သွားမည် မထင်။

ပန်းခြံထဲ ၀င်မိကြတော့မှ သတိထားမိသည်။ ဒီနေ့ လူငယ်များနေ့ ဆိုပဲ။ အထဲမှာ စတိတ်ရှိုးပွဲ နှင့် သွားတွေ့၏။ ဟန်ကျသဟ ဆိုပြီး လဟာပြင် ရှိုးပွဲ ကို ကင်မရာ တစ်ကိုင်ကိုင် ဖြင့် တိုးရစ် စတိုင် ၀င်ဟဲလေသည်။ စင်ပေါ်က အဆိုတော်ကို ရိုက်သလိုလို ဖြင့် စင်အောက်ကနေ လိုက်နန့်နေကြသော ရုရှမလေးတွေကိုချည်း လှိမ့်ပိတ် ဗီဒီယို ရိုက်လေ၏။ သူတို့က လှည့်ကြည့်လျှင် ဗဲရီးဂွတ် ဗဲရီးနိုက်စ် ရာရှန် စသည်ဖြင့် ရုရှ စကား မတတ်သော၊ ခုမှ ရုရှကို ရောက်လာသော တိုးရစ်များ စတိုင်ဖြင့် မြှောက်ပင့်ပေးရာ အကျေနပ်ကြီး ကျေနပ်ကြပြီး ကောက်ကွေး နေအောင် ကကြလေ၏။ စိတ်ထဲက ကြိတ်ပြုံးရင်း သူတို့ကို ကွက်ကွက်ကွင်းကွင်း ရိုက်ရလေ သည်။ က်ျသို့ က်ျပုံ ရသည့် အကွက်မှာ လူလည်ကျပြီးသည့်နောက် ပန်းခြံ တစ်လျှောက်လှည့်ပတ် ရှိုးလေသည်။ တွေ့သမျှ အကင်ဆိုင်တွေ၊ စည်ဘီယာဆိုင်တွေကို အနံ့ခံရုံ ဖြင့် အာသာပြေကြသည့် နတ်ပြည်မှ စုတေ လာသူများအလား အနံ့လေးတွေပဲ ခံကာ ကျေနပ်စွာ ဖြတ်ကျော်ခဲ့ပြီးသည့်နောက် ကလေးများရော လူကြီးများပါ ပျော်ရွင်စွာ စီးနင်း ဆော့ကစားနေကြသည့် ရိုလာကိုစတာလို ဟာမျိုးများဆီ ရောက်သွား လေသည်။ လှေလိုဟာကြီး မျိုးဖြင့် ဆောက်ထိုး ပြောင်းပြန် စသည်ဖြင့် ဆူညံစွာ အော်ဟစ်ရင်း စီးနင်းနေကြ သည်ကို ဘေးမှ အသာကပ်ကြည့်ရင်း သူတို့ အစား ရင်ခုန်ရ၏။ ကိုယ်တိုင် ၀င်စီးဖို့တော့ မတတ်နိုင်။ အဖိုးအခ က ကြက်တစ်ကောင်ဖိုးလောက် ရှိသဖြင့် မြန်မာပီပီ ရိက္ခာကို သာ ဦးစားပေးရ၏။

ဆက်လျှောက်လာပြန်တော့ အရုပ်ကလေးတွေကို သေနတ်ဖြင့် ပစ်နေကြသော နေရာများဆီ ရောက်လာပြန်၏။ မိန်းမတွေရော၊ ကလေးတွေပါ ၀င်ပစ်နေကြသည်ကို တွေ့ရသည်။ ကိုယ်က လှလေးစိန် အဆင့်သာသာ ဆိုတော့ ၀င်ပစ်လို့က မဖြစ်။ တော်ကြာ အရှက်ကွဲနေမှ ဒုက္ခ။ နောက်တစ်နေရာမှာ အေကေ 47 ပုံစံ သေနတ် များချိတ်ထားသဖြင့် ကိုယ့် ဆီက အမ်အေ စီးရီးကို သတိရမိပြီး ၀င်စနည်းနာကြည့်မိ၏။ ၃၂ ချက်ပါသော ကျည်တစ်ကပ်ပစ်လျှင် ရူဘယ် ၂၀၀ ဆိုပဲ။ ဘုရား ဘုရား။ တပ်မှာတုန်းက ရှေ့တန်းပြန် လက်နက်တွေ ပြုပြင် ရင်း တစ်ရက်ကို အမ်အေ၀မ်း အလက် ၆၀၀ ကျော်၊ တစ်လက်ကို ကျည် ၁၃ တောင့်နူန်းဖြင့် တနေကုန် နားကွဲ မတတ် ပစ်ပေးခဲ့ရသည်ကို အမှတ်ရမိ၏။ အင်း တပ်ကို ပြန်ရောက်ရင်တော့ ဒီက ဈေးနူန်းကို စိတ်ထဲ မှတ်ထားပြီး တန်အောင် ပစ်လိုက်ဦးမယ်ဟု တေးထားလိုက်မိ၏။ သေနတ်ပစ်နေကြသည်၏ ဘေးနားမှာ ရေကန်လေး တစ်ကန်။ လှော်ကားဥယျာဉ်ထဲက ကန်လိုဟာမျိုးထဲမှာ ခြေဖြင့်နင်းရသော ဘုတ်ကလေးတွေ စီးနေကြသည်ကို မြင်ရ၏။ တစ်ချို့က အတွဲနှင့်။ တစ်ချို့ က မိသားစု။ ပျော်စရာကောင်းလှပေတောင်း။ ကိုယ်တိုင် တော့ မစီးနိုင်။ ကန်ဘောင်ပေါ်ထိုင်ရင်း အဝေး မှ သရေကျရ၏။ ဘီယာဗူးလေး လက်ကကိုင်ပြီး စီးကရက် လေး တစ်ဖွာဖွာဖြင့် စကားပြောရင်း ဘုတ် စီးနေကြသော အတွဲများကို အားကျမိလေသည်။ ကြာကြာနေလျှင် ကိုယ့်ဘ၀ ကို ရင်နာပြီး ကန်ထဲ ခုန်ဆင်းမိမှာ စိုးသဖြင့် မြန်မြန်ဆက်လျှောက်ခဲ့ရ၏။

ထိုနေရာများကို ကျော်လာတော့ မော်စကို မြစ်ကမ်းကို ရောက်လာ၏။ မြစ်ကမ်းနဖူးတွင် ဟိုတယ်ကြီးများ နှင့် ရက်စတော့ရင့်များ ဆောက်ထားသည်မှာ ကြည်နူးစရာ ကောင်းလှသည်။ မော်စကို မြစ်ထဲမှာလည်း အပျော်စီး သင်္ဘောများ ခေါက်တုန့် ခေါက်ပြန် သွားနေကြသည်ကို တွေ့ရ၏။ သင်္ဘောပေါ်မှာ ကတဲ့သူက က၊ ခုန်တဲ့လူက ခုန်ဖြင့် ပျော်စရာ့ ပျော်စရာကြီးဖြစ်လေသည်။ သင်္ဘော နောက်မြီးတွင် အသားကင်သော မီးဖိုက ပါလိုက်သေး။ အဝေးက မြင်ရုံဖြင့် သရေကျချင်စရာ။ ကိုယ်လို ဖွတ်ကြားများကတော့ ကမ်းဘေးက လှေကားထစ်လို လုပ်ထားသည့် နေရာမှ အသာ လှမ်းငေးနေသည်ကိုလည်း တွေ့ရသည်။ ကျွှန်တော်တို့လည်း ကင်မရာတစ်ဖျတ် ဖျတ်ဖြင့် အလကားရ နည်းလား ဟူသော သဘောဖြင့် ဓာတ်ပုံ ရိုက်ရ၏။ က်ျသို့ ကမ်းဘေးတွင်ထိုင်ရင်း ဓာတ်ပုံ ရိုက်နေစဉ် ရုရှမ ၆ ယောက်လောက်ပါသော အုပ်စု တစ်စု ဆူဆူညံညံ ဖြင့် အနားရောက်လာပြီး ဓာတ်ပုံတွေ ရိုက်ကြလေတော့သည်။ ကျောင်းသူလေးတွေ အရွယ် ၁၇၊ ၁၈ လေးတွေ။ လှတပတ လေးတွေ ဖြစ်သဖြင့် အသာလေး ကြိတ်ပြီး ရှိုးမိလေသည်။ အင်း အဘတို့က ဒါမျိုးဆို လက်ဖက်ထက် ကြိုက်သေး ဆိုသကဲ့သို့ သူတို့ တစ်တွေ ဆူညံ ပွက်လောရိုက်ပြီး အတင်းတိုးခွေ့ဓာတ်ပုံ ရိုက်နေကြသည်ကို လူကြီးမင်းများ စတိုင်ဖြင့် ခိုးခိုး ငေးရ၏။ ငေးရင်း ငေးရင်း အနက်ရောင် ၀မ်းဆက်ဖြင့် အလှဆုံးထင်ရသော ကောင်မလေးဖြင့် မျက်လုံးချင်း ဆုံမိလေသည်။ အင်း ဘော်ဒီစထရက်ချာကတော့ နန္ဒာလှိုင် မျက်ရည်ကျရမည့် ဘော်ဒီမျိုးပါလားဟု သတိပြုမိ လေသည်။ ရုပ်ကလည်း သက်မွန်မြင့် နှစ်ထပ်ကွင်းလောက် ဆိုတော့ ကိုဥာဏ် တို့ အကြိုက် မွန်းလိုက် ဖြစ်ချေသည် တမုံ့။

က်ျသို့ က်ျပုံ လူကြီးရှိုးလေး ရှိုးကောင်းနေသည်ကို မနာလိုသည့် အလား မိုးက ရွာချလိုက်ရာ သမစဉ် ပျက်လေ တော့သည်။ သူတို့လည်း အူရားဖားယား အော်ကာ ဟစ်ကာဖြင့် အနားရှိ အလှပြထားသော အာကာသ လွန်းပျံယာဉ် ကြီးအောက်သို့ ပြေးဝင်ကုန်ကြလေသည်။ ကျွှန်တော်တို့လည်း ဖွဲ့စည်းပုံပျက်ပြီး သကာလ မြစ်ကမ်းပေါ်သို့ တက်ပြေးကြရကုန်၏။ ထိုမျှနှင့် မိုးက မစဲသေးသဖြင့် အနားမှာ မိုးခိုစရာ ရှာတော့ ဘာမျှ မတွေ့ ရသဖြင့် အနှီကောင်မလေးတို့ ပြေးဝင်ခိုလုံရာ အာကာသ လွန်းပျံယာဉ်ကြီးအောက်သို့သာ ပြေးရ လေတော့ သည်။ သည်းသည်းမဲမဲ ရွာနေသော မိုးရေတို့ကြားမှ ကင်မရာ ရေမစိုအောင် လက်တစ်ဖက်ဖြင့် ဖုံးအုပ်ရင်း ညာ ဘက်လက်က ရှေ့လူကို ၀င်တိုက်မိမှာ စိုးသဖြင့် ရှေ့မှာ ကားယား ကားယား ဝှေ့ယမ်းရင်း ခပ်လှမ်းလှမ်းရှိ အဆိုပါ လွန်းပျံယာဉ် ရှိရာ ပြေးရ၏။ အလင်းထဲမှ အမှောင်ထဲသို့ ပြေးဝင်ရခြင်းဖြစ်ရာ အထဲတွင် ရောက်ပြီးသူ များကို ရုတ်တရက် မမြင်ရ။ ဒီတော့ ရှေ့ကနေ ကားယားကားယား လုပ်လာသည့် ညာဘက်လက်က ခပ်အိအိ တစ်စုံတစ်ရာကို ရုတ်တရက် ကိုင်မိသွား၏။ ဟိုက်သေပဟ ဆိုပြီး မော့ကြည့် လိုက်တော့ စောစောက အနက် ရောင် ၀မ်းဆက်လေးပါလား။ လက်ထဲစမ်းမိထားသော အရာကို ကြည့်လိုက်တော့ ရုတ်တရက် ခေါင်းနပန်း ကြီးသွားလေသည်။ မြန်မာပြည်မှာဆိုလျှင်တော့ ပါးပေါ်လက်ရောက်နေလောက်ပြီ။ ဖို့ရိုးဖားရားဖြင့် ရုတ်တရက် ဘာပြောရမှန်းမသိတော့။ လူက ပူထူပြီး လည်ချောင်းထဲ တံတွေးမျိုချမရတော့။

“ ရှင် ဘယ်လို လုပ်လိုက်တာလဲ ” ကောင်မလေးက မျက်နှာလေး နီရဲလျှက် ဒေါသဖြင့် ဆိုလေတော့သည်။ ကျွှန်တော်လည်း ရှက်စိတ်က ငယ်ထိပ် ရောက်သွးပြီး “ မတော်လို့ပါဗျာ၊ ရုတ်တရက် အလင်းထဲက လာရတာ ဆိုတော့ အမှောင်ထဲကို မမြင်လိုက်လို့ပါ၊ ဘယ်လို စိတ်နဲ့မှ ကိုင်မိတာ မဟုတ်ပါဘူးဗျာ၊ ယုံပါဗျာ ကျွှန်တော့်မှာ ဒီလို စိတ်ထား မရှိပါဘူး၊ ဘုရားသခင်ကို တိုင်တည်ပြီး ပြောပါတယ်ဗျာ၊ တကယ်ပါဗျာ” စသည်ဖြင့် ပါးစပ်ထဲ တွေ့ကရာ လျှောက်ပြောရင်း တောင်းပန်ရလေသည်။ ထိုအခါ ကောင်မလေးမျက်နှာမှာ ဒေါသရိပ် ပိုသန်းလာပြီး “ ရှင်ဘာတွေ လာပြောနေတာလဲ၊ ကျွှန်မ ဒေါသထွက်တာ အဲဒီ ကိစ္စ မဟုတ်ဘူးရှင့်၊ ရှင့်ခြေထောက် ကျွှန်မ ဖိနပ်ဦးကို တက်နင်းသွားလို့ စိတ်တိုတာ၊ ဒီဖိနပ်က မနေ့ကမှ ၀ယ်လာတဲ့ အသစ်ရှင့် ” ဟု ပြန်တွယ်လေ တော့သည်။ ကျွှန်တော်လည်း ဒီတော့မှ ရင်ထဲက အလုံးကြီး ကျသွားပြီး တော်ပါသေးရဲ့ ဖိနပ်ကို နင်းမိတာကို မကျေမနပ်ဖြစ်နေတာကိုး ဟု သိလိုက်ရပါတော့သည်။ အော် ရင်ဘတ်ထက် ဖိနပ်ကို ပိုတန်ဖိုးထားတဲ့ ရုရှမ တွေပါလား စောစောကတည်း က ပြောလိုက်ရင် ပြီးရော ဟု စိတ်ထဲကနေ မကျေမနပ် ပြောနေမိတော့ သတည်း။ ကိုဥာဏ်(စက်မှု)

( မှတ်ချက်။ ပန်းခြံထဲက အမှတ်တရ ဓာတ်ပုံလေးများ တင်ပေးလိုသော်လည်း ပုံတိုင်းလိုလိုမှာ ကိုယ့်ပုံက ပါနေသဖြင့် မတော်တင်မိရင် ဟို နေလွမ်းသူ ဆိုတဲ့ ငနဲသားက ဘေးကနေပြီး “ရတနာပုံ ဈေး မီးဝင်ရှို့ပြီး ထွက်ပြေး သွားတာ ဒီလူပေါ့ဗျာ” ဟု စာတန်းဝင်ထိုးသွားမည် စိုးမိပါသဖြင့် က်ျပုံလေးကို သာတွဲတင်လိုက်ရ ပါကြောင်း…..)

Read More...

Sunday, June 29, 2008

ကြက်ဥတောင်စခန်းက အလွမ်းများ

ကက်ဥတောင် တောင်ထိပ်စခန်း ရောက်ပါပြီကော။ ချွေးတွေစိုရွှဲ လူတွေလည်း မောဟိုက် ရှေ့တပ်က အသင့်စောင့်နေတဲ့ ဗသက(၁၀၅)က အစ်ကိုကြီးက အချိုရည်ဘူးဖောက်ပြီး လာညီလေး ဆိုပြီး နွေးနွေးထွေးထွေး ကြိုပါတယ်။ အခုမှမြင်ရသိရပေမယ့် စီနီယာ ဂျူနီယာ ချစ်စရာ အစဉ်လာက တကယ့်ကို ကောင်းမွန်ပါတယ်။ တပည့်တွေလည်း Sprite ဘူးကြီးတွေ ဆေးလိပ်တွေနဲ့ကြိုပါတယ်။ ဒါတွေက ကိုယ်မဝယ်နိုင်ပါဘူးညီလေးရာ မိုင်းကာ(မြို့မကျ ရွာ မက ဝ နယ်မြေခံတစ်ခုပါ) က နယ်မြေမှူးက လက်ဆောင်ပို့ပေးလို့ ညီတို့ ချိန်ကာနီးနဲ့ အိုကေ ဖြစ်သွားတာပေါ့… တဲ့။ ချိန်းကြ လွှဲကြ ဒေသအကြောင်း နယ်မြေအကြောင်းတွေ သေချာ ရှင်းပြပါတယ်။ စခန်းက တော်တော်ကို ပြန့်ပြန့်ပြူးပြူးရှိတယ်။ ပတ်လည်မှာ ငှက်ပျောပင်တွေ အစုစုက ဝန်းရံထားတာများ တော်ရုံ အငယ်ကျည်ဆံ ကာပေးထားသလိုဖြစ်နေတယ်။ စခန်း ထဲမှာ တရုတ်ဖြူတွေ သိမ်းပြီး သူတို့ပြေးတော့ ကျန်ခဲ့တဲ့ သံခမောက်တွေက အလုံး ၅၀ကျော် အတော်ပဲ ဆိုင်ကယ်စီးဖို့ ဟဲလ်မက်ခ် မရှိဘူး အပြန်ယူသွားဦးမှ….

စခန်းထိပ်ကနေ ဟိုးမြောက်ဖက်စူးစူးမှာ ဝ စခန်းကုန်းတွေ ထိပ်တွေ ဘာသစ်ပင်မှ မထားဘဲ မြေသားနီနီကျင်ကျင် ပြောင်သလင်းအတိနဲ့။ နယ်စပ်တောင်ကြီးဖြစ်တဲ့ လွယ်(လွိုင်)ဟိုကာ တောင်တန်းကြီး မြူတွေပိတ်ဆိုင်းနေတယ်။ ဘယ်ကိုကြည့်လိုက်ကြည့်လိုက် တောင်ကုန်းတွေ တောင်ယာ စိုက်ခင်းတွေ ရွာစုစု ပျပျ လေးတွေ ယာတဲစုတွေက မီးခိုးတလူလူတွေပျံ့လို့။ ဟိုး အဝေးက မိုင်းနှုံး(ဘုရားကြီးရှိရာ ဒေသ) လွင်ပြင်ကိုလည်း လှမ်းမြင်နေရတယ်။ မိုင်းခတ်မြို့ ဘက်ဆီကိုတော့ မှုံပြောင်း(မှန်ပြောင်း)နဲ့ ရှိုးမှ ရေးရေးမြင်ရတာ။ ဝန်းကျင်ပတ်လည်မြင်မြင် သမျှရှုခင်းက တောင်တွေကားဆီးလို့ မြူခိုးမြူမှုံတွေဆိုင်းနေတာများ ဘာကိုသတိရသလို ဟိုဟာကို လွမ်းသလိုလိုနဲ့ တကယ်ပါ။ ချက်ပြုတ် စားသောက်စရာကတော့ ပေါသလားမမေးနဲ့ ဘေးဝန်းကျင်မှာ တောင်ယာတွေက ကြိုက်သလောက်လာခူး ဒီစခန်းအတွက်ကို သီးသန့် ဗမာကြိုက် သီးနှံပင်တွေ ထည့်ကျဲပေးထားတာ။ ဒါကလည်း ဒေသ ခေါင်းဆောင်တွေက သူတို့ နယ်မြေကို လာနေပေး စောင့်ရှောက်ပေးတဲ့ စခန်းကို ပြန်ကူညီပေးတဲ့သဘောလို့ ပြောပြ ပါတယ်။ တော်တော်များများက လားဟူ ရွာတွေပါပဲ။ အားလုံးက ခရစ်ယာန်ရွာတွေပေါ့။

ဆောင်းတွင်းကြီး တောင်ထိပ်မှာ နေကြရတာ အေးလိုက်တာများ ပြောမနေနဲ့။ လေက တဟူးဟူး နေကလည်းတော်တော်နဲ့ မမြင်ရဘူး။ မနက်ဆို မျက်နှာသစ်ဖို့ရေကို ရေနွေးပူ မရောဘဲ မသစ်နိုင်ဘူး၊ အဲလောက်ကိုအေးတာ။ ကင်းသမားတွေ မီးဖိုပြီး နေရတယ် အပြင်မှာ လေကလည်း တဟူးဟူးနဲ့ ထင်းတုန်းတွေ နေ့ခင်းကတည်းက သွားခုပ်ပြီး ညနေမှာ မီးဖိုပြီး တေ့ထားလိုက်တာ။ ပြောရဦးမယ် ကျွန်တော်တို့ မြေပြန့်မှာ အရမ်းပေါတဲ့ ဗုဒ္ဓသာသနာပင် ဒီဘက်မှာက အဲဒီအပင်က ဥကိုတူပြီး ညည ပြုတ်စားတာဗျာ ။ ဆီလေး ဆားလေးနဲ့ အလွန်ကို ကောင်းတာပဲ။ မစားဖူးရင် စားကြည့်ကြ စားရလိမ့်မယ်လို့ ထင်ကိုထင်မထားခဲ့ကြတာ။ တကယ် တကယ် ဘာဘေးဥပါဒ်မှ မဖြစ်ဘူး ဖြစ်ရင် ကိုနန္ဒအောင်တို့ အခုချိန် ဘလော့ဆိုတာ သိတောင်မသိတော့ဘူး မျိုးပြုတ်တာကြာပေါ့။ ညည ရေဒီယိုလေး ဖွင့် သီချင်းတွေနားထောင် သတင်းတွေ အတင်းတွေ နားထောင် သန်းခေါင်ယံထိ ကင်းသမားနား မီးဖိုဘေးမှာ တစ်ခါ တစ်လေ လည်း ကန်စွန်းဥတွေ အိုးကြီးနဲ့ ပြုတ်ပြီး စုပြီးစားကြ စကားလက်ဆုံကျလို့။ ဒီလိုပဲ မြေပြန့် အလွမ်းလေးတွေ ဖြေရတာ။ ကရင်ပြည်နယ်မှာလိုတော့ စိတ်တွေ လေးနေ ရှုပ်မနေ တော့ဘူး။ နယ်မြေက အရမ်းကို အေးချမ်းသွားခဲ့ပြီကိုး။ ဒါပေမယ့် ကင်းသမားတွေကိုတော့ အမြဲသတိ လုပ်နေရတယ်။ တစ်ခါတစ်ခါလည်း Stand By လုပ်ပေးရတယ်။ Alert ဖြစ်နေမှ စစ်သားဆိုတာ။ အထူးသဖြင့် နယ်မြေနေသားကျသွားရင် ကိုယ့်စစ်သည်များက အရမ်းကို စိတ်ချလက်ချနေ တတ်ကြတာမျိုးရယ်။

@@@ နေလွမ်းသ

Read More...

Friday, June 27, 2008

ကျောင်းဆင်းစ နေသားမကျခင် ကာလလေးများ

ကျောင်းဆင်း ဒုဗိုလ် ဘဝ အခက်အခဲလေး အလွဲလေးတွေ တော်တော်များများ ကြံခဲ့ကြရ တာပါ။ ဆက်သွယ် လမ်းပန်း ခရီးကြမ်း ဒုက္ခ သုက္ခတွေလည်း အများကြီး သူဒေသနဲ့ သူ မတူညီအောင် ခံစားခဲ့ကြရတယ်။ ပြောရရင်တော့ မကုန်ဘူး ထားတော့ ပြောချင်တာက အနော် ကြုံရဆုံရတဲ့ အလွဲလေးတွေ အကြောင်း။ ကျောင်းဆင်းစ ဒုဗိုလ်ဘဝ တပ်မှာ နေသားတကျ ဖြစ်ဖို့က တော်တော်ကို အချိန် ပေးရပါတယ်။ အငယ်ဆုံးဆို သွား အိုင်အိုလုပ်တဲ့။ အိုင်အိုဆိုလို့ အိုင်အိုနန်းထိုက် မထင်ကြနဲ့ဦး။ အဲဒီ အိုင်အို(IO) ဆိုတာက နားလည်အောင်ပြောရရင် တပ်ရင်းမှူးရဲ့ PSO ပဲဆိုကြပါစို့ (အပြင်လူအများ နားလည်အောင် အလွယ်ဆုံးချပြတာပါ) ကိုယ့်တပ်ရင်းမှူး ဘာပြောမလဲ သူ့ လှုပ်ရှားမှုကို ကြည့်နေရတယ်။ ဘယ်သူ ခေါ်စမ်းဆို သူခေါ်ခိုင်းတာက ဗိုလ်ကြီးသန်းဌေး။ ကျွန်တော်က ဟုတ် ဆိုပြီး ခေါ်တဲ့သူ ရောက်ချလာတာက ဗဟိုကင်းက တပ်ကြပ်သန်းထွေး … ဆဲရော ဟိုက။ ရော့ ဒီနံပါတ်ကို ဖုန်းခေါ် ဖုန်းဝင်ရင်ပြော ဆိုတာနဲ့ ကောက်နှိပ်လိုက် ဝင်သွား ခနကိုင်ထားပါဆိုပြီး အဘကို သွားခေါ် ရောက်သွားတာက မြို့ထဲ လမ်း-၃၀ က ဗဟိုအမျိုးသမီးဆေးရုံကြီး …. တောက် ကွာ အေးသွား အဲဒီဆေးရုံ မင်းသွားတက်နော် ကြားလား ဟိုလဒလေး... တဲ့။

တပ်ရင်းမှူးက သား ၂ ယောက်မွေးထားတာ။ အလွန်ဆော့တဲ့ကောင်တွေ ရိပ်သာရောက်လာ ဦးဗိုလ်ကြီး သားတို့ဟိုဟာလုပ်မယ် ဒါလုပ်မယ်ဆိုပြီး သောင်းကျန်းတော့တာပဲ။ ကြာတော့ ဒဏ်မခံနိုင်ဘူး။ ဒါနဲ့ လာ ဦးဗိုလ်ကြီးတို့ ဒီလိုလုပ်ရတာ မိုက်တယ် ဆိုပြီး ဖားခုန်တွေ လေထီး ခုန်တွေ ဂျွမ်းတွေထိုးခိုင်းပစ်တာ မြှောက်ပေးပြီး။ ကလေး ၂ ကောင်ပေစနောင်းပွ ဖားခုန်လိုက် ဂျွန်းထိုးလိုက်နဲ့ အိမ်ကို ကွန်မန်ဒိုစစ်သားကွဆိုပြီးပြန်သွား ဟိုကျ မေးတာပေါ့ ဘယ်သူက အဲလိုသင်ပေးလိုက်တာလဲ ။ ရိပ်သာက ဦးဗိုလ်ကြီး အသစ်က …တဲ့ ကလေး၂ ကောင် ညစာ လုံးဝမစားနိုင်ဘူး မောပြီး အဲဒီညကအိပ်သွားတာများ။ ဆဲပါလေရော အဘက … ဟားဟား။ တစ်ခါက တပ်ကို လူကြီးလာစစ်တော့ breakfast ကောင်းကောင်းကျွေးချင်တယ် ဆိုတာနဲ့ ကျွန်တော်က စေတနာနဲ့ပါ။ ကီးမားတင်ဝင်း က ကီးမားလေးနဲ့ဆို အိုကေပဲ ဆိုတော့ အေးဒါဆို မင်းသွားဝယ်တဲ့ တပ်ရေးဗိုလ်ကြီးက။ အင်းပေါ့ ။ ကောင်းလွန်းလို့ဆိုပဲ လူကြီးက အဘတို့ ဧည့်ခံရကျိုးနပ်တာပေါ့နော။ ထမင်းစားတော့ လူကြီးက ခြေလေးချောင်း အကုန်ရှောင်တယ်။ မနက်က ကီးမား ဘာသားလဲလို့ အဘက မေးတော့မှာ ဆိတ်သားလေ အဘ ဆိုတော့ အေး မင်းတော့ လားကွာ…. သူ့တပည့်တွေကို သွားမပြောနဲ့ဦး ငါလည်းမကောင်းဘူး မင်းပါ နာ ဦးမယ်တဲ့… ကဲ။

ရောက်စက တစ်ခါမှတ်မိသေးတယ် မာဇဒါဂျစ် ရပ်တာနဲ့ ကားတံခါးသွားဖွင့်တာ အမှန်က တပ်ရေးဗိုလ်ကြီးလုပ်နေကြ။ အဲဒါကို သူထွက်မလာသေးတာနဲ့ ကိုနန္ဒက အလိုက်တသိနဲ့ ကား ရပ်တာနဲ့ ပြေးပြီး ရောက်တာနဲ့ ရပ် အလေးကို smart ပြုပြီး တံခါးကိုဆွဲဖွင့်ထည့်လိုက်တာ လားလား ကားသမားဘက်ကြီးဖြစ်နေပါရောလား ဆဲလိုက်တားများပြောမနေနဲ့ ။ မှတ်ကရော။ စစ်ကိုင်းကို အစည်းဝေးသွားတက်ရတဲ့ အခါမျိုးဆို တပ်ကနေ အစောကြီးထသွားရတာ။ ဒါမျိုးကျ နပ်ပြီးသား အားလုံးအသင့်ပြင်ပြီး အဘအိမ်ကို စောစောသွားတယ်။ ဟိုကျ ရင်းမှူး ဇနီးက (ရိပ်သာကကောင်တွေ ဘာမှ စားမလာဘူးဆိုတာသိပြီးသား) ကော်ဖီနဲ့မုန့်တွေ ပြင် ပေးတယ်။ စားပြီးသောက်ပြီး စက်သမားတို့ စာရေးတို့ လူစုံတာနဲ့ ထွက်ခဲ့ကြတယ်။ စစ်ကိုင်း ဘက်ကိုထွက်ခဲ့ကြတယ်။ ဟိုကျအစည်းဝေးစတာနဲ့ တပ်ရင်းမှူးတွေနဲ့ တပ်မမှူးနဲ့ ခန်းမထဲမှာ ဒီက အိုင်အိုတွေက အပြင်ကနေကိုယ့်လူကြီး မျက်နာရိပ် မျက်နှာကဲ လှမ်း ရှိုးနေကြရတာ။ ကျွန်တော့်အဘ နဲနဲတော့ စိတ်ဘဝင်မကျရှာတဲ့ပုံပဲ။ မြင်နေရတာ။ နေ့လည်ထမင်းစားချိန် ခန နားတော့ မှာပဲ ဘာလဲဆိုတာသိလိုက်ရတယ်။ ခွေးမသား နန္ဒအောင် … ဟုတ်ကဲ့ ရှိပါတယ် အဘဆိုတော့ အေး …. မင်းတော့လားကွာ ငါမနက်ကသေချာပြောတယ်။ စားပွဲပေါ်က ငါ့ မျက်မှန်ယူခဲ့ဆိုတာလေ.. ဒီတော့ အနောက် ဟုတ်ကျွန်တော်ယူလာတယ်လေ အဘ .. ပေါ့။ အေး နင့်မေ ဂျီးဒေါ်ကြီးပါလားကွာ ငါ့ဟာမဟုတ်ဘူးကွ ငါ့မိန်းမမျက်မှန်ပိစိကွေး ငါဘယ်လို စာသွားဖတ်ရတော့မှာလဲ … တောက် မင်းတော့လားကွာ… တဲ့ ။ ကဲ မှတ်ကရော။ တပ်ရင်းမှူး မျက်မှန်အိပ်နဲ့ သူ့ဇနီးမျက်မှန် လွဲပြီး ကောက်ယူချလာတာ လေ .. ဟားဟား

တပ်ကဆိုင်ကယ်လေးနဲ့ နန်းတွင်းကို ဆက်သွယ်ရေးစက် သွားပြင်ဖို့။ စက်တာဝန်ခံဆရာကြီး သူက ကျောပိုးအိပ်လွယ်လို့။ တပ်ရင်း အရေးအရာကျတဲ့ ဗိုလ်ကြီးက သူ့အလုပ်တွေပါ ဇယ်ဆက်ပေးနေလို့ ခေါင်းညိတ် စာအုပ်ကလဲ မှတ်ပေါ့ ။ အိုကေ ပြီးတာနဲ့ ဆရာကြီးကို ခွထိုင်ခိုင်းပြီး စက်နှိုးတယ်။ အေး ညီလေး လစ်တော့ ဂရုစိုက်ဆိုတဲ့ စကားဆုံးတာနဲ့ လှိမ့်တာပေါ့။ ဂိတ်-၁ ကျော်မှ နောက်က ဆရာကြီး ပါမလာတာ သတိထားမိတယ်။ ဆရာကြီးက ဆိုင်ကယ်ပေါ်ခွထိုင် ထွက်မယ့်ဆဲဆဲမှ ခါးပတ်ထပြင်လိုက်တာ စူပါကပ်လေးက သိတဲ့ အတိုင်းပဲ ရွှတ်ဆို သူ့အောက်ကထွက်သွားတာ။ ဒီမောင်ကလည်း ပြက်သားတယ် ဟဲလ်မတ်ကြီးဆောင်း နားမှာ အီးယားဖုန်းနဲ့ ဆိုဒ်က လုပ်လိုက်သေး မျက်မှုံကြီးကလည်း ပါတော့။ ထွက်ချလိုက်တာ နောက်ကလူပါမှန်းမပါမှန်းကို မသိဘူး။ ဆဲတာပေါ့ ဗိုလ်ကြီးတပ်ရေးက။ တစ်ရက်သားကလည်း အဘက လက်နက်တိုက်တွေ သူ့ဟာသူ လိုက်ကြည့်နေတာ။ ဘာမပြောညာမပြောနဲ့ ဟိုကောင် အိုင်အို သွား မီးခံသေတ္တာသော့ သွားယူ ဆိုတာနဲ့ ပြေးတာပေါ့ သူ့အိမ်ကို အစ်မကြီးကို အဘက မီးခံသေတ္တာသော့ တောင်းခိုင်းလိုက်လို့ပြောတာ သူလည်း သိပ်နားမလည်တဲ့ ပုံနဲ့ပဲ ထုတ်တော့ပေးလိုက်တယ်။ ဟိုရောက်တော့ အဘသွားပေးတာ ကံကောင်းလို့ အဲဒီသော့တွဲနဲ့ ကောက် မပေါက်တာ။ တပ်ရေးဗိုလ်ကြီးဆီက ဒီ ဗဟိုကင်းမီးခံသ္တောသော့ကိုပြောတာဟ လဒရ.. တဲ့ ကဲ။ သိမှမသိတာ သွပ်ပြားက အသစ်လေးပဲဟာကိုနော်။ (တပ်တိုင်းမှာ ဗဟိုကင်းမီးခံသေတ္တာ ရယ် သော့ရယ်ရှိတယ်။ သော့ကြီးတစ်ချောင်းကို နဲနဲနောနောလားဗျာ ကြေးချောင်းကြီးတွေ...)

ဆက်ရေးနေတယ်နော် စောင့်ဖတ်ဗျာ @@@ နေလွမ်းသူ

Read More...

ကျွှန်တော်သိသော ရုရှ


General game ကစားဖူး သူများ ကောင်းစွာ သိပါလိမ့်မည်။ သို့မဟုတ် Red Alert ဂိမ်း ကစားသူများ လည်း သတိပြုမိ လိမ့်မည် ထင်ပါသည်။ ရုရှ ဦးဆောင်သော ကွန်မြူနစ် နိုင်ငံများ အုပ်စု နှင့် အမေရိကန် ဦးဆောင်သော နိုင်ငံများ အုပ်စုတို့၏ အဆောက်အအုံများ၊ လက်နက် ပစ္စည်းများ၊ စစ်သည် ဖွဲ့စည်းပုံများ စသည်ဖြင့် လုံးဝ မတူ ကွဲပြား ခြားနား ကြသည်ကို တွေ့ရပါလိမ့်မည်။ မှန်ပါသည်။ ရုရှသည် ကျွှန်တော်တို့ အာရှ မျက်လုံး (သို့မဟုတ်) အမေရိကန် ပစ္စည်းများနှင့် ဂျပန်၊ တရုတ် ပစ္စည်းများကို သာ သုံးစွဲလေ့ရှိပြီး ရုပ်ရှင်ကြည့်လျှင်ပင် အမေရိကန် ဇာတ်ကားများနှင့် ကိုရီးယား၊ တရုတ်၊ ဂျပန် စသော အရှေ့တိုင်း ဇာတ်ကားများ ကိုသာ ကြည့်လေ့ရှိကြသော လူမျိုးများ အမြင်တွင် ရုရှ သည် အတော်လေးကို ကို့ရို့ကားယား နိုင်ပါသည်။ ဆန့်ကျင်ဘက် များကို သက်သက်မဲ့ လိုက်လုပ်နေသလား ဟု ထင်ရအောင်ပင် အဆီငေါ် မတည့်လှသည်ကို တွေ့နိုင်ပါသည်။ က်ျသည်ကား ကျွှန်တော်သိသော ရုရှ ဖြစ်ပါတော့သည်။

ပထမဆုံး ဆန့်ကျင်ဘက် ကို ပြောရလျှင် မီးခလုတ်က စရပါလိမ့်မည်။ ကျွှန်တော် ယခု အသက်အရွယ် အထိ မီးခလုတ် များကို နှိပ်ဖူးသမျှတွင် အောက်သို့ နှိပ်လျှင် အဖွင့် ဖြစ်ပြီး အထက်သို့ ပြန်နှိပ်လျှင် အပိတ် ဟူသော မီးခလုတ်များကို သာတွေ့ဖူးပါသည်။ ရုရှ က မီးခလုတ်များကတော့ အပေါ်သို့ နှိပ်မှ မီးလင်းပြီး မီးပိတ်လိုလျှင် အောက်သို့ နှိပ်ရပါသည်။ ထို့ထက် ပိုဆိုးသည်က အိမ်သာ ဖြစ်ပါသည်။ အိမ်သာခွက် သို့မဟုတ် ကမုတ်ခွက်၏ အပေါက်သည် ရှေ့မှာရှိပါသည်။ ကျွှန်တော်တို့ နိုင်ငံတွင်သုံးသော အိမ်သာခွက်၏ ပြောင်းပြန်ပုံ ဖြစ်ပါသည်။ မြင်ယောင် ကြည့်ကြပါကုန်။ နောက်ဖေးသွားပြီးပါက မိမိ၏ ပစ္စည်းများသည် ကျွှန်တော်တို့ဆီမှာလို တခါတည်း အပေါက်မှ ဆင်းသွားသည် မဟုတ်ပါ။ အပေါက်က ရှေ့တွင် ရောက်နေသဖြင့် နောက်တွင်ရှိသော ခွက်အတွင်း သို့သာ ကျဆင်းသွားပြီး မိမိကိုယ်ကို မနေတတ် မထိုင်တတ် ဖြစ်စေပါသည်။ စဉ်းစား ကြည့်ကြပါကုန်။ ကလေးများ နောက်ဖေးသွားသော ဂန်ဖလား အတွင်း သွားရသကဲ့သို့ ဖြစ်ပါသည်။ ပြီးတော့ ဒင်းတို့က တစ်နိုင်ငံလုံး ရေသုံးကြသည် မဟုတ်၊ စက္ကူသာ သုံးကြသဖြင့် ပိုဆိုးပါသည်။ က်ျ အညစ်အကြေး များကို ရေအရင် နှိပ်ပြီး အောက်သို့ ချလိုက်လျှင်လည်း အပေါက်က ရှေ့တွင် ရှိသဖြင့် အနံ့အသက် က ဆိုးရွားပါသည်။ မည်သို့မျှ အဆင်မပြေပါ။ အသုံးပြုရတာ ကြာလာသဖြင့် ရိုးသွားသလို ရှိသော်လည်း အဆင်မပြေသည်ကတော့ မည်သို့မျှ ပြောင်းလဲ မသွားပါ။ အဆိုပါ အိမ်သာခွက် များကို ယခင် ဆိုဗီယက်ခေတ်က ဆောက်ထားခဲ့သော အဆောက်အအုံ၊ အဆောင်တိုင်း လိုလို တွေ့ရပါသည်။ နောက်ပိုင်း ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးမှ ဆောက်သော အဆောက်အအုံများတွင်တော့ အနောက်နိုင်ငံ လုပ်အိမ်သာခွက်များကိုသာ သုံးလာကြပါသည်။

မြန်မာ ကျောင်းသားများ နေရသော အဆောင်တို့မှာ အဟောင်းများသာ များသဖြင့် အဆိုပါ အိမ်သာခွက်များသာ များပါသည်။ ကျွှန်တော့် အဆောင်မှာတော့ ကံကောင်းထောက်မ သဖြင့် အဆောင်ဟောင်း ဖြစ်သော်လည်း အိမ်သာခွက် ပျက်စီးသွားသဖြင့် အသစ်လဲ ထားသည်လား မသိပါ။ ကျွှန်တော်တို့ နိုင်ငံသုံးနှင့် တူသော ကမုတ်အိမ်သာ ဖြစ်ပါသည်။ သို့သော် သူငယ်ချင်းများ ရှိရာ အခြား အဆောင်များသို့ သွားရောက်လည်ပတ် တိုင်း က်ျကဲ့သို့သော အိမ်သာများနှင့် မိတ်ဖွဲ့ ရလေ့ရှိပါသည်။ က်ျသည်မှာ ကျွှန်တော့် အတွက်တော့ ကြီးစွာသော ပြသနာ ဖြစ်စေပါသည်။ အိမ်သာတက်ရန် မည်သို့ မျှ စိတ်မရဲပါ။ ကြာလျှင် ဆီးချုပ်၊ ၀မ်းချုပ် ဖြစ်မည်စိုးသဖြင့် မြန်မြန် ပြန်လစ်ခဲ့ရသည်သာ များပါသည်။ အိမ်သာ အကြောင်းကို စာတစ်စောင် ပေတစ်ဖွဲ့ လုပ်နေသည် မထင်စေလိုပါ။ ကျွှန်တော်တို့နှင့် အမြင် ချင်း မတူကြသော သူတို့ အကြောင်းကို တင်ပြခြင်းသာ ဖြစ်ပါသည်။ သူငယ်ချင်း တစ်ယောက် ပြောသလို အဆင်ပြေချင်ရင် နောက်က ရေထည့်တဲ့ ပုံးကို ဖက်ပြီး နောက်ပြန် တက်ပေါ့ကွာ ဟုတော့ အရွဲ့တိုက် ပြီး မဆိုစေချင်ပါ။

ဟော… စာသင်ပြီဆိုတော့လည်း တွေ့ရပါပြီ ဆန့်ကျင်ဘက်များ။ ပုံနိပ်စာအုပ်များ တွင် မာတိကာ က နောက်ဆုံး စာမျက်နှာတွင် ရှိနေပါသည်။ ကျောင်းစတက်ခါစက မာတိကာ အညွန်း ကို ရှာလိုလျှင် တော်တော် ပျားတုပ်ပါသည်။ ကိုယ့်နိုင်ငံက စာအုပ်များကဲ့သို့ ရှေ့ဆုံးတွင် ရှိမည်ထင်မိသဖြင့် စာရွက်တွေ ပါမလာတာပဲလား၊ ဆုတ်ပြဲ သွားလို့လား စသည်ဖြင့် တွေးမိပြီး ရှာမတွေ့ခဲ့ပါ။ နောက် စာသင်တော့လည်း တော်တော်ဂရုစိုက်ရသည်။ သူတို့ဆီက သင်ကြားရေး စနစ် က ကျွှန်တော်တို့နှင့် လုံးဝ မတူရေးချ မတူ။ ထို အကြောင်းကို သက်သက် ပို့စ် အသစ် ရေးပါဦးမည်။ ဆရာ့နောက်ကနေ လက်ချာ လိုက်ကူးနေရင်းမှ သူပုံထဆွဲပြီဆိုလျှင် စဉ်းစားရပါတော့သည်။ ကျွှန်တော်တို့ မြန်မာပြည်တွင် သင်ခဲ့ရစဉ်က ပုံတစ်ပုံဆွဲမည် ဆိုလျှင် base circle သို့မဟုတ် base line ကို အရင် စ ဆွဲရပါသည်။ ပြီးမှ ပုံက အထက်သို့ တဖြည်းဖြည်းတက်ပြီး ဆွဲကြပါသည်။ သူတို့က ပြောင်းပြန်။ ပုံကို ထိပ်ပိုင်းမှ စတင်ဆွဲပါ၏။ အကယ်ရ်ျများ လက်ချာလိုက်နေသည်က စာမျက်နှာတစ်ဝက်လောက် ရောက်နေပါက က်ျစာမျက်နှာတွင် ဆွဲရမည်လား၊ နောက်စာမျက်နှာတွင် ဆွဲရမည်လား တော်တော်စဉ်းစားရပါတော့သည်။ စရောက်ခါစက ဒီအထာကို မသိသဖြင့် လိုက်ဆွဲမိရာ တဖြည်းဖြည်း ပုံက အောက်သို့ ရောက်လာပြီး စာမျက်နှာ မဆန့်တော့သည်ကို ကြုံရပါတော့သည်။ က်ျမျှအထိ ကို့ရို့ကားယား နိုင်လှသော ရုရှ ဖြစ်ပါသည်။

အဆောက်အဦ ဆောက်မည်ဆိုလျှင်လည်း သူတို့ ဆောက်သည်နှင့် ကျွှန်တော်တို့နှင့် ပြောင်းပြန်ဖြစ်ပါသည်။ ကျွှန်တော်တို့ ဆီက အထပ်နိမ့် အဆောက်အအုံများ ဆောက်လျှင်တိုင်နှင့် အမိုးကို ရှေးဦးစွာ ဆောက်ကြသည်ကို တွေ့ဖူးပါလိမ့်မည်။ သူတို့ကတော့ အသင့်လုပ်ပြီးသား အင်္ဂတေ တုံးကြီးများကို စီချပြီး နံရံကို အရင်တည်ပါသည်။ အားလုံး ပြီးမှ အမိုးကို မြေကြီးပေါ်တွင် ပြုလုပ်ပြီး အထက်သို့ တင်ပါသည်။ ၀န်ချီကရိန်းကြီးများဖြင့် အဆောက်အဦ ခေါင်မိုးကို မ တင်နေသည်ကို ရံဖန်ရံခါ သွားရင်းလာရင်း တွေ့မိလေတိုင်း တော်တော်ဂွကျတဲ့ လူတွေ ဟုတွေးမိသည်။ သူတို့ ပြောင်းပြန်လုပ်ကြပုံက များလွန်းလှသဖြင့် အကုန် အစင် မှတ်တမ်း မတင်နိုင်တော့ပါ။ ကျွှန်တော်တို့ အချင်းချင်း တစ်ခါတစ်ရံ ဟာသပြောသလို ပစ္စည်းတစ်ခု တွေ့လို့ ကိုယ်မလုပ်တတ်ရင်( ဥပမာ ဘတ်စ်ကား တွင် ကဒ်ထည့်သော အပေါက်လိုမျိုး ) စိတ်ထဲပေါ်လာတာနဲ့ ပြောင်းပြန်သာလုပ်၊ ရလိမ်မယ် ဟုသာပြောရပါတော့မည်။

ညနေခင်းနှင့် ညဘက်တွင် အပျင်းပြေ တီဗွီကြည့်မည်ဆိုလျှင်လည်း က်ျ ကဘောက်တိ ကဘောက်ချာ များက မလွတ်ကင်းနိုင်ပါ။ ပြသည်က အမေရိကန်ကားများနှင့် ပြင်သစ်ကားများသာ များပါသည်။ ရုရှ ဇာတ်ကားများက တစ်ခါတစ်ရံမှသာ ရုပ်သံ အစီအစဉ်တွင် တင်ဆက်ပါသည်။ နိုင်ငံခြားကားများကို သူတို့ ရုရှလို ဘာသာပြန် ပြသ သည်ကလည်း တစ်မျိုးဖြစ်ပါသည်။ ကျွှန်တော်တို့ နိုင်ငံတွင် ကိုးရီးယား ဇာတ်ကားများနှင့် တရုတ်ဇာတ်လမ်းများ ကြည့်ရစဉ်က မြန်မာဘာသာပြန်မှာ အောက်က စာတန်းဖြင့် သာ ထိုးသဖြင့် မူရင်း အရုပ် အသံ ဂီတ နှင့် ဇာတ်လမ်း အရသာ သိပ်မပျက်ပါ။ ကြာကြာဖတ်ရတော့ မျက်စိညောင်းလာတာသာ အဖတ်တင်ပါသည်။ သူတို့ကတော့ ဘာသာပြန်ကို နောက်ကနေ စကားလုံးဖြင့် လိုက်ပြောပါသည်။ အသံက မူရင်း အမေရိကန် အသံက တစ်မျိုး၊ သူတို့ ဘာသာပြန်နေသော အသံက တစ်မျိုးဖြင့် ဇာတ်ကား အရသာက လုံးဝ နီးပါး ပျက်ပါသည်။ ဘာသာပြန် စကားကို သာ အဓိက အသံတင်ထားသဖြင့် ဇာတ်ကားထဲတွင် ပါသော effects အသံများ တိုးတိုးလေးသာ ကြားရပြီး ဇာတ်လမ်းက ကောင်းသင့်သလောက် မကောင်းတော့ပါ။ လွန်စွာနာမည် ကြီးသော အမေရိကန်ရုပ်သံစီးရီး ဖြစ်သည့် Prison Break လိုကားမျိုးဆိုလျှင် ပိုဆိုးပါတော့သည်။ ထိုဇာတ်ကားကို အသည်းစွဲနှစ်သက်သော ကျွှန်တော်ပင်လျှင် download လုပ်ပြီးသား မူရင်း ဇာတ်ကားများကိုသာ ရှာဖွေကြည့်ရပါသည်။ တီဗွီ ကလာနေသော ဇာတ်ကားကို ကြည့်ပါက မူရင်း အရသာပျက်သောကြောင့် မည်သည့် အခါမျှ မကြည့်ဖြစ်ခဲ့ပါ။

က်ျသို့ က်ျပုံ ကို့ရို့ ကားယား နိုင်သော်လည်း ရုရှကို အထင်သေးရ်ျတော့ ရမည် မဟုတ်ပါ။ ပထမဆုံး အာကာသသို့ ခြေချခဲ့သည်မှာ သူတို့ဖြစ်ပါသည်။ ရုရှနည်းပညာသည် ကမ္ဘာကပင် လေးစားရသည် မဟုတ်ပါလော။ မဟာဆန်လှသည် ဆိုသော ဥရောပ တစ်တိုက်လုံးကို ပိုလန်နှင့် ယူကရိန်း နယ်စပ်တွင် အသင့် ချိန်ရွယ်ထောင်ထားသည့် ရော့ကတ် ဒုံးကျည် ကြီးများဖြင့် ထာဝရ ခြိမ်းခြောက် ထားခဲ့သည်မှာလည်း သူတို့သာ ဖြစ်ပါသည်။ ကမ္ဘာ့စစ်တုရင်ချန်ပီယံ၊ တင်းနစ်ချန်ပီယံ စသည့် ချန်ပီယံ ပေါင်းများစွာသည်လည်း ရုရှမြေတွင် ပေါ်ထွက်ခဲ့သည်မှာ အားလုံးအသိပင် ဖြစ်ပါသည်။ ကုန်ကုန်ပြောရလျှင် ကွန်မြူနစ်စနစ်ကိုပင် အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့သည့် တစ်နိုင်ငံ တည်းသော နိုင်ငံဖြစ်ပါသည်။ သူတို့ အမြဲပြောလေ့ရှိသော စကားမှာ ကမ္ဘာမှာ ငါတို့သာလျှင် ကွန်မြူနစ်စနစ် စစ်စစ်ကို အောင်မြင်အောင် ဖော်ဆောင်နိုင်ခဲ့တာ ဟူသတည်း။ သို့သော် ထိုအကြောင်းကိုတော့ ကျွှန်တော်ကိုယ်တိုင်လည်း စိတ်မ၀င်စားသဖြင့် အကျယ် မဆွေးနွေးလိုပါ။ သူတို့တစ်တွေ အာကာသ ကို ဆယ်စုနှစ်ပေါင်း များစွာ ပိုင်စိုးခဲ့တာ၊ အမေရိကန်နှင့် စစ်အေးတိုက်ပွဲကြီး ဆင်နွဲခဲ့တာ၊ ဒုတိယ ကမ္ဘာစစ်ကြီးကို အောင်မြင်စွာ တိုက်နိုင်ခဲ့တာတွေကတော့ အများသိသော အမှန်တရားများသာ ဖြစ်ပါတော့သည်။
( ရုရှ နိုင်ငံ အကြောင်းကို စိတ်ဝင်တစား မေးမြန်းကြသူများ အတွက် ရည်ရွယ် တင်ပြ လိုက်ပါသည်။ သိထားပြီးသူများ၊ ကိုယ်တိုင်ကြုံကြိုက်နေသူများ နှင့် အယူအဆ ကွဲလွဲမှုများ ရှိပါက စာရေးသူ၏ အားနည်းချက်များသာ ဖြစ်ပါလိမ့်မည်။ ) ကိုဥာဏ်(စက်မှု)

Read More...

Thursday, June 26, 2008

သိစေချင်လို့ပါ

အဆက်လေးပြီးအောင် ဆက်ရဦးမယ် ဆိုပေမယ့် ဒီလအတွင်းရေးခဲ့သမျှ ပို့စ်တွေပြန် ရှုစား လိုက်တော့ လားလား မနည်းတော့ပြီပဲ။ တော်ကြာ ဒီဘလော့ဂါ အားတိုင်းယားတိုင်း ပို့စ်တွေ လှိမ့်တင်နေတယ် လုပ်ကြမှာစိုးရသေးတယ်။ နောက်ရှိသေးတယ် ကိုဥာဏ် ရေးတဲ့ပို့စ်တွေ ကျွန်တော်က comment ပေးလိုက် ကျွန်တော့်ထဲကို ကိုဥာဏ်က ပေးလိုက်နဲ့ အချင်းချင်း ရေးပြီး အတူနေပြီး ပေးနေကြသေးတယ် ထင်မှာစိုးရသေးတယ်။ အတူတူ ဘလော့လေးကို ရေးတင်နေကြတာဆိုပေမယ့် သူက တစ်နေရာ ကျွန်တော်က တစ်နေရာမှာပါ။ တူတာက သူရောကျွန်တော်ရောက တစ်မြို့တည်းသား တစ်ကျောင်းတည်းထွက် ဝါသနာတူခဲ့ကြတာ။

နောက်တူတာ သူရောကျွန်တော်ရော မြန်မာနဲ့ဝေးရာ တစ်နေရာစီမှာ။ အတူတူစစ်သားတွေပဲ ဆိုကြပါစို့ ။ ဒီမှာတင်စကွဲ သွားပါတယ်။ သူမှာ သူ့အတွေ့ကြုံ ဗဟုသုတနဲ့ သူ့တပ်အကြောင်း အပြည့်အဝ ရှိထားတယ်။ ဒါပေမယ့် ယူနီဖောင်း အစိမ်းချင်းတူသည့်တိုင် သူ့တပ်ရဲ့ ပင်မ အဓိက လုပ်ငန်းတွေ ဘာတွေလုပ်ရတယ် ဆိုတာ ကျွန်တော်တို့ ထဲထဲဝင်ပြီး သိမထားပါဘူး ဆိုတော့က တူတော့တူပါ၏ But မတူလည်းမတူပါခင်ဗျာ။ ဘလော့နဲ့ပက်သက်လို့ တစ်ခုခု အရေးတကြီးပြောစရာပေါ်လာပြီဆို သူက အွန်လိုင်းမရှိ ကျွန်တော်က နက်မရနဲ့ ဘယ်လိုမှ ဆက်သွယ်လို့မရတာ လည်း ခနခန။ ဖုန်းခေါ်ရအောင်လည်း အနှီ Oversea Call ကို သူလည်း ကျွန်တော့်ကို မခေါ်သလို တစ်လနေမှ အိမ်ကို တစ်ခါတောင် ဇွတ်မှိတ်ခေါ်တတ်တဲ့ ကျွန်တော် ကလည်း သူ့ဆီကို တော့ မခေါ်ရေးချ မခေါ်လေ။

အရင်ဘလော့လေး စုတေ ငုပ်လျှိုး အဖြစ်ဆိုးပြီး နောက်ရက်မှာ သူပဲ ဒိုင်ခံ ပြန်လည်အစပျိုး အသက်သွင်းတော့တာပါ။ ဒါကိုလည်း ကျွန်တော် ပို့စ်တစ်ခုအနေနဲ့ နေလွမ်းသူ2 ပြန်လာပြီ မှာ ကျေးဇူးတင်ရသူ အားလုံးကို ဖော်ပြပေးခဲ့ပါတယ်။ တစ်ခါတစ်ခါကျလည်း ရင်ထဲကဖြစ်ပေါ်လာတာလေးတွေ ပို့စ်တစ်ခု အနေနဲ့ ဘလော့စာမျက်နှာပေါ် တင်ပေးချင်စိတ်ဖြစ်မိပါတယ်။ ခံစားရတာလေးတွေကိုပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ အဓိက ရည်ရွယ်ချက် လမ်းကြောင်း ပေါ်ကနေ သွေဖယ်သွားပြီး ပရိတ်သပ်နဲ့ နေသားကျနေပြီဖြစ်တဲ့ ရသပျက်ယွင်းသားမှာ လုံးဝ မလိုလားလို့ပါ။ မေးလ် ကိုယ်စီကိုယ်စီပို့ပြီး အားပေး အကြံတွေပေး သိချင်တာလေးတွေ မေးမြန်းကြတဲ့ တစ်ချို့ စီဘောက်စ်မှာ ဘာမှ မထားခဲ့သူတွေရဲ့ ဆန္ဒ သူတို့ကိုပြန်လည်ဖြေကြားပေးတဲ့ ပို့စ် တစ်ခု မကြာခင်မှာ တင်ပေးပါ့မယ်။

တကယ်ပါ။ တစ်ခါတစ်ခါဆို ကျွန်တော် ရေးခဲ့တဲ့ မှင်တွေ ပြန့်ပြီး တစ်ချို့စာလုံးတွေ ဖတ်မရတော့တဲ့ ဒိုင်ယာရီ စာမျက်နှာလေးကို ပြန်ပြန် ဖတ်မိတိုင်း ကျွန်တော်ကိုယ်တိုင် ကို အဲဒီ တောတောင်ထဲပြန်ရောက်သွားသလို ခံစားရတယ်။ ရေးခဲ့သမျှ အကြောင်းအရာတိုင်း ဒီမှာသာ ပြန်တင်ရရင် သေချာတယ် ကျွန်တော်.......................။ (နားလည်ပေးပါပရိတ်သပ်ကြီးရယ် ကျွန်တော် ဒီလောက်ထိ ချစ်ခဲ့တာကို) အဟဲ။ ကိုဥာဏ်ကိုယ်တိုင်ကို ကျွန်တော့် ပို့စ်တွေတစ်ချို့ဖတ်ဖတ်ပြီး သူမသိတာလေးတွေ ပြန်ပြန်မေးတတ်တယ်။ ကျွန်တော့်ကို သူက ဒီထက်များများ တင်ဖို့ ဇွတ်တိုက်တွန်းတယ်။ မင်းက ထမင်းစားချိန် ဒေါင် ဆိုတာနဲ့ ဆင်းပြီး ကိုယ့်ကြိုက်တာကို ယူစားရနေရတာ။ တို့လို ထမင်းဟင်းလည်း မချက်ရ ကျောင်းလည်း အဝေးကြီးသွားရတာမဟုတ်နဲ့ တဲ့ ကဲ။ ဘာပဲဖြစ်ဖြစ်ပါ ကျွန်တော်တို့ ၂ ယောက်ပေါင်းပြီး ဒီထက်မက ကောင်းအောင် ကြိုးစားနေပါတယ်။ ဆေးက တစ်ကောင်ရှိသေးတယ် သူလည်း အတူတူပဲ။ နောက် သုတ ရသ တစ်ခု အနေနဲ့ သူ့ကို အားဖြည့်ပေးဖို့ ပြောထားတယ်။ သူ့စာနဲ့သူ လုံးချာလည်နေသေးလို့ ချမ်းသာပေးထားတာ။ အခါမလပ် လာရောက် ဖတ်ရှုအားပေးနေတဲ့ သူငယ်ချင်း မိတ်ဆွေများ ဘလော့ဂါရပ်ဝန်းမှ အမျိုးများ ( အားလုံးပါတယ် အယူတွေလွဲ မူတွေကွဲ လို့ နောက်ဆုံးတော့ မြန်မာပြည်မှာ မွေးခဲ့တဲ့ မြန်မာ အားလုံး ) မအားလပ်တဲ့ကြားက တံခါးမလှပ်ဘဲ ဝင်ရောက်ဖတ်ရှုသွားသူများ ၊ မျက်စိလည်လမ်းမှား ခြေရာချန်ထားထွက်ခွါသွားသူများပါ မကျန် ကျွန်တော့်ဆီရောက်တာနဲ့ အနှောင့်ယှက်များမှ ခနတာ ကင်းဝေး သွားကြတယ်ဆိုရင်ပဲ ဝမ်းသာပီတိ ကြည်နူးမိပါကြောင်း ............................................................................................

@@@ နေလွမ်းသူ

Read More...

Tuesday, June 24, 2008

ဒုတိယဌာနေမှ ဒုတိယမြောက် ရှေ့တန်းမြေသို့

ကက်ဥတောင်စခန်း
ပင်လယ်ရေမျက်နှာပြင်အထက်(၄၈၀၀) ကျော်ဝန်းကျင် မြင့်ပါတယ်။ ဟိုးယခင် ဗကပတို့ ကြီးစိုးစည်က သူတို့လက်အောက် ကျရောက်ခဲ့လို့ မိမိတို့က ပြန်သိမ်းလိုက် တစ်ခါ တရုတ်ဖြူ အလုံးအရင်း သိမ်းပိုက်ခဲ့လို့ ပြန်သိမ်းလိုက်နဲ့ အခုတော့ ဝ လက်နက်ကိုင်အဖွဲ့ ငြိမ်းချမ်းရေး ယူပြီးနောက်ပိုင်း မိမိတို့ တြိဂံဒေသတိုင်းရဲ့ မြောက်ဖက်အကျဆုံး စခန်းအဖြစ် တည်ရှိနေပါပြီ။ တပ်မတော်က ပြန်တိုက်ခဲ့ရတာတွေ ကြက်ဥတောင်၊ ပန်မကောက်၊ ယောင်ခေါက်၊ စတဲ့ စခန်း သိမ်းတိုက်ပွဲတွေ အကြောင်းကို ဗိုလ်မှူးကြီးသောင်းဝေဦး စာအုပ် ထွက်ရှိပြီးခဲ့ပါတယ်။ ဟောအခု ကိုနန္ဒအောင် တပ်ခွဲကို အပိုင်ပေးလို့ စခန်းထိုင်ရပါပြီ။ ဒီစခန်းကို စမလာခင် ကတည်းက မိုင်းခတ်(အခြေချဗျူဟာ) ဗျူဟာမှူး (သူကိုယ်တိုင် ကော်တောင့်ဝတ်ပြီး ဗိုလ်လောင်း တွေကို စံနမူနာပြ ဆုံးမသွန်သင် ခဲ့တဲ့ အနော်ရထာတပ်ရင်းမှူး) ကြီးက သေချာ မှာပါတယ်။ မိမိတို့ မြန်မာဘက်နှင့် တရုတ် နယ်ခြား အစွန်အကျဆုံးစခန်း။ အရင်ကတည်းက အစဉ်လာကြီးမားခဲ့တဲ့ စခန်းတစ်ခုဖြစ်လို့ လုံခြုံရေး၊ ရှေ့တန်းစခန်း စည်းကမ်းများ အထူးဂရုပြု လိုက်နာဖို့ ဝန်းကျင်အနီးနားမှာ ဝ စခန်းကုန်းတွေ တည်ရှိနေလို့ စစ်ရေးအသိ သတိအမြဲရှိဖို့ အသေးစိပ်မှာကြားပါတယ်။

မိုင်းနှုံးနှီးဘုရားကြီးကို ရှိခိုးဦးခိုက်လိုက်တယ်။ ပြီးတာနဲ့ ဆရာကြီးတွေစုလိုက်ပြီး ဘယ်သူတွေ ပွိုင့်စသွား ဘယ်လိုလုပ်ပါ၊ ရှေ့နောက်သေချာ ဆက်စပ်ဖို့ ။ နယ်မြေက အေးချမ်းတယ်ဆိုပြီး မိမိစစ်သည်များ မပေါ့ဆဖို့ ။ ကိုယ်နဲ့ တာဝန်ချိန်းမယ့် ရှေ့တပ်က လာကြိုပေးတယ်။ လမ်းတွေ ရှုပ်ရှပ်ခတ်ပြီး မှားမှာစိုးလို့။ ဘုရားကြီးကို ကျောခိုင်းလိုက်တာနဲ့ စတက်ရပြီ။ တောင်ကုန်းတွေ ထိပ်တည့်တည့်တွေမှာ အခါလူမျိုးစု ရွာလေးတွေ မြင်တွေ့နေရတယ်။ အခါလူမျိုးက သွားတွေ မဲနက်နေအောင် တမင်လုပ်ယူထားကြတယ်။ သွားဖြူရင် ခွေးနဲ့ တူလို့ပါတဲ့။ သူတို့တကယ်ခင် ရင်းနီး လေးစားသူကို ခွေးသားဟင်းချက်ကျွေးတဲ့ လူမျိုးစုဆိုတာ အခါ လူမျိုးများပဲဖြစ်ပါတယ်။ ချက်ကျွေးလို့ မစားရင် သူတို့ခင်မင် သလိုမခင်ဘူးလို့ သတ်မှတ်ခံရပါတယ်…တဲ့။ ဒါကတော့ ဒီနေ့တောင်ပေါ်နေ အခါလူမျိုးစုတို့ ဓလေ့ပါ။ ခေတ်မီတဲ့ အစုတွေက မြို့၊ ရွာတွေ ကို ရွှေ့သွား ကြပါပြီ။ တောင်ပေါ်နေ အခါ တို့ သုံးစွဲတဲ့ အဓိက ငွေကြေး အမျိုးအစားက ဟိုးရှေးခေတ်က ငွေဟောင်းပြား(ငွေဒင်္ဂါးပြား)တွေပါ။ မိုင်းခတ်မြို့ပေါ် ဈေးဝယ်လာရင် အဲဒီအပြားတွေကို ကျပ် ငွေနဲ့ လှယ်သုံးကြသလို တိုက်ရိုက်လဲ သုံးစွဲကြပါတယ်။ ငွေဟောင်း တစ်ပြားကို မြန်မာကျပ် ငွေ ၅၃၀၀ လောက်ရှိပါတယ်။ (ဈေးကတော့ အတက်ကျ ပြောင်းလဲတာ ရှိတတ်ပါတယ်)။

မြေပြန့်(ပြည်မ)က လာခဲ့တဲ့ ကိုနန္ဒအတွက်တော့ အထူးအဆန်းတွေ အများကြီးပါ။ မိုင်းခတ်ကို စရောက်ခါစက ဈေးထဲဆင်းပြီး မနက်စာ သွားစားကြတော့ ပိုက်ဆံရှင်းမယ် လုပ်တော့ အကြီးဆုံးဖြစ်တဲ့ ကျွန်တော်က အစဉ်လာအရ ထုတ်ရှင်းမယ်လုပ်တော့ ညီ ဝေဖြိုး(46th)က နေနေ အစ်ကိုကြီး ဆိုပြီး အပြား တစ်ပြားထုတ်ပေး လိုက်တယ်။ ဒါကို ဆိုင်ရှင်ကယူပြီး ပါးစပ်ထဲ တန်းထည့် သွားနဲ့ ကိုက်ကြည့်ပါရောလား။ ပြီးမှ ပိုတဲ့ ပိုက်ဆံမြန်မာငွေ ထောင်တန် တွေပါပြန်အမ်းတယ်။ အတု အစစ်ကို သွားနဲ့ကိုက်ပြီး ခွဲခြားတာပါ…. တဲ့။ ဟောကဲကြည့် စကားစပ်လို့ ငွေဟောင်းပြားအကြောင်း ပြောရာကနေ ဘယ်ရောက်သွားပြန်လဲ မသိ။ ထားပါ။ စခန်းကို အသွား လမ်းကရွာတစ်ခု ကိုဖြတ်တာနဲ့ ရွာခေါင်းဆောင် နဲ့ အဖော် ၃ ဦးလောက်က လွယ်အိပ်လေးတွေလွယ် ဓါးကိုယ်စီလွယ်ပြီး ဟိုဘက်တစ်ရွာအထိ လိုက်လိုက်ပို့ပေးတယ်။ ဒါကလည်း ဓလေ့ပါတဲ့။ အိမ်တိုင်းက ခြေတံရှည် သက်ကယ်မိုးနဲ့ ရွာတိုင်းမှာ အပေါဆုံးက ကလေးပေါက်စနလေးတွေနဲ့ ခွေး တွေပါပဲ။ မွေးထားလိုက်ကြတာများ…… ဒီလောက်အေးတဲ့ တောင်ပေါ်ရာသီဥတုမှာ ဘယ်ကလေးမှ အောက်ပိုင်းအဝတ်စား မပါကြဘူး။ အပေါ်အင်္ကျီတဲ့ အဖြစ်ပဲ ဝတ်ပေးထားကြတယ်။ စိတ်ထဲတော့ သြော် ဒီတစ်မြေထဲမှာနေပြီး မျက်စိပွင့် နားပွင့် ဖွံ့ဖြိုးတိုးတက်မှုဟာ တကယ်ကို အရေးကြီးပါလား.. လို့။ မြေပြန့်ဒေသ မြို့မပြောနဲ့ ရွာတွေက ကလေးတွေတောင် အခုလို ဆောင်းရာသီမှာ အပေါ်အောက် အဝတ်စားထူထူနဲ့။ အခုများတော့ တစ်လနေမှ ရေတစ်ခါတောင် မချိုးပေးတဲ့ ကလေးလေးတွေ နှပ်ချေးတွဲလောင်း ဗိုက်ပူ ချက်ဆူလေးတွေ ပေပေရေရေလေးတွေ ……….. (ကိုယ်ရော ဘာတတ်နိုင်မှာလဲလေ) တော်သေးတယ် လို့ ငါတို့များ ဒီဒေသမှာ လူလာမဖြစ်လို့ … အဟီး ….


ဆက်လက်ဖော်ပြပါမည်။ @@@ နေလွမ်းသူ

Read More...

Sunday, June 22, 2008

ဝေဒနာအပိုင်းအစလေးများ-(အပိုင်း ၇)

တတိယမြောက် ကျရောက် ပေါက်ကွဲသံက ဒီတစ်ခါ နားထဲမှာ အဆူညံဆုံး ဖြစ်လိမ့်မယ် ထင်ပါတယ်။ နားတွေ အူထွက်နေတယ်၊ မြေစတွေ ဖွာလန်ကျဲပြီး လူကို လာစင်မှ သတိ ထားမိတယ်။ မိမိနောက် တည့်တည့်က ဝါးပင်စုစု အခြေမှာ ကျပြီး ကွဲသွားတာပါတကား။ ပေါင်သလုံးခန့် ဝါးပင် ၄ ပင်လောက်က ပျက်ထွက်ကုန်တယ်။ ဘေးက ဒုတပ်ကြပ် မြသိန်း သေနက်လေးပိုက်ပြီး ခွေခွေလေး။ လက်မောင်းကို ကိုင်လှုပ် ခေါ်မိတော့ လဲကျသွားတယ်။ ဟာ ဆရာမြသိန်းထိသွားပြီ လို့ ဘယ်ဘက်ကတစ်ယောက်က ထပ်အော်ပါတယ်။ တဖွဲဖွဲ ဖြတ်ပြေးသွားတဲ့ ကျည် သံတွေငြိမ်မှ လာစမ်းကွာ အာပီဂျီ ဒီကိုဆင်းလာခဲ့ ဆိုပြီး ဒုတပ်ကြပ် ကော်နူး(လီဆူး)ကိုထပ်ခေါ်ပြီး တွေ့လား ဟိုးက အပင်ခြောက်စုစု နေရာ အေးအဲဒီကိုချိန် ဆိုတာနဲ့ ပုခုံးထမ်းလောင်ချာ အသင့်ပြင်ပါတယ်။ ဘေးက ဆရာကြီးက ဗိုလ်ကြီး ကျွန်တော် ပစ်မယ်ဆိုတာနဲ့ အင်းလုပ်ဗျာ…. ဖောင်း …ဂျိမ်း ဆို အူထွက်သွားတယ်။ ကွတ်တိပဲ။ ပြောတဲ့ နေရာ။ အပင်စုစုကို ချက်ချင်း နေရာရွှေ့လိုက်ကြတယ်။ ကိုယ်တိုင်က မြသိန်း ဆီက သေနက်ကို သယ်လာလိုက်တယ်။

(၂၉.၃.၂၀၀၅)ရက်နေ့ ညနေ ၅ နာရီထိုးခါနီးမှာ ကျွန်တော့် အချစ်တော် ဒုတပ်ကြပ်မြသိန်း သွေးထွက်လွန်ပြီး ကျဆုံးသွားပါတယ်။ ခွဲ-၄ ကတပ်စိတ် တစ်စိတ် ထပ်ချပ်မကွာလိုက်ပြီး ရှင်းတော့ ရန်သူတစ်ယောက်ကျ သေနက် (အမ်-၁၆) တစ်လက်ရခဲ့တယ်။ တစ်ယောက် ချင်း လဲလိုက်ရတယ်ဆိုပါတော့။ ညနေတွင်းပဲ စောလောကလို ချောင်းဘေးမှာ အလောင်းမြေချ တပ်ခွဲမှူး နန္ဒအောင်ကိုယ်တိုင် မျက်ရည်စက်လက်နဲ့ အမိန့်ပြန်တမ်း ပြန်လိုက်ရတယ်။ သြော် ကျွန်တော့်စက်သမား အရမ်းအားကိုးရတယ် အီးလိုနဲနဲ မှုတ်တတ်တော့ တစ်ခါတစ်လေ Icom ထဲမှာ ဟိုဘက်က အရာရှိ ခွဲမှူး တို့ စစ်ကြောင်းမှူးတို့ကို Eng လိုမှုတ်တတ်တယ်။ မူသဲဗျူဟာ G-2 ကသူ့ကို သဘောကျလို့ Icom တာဝန်ခံ လုပ်ဖို့ခေါ်ထားချင်တာ။ ကျွန်တော် ကိုယ်တိုင်က မပေးချင်လို့ ခေါင်းရမ်းခဲ့တာ။ တောထဲမှာ Eng လို ဘာလို့ပြောလဲ မေးတော့ စကားဝှက်တွေ တကူးတက သုံးစရာမလိုဘူး ဆိုပဲ။ ရန်သူက သိနေမှာပေါ့ဆိုတော့ ရန်သူမပြောနဲ့ တစ်ချို့ ဆရာကြီးတွေ အနီးနားကကြားရင်တောင် နားမလည်ဘူး ဒီတောထဲက ကောင်တွေဆို ပိုဆိုး လို့ သူကပြောရော။ အဲဒီအခါများ ကျွန်တော်က အေး မင်း ထင်သလို ဒီနေ့ရန်သူက မင်းတို့ ရေဒီယို မှာ ကြားကြားနေတဲ့ …..ဒေသမှာ မိုင်း သင်တန်းတွေ လက်နက်သင်တန်းတွေကို နိုင်ငံခြားသားတွေက သင်တန်းပေးတာကို သွားတက်ကြတာ များပြီဟ… တတ်တာမှ မွှတ် နေတာပဲ။ မင်းကိုတောင် အင်္ဂလိပ်စကားပြော ကျူရှင်ပြပေးလိမ့်မယ်…. သဘောပေါက်။

မြွေတော်၊ ကြောင်ပြာစခန်း ဘယ်ဆီ နေမှန်းမသိ ကိုယ့်ဆီကတော့ တစ်ယောက်ပေးလိုက်ရပြီ။ အလကားနေရင်း ဆုံးရှုံးခဲ့ရပြီ။ ဒီနေ့
တစ်နေကုန် ကြောစောင်းတွေကို ခုပ်ပြီး ဖြတ်တိုးလာလိုက်တာ ရေရှိမယ့်အောက်ကို ဆင်းမယ် အလုပ်မှာ တစ်ဖတ်ကမ်း သစ်ပင်အုပ် ကုန်းစောင်းကနေ ရန်သူက အသင့်စောင့်ပြီး သမပါတယ်။ အပေါ်က အပင်အုပ်မိုးမှုများတာ အဓိကအခက်ဖြစ်စေတယ်။ ဆိုလိုတာက သွယ်ဝိုက်ပစ်သေနက်တွေ ပစ်လို့မရတော့ဘူး ။ ပစ်ခဲ့ရင်လဲ ကိုယ့်သေနက် ကျည်ဆံ ဗုံးသီးက အပေါ်နီးနီး ကပ်ကပ်က အုပ်မိုးထားတဲ့ သစ်ပင် ကိုင်းဖျားတွေ ကိုထိမိတာနဲ့ ချက်ချင်းပေါက်ကွဲ ကိုယ့်ခေါင်းပေါ်ပြန်ပြီး ထီးဆောင်းချလိုက်သလို ဖြစ်သွားပြီး အကုန်ကြွမှာလေ။ မိမိတို့ ဖြတ်ဆင်းတဲ့ နေရာ တည့်တည့်ကို သူတို့ ၂ ယောက်လောက်နဲ့ အကာကွယ်ယူပြီး လူဖြတ် ကူးးတာနဲ့ တရစပ်ဆွဲပါတယ်။ ဒီနေရာကပဲ ဖြတ်ဆင်းမှ ဖြစ်မှာဆိုတော့ မဖြစ်နေ ကုန်းကွလို့ အကာကွယ် ယူလို့ ဆင်းကြရပြီလေ။ ရှေ့က ပွိုင့်တပ်ခွဲဖြစ်တဲ့ ခွဲ-၄ ကလည်း ရှေ့မှာနားမှာပဲ သူတင်ကိုယ်တင် ဆော်နေကြတယ်။ ရန်သူရဲ့ အင်အားက မနေ့ကထက် ၂ ဆပိုတိုးလာတယ်လို့ ခန့်မှန်း ရတယ်။ ပစ်အားက တော်တော့်ကို မြိုင်တာသတိထားမိတယ်။ ခက်တာက ကိုယ့်ဆီက ပြန်ပစ်ဖို့ကျ ပစ်ကွင်းမြင်ကွင်းက အနေ အထားသိပ်မကောင်းဘူး။ ကူးတာနဲ့ သူကပဲ လှိမ့်ဆော်နေတာ။ ကိုနန္ဒနဲ့ တပည့်ကျော် မြသိန်း တို့အတူဖြတ်ကူးတဲ့ အလှည့်မှာ ငှက်ပျောပင်စုစုအခြေအရောက် မှောက်လဲသွားတယ်။ ဒါကို သိလိုက်တဲ့ ရန်သူက အခွင့်ကောင်းယူပြီး ဖိပစ်ပါတယ်။ လောင်ချာသံ တုံ တုံ ဆိုပြီး 40 m (ခေါက်ချိုးလောင်ချာ) ၂ လုံးက တစ်ဖက် ကြောစောင်းပေါ်သွားကွဲတော့ အေးဆေးပဲ။ ကိုနန္ဒ ကူးမယ်အလုပ်မှာ ဂျိမ်း ကနဲ ပေါက်ကွဲထွက်သွားတာကြားရပြီး ဒုတပ်ကြပ်မြသိန်း ကျည်ကွဲစ ထိမှန်ခဲ့တာပါ။ အခုတော့ အားကိုးရသော စစ်သည်တစ်ဦး ဆုံးရှုံးသွားခဲ့ရပြီ။

“သင်သည် တပ်မတော်နှင့်သော်လည်းကောင်း ငါတို့နှင့်သော်လည်း လုံးဝမျှ မသက်ဆိုင်တော့ ဒီနေ့မှစ၍ ဒုတပ်ကြပ်မြသိန်း သင်သွားလိုရာသို့ သွားနိုင်ပြီ” (အလေးပြုလိုက်ကြတယ်)။ သေနက်သံတွေ မိုးပေါ်ထောင်ထွက်သွားတယ်။ အိပ်တန်းရှာ ငှက်တို့ လန့်ပျံလေသလားမသိ။ ကျွန်တော့်မျက်ဝန်းက မျက်ရည်စက်တွေ မကျအောင်ထိန်းရင်း…………………………………….
အဲဒီနေ့ညက ဖြစ်သလိုစားခဲ့တဲ့ ညစာတစ်နပ် စားချင်စိတ်မရှိပေမယ့် နောက်နေ့ ခရီးဆက် လှုပ်လှုပ်ရှားရှား သွားရဦးမှာဆိုတော့လည်း ဗိုက်ထဲမှာ အစာရှိမှ ဖြစ်မှာပါလေ ဆိုပြီး တာဝန် တစ်ခုကို ပြီးအောင်လုပ်တဲ့သဘောနဲ့ အေးစက်မာခဲတောင့်တင်းစပြုနေတဲ့ ထမင်း ငှက်ပျော အူဟင်းနဲ့ ငါးခြောက်ဖတ်လေး တစ်စ နှစ်စ ၊ ရေနွေးကြမ်းပူပူ တစ်ခွက်နဲ့။


@@@ နေလွမ်းသူ

Read More...

Saturday, June 21, 2008

မထားသင့်သော မာန်၊မာနလေးများရဲ့ နောက်ကွယ်မှာ (ဇာတ်သိမ်း)

ညနေ နောင်တုံကန်ဘေးက လ္ဘက်ရည်ဆိုင်မှာ ညီငယ် တစ်ယောက် ရယ် ဆရာကြီးဝင်းဦး တို့နဲ့ အတူတူ ထိုင်ရင်း ရင်ထဲမှာ ဟိုးအရင်ကတည်းက စွဲကျန် ခံစား နေရတဲ့အတိုင်း ရင်ဘတ်ကို ဖြစ်နင်းသွားခဲ့တဲ့ ဖိနပ်ခြေရာ လေးတွေ ကြေကွဲ ဒေါသတွေကို ပြောပြနေမိပါတယ်။ ညီငယ်ကလည်း "အစ်ကို့နေရာမှာ ညီလေး ဆိုလည်း အဲဒီလိုပဲ ခံစားရမှာ အပြင် သူစိမ်းမပြောနဲ့ ကိုယ့်ထဲကပဲ ကိုယ်ကြမ်းတိုက်လို့ မပြီးသေးချိန်မှာ ကိုယ့်ဆီက ဗိုလ်လောင်း Senior တစ်ယောက် မမြင်မိလို့ ဖြတ်သွားရင်တောင် စိတ်ထဲမှာ တစ်မျိုးဖြစ်သေးတာပဲ.. သြော် လုပ်ရက် လေခြင်း နင်းသွားရက် လေခြင်းရယ်.. လို့ပေါ့" တဲ့ သူတို့က ထပ်ပြီး ဘေးတီးသလို ပြောနေပါတယ်.. “အခုဆို(၇)နှစ် လောက်တောင် ကြာပေါ့ မာရေး နာရေးတို့ကို ဦးစား ပေးလိုက်ပါ တော်ကြာ ကိုယ်က သမိုင်း တရားခံ ဖြစ်နေပါဦးမယ် အဲဒီ ကျူတာ လား သရုပ်ပြလား မသိဘူး..သူ့ကိုလည်း အခုချိန်မှာတော့ သေချာ အေးဆေး ရှင်းပြ ပြောပြ လိုက်ပေါ့ ဟိုးအရင်တုန်းက ဘယ်လိုဖြစ်ခဲ့တာပါ ဘာညာပေါ့၊ မထူးပါဘူးဗျာ အစ်ကိုကြီးပါ လိုက်သွား ကျွန်တော်ပဲ တနင်္ဂနွေနေ့ လေယာဉ်ကို စောင့်လိုက်တော့မယ် ဆရာမလေးက မိုက်ပါတယ် အစ်ကိုကြီး အစအဆုံး ကူညီပေးလိုက်ပါ အားလုံးကို ပြန်တောင်းပန်လိုက်” ..တဲ့... အဲလိုပါဆို။

ဇော်ခိုင် တစ်ယောက်လည်း ကိုယ်တွေးချင်တာ တွေးနေမိပါတယ် ။ ကိုယ်တိုင်က ကမ်းရိုးတမ်းဒေသတိုင်းစစ်ဌာချုပ် ကို ရုံး staff (G-3) အဖြစ်ပြောင်းရတော့ ရန်ကုန် မြန်မြန်ရောက်လေ ကောင်းလေပဲ ..။ ဒီတော့ ။ “ကဲ လာဗျာ ဆရာကြီး သူတို့နေတဲ့ နေရာ သိတယ်မို့လား ကျွန်တော်တို့ လိုက်သွားပြီး အကျိုးအကြောင်း တစ်ခုခု ပြောပြချင်တယ် မဟုတ်ရင်ကျွန်တော် နောင်တ ဆိုတာကြီးပါ ထပ်ရနေတော့မှာ” ဆိုင်ကယ် ၂ စီးနဲ့ သူနေတဲ့အိမ်(အဆောင်)ရှေ့ကို ရောက်တာနဲ့ မျက်လုံးတွေက နီရဲမို့အစ်လို့ ငိုထားတဲ့ပုံစံနဲ့ ဆရာမခင်မျိုးဝေ တဖြစ်လဲ နွေးနွေး ကိုတွေ့တာနဲ့နေ့လည်က ချက်ချင်းကြီး သူဘာလို့ ပြောင်းလဲသွားခဲ့ ရသလဲ။ ဟိုးအရင်က ကြမ်းပြင်ကိုဖြတ်နင်းသွားတဲ့ ခြေရာအစုံနဲ့ စိတ်ခံစားခဲ့ရ တာတွေ။ အခုလို မိဘအသဲသန်ဖြစ်နေချိန်မှာ မထားသင့်တဲ့ စိတ်အစွဲများ။ သန်ဘက်ခါ မှာပဲ သူ့ နေရာကို ချိန်းယူပြီးလိုက်သွားဖို့ နောက်ပြီး အခုဒီ ညီလေး တစ်ယောက်က မိမိ အိမ်ပြန်လို့ရအောင် သူ ကျန်ခဲ့ပေးမှာ ဖြစ်တဲ့အကြောင်း နေ့လည်က ကိစ္စကို တောင်းပန်တဲ့အကြောင်း..ခေါင်းထဲမှာ စီထားတဲ့အတိုင်း သူ ပြောချင်သမျှ ပြောလို့ ပြီးချိန်မှာတော့ နွေးနွေး ဆိုတဲ့ ဆရာမလေး ခင်မျိုးဝေ မျက်ရည်တွေ သည်းသည်း တွေတွေ စီးကျလာပါတော့တယ် "ကျွန်မ ဗိုလ်ကြီးတို့ကို ကျေးဇူပဲလို့ ပြောရုံကလွဲလို့ ဘာမှ မတတ်နိုင်တော့ပါဘူး အခုနကပဲ ရန်ကုန် အိမ်ကနေ မမဖုန်းဆက်တယ် ဖေဖေ အခုပဲ ဆုံးသွားပြီ တဲ့ xxxxဆေးခန်းးမှာပဲ.." တဲ့ ပြောရင်း ငိုရှိုက်နေတယ်။

“ဟာဗျာ ကျွန်တော်တို့ စိတ်မကောင်းလိုက်တာဗျာ ..နွေးနွေး (အလဲ့လဲ့ ပါးစပ်က) ကျွန်တော်လေ" စကားမဆုံး ခင် သူကပြောလာပါတယ်။ "ကျွန်မဟိုအရင်က အရမ်း စိတ်ဆက်ခဲ့တာ အိမ်မှာ အငယ်ဆုံး သူတို့က ကျောင်းဆရာမအလုပ်ကို မလုပ်စေချင်ဘူး အထူးသဖြင့် ဒီလို လမ်းပန်းဆက်သွယ်ရေးခက်တဲ့ ဒေသမှာ တာဝန်ကျတာကို လုံးဝ ကို သဘောမတွေ့တာ၊ ထွက်ခိုင်းပါတယ် ကျွန်မက ကိုယ်လုပ်ချင်တာကို မဖြစ်ဖြစ်အောင်ကို လုပ်လိုက်ရမှ စိတ်ကျေနပ်တတ်တဲ့ လူစားမျိုး အဲဒီစိတ်မာ စိတ်ဆက်လို့လည်း အစ်ကို ပြောလာတာကို ဆက်ဆက်မခံ ပြန်အော်ခဲ့တာ အခု အဲဒီစိတ်ကို ဦးစားပေးလို့ အိမ်နဲ့ဝေးရခြင်းရဲ့ ရလဒ်ကို နွေး ကောင်းကောင်းသိသွားပါပြီ ကျွန်မ အစ်ကိုတို့ ကိုလည်း ကျေးဇူးတင်ပါတယ် ရပါတယ် အခု နောက်ကျပြန်ရလည်း မထူးတော့ပါဘူး ဖေဖေ့ ကိုမှ အသက် မမှီနိုင်တော့တာ DSAမှာ ဖေဖေတာဝန် ကျတုန်းက အဲဒီ ကျောင်းဆင်းပွဲတွေ တိုင်းက ရက်တွေကို မမေ့သေးပါဘူး ကျောင်းဆင်းတော့မယ့် သူတွေရဲ့ မျက်နှာ ပေါ်ကခံစားမှုတွေ နဲ့ ကျောင်းမှာ ကျန်ခဲ့ရဦးမယ့် နှစ်ငယ် ဗိုလ်လောင်းတွေရဲ့ မျက်နှာတွေပေါ်က မတူညီတဲ့ စိတ်ခံစားမှုတွေ နောက်ပြီး အဲဒီနေ့က အစ်ကိုနဲ့ အဲလို ပြသနာ ဖြစ်ခဲ့တာကို ဖေ့ဖေ့ကို အိမ်ကျပြန်ပြောပြတော့ ဖေဖေ ကျွန်မကို ဆူပြောပြောတယ်..ပြေပြေ လည်လည် ပြန် မပြောဘဲ ကလေးစိတ်နဲ့ ဆက်ဆက် ထိမခံ ပြန်အော်ခဲ့လို့တဲ့ ဖေဖေသေချာရှင်းပြပါတယ် အဲဒီအချိန်ကတည်းက တစ်ဖက်လူ ဘယ်လိုဖြစ်သွားမယ်ဆိုတာပေါ့ ..ကျွန်မလည်း ဘယ်တော့မှ မမေ့ခဲ့ပါဘူး ကိုယ့်အပြစ်ကို ၊ အဲဒီနှစ် သင်္ကြန် အပြီးမှာဖေဖေ 2 ic ထွက်လို့ ပြောင်းခဲ့ကြတဲ့လေ။ အခု မှပဲ အစ်ကို့ကို ကျွန်မ အတိုးချပြီး တောင်းပန်ခွင့် ရတော့တာ..." တဲ့ ဗိုလ်ကြီးဇော်ခိုင် တို့ ဘာမှကို ပြန်မပြောနိုင်တော့ပါဘူး။


စာဖတ်သူအပေါင်း ၊ ဘလော့ဂါ ညီကိုမောင်နှအပေါင်းအား အစဉ်လေးစားလျက်။ @@@ နေလွမ်းသူ

Read More...

မထားသင့်သော မာန်၊မာနလေးများရဲ့ နောက်ကွယ်မှာ

ကာလ က စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အပါတ်စဉ် (၄၁+၄၂) ကျောင်းဆင်းပွဲ ကာလ။ မိဘတွေကို အောင်စစ်သည် အဆာင်နဲ့ ဖက်ဆက် ဆောင်တွေမှာ အိပ်ဖို့နေရာချထား ပေးပါတယ်။ ဇော်ခိုင်တို့က ဒေါက် မတင်ရသေးတဲ့ Junior 1st year။ အောင်ဆန်းတပ်ခွဲ အောင်စစ်သည်ဆောင် အနောက်ဖက် အခြမ်း အောက်ထပ်ကို ကြမ်းတိုက်တာဝန်ကျပါတယ်. သူငယ်ချင်း တစ်ယောက်က တံမြက်စည်း သေချာ ပြောင်အောင် လှဲပေးပြီးသွားတာကို အဆင်သင့် တိုက်ရတာပါ.. စိတ်ဓါတ်တွေကလည်း ကျ အိမ်နဲ့က မခွဲစဖူး စ ခွဲ လာရချိန်၊
လုပ်လိုက်ရတဲ့ fatigue ဖက်ထိပ်(စစ်သားအခေါ်) လူမှုဝန်ထမ်း ပင်ပန်းလိုက်တဲ့ Under Training Term ထွက်တောင် ပြေးချင်လာပြီ..ဒူးထောက်လျက် ရေညှစ်ထားတဲ့အဝတ်(တဘက်စ)နဲ့ ကြမ်းတိုက်ရင်း ပြီးခဲ့တဲ့ ၉ တန်း ၁၀ တန်း ကျောင်းသား ဘ၀က အပူပင်မဲ့ ပျော်စရာလေးတွေ ပြန်စဉ်းစား နေမိတယ်။ ခနနေတော့ "ဖေဖေ သ္မီး ဒီထဲခန၀င်ကြည့်မလို့ " ဆိုတဲ့ အသံတစ်ခုနဲ့အတူ ကောင်မလေး

စကဒ်ပန်းနုရောင်လေး ပန်းနုရောင်ဖျော့ဖျော့ ဖိနပ်လေး ခြေထောက် ဖြူဖြူလေးမှာ Foot change လေးနဲ့ ခြေမျက်စိမှာ မှည့်လေး ၂ ခုကထင်းနေတယ်။ ကျွန်တော် ခေါင်းငုံ့ ကြမ်းတိုက်နေရာဘေးကနေ ဖြတ်လို့ လေယာဉ်၊ သင်္ဘော လေးတွေ တင်ထားတဲ့ စင်ဘက်ကို ဖြတ်လျှောက်သွားပါတယ် သေချာပြောင် လက်အောင် ၂ ကြိမ်မြောက်တိုက်ထားတဲ့ နေရာမှာ ဖိနပ်ရာလေးတွေ ပေကျံသွားတာကို ဒူးထောက်လျက်အနေအထား ကနေ မြင်တွေ့လိုက်ရတော့ လိပ်ခနဲ ထွက်လာတဲ့ ဒေါသနဲ့ အတူ ...."ဟေ့ မင်းဒီမှာငါကြမ်းတိုက်နေတာ မမြင်ဘူးလား မျက်လုံးက" လို့ ပြောလိုက်စဉ်မှာပဲ သူက ပြန်ပြောပါတယ် "အဲဒါဘာဖြစ်လဲ.." တဲ့ သူက။ ဒေါသကြောင့်တစ်ခုခု ပြန်ပြောမလို့ဟန် ပြင်နေတုန်းမှာ အပြင်ကနေ "နွေးနွေး ရေသ္မီး " ဆိုတဲ့အသံနဲ့အတူ ဗိုလ်မှူးတစ်ယောက် ကိုတွေ့လိုက်ရတယ်။ ဒေါသ ထွက်နေလည်း မပြီးမယ့်အတူတူခြောက်သွေ့ပြီး ပြောင်လက်စ ပြုနေတဲ့ ကြမ်းပြင် ထက်က ဖိနပ်ရာ တွေကို ထပ်မံပွတ်တိုက်လိုက် ပါတော့တယ်။ မလွယ်ပါလား။ ညကျ အိပ်ယာထက်မှာ လှဲနေရင်း စိတ်ထဲမှာ နေ့ခင်းက ကောင်မလေးကို တော်တော် ဒေါသထွက်နေမိ ပါတယ်။ ဒူးခေါင်းတွေ ပွန်းလုမတတ် လက်နှစ်ဖက် အစုံနဲ့ပွတ်တိုက်ထားတဲ့ ကြမ်းပြင်ကို လက်ရှိတိုက်နေဆဲ မပြီးသေးတဲ့ အချိန်မှာ ခြေထောက်နဲ့ လာပြီး နင်း လျှောက်သွားတယ် ဒီကပြောတော့ သူက လေသံက မောက်မောက်မာမာနဲ့ပြန်ပြောတယ်လို့ကွာ။။။။။

2007ခုနှစ်မတ်လ21ရက်အင်္ဂါနေ့
နေရာက ကျိုင်းတုံမြို့၊ တပ်နယ်ရုံး၊....ဒီဒေသကနေ ပြည်မ ကိုသွားမယ့် သူ အားလုံးက လေယာဉ်လက်မှက် နေရာကို (အထူးသဖြင့် အစိုးရ၀န်ထမ်း အားလုံး) ဒီရုံးမှာ လာပြီး Booking လုပ်မှ ရတာပါ။ အပြင်ကနေ ပြန်ရောက်လာတဲ့ ဗိုလ်ကြီးဇော်ခိုင် ရောက်ရောက်ချင်းပဲ အဲဒီက ဆရာကြီးဝင်းဦး ကပြောလာတယ်။ "ဗိုလ်ကြီးဇော်ခိုင် က တနင်္ဂနွေ လေယာဉ်နဲ့ ပြောင်းလိုက်လို့ အဆင်ပြေရင် ဒီက ဆရာမ တစ်ယောက်က အခု ကြာသပတေးနေ့ ဗိုလ်ကြီး နေရာကို အစားယူပြီး သူလိုက်သွားချင်လို့ပါတဲ့ သူ့အဖေက အရေးပေါ် ဆေးရုံ တင်ထားရလို့ပါ တဲ့။ ဆိုတော့... မိဘ ကျန်းမာရေး နဲ့ ပက်သက် လာတော့လည်း အင်းပေါ့လေ သူ့ခရီးစဉ် အနေနဲ့ ကလည်း တစ်ပါတ်လောက် လိုသေးတာရယ် ၂ ရက်လောက် ကွာတာ ဘာမှလည်းမဖြစ်တာကြောင့်.."အိုကေ ကျွန်တော်ကရပါ တယ် ပေးလိုက်ပေါ့" လို့ပြန်ပြောတာနဲ့ ထိုင်နေတဲ့အထဲက တစ်ယောက်က "ကျေးဇူးတင်ပါတယ် ရှင်"လို့ ပြောလာစဉ် ခေါင်းငုံ့ပြီး စဉ်းစားနေတဲ့မိမိမျက်လုံးအစုံက ဘေးက ထိုင်နေတဲ့ တစ်ယောက်ရဲ့ခြေထောက် တစ်ဖက်က ...foot change လေး နဲ့အတူ ခြေမျက်စိ တည့်တည့်က မှည့်လေး၂ လုံး ..ဖိနပ်ကတော့ပန်းရောင်မဟုတ် တော့ပါဘူး ဘ၀မှာဘယ်တော့မှ မေ့လို့မရတဲ့ အမှတ်သား..ရင်ထဲမှာ တင်းကနဲ ဖြစ်ပေါ်လာတဲ့ခံစားမှုနဲ့ အတူ "ပြန်မယ့်သူက.." လို့မေးလိုက်မိတော့ သူကိုယ်တိုင်က ခေါင်းညိတ်ပြတာနဲ့ နာမည် ထပ်မေးလိုက်မိတော့ "ခင်မျိုးဝေ" ဆိုတော့..အင်းမဟုတ်သေးဘူး။ မထူးပါဘူး အရဲစွန့်ပြီး "အိမ်နာမည်က နွေးနွေး.. လား" လို့ မေးလိုက်ချိန်မှာတော့ အံ့သြမှုမျက်နှာနဲ့ "ဟုတ်ပါတယ် ..ဗိုလ်ကြီးက ဘယ်လို" သူ့စကားမဆုံးခင်မှာပဲ ဇော်ခိုင်က လက်ကာပြပြီး ဆရာကြီးဝင်းဦး ကို "ကျွန်တော် သန်ဘက်ခါလေယာဉ်နဲ့ပဲ လိုက်မယ်သူများကို လှယ်ပေးလို့ မဖြစ်ဘူး..စိတ်မရှိပါနဲ့ ..နော်" လို့ ပြောပြီးလှည့်ထွက် လာလိုက်ပါတော့တယ်။


ဆက်လက်ဖော်ပြပါမည်။ @@@ နေလွမ်းသူ

Read More...

အာလူးတစ်လုံး၏ ချစ်ပုံပြင်


“ ဒီမှာရှင့် ဒီမှာ အာလူးသီး ရှိလား ” ဟူသော အသံ စူးစူးလေး ကို ကြားလိုက်ရလိုက်သော မော်စကို ရောက် မြန်မာ တောသား လေး ကျွှန်တော် ခေါင်းနပန်း ကြီးသွား၏။ ဘယ်လိုပါလိမ့် အခန်း ပေါက်ဝလာပြီး ဘာတွေ လာပြောနေတာလဲဟ ဟုတွေးလိုက်မိရင်း အိပ်ရာပေါ်မှ အမြန်လူးလဲ ပြီး ထလိုက်ရ၏။ မော်စကို ရောက်တာ မှ နှစ်ရက် တစ်ပိုင်းပဲ ရှိသေးသည်မို့ လူက အူကြောင်ကြောင် တကယ့် တောသား စစ်စစ် ပဲရှိသေးသည်။ ရုရှစကားတောင် ကျွှမ်းကျွှမ်း ကျင်ကျင် ပြောတတ်သေးသည် မဟုတ်။ ထို့ကြောင့် အခန်းဝ သွားပြီး သေချာကြည့် လိုက်မိတော့ ရုရှမ ချောချော သေးသေးလေး တစ်ယောက် ကို တွေ့ရ၏။

ပြုံးပြုံးလေး လုပ်ထားသဖြင့် ဖြူဖွေးနေသော သွားတက်လေး နှစ်ချောင်းကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ ၀တ်ထားတာကတော့ အိမ်နေရင်း ပုံစံ ည၀တ်အကျီ ဖြစ်သဖြင့် ဘာအခု အခံမှ မပါသည်ကို မြန်မာ ပီပီ အံ့သြစွာ ကြည့် လိုက်မိရင်း “ အင်း ရှိတယ် ဘာလုပ်မလို့လဲ” လို့ ပြန်မေးလိုက်မိသည်။ “ ဟယ် အတော်ပဲ ဒါဆို ကျွှန်မကို အာလူးသီး တစ်လုံးလောက် ပေးပါလား ကြော်စားမလို့ ” ဟု ရဲတင်းစွာ ဆိုလေတော့၏။ ကျွှန်တော်လည်း အားနာတတ်သော မြန်မာ လူမျိုးပီပီ ( ကောင်မလေးက လှတပတလေးလည်း ဖြစ်သဖြင့် ) “ အင်း ရပါတယ် ယူလေ ”ဟုပြန်ပြောလိုက်ရင်း မှ အလှဆုံး ဖြစ်မည် ထင်ရသော အာလူးသီး ခပ်ကြီး ကြီး တစ်လုံးကို ယူပေးလိုက်ပါသည်။ ကောင်မလေးက အပြုံး မျက်နှာလေးဖြင့် လှမ်းယူရင်း “ ကျေးဇူးပဲ ကျွှန်မ က ရှင့် အခန်းဘေးကလေ ကျွှန်မနာမည် မာရှာ လို့ ခေါ်တယ် ရှင့်နာမည်ကရော ” ဟုလာမိတ်ဆက်နေသဖြင့် “ ကျွှန်တော်နာမည် ကိုဥာဏ်ပါ မြန်မာနိုင်ငံက လာတာ ” ဟု ပြန်မိတ်ဆက် လိုက်ရသည်။ ကောင်မလေး ထွက်သွားသည်ကို ငေးကြည့် နေရင်းမှ “ တစ်မျိုးပါလားဟ မရင်းနှီးပဲနဲ့ လည်း တောင်းရဲတာပဲ ” ဟု အံ့သြစွာ တွေးနေမိပါတော့သည်။

က်ျသို့ ဖြင့် ကောင်မလေးနှင့် စတင် သိကျွှမ်းခဲ့ရပါသည်။ နောက်တော့လည်း မီးဖိုချောင်ထဲ ဟင်းချက်ရင်း ခဏခဏ တွေ့ရသဖြင့် တစတစ ပိုမို ရင်းနှီး လာခဲ့တော့သည်။ တစ်ညနေ ကျွှန်တော် ဆေးလိပ်သောက်ရန် ကော်ရစ်တာ သို့ ထွက်အလာတွင် ကော်ရစ်တာ လက်ရမ်းပေါ်ထိုင်လျှက် ဆေးလိပ်ဖွာနေသော သူမကို တွေ့လိုက်ရသည်။ “ ဟင် မာရှာ ပါလား မင်းက ဆေးလိပ်သောက် နေတယ် ” ဟု အံ့သြစွာ ဆိုမိရင်း “ ငါတို့ မြန်မာ နိုင်ငံမှာ ကောင်မလေးတွေ ဆေးလိပ်မသောက် ကြဘူး” ဟု ရိုးသားစွာ ပြောလိုက်မိ၏။ ကောင်မလေးက ပြုံးပြုံးလေး လုပ်ရင်း “ ဒါကတော့ ရှင်တို့ နိုင်ငံ ကကောင်မလေးတွေက လွပ်လပ်ခွင့် မရှိလို့ နေမှာပေါ့ ၊ ကျွှန်မတို့က ယောက်ျား တွေကို မမှီခိုဘူးလေ ကိုယ်လုပ်ချင်ရာ လုပ်လို့ ရတယ်” ဟု ပြန်ပြောပြန်သဖြင့် “ အင်းလေ ဒါတော့ မပြောတတ်ဘူးပေါ့ ” ဟု အသားလေး ရှောချလိုက်ရ၏။ သူ့နိုင်ငံ သူ့လူမျိုး သူ့စရိုက်နှင့် ဆိုတော့ လည်း ဟုတ်ပေမပေါ့ ဟု ကောင်မလေး ဘက်က လိုက်ပြီး တွေးပေးလိုက်မိပါသည်။

ကောင်မလေးက ဆေးလိပ်သေးသေး လေး တစ်လိပ်ကို လှပစွာ သောက်နေရင်းမှ မေးခွန်းများမေးလိုက် ကျွှန်တော်ရုရှလို ပြောရင်း မပီကလာ ပီကလာ ဖြစ်သွားလျှင် ရယ်မောလိုက်နှင့် ပင် မြန်မာနိုင်ငံ အကြောင်းတော်တော် သိသွား၏။ “ ဒါနဲ့ ရှင်ပြောတဲ့ အထဲမှာ ရှင်က မာစတာ မပြီးမချင်း ဒီမှာ နေရမယ်ဆိုတော့ လေးနှစ်လောက် အိမ်မပြန် ရတော့ ဘူးပေါ့ ” ဟု လက်ညိုးလေး တစ်ထိုးထိုး နှင့် မေးလိုက်သဖြင့် “ အင်းလေ ဘယ်လိုလုပ်ပြန်မလဲ အဝေးကြီးလေ ” ဟု ဘာမှ မထူးဆန်းသလို ပြန်ဖြေလိုက် မိပါသည်။ ထိုအခါ ကောင်မလေးက “ ဒါဆို ရှင် ပျင်းစရာကြီးပေါ့ နော်၊ မော်စကို မှာ ချစ်သူတစ်ယောက်တော့ ရှာဖို့လိုပြီ” ဟု မခို့ တရို့လေး ပြန် ပြောနေသဖြင့် “ အင်း မင်းလို လှတဲ့ မိန်းကလေး တစ်ယောက်ဆို ရင်တော့ ချစ်သူလုပ်ချင်တာပေါ့ ” ဟု အတည်လိုလို နောက်တာလိုလို ပြန်ပြောလိုက်မိသည်။

ကောင်မလေးက စကားပြောနေရင်းမှ ရွန်းရွန်းစားစား လှမ်းကြည့်လိုက်သဖြင့် ရုတ်တရက် အားတက် သွားမိလေသည်။ အလဲ့ ရည်စားတစ်ယောက်တော့ ကောက်ရတော့မယ် ထင်ပါရဲ့ ဟု တွေးလိုက်မိရင်း နည်းနည်း စိတ်ကြီးဝင်သလို ဖြစ်သွား၏။ ခဏတာ အချိန်လေး အတွင်းမှာပင် စိတ်ကူးတွေက တစ်သီ တစ်တန်းကြီး ယဉ်မိသွားလေသည်။ထိုစဉ် မှပင် ကောင်မလေး မျက်နှာလေးက ပြုံးလာပြီး “ အော် ကော်လ်လျာရေ ( သူတို့က ထိုသို့သာ ခေါ်လေ့ရှိပါသည်) ရှင့်ကို မိတ်ဆက်ပေးရ ဦးမယ် …အဲဒါ ကျွှန်မရဲ့ ချစ်သူပေါ့ အခု ရှင့်နောက်မှာ ရပ်နေတာလေ ” ဟုပြောလိုက်သဖြင့် ရုတ်တရက် ခေါင်းနပန်း ကြီးသွားပြီး နောက်ကို အလန့်တကြား လှည့်ကြည့်လိုက်မိတော့ အရပ်ခပ်မြင့်မြင့် ရုရှ တစ်ယောက်ကို တွေ့လိုက်ရ၏။ ဘယ်အချိန်ကတည်းက ရောက်နေသလဲ မသိ ။ လက်စသတ်တော့ ကောင်မလေး ရွန်းရွန်းစားစား ကြည့်လိုက်တာက သူ့ကို ကြည့်တာကိုး ဟုတွေးလိုက်မိရင်း အနည်းငယ်တော့ ရှက်သွားရလေသည်။ ထိုစဉ် ကောင်မလေးက “ သူလည်း ဒီကျောင်းမှာပဲတက်တာလေ နောက်အပတ်ဆို ကျွှန်မ ဆီ လာနေမှာ ” ဟုပြောရင်း သူ့ချစ်သူခါးကို ဖက်ရင်း ခါးလေး လှုပ်လီ လှုပ်လဲ့ဖြင့် ကျွှန်တော့် အပါး မှ ထွက်ခွာသွားပါတော့သည်။ ကျွှန်တော်လည်း မိုင်းဆဲဗင်း ကို အညိုးကြီးစွာဖွာရင်း သေစမ်းကွာ အာလူးတစ်လုံးရဲ့ ချစ်ပုံပြင်က မစခင်ကတည်း က ဇာတ်သိမ်းနေပါလားဟု စိတ်ပျက်စွာ တွေးနေမိလေတော့ သတည်း။ ကိုဥာဏ်(စက်မှု)

Read More...

Thursday, June 19, 2008

လက်သီးတစ်ချက်က ပေးခဲ့သော အသိတစ်သက်

ခွပ် ကနဲ ထိုးထည့်လိုက်မိတယ်။ အထိုးခံရတဲ့ သူတော့ ဘယ်လို နေလဲမသိ။ ကျွန်တော့် လက် တော့တော်တော် အီစိမ့် သွားပါတယ်။ ဒေါသ ထွက်လွန်းလို့ နှုတ်ခမ်းတွေ တဆက်ဆက် တုံပြီး မျက်ရည်တောင် ဝိုင်းလာတယ်။ ဂျောကန့်လန့် စခန်းကုန်း တပ်စု တစ်စုလုံး တန်းစီပြီး ကျွန်တော် ဒေါကန် နေတာပါ။ စစ်ကြောင်းမှူးဆီ ခွင့်တောင်းပြီး ဘောစဲခို တပ်မစခန်းနဲ့ ၂ မိုင် အကွာခန့်က ကျွန်တော့် တပ်ခွဲက တပ်စု စခန်းကို ထွက်ခဲ့တာ။ ဟိုနေ့ကဒီစခန်းက ၄ ယောက် ဈေး လာဝယ်ပြီး ရဲဘော် တစ်ယောက် ဖျားလို့ပါ ဆိုပြီ ဆေးအရာခံဗိုလ်ကြီး ဆီကနေ ဆေး တောင်း သွားတယ်ဆိုတာ အဲဒီ MA(Medical Assistant) ဆရာကြီးပြောမှ ခွဲမှူး ဖြစ်တဲ့ ကျွန်တော်က တဆင့်သိရတယ်။ စခန်းမှာ ဒုတိယ အကြီးဆုံး ဒုတပ်ကြပ်မောင်ဦး သူက လူပျိုဆောင် အင်ချက်လည်းဖြစ်နေ လူပျိုစစ်သည်တွေလည်းအကုန် သိနေသူပါ။

“ဆရာမောင်ဦး မင်းတပ်ခွဲမှူးက ငါလေကွာ ငါ့တောင်အသိမပေးဘူး။ ဒီမှာဖျားနေတဲ့ကောင်ကို မင်းတို့က ဆေးလေးတိုက်လိုက် ဆန်ပြုတ်လေးတိုက်လိုက်တာနဲ့ တာဝန်ကျေရောလား ဟင်.. ဆရာကြီးက အကုန်လိုက်ပြောမနေနိုင်တောင် မင်းက ဒုတိယတာဝန်အရှိဆုံး။ အခုဖျားနေတဲ့ အာနူး(ကချင်ရဲဘော်လေး)ဆိုတာ တပ်ခွဲမှာလည်း အငယ်ဆုံး အခုဖျားနေတာများ တုံလို့ ငါလာတော့ ဗိုလ်ကြီး တပည့် သေချင်လိုက်တော့တယ် ဆိုပြီး ငိုပြောနေရှာတယ်။ မင်းတို့ကို ငါအမြဲမှာခဲ့တာပဲ။ ဟေ့ကောင်တွေ စစ်တပ်ထဲက စစ်သားတွေကြည့်ပဲ အေး သစာရှိဖို့ဆိုတာ အထူးမှာစရာမလိုဘူး။ ဒီလိုပဲ လူချင်း စကားမပြောဖြစ်စေဦးတော့ အနေကြာလာရင် သူ့ အလိုလို သံယောဇဉ်ဆိုတာ တွယ်လာတာပဲ။ ဆိုတော့ဒါတွေက လုပ်ယူနေစရာမလိုဘူး လို့။ အေး အဓိက မင်းတို့ထားရမှာ ဒီထက်နဲနဲလေးပိုပြီး တစ်ယောက်အပေါ်တစ်ယောက် စာနာမှု အကြင်နာတရားလေးပဲဆိုတာလေ။ ဟင် ဒီစခန်းကို မင်းတို့ကို ခွဲမထုတ်လိုက်ခင် တပ်ချိန်းပြီး တစ်ရက်သားက တန်းစီပြီးတော့ငါ ထပ်မှာတယ်လေကွာ။ ဘာလဲမင်းတို့က ငါနဲ့ဝေးပြီဆိုပြီး လုပ်ချင်ရာလုပ်တဲ့သဘောလား ကဲ ပြောစမ်းပါဦး”…ဆိုတော့ “မဟုတ်ပါဘူး ဗိုလ်ကြီး” တဲ့ ။

“အခု ဒီကောင်လေးကို မင်းတို့ တစ်ခြား ဘာလုပ်ပေးလဲ ကဲပြောပါဦး ဘယ်သူရှိလဲကွာ ကဲ ဖြေ” ဘာသံမှထွက်မလာဘူး “ဟိုတပည့်လေးက စိတ်ဓါတ်ကျပြီး သူ့ကိုယ်သူ ဒါလုပ်သွား (နားထင်ကို လက်နဲ့တေ့ပြလျက်)ရင် ဘယ်လောက် နှမျောစရာ ကောင်းမလဲ။ အေး မလုပ်ဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူးကွ။ အေးလာခဲ့အကုန် တဘက်တစ်ထည်နဲ့ ရေအေးအေး ယူလာခဲ့ကြ ငါလုပ်တာ သေချာ ကြည့်ထားကြ” ဆိုပြီး တပည့်လေး အာနူးကို ဘောင်းဘီတိုနဲ့ နေခိုင်းပြီး ကျွန်တော်က စိတ်ရှည်လက်ရှည် ရေဖက် တိုက်ပေး ပြပေး လိုက် ပါတော့တယ် (ဗိုလ်လောင်းဘဝ ကျွန်တော် ဖျားတုန်းက guardian ညီငယ် ၄၆ နဲ့ ၄၇ က အဲလို လုပ်ပေးတာ သတိရနေသေးတယ်) သကြားနဲ့ ဆားနဲနဲ ရေဘူးအံ တစ်ခွက်စာ အခုဖျော်လာပေး ဆိုပြီး တပည့်ကိုတိုက်ရတယ်။ “သွား ဒီ ဖိနပ်နဲ့ ခြေအိပ် အကုန် သွားလှမ်းထား မိုးရွာရင် ထင်းတဲထဲမှာထားပေးလိုက်။ စောင်တွေနေပူလှမ်း။” တပ်မက ထောက်ပို့ဆွယ်ကတောင်းလာတဲ့ ဘီစကစ်ထုတ်(ဒါက ဆေးရုံတက်လူနာစာပါ) ဆေးရုံတက်စစ်သည်ကိုပဲပေးတာ။ ကျွန်တော်တို့ ကဒီလိုပဲ ပြောဆိုပြီး ရအောင်ယူရတာ။

တပည့်ကို စားဆိုတော့ “တပည့်ဘာမှ မစားချင်ဘူး ဗိုလ်ကြီး”..တဲ့ “ကဲ လာကွာ ငါနဲ့အတူ စားမယ်လေကွာ ဒီမယ်ဆရာကြီးရော ငါတို့ ရေနွေး ပူပူလေးနဲ့ သောက်ရင်း စားမယ် ညနေစာ မင်းနဲ့ ဆန်ပြုတ် အတူသောက်ပြီးမှ ဗိုလ်ကြီးပြန်မယ်သိလား ကဲလာ ဒါလေး စားရအောင်” ဆိုပြီး ချော့မော့ကျွေး ထိုးလိုက်တဲ့ ဆရာမောင်ဦး ကို “မင်းကိုယ်တိုင် ညအိပ်ခါနီးမှာ အဝတ်တွေလဲပေးပြီး ငါလုပ်တဲ့ အတိုင်းရေဖက်ထပ်တိုက်ပေး ကြားလား။ မသက်သာရင် မနက်ဖြန် တပ်မကုန်းကို ခေါ်လာခဲ့ ငါ့ကိုတော့ အိုင်ကွန်နဲ့ လှမ်းပြောပေး”…ဆိုပြီး…။ ဘော်စဲခို ကုန်းပြန်ရောက်တော့ အခြေနေ..? လို့လှမ်းမေးတော့ အပူကျသွားပြီ ထမင်းပူပူကို ဆီနဲ့ဆားလေး နယ်ပြီးသား စားချင်တယ်ဆိုလို့ ဆရာမောင်ဦးနဲ့ ဆရာကြီး ကိုယ်တိုင် လုပ်ပေး နေတယ်…တဲ့။ နောက်နေ့မနက်ကျ ထူထူထောင်ထောင်နဲ့ ထနိုင် သွားနိုင်ပြီး အဖျား လုံးဝ ကျသွားပြီဆိုတာကြားရတယ်။ ထိုးလိုက်ရတာက အကြီးဆုံး ဆရာကြီးကို မဆူချင်လို့ ဒုတိယအကြီးဆုံး ဆီ ပေါက်ခွဲလိုက်ရတာ။ နောက်ပြီး လူပျိုအချင်းချင်း ဆရာဖြစ်နေပြီး တာဝန်ကျေ ပစ်ထားလို့။ နောက်တစ်ချက်က သူ ကိုယ်တိုင် ဒီထိရောက်လာပြီးမှ တပ်ခွဲမှူး ဖြစ်တဲ့ ကျွန်တော့်ကို သတင်းမပို့တဲ့ ပေါ့ဆမှု…တွေကြောင့်ပါ။

နောက်တစ်ပါတ်လောက် ဆရာမောင်ဦးတို့ ရိကာ လာထုတ်တော့ ဗိုလ်ကြီး ဆိုပြီး အလေးပြုရင်း တဲထဲကိုဝင်လာတယ်။ “အေးလာ ဆရာမောင်ဦး ဘာသတင်းပို့ စရာရှိလဲ ပြောစေဗျာ” ..ဆိုတာနဲ့ သူက “တပည့်ကို အုပ်ချုပ်မှုစနစ်နဲ့ အသိလေး တစ်ခုပေးခဲ့တာ တကယ်ကျေးဇူးတင် လေးစားပါတယ် တပည့်ကို ဗွေမယူပါနဲ့” ဆိုပြီး လာတောင်းပန်ပါတယ်။
ဒီတော့ ကိုယ်က “မလိုပါဘူးဆရာမောင်ဦး မင်းတို့ငါတို့တွေ အထူးသဖြင့်လူပျိုတွေပေါ့ကွာ ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘအရိပ်ကနေခွာပြီး စစ်တပ်ကြီးထဲကိုရောက်လာခဲ့ကြတယ်။ မိဘရဲ့ အတုနှိုင်းမဲ့သော နွေးထွေးသော တကယ့်မေတ္တာတရားကိုလက်တွေ့သိလိုက်ရချိန်မှာ တို့တွေက စစ်သားဖြစ်ပြီး အိမ်ဆိုတာနဲ့ဝေးခဲ့ကြပြီ။ မင်းတို့ဆို စစ်သက်တွေအများကြီး ငါ့ထက်ကြီးတာပဲ ပိုသိမှာပါ။ အေးဒီလိုပဲ မိဘအိမ်ကို စွန့်လို့ စီးပွားရှာ ပညာရှာ သူတွေက ရည်မှန်းချက်တွေပြည့် ပညာတွေရ ပိုက်ဆံတွေရတာနဲ့ သူတို့သဘောတိုင်း မိဘရင်ခွင်ပြန်ခို စိတ်ကြိုက် ဘဝလေးမှာ ပျော်စရာတွေဖန်တီးနေနိုင်ကြပြီ။ ဘယ်မှာလဲ မင်းတို့ ငါတို့မှာ အဲဒီအခွင့်လေးတွေ အေး ဒီလိုပြောလို့ စစ်သားဘဝကို ငြီးငွေ့လားလို့အထင်မရှိနဲ့ သဘောကိုပြောပြတာ။ မိဘရင်ငွေ့ကင်းရလို့ အကြင်နာပေးနိုင်မယ့် အိမ်ထောင်ရက်သား ဇနီးမယားဆိုတာလည်း တို့တွေ မရှိ။ ပင်ပန်း တာခြင်းတူတောင် အိမ်ထောင်သည်က သားသမီး ဇနီးကြင်ယာနဲ့ အပန်းပြေစေတယ်လေ။ တို့မှာက ဘယ်မလဲ.. ဖျားရင်နာရင်တောင် မိဘပြီးရင်ဇနီးရဲ့အပြုအစု။ပြီးရင် သားသမီးတို့ရဲ့ အပြုအစုနဲ့ သူတို့တွေ အေးဆေးတယ်။
တို့ ငဖွက်ကြားများဘယ်ကရမလဲကွာ…ဒါကြောင့် လူပျိုအချင်းချင်း ကြင်နာကြဖေးမကြလို့ ငါအမြဲမှာတာကွ။”

ကျွန်တော့်စကားဆုံးတော့ ရှိုက်သံ ထွက်လာတယ် “ဟောဗျာ ဟ ဆရာမောင်ဦး ဘာဖြစ်တာလဲကွာ”…ဆိုတော့ “ဗိုလ်ကြီးပြောမှ ကျွန်တော် အဖေနဲ့အမေ့ကို ပြေးပြီး သတိရလာလို့ပါ”… တဲ့။ “ကဲကဲထားထား မျက်ရည်မကျနဲ့” ဆိုတော့ “ကျွန်တော် ကြည်နူးမှုလေးလည်း ရလိုက်လို့ပါ ” တဲ့ “ဟာ အထူးဆန်းပါလားဟ မင်းက လာပြန်ပြီ လုပ်ပါဦးဘာလဲ” ဆိုတော့ “တပည့်လေး အာနူး ကို ဗိုလ်ကြီးခိုင်းတဲ့ အတိုင်း ဟိုနေ့က ပြထားခဲ့တဲ့ အတိုင်း လုပ်ပေးသလို သေချာ စိတ်ပါလက်ပါနဲ့လုပ်ပေးပြီး ဒီကောင်လေး နေကောင်းသွားတယ် နောက်ပိုင်း ကျွန်တော်နား နေချိန်တောင်လာလာပြီး ဆရာ ဆရာ့ကို တပည့် နှိပ်ပေးရမလား လို့ အမြဲမေးတတ်လို့ပါ အရင်က ကျွန်တော့်နား ကပ်တဲ့ ကောင်တွေမဟုတ်ဘူး ဗိုလ်ကြီးရ ဒါတွေရဲ့ အဓိက ဇစ်မြစ်က ဗိုလ်ကြီး ကျွန်တော့်ကို တစ်သက်လုံးစာအတွက် သင်ပေးလိုက်တာပဲ။ တပည့် ဘယ်တော့မှ ဒီတစ်သက် မမေ့တော့ဘူး” .. .တဲ့ မျက်ရည်တွေစီးကျလို့။

မိဘအစား အချင်းချင်း ဖေးမမှုလေးတွေနဲ့ ဖြေဖျောက်နေခဲ့ရတာ တော်တော့်ကို ကာလတွေ ရှည်လျားခဲ့ပြီပဲလေ။ သူ့ကိုထိုးခဲ့တာ လက်ခလည်လက်ချောင်းက အခုထိကို ကောင်းကောင်း ကွေးလို့မရသေးဘူး။

@@@ နေလွမ်းသူ ။

Read More...

နာဂစ်မှာ ကြွေလွင့်သွားသော ဒုတိယမြောက် ကြယ်တစ်ပွင့်


သူ့နာမည်က ဖိုးလုံး။ ထာဝရ အပြုံး ပိုင်ရှင်။ သူ့မျက်နှာ နှင့် သူ့ အပြုံးက ၀မ်းဆက်။ ဗိုလ်လောင်း ဘ၀က စီနီယာတွေ အပြစ်ပေးတာ ခံနေရစဉ်မှာ တောင် ဒီအပြုံးက မပျောက်။ ဘယ်လောက်ပဲ ဒုက္ခရောက် နေပါစေ၊ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ၊ သူ့မျက်နှာပေါ်က အပြုံးက ပျောက်မသွား။ သူ့ကို တွေ့လိုက်ရလျှင် ထာဝစဉ် အပြုံးမျက်နှာဖြင့် သာတွေ့ရ လေ့ရှိပါသည်။ ထို့ကြောင့်ပင် အပါတ်စဉ်တူ သူငယ်ချင်းများက စရ်ျ စီနီယာများရော၊ ဂျူနီယာများကပါ သူ့ကို လွန်စွာ ခင်မင်ကြပါသည်။ က်ျကဲ့သို့ ချစ်သူခင်သူ များသောကြောင့် ပေလော မသိ။ လောကကြီးက အနှီ ဖိုးလုံး ခေါ် ဗိုလ်ကြီးဖိုးလုံးကို အိမ်ထောင်ပြုခွင့်လေးတောင် ပေးသနားခဲ့ခြင်း မရှိခဲ့ပေ။

ကျွှန်တော်တို့ တစ်တွေ နောက်ဆုံးနှစ်တွင် မိမိ တာဝန် ထမ်းဆောင်လိုသော လက်ရုံးတပ်ကို ရွေးချယ် လျှောက်ထားကြတော့ အများသူငှာ များစွာတို့က စွန့်လွတ် အနစ်နာခံခြင်း ကြီးစွာတို့ဖြင့် ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်သို့ စုပြုံလျှောက်ထား ကြကုန်၏။ တစ်ချို့ တစ်ချို့သော မိဘမောင်ဘွား ဆွေမျိုး မိတ်သင်္ဂဟ ချစ်သူရည်းစား အစရှိသော မကင်းရာ မကင်းကြောင်း ပတ်သက်နေကြသူများကလည်း မိမိတို့ ၏ တူ၊သား၊ ချစ်သူရည်းစားကို စွန့်လွတ် အနစ်နာခံတတ်သော၊ တိုင်းပြည်တာဝန် ကို ကိုယ်ကျိုးစွန့် ထမ်းရွက်တတ်သော သူတစ်ယောက် အဖြစ်မြင်လို ကြသည်ထင်၏။ “တို့က...လမ်းတွေဖောက်၊ တိုက်တွေဆောက်မှ အင်ဂျင်နီယာလို့ မြင်တာ” ဟူသော လေပြေလေးဖြင့် ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ကိုသာ လျှောက်ထားရန် နားပူနားဆာ လုပ်ကြလေသတည်း။ က်ျသို့ က်ျပုံ ဈေးတွက် တွက်နေကြသော ကာလတွင် သူငယ်ချင်းဖိုးလုံးက တပ်မတော်ရေ သို့ ခြေစုံပစ် ၀င်ရောက် သွားလေသည်။

ကျောင်းဆင်းရ်ျ အရာရှိတွေ ဖြစ်သွားကြပြီးနောက် သံတောင် ဘုရင့်နောင် တပ်မြို့တွင် ခြေလျင်တပ်စုမှူး သင်တန်း ပြန်တက်ကြရသော အခါ သူငယ်ချင်း ဖိုးလုံးကို အပြာဝတ်ဖြင့် ပြန်တွေ့ရလေသည်။ ကျွှန်တော်တို့က သူ၏ တပ်မတော်ရေ ယူနီဖောင်းကို စနောက်သော အားဖြင့် ကိုမီးသတ်ကြီး ဟု ခေါ်ဆိုကြလေတိုင်း သူက သူ့မူပိုင် အပြုံးနုနု ဖြင့် “ ဟေ့ တို့ ရေတပ်ကို မစော်ကားနဲ့ ကွ၊ တို့ ရေတပ်က ဆော်ကြည်တယ်နော် အဆိုတော် ယုဇန ကတောင် ကိုကိုရေ..ချစ်တယ် လို့ သီချင်းထဲမှာ ဆိုသွားတာ ကြားတယ် မဟုတ်လား ” ဟု ပြန်ပြန်ပြော လေ့ရှိပါသည်။ က်ျသို့ပင် သူ့ကို မည်မျှပင် စစ နောက်နောက် သူက စိတ်မဆိုးတတ်ပဲ အမြဲပြုံး နေတတ်သူ သာ ဖြစ်သဖြင့် လူတိုင်းက ခင်မင်ကြကုန်၏။ ဘောကန်ကောင်းရ်ျလည်း ဘောသမားကိုကို တို့က လွန်စွာ ချစ်ခင် ကြလေသည်။

သူငယ်ချင်း ဖိုးလုံး၏ မိခင်တပ်က မွန်ပြည်နယ် မော်လမြိုင်မြို့ မောရ၀တီ ရေတပ် စခန်းဌာနချုပ် လက်အောက်ခံ စစ်ရေယာဉ်စု အမှတ်( ၂ ) ဗျူဟာ ။ သူတို့တာဝန်က မြန်မာ့ ပင်လယ်ပြင် စိုးမိုးရေးနှင့် ကာကွယ်ရေး။ သူ့ရာထူးက စက်ခန်းတာဝန်ခံ အရာရှိ ခေါ် အင်ဂျင်အရာရှိ ( EO )။ လူက ငဖောင်ရိုးသာသာ ဆိုသော်လည်း သူ့အစွမ်းဖြင့် မြင်းကောင်ရေအား များစွာရှိသော သင်္ဘော အင်ဂျင်ကြီးများကို လည်ပတ်စေသူ။ ရေတပ်ရောက်မှ ရေကူးရေငုပ် စတင် သင်ကြားခဲ့ရသော်လည်း ပင်လယ်ပြင် ထွက်တိုင်း ပျော်နေတတ်သူ ပင်လယ်ပျော် ဇင်ယော် တစ်ကောင်။ သီချင်းလေး တအေးအေးဖြင့် စီးကရက်လေး လက်ကြားညှပ်ပြီး အလုပ် လုပ်တတ်သောကြောင့် ရေယာဉ်မှူး၏ အကြိမ်းအမောင်း ကလည်း မလွတ်တတ်သူ သာဖြစ်သည်။

ကပလီပင်လယ် ခေါ် ကုလားပင်လယ် မှာ တရုတ်နိုင်ငံလုပ် စစ်သင်္ဘောဖြင့် ဗမာလူမျိုး ဗိုလ်ကြီးဖိုးလုံးတို့ ဂျောင်းဂျောင်းပြေးအောင် တာဝန်ထမ်းဆောင်ခဲ့ ဖူးလေပြီ။ ယခုလည်း ဧပြီ လလယ်လောက်က စရ်ျ ဗိုလ်ကြီး ဖိုးလုံးတို့ ၏ တပ်မတော်(ရေ) တိုက်ရေယာဉ် အမှတ် ၄၄၁ သည် ပင်လယ်ပြင် လုံခြုံရေးခရီးပတ်ရင်းမှ မြန်မာ့ကမ်းရိုးတန်းသို့ ပြန်လည် ၀င်ရောက်လာနေခဲ့သည်။ ငြိမ်းချမ်းအေးဆေးစွာ တာဝန်ပြီးဆုံးတော့မည့် စစ်ဆင်ရေး အပတ် လည်း ဖြစ်ပြီး မကြာမှီ ကမ်းကို ကပ်ရ်ျ ကုန်းပေါ်ခြေချရတော့မည် သာဖြစ်ပါသည်။ သို့သော် မေလ (၂) ရက်နေ့ ဟိုင်းကြီးကျွှန်း အနီး ရေတပ်သား အများအပြား နှစ်ခြိုက်စွာအိပ်မောကျနေသော ညကာလ အခါသမယတွင် ငြိမ်းချမ်းစွာ ခုတ်မောင်းနေသော ဗိုလ်ကြီး ဖိုးလုံးတို့၏ စစ်ရေယာဉ် ၄၄၁ ကို လွန်စွာ ကြီးမားသော လွန်စွာရက်စက်သော လွန်စွာကြမ်းကြုပ်သော ကြောက်မက်ဖွယ် အရာကြီးတစ်ခုက လာရောက် တိုက်ခိုက်လေတော့သည်။

ထိုအရာကား မြန်မာပြည်သူ ပြည်သားပေါင်း များစွာတို့၏ အသက်ဝိညဉ် ကို နှုတ်ယူသွားခဲ့သူ၊ သန်းပေါင်း များစွာသော မြန်မာပြည်သူတို့ အား မျက်ရည် ဖြိုင်ဖြိုင်ကျစေခဲ့သူ၊ အနာဂတ်၏ မြန်မာ့သားကောင်း ရတနာ များစွာတို့ကို ကြက်ကလေး ငှက်ကလေး များသဖွယ် ဖုတ်ကျည်းသဂြိုလ် သွားခဲ့သူ၊ ၂၁ ရာစု၏ အဆိုးဝါးဆုံး အရက်စက်ဆုံး သူ၊ သူကား “ နာဂစ် ”။ ကျွှန်တော်တို့တတွေ နိုင်ငံရပ်ခြား တိုင်းတပါး ကျည်လွတ်မြေတွင် အေးချမ်းစွာ ပညာသင်နေကြသော ကာလတွင် သူငယ်ချင်း ဖိုးလုံးတို့တတွေမှာတော့ အဆမတန် ပြင်းထန် လှသော မုန်တိုင်း အောက်တွင် အသက်လုရ်ျ ရုန်းကန် နေခဲ့ရပေလိမ့်မည်။ သို့သော် အင်အားချင်း အဆမတန် သော ရန်သူ့ထိုးစစ်ကို ခံရသည့် အလား နောက်ဆုံးတော့ အမေ့ထမီ အထက်ဆင်စ လေးကလည်း ချစ်စွာသော သား၏ အသက်ကို မကယ်နိုင်တော့။ မြန်မာပြည်သူ များစွာတို့နှင့် အတူ မုန်တိုင်း၏ သားကောင် ဘ၀ ရောက်ခဲ့ရရှာတော့သည်။ စစ်ရေယာဉ် ၄၄၁ နှင့် အတူ သူငယ်ချင်း ဖိုးလုံးတို့ အားလုံးကို ရေအောက် သင်းချိုင်းသို့ နာဂစ်ဆိုသော မာန်နတ်၏ တမန်တော်က ဆွဲခေါ်သွားခဲ့လေတော့သည်။

မင်းတို့ နိုင်ငံခြားက ပြန်လာတဲ့ အခါ တို့ တတွေပြန်ဆုံ ကြသေးတာပေါ့ကွာ… ဟု အပြုံးမျက်နှာဖြင့် မှာကြား လိုက်သော သူငယ်ချင်း ဖိုးလုံး၏ အသံကို အခု ထိ နားထဲက မထွက်။ သေခြင်းတရားနဲ့ စစ်သားဟာ တကယ်တော့ လင်မယားပါ ဆိုသော်လည်း ယခုလို စောစီးစွာ ကြွေလွင့် သွားခဲ့ ရရှာသော သူငယ်ချင်းဖိုးလုံးနှင့် သူငယ်ချင်း ဇေယျ တို့အတွက်တော့ ဖြေမဆည်နိုင် ဖြစ်ရပါ၏။ ချစ်စွာသောသားတို့ အသက်အန္တရယ် ဘေးကင်း စေရန် ထမီ အထက်ဆင်လေးများကို တခုတ်တရ ထည့်ပေးတတ်သော မိခင်တို့၏ ခံစားမှုကိုတော့ စာဖြင့် ဖွဲ့ပြရန် မစွမ်းသာပါတော့ချေ။ အော် … ဖြစ်ပျက် လောက ကြီးတွင် ဖြစ်ပြီးလျှင် ပျက်ရမည်မှာ ဓမ္မတာ ဖြစ်သော်လည်း အသေစောလို့ နှမျော လိုက်လေ သူငယ်ချင်း ဖိုးလုံးရယ်………

အို နာဂစ် ! ငါတို့၏ အေးချမ်းစွာ နေထိုင်ကြကုန်သော အပြစ်မဲ့ ပြည်သူ သန်းပေါင်းများစွာ တို့ကို ရက်စက်စွာ ၀ါးမြို ဖျက်ဆီးခဲ့သော သင့်အား ငါတို့သည် ကမ္ဘာကျေသော်လည်း ဥဒါန်း မကျေနိုင်…
( မေလ ၂ ရက်နေ့က ဟိုင်းကြီးကျွှန်း အနီးတွင် စစ်ရေယာဉ် ၄၄၁ နှင့် အတူ ရေအောက်သင်းချိုင်းသို့ ဆွဲခေါ်သွားခြင်းခံ ခဲ့ရသည့် သူငယ်ချင်း ဖိုးလုံး ခေါ် ဗိုလ်ကြီး ဟိန်းဇော်အောင်နှင့် တကွ နာဂစ်မုန်တိုင်းကြောင့် သေဆုံး ခဲ့ရရှာသောမြန်မာ ပြည်သူပြည်သားတို့ အတွက် အမှတ်တရ…) ……………..ကိုဥာဏ်(စက်မှု)

Read More...

Wednesday, June 18, 2008

ကမ္ဘာပေါ်မှာ အရသာအစုံဆုံးသော မုန့်

ဗိုလ်လောင်းဘဝ ပထမနှစ် ဆိုတာ ဟောလ်နဲ့ နေကြ ရတာပါ။ ည(၇)နာရီ ဒေါင်ဆိုတာနဲ့ ကုတင် ခြေရင်းကို သံသေတ္တာ ကောက်တင် သော့ကို လျှောက်လမ်းကြီး ဘက်ကို လှည့်ထား ရတယ်။ သေတ္တာ အခြေမှာ မိမိ ဂွမ်းကပ်ကို လေးခေါက် ခေါက်ပြီး တက် ထိုင်လိုက် ဒါက ကုလားထိုင် သေတ္တာက စားပွဲ ဖြစ်ရောလေ။ ဝတ်ရတာကလား? စတစ်ဖြူ ညစ်ညစ် (1st yearဆိုဒီလိုပဲ) အပေါ်က တိုက်ပုန်း ဝတ်ထား ရတယ်လေ။ ဒုတိယနှစ် တစ်ယောက် စားပွဲနဲ့ခုံနဲ့သူက study အစောင့်ပေါ့ အိပ်ငိုက်တဲ့သူ ပတ်ပြေးတာ ဒိုက်ထိုးတာ မော်ဒယ်ဂဲလ် လမ်းလျှောက်တို့ သူက လုပ်ခိုင်းတာ။ ဗိုလ်လောင်းမှာ သေတ္တာ ၂ လုံးထားရတယ်။ နေ့စဉ်သုံး ယူနီဖောင်း၊ အရပ်ဝတ်လေး၊ ဖိနပ်တိုက်ဆေး၊အုန်းဆီ၊ ဘာညာ ပေါင်ဒါ၊စာအုပ် မိသားစု အယ်လ်ဘမ်(ရည်းစားပုံထားလို့ တွေ့ရင် မချောင်ဘူး) ဒါတွေပဲ ထားရတာ။အပေါ်သေတ္တာလို့ခေါ်သဗျ။ စာကြည့် ချိန် ၉ နာရီမခွဲမချင်းနေရာကမထရဘူး။ သေတ္တာထဖွင့်ချင်ရင်တောင် ဒုတိယနှစ် ဗိုလ်လောင်းကို သွားသတင်းပို့ရတယ်။ဒီလိုဒီလို။

ရှေ့ကြည့်ဆိုပြီး အော်သံကြားရင် သေချာတယ် final year ဗိုလ်လောင်းတာဝန်ကျ(တပ်စုမှူး) တစ်ယောက်ယောက်ဝင်လာလို့။ ရှေ့ကြည့် ဆိုတဲ့အတိုင်း ခါးမတ်မတ် ခေါင်းကို ရှေ့ပဲ ကြည့်နေတော့။ မျက်လုံးမကစားလေနဲ့။ ကစားဘာဖြစ်တုန်း။ အင်းကစားလေ။ မမြင်ရင်တော့ ဘာမှဖြစ်ဘူး။ မြင်လို့ကတော့ ဆင်း ကုတင်ပေါ်က ထိုးပေဦး ဒိုက် အခါ ၃၀ လောက်။ ကဲ 1st year တွေ မင်းတို့သော့တွေကို သေတ္တာပေါ် တင်ထား ထဆိုတဲ့မောင်ပဲထ....တဲ့ သူ့နောက်မှာ ဒုတိယနှစ်- ၂ ယောက်က ဘာလီပုံးကြီးကိုင်လို့..... သေချာပြီပေါ့ဗျာ ဗေဒင်မေးရင် ဆန် ကုန်တယ်...မုန့်parade လုပ်ပြီပဲ။ တစ်ယောက်စီ သေတ္တာ ထဖွင့်ပေးပြီး ရှိသမျှ စားစရာ စားလို့ရတာမှန်သမျှကို ထုတ်ပြီး အဆိုပါ ဘာလီချိုင့်ပုံးထဲ ထည့်ရပါတယ်။ စစ်တက္ကသလိုလ် ပထမနှစ်ဗိုလ်လောင်း မုန့် parade ဆိုတာပေါ့။ မုန့်တွေဘာလို့ ထည့်ရတာလဲ မေးစရာရှိတယ် ဒီအပေါ်သေတ္တာမှာ စားစရာမထားရဘူးလေ။

ထားခဲ့ရင် ထုတ်ပေးပေါ့။ ဒါပဲ။ ဟောတစ်ယောက် ပဲကိတ်ထုတ်ကြီး သွန်ချ။ နောက်ထပ် တစ်ကောင် ရည်းစားက ပို့ပေးတဲ့ ချောကလပ်တောင့်တွေ ခွာထည့်။ ကျွန်တော်အလှည့် ဘယ်ရမလဲ အညာသားပီပီ ထန်းလျက်ထုတ်လေး ပါသွားတာပေါ့။ ဘေးကမန္တလေးသား တစ်နေ့ကအိမ်ကပို့တဲ့ ထိုးမုန့်တွေထည့်။ ဟော ငပိဖျော်ပုလင်း ဖောက်သွန်။ VeVe ဘူးလည်း သွန်ပဲ။ ပေါင်မုန့်လဲ ထည့်။ Juice ပုလင်းcrazy မုံရွာသားလည်းပါသွားတယ်။ ခေါက်ဆွဲခြောက် ထားတဲ့ကောင်လည်း ဖောက်ထည့်။ အိမ်မဲကြီး(မုန့်ဆိုင်) ကဝယ်ထားတဲ့ ဝက်သား ကော်ပြန့်တွေလဲ ပါသွား။ ပဲခူးသား Shark ဗူးအသဲစွဲ စတိုခန်းသေတ္တာထဲက ခုနကမှသွားပြီး ထုတ်ထား တာလည်း အခုတော့ ဖောက် သွန်ချနေပြီ။ ဘာလချောင်ကြော် ထုပ်ကြီး ဖောက် သွန်နေပြီ။ နောက် တစ်ကောင် မြေပဲယိုချပ်တွေ။ မုန့်ဆီကြော် လိုလို ဧလမုန့်လိုလို တွေက ပခုက္ကူသားဆီက။ Sprite ဘူးကြီး ထားတဲ့ကောင်တော့ နှမြောစရာ ကောင်းပါ့။ အဆောင် နောက် ဆရာကြီးလာရောင်းတဲ့ ထမင်းကြော်-၅၀ တန်ထုပ်လေးမိတဲ့ကောင်တော့ ထပ်ပြီး အုပ်ခံထိမှာသေချာတယ်။ ယုဇနအကြော်စုံနဲ့ လဖက်နှပ်ဆီတွေနင့်နေတာပဲ ဖောက်ချနေတာ။

မနေ့က တနင်္ဂနွေ အိမ်တွေကဧည့်တွေ့လားထားတော့ ပေါလိုက်တဲ့ စားစရာတွေများ Out Passလည်း ထွက်ထားကြတော့ ဝယ်လာလိုက်ကြတာပြောမနေနဲ့။ လူလည်းကုန်ရော ဘာလီပုံးကြီး ပြည့်လုနီးနီးဆိုပါတော့။ ၂ ယောက်လက်ဆေးပြီး ပယ်ပယ်နယ်နယ်ကိုမွှေ နှောက်ဖျော်နေတာ။ ပြီးတာနဲ့ လာခဲ့ ဟိုဖက်ထိပ်ကစ တစ်ယောက်ချင်းဆီ ခပ်ပေးတဲ့ ဇွန်းအပြည့်ဝါးစားမြိုချ။ ပေါင်မုန့်ဖတ်ဆိုဟုတ်သေး ၊ ချိုချဉ်ဆိုလည်းပါးစပ်မှာကျန်တယ်။ ကျွန်တော့်အလှည့်တော့ ထိုးမုန့်ခဲပါလာတယ်။ ကံဆိုးသူတော့ ငပိခဲလည်းဝါးတော့ပဲ အရည်တွေက ပုံးထဲမှာ ဗွက်စိကိုပေါက် ညက်ညက်ကိုကျေလို့ဗျာ စဉ်းစားသာကြည့်ကြ ပေတော့။ ဖျော်ရည်ပေါင်းစုံ၊ ငါးပိဖျော်ဘူး၊ ကိတ်မုန့်ပေါင်မုန့်၊ မလိုင်ခဲတွေ၊ လက်ဖက် ပဲကြော်မြေပဲဆန်ကြော်စိတွေ၊ ထမင်းတွေ ခေါက်ဆွဲခြောက် ဖတ်တွေ၊ ကော်ပြန့်၊စမူဆာ၊ ချောကလက်ခဲတွေ၊ ဇီးယိုပေါင်းတွေရောပဲ၊ သမအောင်မွှေလို့ စားကြရတာများ စားရ တာလည်း သဲတရှပ်ရှပ် ပစ်ရမှာလည်း အဆီ တဝင်းဝင်းဆိုတာဒါမျိုးကို ခေါ်တာ နေမယ်သိလား။

ရည်းစားပေးတဲ့ချောကလက်၊အမေ့လက်ရာအကြော်လှော်၊ ဘာညာလက်ဆောင်ပေးတဲ့ စားစရာလေးတွေ၊ ရှိစုမဲ့စုဝယ်ထးတဲ့ ဖျော်ရည်ဗူး တစ်ညထဲနဲ့ ကုန်တာပဲ။ ကိုယ်တိုင်တော့ စားလိုက်ရတာပဲ။ ဒါပေမယ့် ဘာအရသာရလိုက်မှန်းကိုမသိဘူး ။ ခွီး ငရုပ်သီးကစပ်စပ်။ ချိုက ချိုသေး။ အမဲခြောက်ကြော် ဝါးမိတာနဲ့။ အချိုရည်နဲ့လေးသင်းပြီး ငါပိဖျော်အရသာနဲ့။ ချောကလက် ဖတ်လေးတွေဝါးမိတာ ကောင်းလို့ လဖက်တွေဆီတရွှဲရွှဲ။ အဖက်တွေမပါလို့ အရေထီးထီးရတဲ့လိုက်သူ သင်းနေတာ စပရိုက်နဲ့ ရှက်က် လိုလိုလစ်ပိုပိုအနံ့လေးနဲ့ ငပိနဲ့သင်း ငရုပ်သီးကစပ်လိုက်တာများ အိုးးးးးးးး ကိတ်မုန့်ဖတ်က လိမ္မော်ရည်ဝပြီး ငပိရည်ရွှဲလို့ ပါးစပ်ထဲမှာ စွဲနေတာပဲ ။ ထွေးပစ်မှာပေါ့ သူတို့ မမြင်အောင်လို့ …တော့..မပြောနဲ့ ဟဟ သူတို့ရှေ့မှာတင် ခပ်ပေးတဲ့ ကိုယ့်စကေးကို ကုန်အောင် ဝါးစားမြိုချရတာဗျာ ဘယ်ရမလဲ သူတို့လဲ ဒီလို ဘဝကတက်သွားတာ သိပ်သိ နောကိုကျေလို့။ ကံမကောင်း အချိုးမပြေတဲ့သူ ထပ်ပါသွားသေး ဘယ်လိုပါလဲ ဆိုတော့လား နောက်နေ့ အဲဒီ 2nd year ဗိုလ်လောင်း နေရာအရောက်သွားသတင်းပို့လို့ ခုန် စေ ဖားခုန်၊ ထိုး ဒိုက်၊ လုပ် လေထီခုန်လေး ဘာလေး။ ချွေးမထွက်ရင် မပြန်ရဘူးမှတ်။

ညကျ မောမော ပင်ပင်ပန်းပန်းနဲ့ အိပ်ပျော်သွား ကင်းချိန်ကျ ထ ထဆိုပြီးလာနှိုး အိပ်ချင် မူးတူးနဲ့ ကင်း စောင့်ရအောင်လို့ အဆောင် အောက်ဆုံးထပ်ကိုဆင်းသွား ဟော ဒုတိယနှစ်က ယောက်တာနဲ့ ဝတ်စားဆင်ယင်မှု စနစ်ကျ မကျ ထပ်စစ်ဆေး ကိုယ်က မေ့ပြီး အထဲက စတစ်မချွတ်ဘဲ အိပ်ချင်မူးတူးနဲ့ ယူနီဖောင်းအင်္ကျီကောက်စွပ်ပြီးဆင်းလာတာ သွားပါရောလား အောင်မလေးလေး ထိုးပေဦးတော့ ဂျွမ်း ဟီးဟီး ထန်းသီးလည်း စားရမယ်မှတ်(အွတ်ကနဲ) ဒါ သန်မာမှုတွေလေ့ကျင့်ပေးနေတာလေ...........


ဗိုလ်လောင်းဘဝလေးလည်း နဲနဲပါးပါးရေးပါလား မသိလို့ပါ လို့ဆိုလာတဲ့ ရပ်ဝေးမှ သူငယ်ချင်းများ ။ စီဘောက်စ်မှာ မကြာခနအော် တကြော်ကြော်လုပ်ပြီး ဗိုလ်လောင်းဘဝက ဟာသလေးတွေလည်းလုပ်ပါဦးဆိုလို့ ဖြစ်ပျက် ဖြတ်သန်းခဲ့ရတဲ့ တစ်စိတ်တစ်ဒေသပေါ့။
@@@ နေလွမ်းသူ

Read More...

နေရစ်ခဲ့တော့ ဆလပ်သူရေ(၃)…..


ဟင်းချက်စရာထည့်ထားသော ကျောပိုးအိတ်ကို လွယ်လျက် mild seven တစ်လိပ်ကို ဖွာရင်းမှ ဖြေးဖြေးချင်း ကျွှန်တော် လမ်းလျောက် လာခဲ့ပါသည်။ လမ်းလျှောက်ရင်း လည်း အတွေးများက ဟိုတစ်စ ဒီတစ်စ ဖြင့်။ မြန်မာနှိင်ငံ မှာ မြန်မာမလေး တစ်ယောက် ဒီလိုအခက်အခဲနှင့် ရုတ်တရက် ကြုံလိုက်ရင်ရော ငါတို့ရဲ့ စိတ်ထားဖြူစင်လှ ပါသည်ဆိုသော ကိုရွှေမြန်မာ တို့က ကိုယ့်လူမျိုး အချင်းချင်း နားလည်မှုရှိစွာ အလွယ်တကူ ကူညီကြ ပါ့မလား။ နှိင်ငံခြားမှာ ရောက်နေသော မြန်မာမလေး တစ်ယောက် ဆိုရင်ရော နိုင်ငံခြားသား တစ်ယောက်က အလွယ်တကူ ကူညီပါ့ မလား စသည့် လားပေါင်း များစွာကို စိတ်ထဲမှာ မေးမြန်းရင်း ဘာလို့များ တို့လူသားတွေမှာ စေတနာတရားတွေ၊ အကြင်နာတရားတွေ တစ်ဖြေးဖြေး နည်းပါး လာကြတာ ပါလိမ့် ဟု သက်ပြင်းတစ်ချက် ကို ဖြေးလေးစွာ ချလိုက်မိ ပါသည်။ စဉ်းစားရင်း စဉ်းစားရင်းမှ တရား ပဲ ရလာသလိုလို အသိတရားပဲ ဝင်လာသလိုလို ဖြစ်လာသဖြင့် တွေးလက်စအတွေး များကို ဖြတ်တောက်လိုက်ရ ပါသည်။ ဘာသာမဲ့ တို့ တိုင်းပြည်မှာ နေရင်း တရားပေါက်သွားရ်ျ မဖြစ်သေး။ ရှေ့၊ နောက်၊ ဘယ်၊ ညာ ကလည်း သတိ ထားရသေး သည် မဟုတ်လော

အဆောင်သို့ ပြန်ရောက်ပြီး ကွန်ပြူတာရှေ့ ရောက်သွားသောအခါတွင် ကြုံခဲ့ရသော အဖြစ်အပျက်တို့က ဘယ် ရောက်သွားမှန်း မသိတော့။ ရုရှ NO အဖွဲ့ ဟု လူသိများသော Viagra သီချင်းတစ်ပှဒ်ကို အသံကုန် ဆူညံစေလျက် ရုရှ ရောက် မြန်မာ ကျောင်းသားများ၏ လုပ်ငန်းခွင်သို့ ဝင်ရပြန်၏။ ထိုလုပ်ငန်းခွင်ကား ထမင်း၊ ဟင်း ချက်ပြုတ် ရခြင်းပေ တည်း။ လူ့ဘဝတွင် ခက်ခဲ ပါသည်ဆိုသော လှုပ်ငန်းများ သို့မဟုတ် အသက်စွန့်ရမည့် တိုက်ပွဲကြီးများကို ဆင်နွဲမည်လော၊ ထမင်း ဟင်းချက်ရန် မီးဖိုချောင် ဝင်မည်လော ဟု ရွေးချယ်ခိုင်းပါက ဒုတိယမြောက် အရာကို ငါငြင်းပယ်မည် ဟူသော စာရေးဆရာ တာရာမင်းဝေ ၏ စာသားကို ပင်ရွတ်ပြရ ပါလိမ့်မည်။ က်ျမျှအထိ ချက်ပြုတ်ခြင်း အလုပ်ကို ကြောက်ရွံ့ မုန်းတီး ပါသော်ငြားလည်း ငါ့ဝမ်းပူဆာ မနေသာ ဆိုသည့် အတိုင်း မည်သည့် အရသာ ဟုပြောပြရန် ခက်ခဲသော ဝက်စာလိုလို၊ စွပ်ပြုတ်လိုလို ဟင်းများကို ကြိုးစား ချက်ပြုတ်စားသောက်ရင်း ဖြင့်ပင် တစ်နေ့တာ ကှန်ဆုံး စေရတော့သည်။ ထမင်း၊ ဟင်း ချက် မီးဖိုချောင်ဝင်ရသော အလုပ်ကို မိန်းကလေးတို့ ၏ တာဝန်ဟု တရားဝင် သတ်မှတ်ပေးခဲ့ လေသော ရှေးမြန်မာ လူကြီးများ ကိုပင် ကျေးဇူးတင်မိသေးတော့သည်။ ( မှတ်ချက်။ တာဝန်သိ မြန်မာ အမျိုးသမီးများ အား လေးစားဂုဏ်ယူပါ ကြောင်း က်ျနေရာမှ နေရ်ျ မှတ်တမ်း တင်အပ်ပါသည် )။

ဒီလိုနှင့် ပဲ ကျွှန်တော်တို့၏ ပုံမှန် ဘဝသံသရာ ကြီးက ဆက်လက် လည်ပတ် ရပါတော့သည်။ နေ့စဉ် ကျောင်း တက်၊ စာသင်ခန်းထဲဝင်၊ ဆရာသင်သမျှ သိသိ မသိသိ လိုက်မှတ်၊ အချိန်တန် ကျောင်းဆင်း၊ ကွန်ပြူတာရှေ့ ရောက်၊ chat လေးတက်၊ ဘာညာ ဘာညာ လျှောက်ပြော စသည်ဖြင့် နိုင်ငံခြား ပညာတော်သင် တို့၏ ပြုမြဲ တာဝန်များ ကို ပြုလုပ်နေရင်း ဖြင့် ပင် နှစ်ပတ် ဟူသော အချိန်က ကုန်သွားပါတော့သည်။ အချိန်တွေ ကှုန်လာသကဲ့သို့ ကျွှန်တော်တို့ ၏ အမိမြေကို လွမ်း တတ်သည့် စိတ်များကလည်း ကြာလေ နည်းလေ ဖြစ်ရမည့် အစား ပိုပိုပြီး ရင့်သန်လာနေ သည်မှာ သဘာဝ တရားကို ဆန့် ကျင်နေသည့်အလား။ အလွန်လှသည်ဟု ထင်ခဲ့မိလေသော နှင်း (snow) တို့ကို လည်း လမ်းလျှောက်ရခက်လိုက်တာ ဟု အပြစ်မြင်လာ ခဲ့ရပြီ။ ချစ်စရာကောင်း လှသည်ဟု မှတ်ယူခဲ့လေသော ရုရှမတွေကို လည်း မြင်ပါများတော့ ရိုးလာခဲ့ပြီ။ တနေ့ တနေ့ ကွန်ပြူတာရှေ့ ထိုင်ထိုင် ပြီး အချိန်ကုန်နေရသော လူတစ်ပိုင်း ကွန်ပြူတာ တစ်ပိုင်း တွေလည်း ဖြစ်မှန်း မသိ ဖြစ်လာ ခဲ့ရသည်။ ထိုကဲ့သို့ ပျင်းရိငြီးငွေ့ ဖွယ် တစ်နေ့ပြီး တစ်နေ့ ကျော်ဖြတ်နေရသော ကျွှန်တော်တို့ အတွက် ပျော်စရာ၊ ချစ်စရာကောင်းသော နေ့တစ်နေ့တော့ ရှိပါသည်။ ထိုနေ့မှာ လကုန်ရ်ျ လခ ထုတ်သော နေ့ပင်တည်း။

ရှိသမျှ အကြွေး ဆပ်ရတော့မည်။ အိမ်ကို ဖုန်းဆက်ရတော့မည်။ လတစ်ဝက်လောက်က စပြီး ပြတ်လပ်ခဲ့သမျှ အတိုးချ စားသောက်ရတော့မည် စသော အိပ်မက် ကိုယ်စီ ဖြင့် ကျွှန်တော်တို့ တက်ကြွလေ့ ရှိသော နေ့တစ်နေ့ လည်းဖြစ် ပါ၏။ ယခုလည်း လစာထုတ် ပြီးကာစ ဖြစ်သဖြင့် အိမ်သို့ ဖုန်းဆက်ရန် ဖုန်းကို ထုတ်ပြီး balance ခေါ်လိုက်တော့ ဖုန်းထဲ မှာ No money ပြနေသည်။ ဖုန်းကလေးကသာ လူလို စကားပြော တတ်မည် ဆိုလျှင် “ခင်ဗျားကြီး မတရားဘူး …ကျုပ် ကို ကုမဏီ က ထုတ်ထားတာ ဖုန်းဆက်ဖို့၊ အချင်းချင်း ဆက်သွယ်ဖို့ ထုတ်ထား တာဗျ …ခုတော့ ခင်ဗျားက ဖုန်းထဲကို ငွေ မထည့်ပဲ နှိုးစက်ပေးဖို့၊ နာရီကြည့်ဖို့ လောက်ပဲ သုံးနေတာ ကျုပ်သိက္ခာ ကျတယ်ဗျ..” ဟု ပြောနေလောက်ပြီ ဟု စဉ်းစား မိရင်း ဖုန်းပိုက်ဆံ ထည့်ရန် စာသင်ဆောင် ဒုတိယထပ်ရှိ ဖုန်းပိုက်ဆံ ထည့်သော နေရာသို့ တက်လာခဲ့ မိသည်။ စက်ရှေ့ မှာ လူတွေ များလှချည်လား။ ကျောင်းသူတွေရော ကျောင်းသားတွေပါ စက်ရှေ့ မှာကြိတ်ကြိတ်တိုး စည်ကားနေသည်ကို တွေ့လိုက်ရသည်။ ဒီကောင်တွေ အားအားယားယား ဖုန်းပဲ ဆက်နေကြတဲ့ ကောင်တွေ ပါလား ဟုတွေးရင်း ၀င်ရောက် တန်းစီ လိုက်ရသည်။ ကွန်မြူနစ်နိုင်ငံဟောင်း ဆိုတော့ လည်း နေရာတကာ တန်းစီနေရတော့ တာပဲလေ။ တရွေ့ရွေ့ နဲ့ ကျွှန်တော့် အလှည့်ရောက်လို့ ဖုန်းနံပါတ်တွေကို စက်ထဲမှာ ရိုက်ပြီး ပိုက်ဆံကို ထိုးထည့်လိုက်ပါသည်။ စက်ထဲ ပိုက်ဆံ ၀င်သွားသည်နှင့် နောက်လူများကိုအားနာသဖြင့် ဘောင်ချာဖြတ်ပိုင်း ထွက်လာသည် အထိ စောင့်မနေတော့ပဲ လှည့်ထွက် လိုက်စဉ် “ ဒီမှာ ရှင့် ဘောင်ချာ မယူတော့ဘူးလား..” ဟူသော မိန်းကလေး အသံတစ်ခုကို ကြားလိုက်ရသည်။ တော်တော် လျှာရှည်တဲ့ ကောင်မလေးပဲ..ကိုယ်ဘာသာ မယူချင်လို့ မယူတာကို..” ဟု စိတ်ထဲက ပြောလိုက်မိရင်း ခပ်စွာစွာ အသံရှင် လေးကို လှည့်ကြည့်မိတော့..“ ဟင်….မာရီယာ…”….
…..ဆက်ရန်…. ကိုဥာဏ်(စက်မှု)

Read More...

Tuesday, June 17, 2008

မြေထိုးစက် တစ်စင်း၏ တန်ဖိုး ဘယ်လောက်လဲ


“ စက်တန်ဖိုး အမေရိကန်ဒေါ်လာ(……) ” ဟူသော စာတန်းကို ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင်နေသော မြေထိုး မြေကော်စက်များ တွင် လည်းကောင်း၊ မြေသယ်ယာဉ်ကြီးများတွင် လည်းကောင်း ရေးထားသည် ကို တွေ့ဖူးကြပါလိမ့််မည်။ အဆိုပါ စက်ကြီးများ၏ တန်ဖိုးသည် က်ျမျှသာလော။ ပြင်ပ လုပ်ငန်းခွင်တွင် အသုံးပြု ကြသူများ အတွက် မှန်ပါလိမ့်မည်။ စစ်မြေပြင်အင်ဂျင်နီယာ စစ်သည်များအတွက်တော့ အဆိုပါ စက်ကြီးတစ်စီး၏ တန်ဖိုးသည်……………

ကျွန်တော်တို့ တစ်တွေ အမိကျောင်းတော်ကြီးတွင် ( ၅ ) နှစ်တာ ပညာရည်နို့သောက်စို့ ပြီးနောက် ကျောင်းသားဘ၀ ကုန်ဆုံးရ်ျ လုပ်ငန်းခွင်သို့ ၀င်ကြရသော အခါ လက်ရုံးတပ် အသီးသီးသို့ တာဝန်ချထားခြင်း ခံကြရသည်။ တစ်ချို့က စက်မှုလက်မှုတပ်( EME )၊ တစ်ချို့က ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးတပ်( DI )၊ တစ်ချို့က စစ်လက်နက်ပစ္စည်းတပ်( COD )၊ တစ်ချို့က ဆောက်လုပ်ရေးတပ် GE ( သနားစရာ အကောင်းဆုံး…..) ၊ တစ်ချို့က စစ်မြေပြင်အင်ဂျင်နီယာတပ်( BE )….စသည် စသည်ဖြင့်…။ ဒီအထဲကမှ ကျွန်တော်နှင့် မေဂျာတူ သူငယ်ချင်း ဇေယျက စစ်မြေပြင်အင်ဂျင်နီယာတပ်။ သူတို့တပ်ရဲ့ တာဝန်က ယခင် ဗကပတို့ ခေတ်ကောင်းစဉ်ကတော့ ရိုးမတစ်ကြောကို မိုင်းထောင် မိုင်းရှင်း၊ ယခုတော့ ဗကပ ကျဆုံးသွားပြီး ကရင်တို့ မိုင်းလက်သံပြောင်လာတော့ ခြေလျင် စစ်ကြောင်းများ အတွက် မိုင်းရှင်း၊ မိုင်းကာဗာပေါ့။ ပျံကျ မိုင်းကွင်းတွေ၊ စနစ်တကျ မိုင်းကွင်းတွေ၊ သမားရိုးကျ မိုင်းကွင်းတွေ စသည်ဖြင့် နိုင်ငံတကာ အဆင့်မှီ ထောင်ထားခဲ့သော ဗကပ မိုင်းကွင်းတွေကို ထူးချွန်ပြောင်မြောက်စွာ ရှင်းလင်း နိုင်ခဲ့သော ၀ါရင့် စစ်မြေပြင် အင်ဂျင်နီယာ စစ်သည်ကြီးတွေ ကရင်ငပွေး၏ ၀ါးဆစ်မိုင်း၊ လက်လုပ်မိုင်းများကြောင့် တိုတစ်၊ ရှည်တစ် ဖြစ်ကုန်ကြရသော အခါသမယတွင် ဗိုလ်ဇေယျတို့ ကျောင်းဆင်းပြီး တပ်ကို ရောက်လာသည်။

တပ်ရောက်ပြီး အရာရှိငယ်ဘ၀ ဖြင့် ယောင်ခြောက်ဆယ် လုပ်နေချိန်ဝယ် ကရင်တို့ဌာနေ ဖာပွန်ဘက် ခြမ်းတွင် စစ်မြေပြင် ဗျူဟာလမ်းဖောက်ရန် မြေထိုးစက်တစ်စီး၊ စစ်သည် တပ်စိတ် တစ်စိတ်ဖြင့် တာဝန်ပေးခြင်း ခံရသည်။ လမ်းဖောက်ရမည်က ရန်သူ့နယ်မြေ၊ မိုင်းပညာရှင် ပရော်ဖက်ဆာတို့ဒေသဆိုတော့ တပ်မှုးကလည်း အထပ်ထပ်မှာသည်…မိုင်းကို ဂရုစိုက်၊ မြေထိုးစက်မိုင်းမထိစေနှင့်၊ မကြာမီရောက်လာတော့မည့် ဒန်ပိန်ကာလ (ရိက္ခာစုပုံသောကာလ) အမှီ ဗျူဟာလမ်း အပြီးဖောက်နိုင်အောင် ကြိုးစား…စသည် စသည်ဖြင့်။ ရှေ့တန်းဗျူဟာ ကလည်း လမ်းဖောက်အဖွဲ့ လုံခြုံရေး အတွက် ခြေလျင်တပ်စု တစ်စုကို ထည့်ပေးသည်။ ဒါပေမယ့် သိတဲ့ အတိုင်း ကျောင်းဆင်းကာစ အရာရှိငယ် တစ်ဦးအနေဖြင့် စစ်မြေပြင် အတွေ့အကြုံက သုည၊ အတွေ့အကြုံက ဇီးရိုးဆိုတော့ အေးဆေး၊ ကြောက်ရမှန်း လန့်ရမှန်း မသိသေး။ လုံခြုံရေး ယူပေးထားသော ခြေလျင်တပ်က အရာရှိကတော့ သတိပေးသည်..“သူငယ်ချင်း..မိုင်းတော့ ဂရုစိုက်ဗျ..ခြုံခိုတာတွေ၊ ရင်ဆိုင်တိုက်တာတွေတော့ တို့က ကာကွယ်ပေးမယ်၊ မိုင်းကတော့ တို့လည်း မကယ်နိုင်ဘူးဗျ”..။ ဒါပေမယ့် သိပ်တော့ မပူမိ၊ ခပ်အေးအေးပဲ ကာဘိုင်တစ်လက်ကို လွယ်ရင်း မြေထိုးစက် ဘေးနားကနေ လမ်းလျှောက်ရင်း တရွေ့ရွေ့ဖြင့် လမ်းဖောက် လာခဲ့ သည်။ အခုထိတော့ ဘာမှ မဖြစ်သေး။

နောက် နှစ်ရက်လောက်ဆို သတ်မှတ်ထားသော လမ်းကြော ပြီးတော့မည်။ ဒီလမ်းပြီးလို့ တပ်ကို ပြန်ရောက်ရင်တော့ တပ်မှူးကို ခွင့်တောင်းပြီး အမေ့ဆီ ခဏပြန်ဦးမှပဲ၊ ညီမလေး ဘွဲ့ယူဖို့ကလည်း နီးလာပြီ၊ သူဘွဲ့ယူပြီးရင် တို့မောင်နှမနှစ်ယောက် ဘွဲ့ ၀တ်စုံကိုယ်စီနဲ့ အဖေ အမေ ဘေးမှာထားပြီး ဓာတ်ပုံရိုက်ရဦးမယ် စသည်ဖြင့် စိတ်ကူးတွေ ယဉ်ရင်း မှ တစ်ဖြည်းဖြည်း လမ်းလျှောက် လာခဲ့စဉ်…. ဟာ ဒါ…ဘာပါလိမ့်.. ဆိုပြီး လမ်းကြောဘေးနားက သစ်ပင်မှာအမှတ်အသားလိုလို ဟာလေးကို အမှတ်တမဲ့ တွေ့မိသဖြင့် အတူပါလာသော ခြေလျင်တပ်က အရာရှိကို ပြမိသည်။ “ ဟာ.. ဒါ မိုင်းထောင်ထားတဲ့ အမှတ်အသားပဲ ဒီကောင်တွေ သူတို့ အချင်းချင်း သိအောင် နေရာပြထားတာ..ဒီနားတ၀ိုက်ကို လမ်းဖောက်ဖို့ လမ်းကြောရှင်းကြတုန်းက ဒီကောင်တွေသိသွားပြီး ထောင်ထားတာနေမှာ..” ဟုဆိုသဖြင့် မိုင်းရှာဖို့ အတူပါလာသည့်ဆရာကြီးကို အမိန့်ပေးလိုက်ပြီး လှည့်ကြည့်လိုက်တော့ မြေထိုးစက်က ရှေ့ခပ်လှမ်းလှမ်းကို ရောက်နေပြီ။ ရိက္ခာစုပုံချိန် အမှီလမ်းဖောက်ဖို့ အတွက် ဒီမြေထိုးစက် မိုင်းထိလို့ မဖြစ်ဟူသော စိတ်ဖြင့် “ ရှေ့ဆက်မသွားနဲ့ ၊ မိုင်း.. မိုင်း ” ဟု လှမ်းအော်သော်လည်း ဆူညံနေသည့် စက်သံကြောင့် စက်သမားက မကြားပဲ ဆက်ထိုးနေသည်ကို တွေ့လိုက်ရသည်။

မြေထိုးစက် မိုင်းနင်းမိသော် ဟူသော စိုးရိမ်စိတ်ဖြင့် ဘေးနားက ဆရာကြီးတွေ သတိပေးသည်ကို မကြားတော့ပဲ စက်သမားကို ရပ်ခိုင်းရန် ဗိုလ်ဇေယျ ပြေးထွက်သွားသည်။ စက်ကြီးဘေးနားကို ရောက်သည်နှင့် ဘေးက ချိန်းကြိုး ဘားတန်းပေါ်တက်ပြီး စက်သမားကို အော်ပြောနေစဉ် “… ဂျိမ်း ..” ဟူသော ကြောက်မက်ဖွယ် အသံကြီးကို ကြားလိုက်ရပြီး မြေထိုးစက်က တစ်ဖက်သို့ စောင်းကျသွားသည်။ ချိန်းကြိုးက မိုင်းကို တည့်တည့်မနင်းမိပဲ ဒီတိုနေတာ ကိုသာ တိုက်မိသွားဟန်တူသည်။ ချိန်းပြတ်ထွက်မသွား။ မြေထိုးစက် ဘာမှ မဖြစ်။ သို့သော် မိုင်းစတွေက အရှိန်ပြင်းပြင်းဖြင့် ဗိုလ်ဇေယျ ၀မ်းဗိုက်တည့်တည့်သို့ ပြေးဝင်သွားပြီး စက်ကြီး ၏ ဘေးသို့ ဒလိမ့်ကောက်ကွေး လိမ့်ကျသွားတော့သည်။

သြော်… အခုတော့ အဖြစ်အပျက်တွေက တစ်နှစ်တောင် ကျော်ခဲ့ပြီ။ အပတ်စဉ်တူ သူငယ်ချင်းတွေတောင် ဗိုလ်ဘ၀ မှ ဗိုလ်ကြီးတွေ ဖြစ်လာခဲ့ကြပြီ။ ကရင်ဒေသ က ဗျူဟာလမ်းဘေး တောကြီး မျက်မည်း ထဲမှာ မိုင်းဒဏ်ရာဖြင့် ကျဆုံးသွားခဲ့ရှာလေသော သူငယ်ချင်း ဗိုလ်ဇေယျမှာတော့………

တစ်ခါတစ်ရံ လမ်းသွားရင်း၊ ခရီးသွားရင်း အမှတ်မထင် တွေ့ရသော မြေထိုး၊မြေသယ်စက်ကြီးများတွင် စက်တန်ဖိုး အမေရိကန်ဒေါ်လာ(……) ဟူသော စာတမ်းများကို မြင်ရတိုင်း ရန်သူ့နယ်မြေတွင် မြေထိုးစက်တစ်စင်းအတွက် အသက်ပေးသွားခဲ့ရသော သူငယ်ချင်း ဗိုလ်ဇေယျ၏ မျက်နှာကိုသာ ပြေးရ်ျ မြင်ယောင်မိပါတော့သည်..မြေထိုးစက် တစ်စင်းရဲ့ တန်ဖိုး ဘယ်လောက်လဲ သူငယ်ချင်းရယ်

( ကရင်ပြည်နယ်တစ်နေရာတွင် လမ်းဖောက်ရင်းမှ မိုင်းထိကျဆုံးသွားရှာသော သူငယ်ချင်း ကျော်ဇေယျ အတွက် အမှတ်တရ.. ) ကိုဥာဏ်(စက်မှု)

Read More...

Monday, June 16, 2008

နေရစ်ခဲ့တော့ ဆလပ်သူရေ(၂)…..


ဘေးဘီကို လှည့်ကြည့် လိုက်တော့ ဘယ်သူမှ မရှိ။ ဒါဆို ကျွှန်တော့်ကို ပြောတာ သေချာ ပြီပေါ့။ ဘုရားဘုရား…. ငါထင်သလိုများ ဖြစ်နေပြီလား ဟူသော စိုးရိမ်စိတ်ဖြင့် သေချာစူးစိုက်ကြည့်လိုက် မိသည်။ .. “ရှင့်မှာ အဖော် မရှိရင် ဒီည ကျွှန်မ အဖော်လုပ်ပေးမယ် ရှင့်အခန်းကို လိုက်ခဲ့မယ်လေ ရူဘယ် ၂၀၀ ပဲပေးပေါ့”..လို့များပြောလိုက် မလား။ ( မြေအောက် ဘူတာ အထွက်များတွင် ထိုကဲ့သို့ မိန်းကလေးများ နှင့် တွေ့ရတတ်ပါသည်။ ကျွှန်တော် တစ်ခါ တွေ့ခဲ့ရသည့် ကောင်မလေး တစ်ယောက်ဆိုလျင် တော်တော်လေးကို လှပြီး ချစ်စရာ ကောင်းပါသည်။ ထိုစဉ်က ကျွှန်တော် ခေါင်းခါ ပြလိုက် သဖြင့် ထိုကောင်မလေး မျက်ရည်လေး ၀ဲကာ မချိပြုံး ပြုံးပြီးထွက်သွားပုံလေးကို ကျွှန်တော် ယခုထိ မေ့လို့မရ နိုင်သေးပါ။ ကျွှန်မ ညနေစာ မစားရသေးလို့ ပါရှင် ဟုပင် ပြောသွားခဲ့ ပါသည်။ ) ကောင်မလေး၏ အပြစ်ကင်းစင် သောမျက်နှာလေးကို ကြည့် လိုက်မိပြန်တော့ ဒီလိုလည်းမဟုတ်လောက်ပါဘူးလေ ဟုတွေးမိပြန်သည်။

ဒါဆိုဘာပါလိမ့်။ စူးစမ်းသောအကြည့်ဖြင့် ကြည့် ရင်း ..“ ဟုတ်ကဲ့ ပြောပါ .” .. ကျွှန်တော် ခွင့်ပြုလိုက်တော့ ကောင်မလေး မျက်နှာက ကျေနပ်သွားဟန်ဖြင့် ..“ ဟိုလေ... အကူအညီ တစ်ခုလောက်…” ဟုပြောပြီး အားတုံ့အားနာ ဖြစ်နေဟန်ဖြင့် လက်ကလေး နှစ်ဘက်ကို အကြောင်းမဲ့ ဆုပ်လိုက် ဖြန့်လိုက် လုပ်နေပြန်သည်။ အနားကပ်လာမှ သေချာပြန်ကြည့် မိတော့ ကောင်မလေး မျက်နှာက ဥရောပရုပ် ထက် အာရှဘက်ကို ပိုကဲနေမှန်း သိလိုက်ရသည်။

၅ ပေ ၁၁ လက်မ ရှိသော ကျွှန်တော်နှင့် ရင်ဘောင်တန်း ပြောနေသဖြင့် ကောင်မလေး ၏အရပ်မှာ ၅ ပေ ၈ လက်မ အောက်တော့ လျော့မည် မဟုတ်မှန်း ကျွှန်တော်ခန့်မှန်းမိပါသည်။ မျက်တောင်တွေက ကော့ညွတ်နေသော်လည်း ကြည့်ရဆိုးလောက်အောင်တော့ မတရားသဖြင့် ရှည်နေတာမျိုး မဟုတ်ပါ။ မျက်လုံးလေးတွေက အရည်လည့်နေသော စိမ်းပြာရောင် လေးတွေ။ သူမကို ကြည့်ရင်း ရုရှားမ ၁၀ ယောက်မှာ ၈ ယောက်ကလှပြီး ၂ ယောက်က ချောတယ် ဟူသော စကားလေးကိုပင် သတိရလိုက်မိသည်။ ပြောရမှာ ခက်နေသော ကောင်မလေးကို ကြည့်ရင်း ..“ ပြောပါ ..ကျွှန်တော် ဘာကူညီရ မလဲ ” ဟုပြောလိုက်မိသည်။ “ဟိုလေ.. ကျွှန်မ ခရစ်စမတ် အတွက် လက်ဆောင်တွေဝယ်ရင်း နည်းနည်း များသွားလို့…အဲဒါ..” ကောင်မလေးက စကားတပိုင်းတစဖြင့် ရပ်ထားရင်း ကျွှန်တော့်ကို တစ်ချက် အားနာဟန်ဖြင့် ကြည့်နေ ပြန်သည်။ ဒုက္ခပါပဲ ငါတော့ အခမဲ့ ကူလီထမ်းရတော့မယ်ထင်ပါရဲ့ ဟုတွေးရင်း ကောင်မလေး ဘေးနား ကကြွပ်ကြွပ်အိပ် နှစ်လုံးကိုကြည့်ရင်း နည်းနည်းတော့ ရင်မောသွားသည်။ “ ဆက်ပြောလေ..ရပါတယ် ” ပြောရင်း ဘေးက အိပ်တွေကို ကြည့်လိုက် မိပြန်သည်။ တော်တော်တော့ လေးမယ့် ပုံပဲဟုတွေးရင်း ကိုယ်ကိုကိုယ် နည်းနည်းတော့ သနား သွားမိသည်။ ဒီလောက်လှတဲ့ ကောင်မလေးက သယ်ခိုင်းရင် လည်း ကူပြီးသယ်ပေးရမှာပေါ့လေ ဟုတွေးရင်း သူမဘာပြော မလဲ စောင့်နေလိုက်သည်။ “ ဟိုလေ..ဈေးဝယ်ရင်း လက်လွန်သွားလို့ အိမ်ပြန်စရာ ကားခ မရှိတော့ဘူး.. ဘတ်စကားခ ရူဘယ် ၂၀ လောက် ကူညီပါလားရှင် ”..ပြောရင်း ကောင်မလေး မျက်နှာက နီရဲသွားသည်။ ရှက်ရှာလွန်းလို့ ထင်ပါရဲ့။ “အော်…ဒါလား ရပါတယ်..ရော့ရော့ ဒီလိုပဲ ဖြစ်တတ်ပါတယ် စိတ်မကောင်းမဖြစ်ပါနဲ့ ”.. ဟု အားပေးလိုက်ရင်း ရူဘယ် ၁၀ တန် ၂ ရွက် ထုတ်ပေးလိုက်ပါသည်။ “ ကျေးဇူးတင်လိုက်တာရှင်.. ကျွှန်မ အိမ်က မျှော်နေတော့ မုာရှင့် ဒါနဲ့ ရှင်က ဘယ်နိုင်ငံကလဲဟင်.” ကောင်မလေးက ပျားရည်ဆမ်းသော အပြုံးမျက်နှာလေးဖြင့် ချစ်စရာ ကောင်းစွာ မေးနေပြန်သဖြင့် “မြန်မာနိုင်ငံ ကပါ ”..ဟုပြန်ဖြေ လိုက်ပါသည်။ “ မြန်မာ.. ဟုတ်လား ဘယ်နားမှာလဲဟင်...ကျွှန်မက ရှင့်ကို ဗီယက်နမ် ထင်နေမိတာ ” ကောင်မလေး မျက်နှာက ဝေခွဲ မရနိုင်ဟန်ဖြင့် ပြန်မေးနေသဖြင့် “ ထိုင်လန် ကိုသိလား ” ဟုပြန်မေး လိုက်မိ သည်။ ကောင်မလေး ခေါင်းညိမ့်ပြ သဖြင့် “ အင်ဒီးရားကိုရော..”ဟုပြန်မေးလိုက်မိပါသည်။ “ သိတယ် ” ဟုပြန်ဖြေ သဖြင့် “အေး အဲဒီနှစ်နိုင်ငံ ကြားကပဲ..” ဟုပြောလိုက်ပါသည်။

ထိုအခါကျမှ ကောင်မလေး မျက်နှာ ဝင်းကနဲ လက်သွားပြီး “ သိပြီ သိပြီ …ဘင်းဂလားဒေ့ရှ်ကိုး..” ဟုထအော် လိုက်ပါတော့သည်။ ကျွှန်တော့်ရင်ထဲ ကျင်ကနဲ ခံစားလိုက်ရရင်း “ မဟုတ်ပါဘူးကွာ .. ဘင်းဂလားဒေ့ရှ် နဲ့ ထိုင်း ကြားထဲ မှာ ငါတို့ နိုင်ငံ ရှိပါသေးတယ်ကွ…အရင်က ဘားမား လို့ခေါ်တယ်လေကွာ..” ဟု ဒေါသသံ ဖြင့် ပြောလိုက်မိပါသည်။ ကောင်မလေး မျက်နှာလေး ပျက်သွားရင်း “ ဆောရီးပါရှင် ကျွှန်မက ပထ၀ီ ကောင်းကောင်း မသိလို့ပါ..ဒါနဲ့ ရှင်နာမည် ဘယ်လိုခေါ်လဲဟင်..ကျွှန်မ နာမည်က မာရီယာ ပီသရိုဗနာ ပါ .. ရင်းနှီးတဲ့လူတွေကတော့ မာရီယာ လို့ပဲခေါ်ကြတယ်” ဟု မိတ်ဆက် နေသောကြောင့် “ ကျွှန်တော့် နာမည် ကိုဥာဏ် ပါ..ရုရှ သူငယ်ချင်းတွေ ကတော့ ခေါ်ရခက် လို့ ကော်လ်လျာ လို့ ပဲခေါ် ကြတယ်..” ဟု ပြန်ပြော လိုက်မိပါသည်။ “ဟှတ်ကဲ့ မှတ်ထားပါ့ မယ်..ကျွှန်မကို လည်း မာရီယာ လို့ပဲ မှတ်ထား ပေါ့..သွားလိုက်ပါအုံးမယ်..ရှင့်ရဲ့ ကူညီမှု ကိုမမေ့ပါဘူးရှင်..” ဟုပြောရင်း ကျွှန်တော့် အပါးမှ ထွက်ခွာ သွားပါသည်။ ဥရောပ သူလေး ပီပီ သွက်သွက် လက်လက်လေး ထွက်သွားသော သူမ၏ နောက်ကျောကို ကြည့်ရင်း “ မာရီယာ..မာရီယာ..လူလှ သလောက် နာမည်လေး ကလဲလှ လိုက်တာ မိန်းကလေးရယ် ” ဟု ကျွှန်တော် တစ်ယောက်တည်း တိုးတိုးလေး ပြောလိုက် မိပါတော့သည်။
…..ဆက်ရန်….
ကိုဥာဏ်(စက်မှု)

Read More...

Sunday, June 15, 2008

နေရစ်ခဲ့တော့ ဆလပ်သူရေ(၁)….


ကျွှန်တော်တို့ ငယ်ငယ် သမိုင်းဘာသာရပ်ကို သင်ရစဉ်က ပထမကမ္ဘာစစ် ဖြစ်ရသော အကြောင်းရင်း များတွင် ဆလပ် လူမျိုးများ လွတ်မြောက်လာခြင်း ဆိုသော အချက်တစ်ချက် ပါသည်ကို မှတ်မိကြမည်ထင်ပါသည်။ ဆလပ်လူမျိုးများ ဆိုသည်မှာ ယခှ ရုရှ၊ ပိုလန်နှင့် ဟန်ဂေရီလူမျိုးများ အဖြစ် ပြောင်းလဲကုန်ကြပြီ ဖြစ်ပါသည်။ ယခု ကျွှန်တော်သည် ရုရှနိုင်ငံ မော်စကို တွင်နေထိုင်လျှက်ရှိရာ ကျွှန်တော်၏ ဆလပ်သူလေးမှာ မည်သည့်လူမျိုးဆိုသည်ကို ပြောရန်လိုမည် မထင်တော့ ပါ။ မြန်မာမလေး မဟှတ်တာတော့ သေချာပါသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာလို လုံးဝ နားမလည်သောကြောင့်ပေတည်း။

သူမနှင့် စတင်ဆုံတွေ့ခဲ့ရသည်က လုံးဝကဗျာမဆန်ပါ။ ကျွှန်တော်သည် ကျောင်းသား တစ်ယောက်ဖြစ်သလို သူမ သည်လည်းကျောင်းသူတစ်ယောက်ပင်ဖြစ်ပါသည်။ ကျောင်းသူ ကျောင်းသား အချင်းချင်း တွေ့ဆုံရင်းနှီးသွားကြရန် အတွက် စိတ်ဝင်စားဖွယ်ကောင်းသော ဇာတ်လမ်းလေးတွေ ကျွှန်တော် ကြားဖူးပါသည်။ ကော်ရစ်တာ အကွေ့တွင် တစ် ယောက်နှင့် တစ်ယောက်ဝင်တိုက်မိ၊ ကောင်မလေးလက်ထဲက စာအုပ်တွေလွတ်ကျ၊ ကောင်လေးက ကူညီပြီးကောက်ပေး၊ စာအုပ်တစ်အုပ်က ကျန်ခဲ့၊ နောက်နေ့မှာ ကောင်လေးက ကောင်မလေးကိုတွေ့အောင်ရှာပြီးလိုက်ပေး၊ ကောင်မလေးက ကျေးဇူးတွေတင်၊ ခင်မင်ရင်းနှီးသွားကြ၊ နောက်တော့ ဇာတ်လမ်းလေးတွေဖြစ်ကြ စသောလွမ်းမောရင်ခုန်စရာ ဇာတ်လမ်း လည်းမဟုတ်။ ကောင်လေးက ကျောင်းလစ်၊ ပြီးတော့မှ ကောင်မလေးဆီကနေlecture စာအုပ်သွားငှား၊ စာအုပ်ထဲတွင် ကောင်မလေးကို သူဘယ်လောက်ချစ်ကြောင်း မြတ်နိုးကြောင်းတွေရေးပြီးပြန်ပေး၊ ကောင်မလေးက ဆရာကိုသွားတိုင်၊ ကောင်လေးအဆူခံရ၊ အပြစ်ပေးခံရ၊ ကောင်မလေးက သနားသွား၊ နောက်တော့ ခင်သွားကြ ဇာတ်လမ်းလေးတွေဖြစ်ကြ စသော ပျော်စရာဇာတ်လမ်းလည်း မဟုတ်။ ကဲ ဒါဆို ဘယ်လိုဇာတ်လမ်းလဲ။ ပြောပြပါမည်။

ဒီဇင်ဘာလ၏ နှင်းတဖွေးဖွေးကျနေသော နေ့တစ်နေ့တွင် ဈေးဝယ်ရန် ကျောင်းနှင့် မနီးမဝေးရှိ super market သို့ ကျွှန်တော်ထွက်လာခဲ့ ပါသည်။ မ၀ယ်လို့ကလည်း မဖြစ်တော့။ အဆောင်က အခန်းထဲမှာ စားစရာက ဘာမှမရှိ။ ရေခဲ သတÅာကလည်း အခွံဖြစ်နေပြီ။ တစ်ယောက်ယောက်ကများ အထင်ကြီးပြီး လာဖွင့်ကြည့်ရင်တောင် ရှက်စရာ တော်တော် ကောင်းနေပြီ။ စာသင်ချိန်ပြီးမှ ထွက်လာခဲ့ရသဖြင့် ဗိုက်ကလည်း တကြုပ်ကြုပ် ဆာနေသည်။ ဈေးဝယ်ပြီးမှ တခုခုစားတော့ မည်ဟု ဆုံးဖြတ်ကာ စီးကရက်တစ်လိပ်ကိုဖွာရင်း ခပ်သွက်ခပ်သွက် လျှောက်လာခဲ့ပါသည်။ ဟင်းချက်စရာနှင့် တခြားလို တာလေးတွေဝယ်ပြီးနောက် တလက်စတည်း ပေါင်မုန့်တန်းဘက်သို့ သွားကာ အမြန်စားနိုင်မည့် မုန့် တစ်ဗူးနှင့် ice tea တစ်ဗူးယူလိုက်ပြီးနောက် အပြင်ဘက်သို့ ထွက်လာခဲ့ သည်။ လမ်းမပေါ်မှာတော့ နှင်းများက သည်းထန်စွာကျလျှက်ရှိပြီး မှောင်ပြပြ ဖြစ်နေပါသည်။ ဗိုက်ဆာတာ ဘယ်လိုမှ အောင့်အည်းသည်းခံ မရတော့သဖြင့် ဆိုင်အထွက်က ဆေးလိပ် သောက်သည့်နေရာမှာတင် ၀ယ်လာသည့် ပေါင်မှန့်ဗူးကိုဖွင့်ပြီး ပေါင်မုန့်တစ်ခုကို ice tea နှင့် ဗိုက်ထဲ အမြန်မျောချလိုက် မိပါသည်။ နောက်ထပ်ပေါင်မုန့်တစ်ခုကို ယူလိုက်ရင်း လမ်းဘက်ကို လှမ်းကြည့်လိုက်မိရာ ကျွှန်တော့်ကို စူးစိုက်ကြည့်နေ သည့် မျက်ဝန်းပြာပြာတစ်စုံနှင့် ရင်ဆိုင်လိုက်ရပါသည်။ ခြေစုံရပ်ပြီး စူးစူးစိုက်စိုက်ကို ကြည့်နေပါလေသော မချောလေး တစ်ယောက်။ ငါဗိုက်ဆာဆာနဲ့ ပေါင်မုန့် ကို ပလုပ်ပလောင်းစားတာကိုများစိုက်ကြည့်နေတာလားဟု တွေးလိုက်မိပြီး အရှက်တရားက ငယ်ထိပ်ကိုတက်ဆောင့်သွား၏။ သေသေချာချာပြန်ကြည့်လိုက်တော့ ကောင်မလေးမျက်နှာမှာ လှောင် ပြောင်သရော်ဟန်မတွေ့ရ။ တော်ပါသေးရဲ့ လို့တွေးလိုက်မိပြီး ကျန်တဲ့ပေါင်မှန့်တစ်ခုကိုစိမ်ပြေနပြေ၀ါးရင်း ကောင်မလေးကို နောက်တစ်ခေါက် အကဲခပ်လိုက်မိသည်။

နှင်းမှုန်မှုန်ကြားက ပန်းချီကားလေးတစ်ချပ်ပါလားဟု တွေးမိပြီး ပြုံးလိုက်မိပါသည်။ ၀တ်ထားတာကတော့ ရုရှရဲ့ နာမည်ကြီးတံဆိပ်ဖြစ်သော addidas ကိုယ်ကျပ်ဂျာကင်နှင့် ဂျင်းဘောင်းဘီအပြာနုနု။ လည်ပင်းမှာ သိုးမွေးတဘက်အဖြူ ရောင်သေးသေးလေးပတ်လို့။ဖြူနုနုလက်ကလေးနှစ်ဘက်ကို ရှေ့မှာစုပြီးကိုင်ထားပုံက တခုခုကိုတောင်းဆိုနေသလိုလို။ ကျောလယ် မရှိတရှိ ရွှေရောင်ဆံနွယ်တွေက ခေါင်းပေါ်မှာဘာမှဆောင်းမထားလို့ နှင်းမှုန်လေးတွေသီးပြီး ဟိုဘက်ဒီဘက် ခေါင်းလှည့်လိုက်တိုင်း ဖွာကနဲ ဖွာကနဲ။ မျက်နှာလေးက လေးထောင့်မကျတကျနှင့် နှုတ်ခမ်းထူထူလေးတွေက ဘာမှဆိုးမ ထားဘဲနဲ့ကို နီရဲနေသည်။ သူတို့လူမျိုးက ယောက်ျားလေးရော မိန်းကလေးပါ နှုတ်ခမ်းရဲကြသော လူမျိုးမို့ မဆန်းလှသော် လည်း သူမ၏မျက်နှာလေးနှင့်တော့ လိုက်ဖက်လွန်းလှပါသည်။ နှုတ်ခမ်းလေးတွေမပွင့်တပွင့်နှင့် တစ်ခုခုကို ငံ့လင့်နေဟန် ရှိသည်။ ဒီလောက်လှတဲ့ ကောင်မလေးက ကျွှန်တော့်ကို ဘာ့ကြောင့် ဒီလောက်စိုက်ကြည့်နေပါလိမ့်လို့တွေးရင်း ပေါင်မုန့် နှင့် ice tea ကိုလက်စသတ်လိုက်ပြီး ကျောပိုးအိတ်ကိုကောက်လွယ်လိုက်သည်။ ကောင်မလေးမျက်နှာလက်ခနဲဖြစ်သွား သည်ကိုတွေ့လိုက်ရသည်။အင်း တစ်ခုခုတော့ တစ်ခုခုပဲဟုတွေးမိရင်း စထွက်ရန်ခြေလှမ်းပြင်လိုက်သည်နှင့် ... " ဒီမှာရှင့် ဒီမှာ တဆိတ်လောက်…."
…..ဆက်ရန်….
ကိုဥာဏ်(စက်မှု)

Read More...

ဗော့ဒ်ကာ တစ်လုံးနှင့် အတူ သကြန်ကျခြင်း

( သူငယ်ချင်း နေလွမ်းသူ အတွက် လက်ဆောင် အဖြစ် ကလောင်ဝင်သွေး ထားပါသည်….သည်းခံဖတ်ရှုကြပါကုန်..)
“ ဂျပန်မှာ ဆာကေး၊ ပြင်သစ်မှာ ၀ိုင်၊ စကော့တလန်မှာ ၀ီစကီ၊ ရုရှမှာ ဗော့ဒ်ကာ၊ မြန်မာမှာ ဘီအီး ” ဟု ဒရင့်ကာ မောင်မောင်တို့ ပြောကြသည်ကို ကြားဖူးကြပါလိမ့်မည်။ မှန်ပါသည်။ ရုရှသည် ဗော့ဒ်ကာ ဖြင့် နာမည် ကြီးပေ၏။ နာမည် ကြီးသလောက် လည်း ကောင်းလှပါသည်။ ဈေးကလည်း ချိုပါသည်။ ထို့ကြောင့် ရုရှရောက် ကျွှန်တော်လည်း ဗော့ဒ်ကာ ကို မှန်မှန် မှီဝဲ မိပါသည်။ အမှန်ကတော့ ကျွှန်တော်သည် ဒရင့်ကာမန်း မဟုတ်ရပါ။ ပါးပါးလေးသာ သောက်လေ့ ရှိပါသည် ( လင်ဗန်းဖြင့်..)။ ဒီနေ့လည်း ကမ္ဘာကျော် ဗော့ဒ်ကာ တစ်လုံးကို တဖြည်းဖြည်း မြိုရင်း စိတ်ညစ်သမျှ ကို ချရေးနေ မိပါသည်။

စိတ်ညစ်စရာတွေ စရမည် ဆိုလျှင် သကြန်ကို (၈) နှစ် တာ ဝေးခဲ့ရခြင်းက စရမည်ဖြစ်သည်။ သကြန်ဆိုသည်မှာ မြန်မာ လူမျိုးတို့ အတွက် သဘာဝ က ပေးထားသော ဆုလဒ် ဖြစ်ပါသည်။ မြန်မာ မှန်လျှင် ပြည်တွင်းမှာသာ ရှိနေပါက သကြန်ပွဲတော်ကို မဖြစ်မနေ ဆင်နွဲ ကြကုန်၏။ သို့ဆိုလျှင် ကျွှန်တော် တို့က အဘယ့်ကြောင့် သကြန်နှင့် ၈ နှစ်ကျော်ဝေး ခဲ့ရသနည်း။ စစ်အင်ဂျင်နီယာ ဆိုသော ဘ၀ ကို ခုံမင်မိသဖြင့် သဘာဝက ဒဏ်ခတ်ခြင်း ပေတည်း။

၁၉၉၉ ခုနှစ် သကြန်သည် ကျွှန်တော်တို့၏ နောက်ဆုံး သကြန်သာဖြစ်ပါသည်။ ၂၀၀၀ခုနှစ် က စရ်ျ သကြန်ဆိုသည် မှာ တီဗွီ ဖန်သားပြင်ပေါ် မှာသာ ရှိပါတော့သည်။ အပြင်မှာ လူငယ်လူရွုယ်တို့ သကြန်ပျော်ကြ ချိန်ဝယ် ကျွှန်တော်တို့ မှာ ကမ္ဘာကျော် ဂျီသရီးသေနတ်ကို ထမ်းလျှက် လမ်းလျှောက်နေခဲ့ရပါသည်။ သကြန်မလည်ရရ်ျ စိတ်ညစ်ပါသည် ဆိုမှ ဒင်းက ပုခုံးပေါ်မှာ အငြိမ် မနေ။ တဖြည်းဖြည်း လေးလာပါ၏။ ဒီလိုနှင့် ၅ နှစ်ကုန်သွားပြန်တော့ အရာရှိ ဖြစ်ပြီ သကြန်လည်ရတော့မည် ဟု ပျော်မည် ကြံကာရှိသေး ။ ကရင် သူပုန်တို့ ကြီးစိုးရာ သံတောင်ကြီး ဘုရင့်နောင် တပ်မြို့တွင် သင်တန်းတက်ရင်း ကာဘိုင် လွယ်ရင်း သကြန်ကျ ခဲ့ရပြန်ပါ၏။ ဆိုးလိုက်တဲ့ ကံနှယ်။ အော် သင်တန်းတွေပြီးသွားရင်တော့ သကြန်ကျလို့ ပျော်လို့ ရပြီဟု တွေးမိ ကာရှိသေး ။ လာပြန်ပြီ။ လုံခြုံရေး ယူရမည်ဆိုပဲ။ ဒီလိုနှင့်ပဲ ပစ္စတို တစ်လက် ခါးထိုးရင်း သကြန်ကျခဲ့ ရပြန်ပါသည်။

အော် ဆိုးလိုက်တဲ့ ကံနှယ် … အတိတ်က အကုသိုလ် တွေ တော်တော် လုပ်ခဲ့မိသည် ထင်ပါသည်။ ပျော်ရွင်ခြင်း နှင့် အစီး မကပ်လိုက်လေခြင်း။ အခုတော့ ဆာဗီးယားတို့ ပျော်ရာမြေ ရုရှမှာ ရောက်နေပြန်ပါသည်။ မြန်မာ သကြန်ကို မြန်မာ လူမျိုး တစ်ယောက် အနေဖြင့် ဘယ်တော့ မှ ပျော်ရမှာပါလိမ့် ဟုတွေးလိုက်မိတိုင်း စိတ်ထိခိုက်မိပါသည်။ အတိုးတက်ဆုံး ဆိုသော နိုင်ငံ များကို သွားလည်း သကြန်ဆိုတာ ရှိသည် မဟုတ်ပါ။ ထို့ကြောင့် ပြည်ပတွင် ပျော်ရန်တော့ စဉ်းစားရ်ျ မရပါ။ သို့ဆိုလျှင် ကိုယ့်မြေကိုယ့်ရေ မှာဆိုလျှင်ရော။ ပျော်ကြရမည်လား။ မထင်ပါ။ နည်းနည်းလေးမှ မထင်ပါ။ သကြန်မှာ ခွင့် ရသဖြင့် လည်ကြ ပတ်ကြသည် ဆိုသည်မှာ ဦးတို့ ငယ်ငယ်တုန်းကလေ ဖြစ်နေပါပြီ။ သာမန်ရဲဘော်တွေ သာ ခွင့်ပြန်ဖို့ လွယ်သော်လည်း အရာရှိက ရှိတာမှ ၂ ယောက် ၁ ပိုင်း ။ ဒီရှိတာလေး တွေတောင် ရုရှရောက်လို့ရောက်၊ ယူကရိန်းရောက်လို့ ရောက်၊ တရုတ်ရောက်လို့ ရောက် တပ်မှာ လူက ရှိတာမဟုတ်။ ခွင့်ဆိုသည်မှာ ပေးလျှင်တောင် ယူရက်စရာ မရှိ။ ဖြစ်သမျှ ပြသနာ တပ်ရင်းမှုး ခေါင်းပေါ် ပုံချလို့ ဖြစ်တာမဟုတ်။ သကြန်တွင်းဆိုပြီး ရန်သူက သကြန်ကျ နေမှာ မဟုတ်သဖြင့် လုံခြုံရေးဆို တာ ရှိရပြန်ပါသည်။ တခါတလေတော့ လည်း ဘောင်းဘီ အစိမ်းကို ချွှတ်ပြီး ဂျင်း ဘောင်းဘီလေး ၀တ်ချင်၏။ ခါးက ပစ္စတို နေရာမှာ ဘီယာဘူးလေး ထိုးချင်မိ၏။ ရင်ခွင်ထဲက မောင်းပြန်ရိုင်ဖယ် ကို ချစ်သူ လေးနှင့် လဲထားလိုပါ၏။ သို့ပေမယ့် မဖြစ်နိုင်သော၊ ဘယ်သော အခါမှ ပြန်မရနိုင်တော့ သော စိတ်ကူးယဉ် အိပ်မက်တွေ ဖြစ်နေပါ၏။ ပုံပြင်တွေမဟုတ် ဖြစ်ရပ်မှန်တွေ ဖြစ်ပါ၏။ ဒီလို ပျော်စရာ မရှိသော ဘ၀ ရင်ခွင်ကို ၀င်လာချင်နေသော မိန်းကလေးများက ရှိသေး၏။ လွန်စွာရဲရင့် ကြကုန် လေသည်။ သူတို့ အတွက် ဂုဏ်ယူပါသည်။ ဂုဏ်မယူရ်ျလည်း မရပါ။ မဟုတ်လျှင် လူပျိုကြီး လုပ်ရန်သာ ရှိတော့၏။

စာရေးနေရင်းမှ သူငယ်ချင်း တစ်ယောက်က သကြန်သီချင်းခွေ ထဖွင့်ပြန်၏။ ဆိုးလုပါတကား။ ရေပင် အနွေးခံပြီး ချိုးနေရသော ရုရှမြေနှင့် မြန်မာ တူပို့တူပို့ သီချင်းက မလိုက်ဖက်လိုက်လေ။ သို့သော် လုပ်နိုင်တာကလည်း ဒါပဲ ရှိလေသဖြင့် သကြန်သီချင်းကို အမြီးလုပ်ရင်း ဗော့ဒ်ကာနှင့် ကြိုတ်ချရလေသည်။ ပျော်ရွှင်စွာ ကနေကြကုန်သော ယိမ်းသမလေးများကို ကြည့်ရင်း မှ ဗော့ဒ်ကာပင် ပိုပြင်းလာသယောင်ထင်ချေ၏။ အော် ပျော်စရာကောင်းလိုက်တာ ဟု စိတ်ကူးယဉ်ရင်း ဗော့ဒ်ကာ ပုလင်းကား တဖြည်းဖြည်း ပေါ့လာလေပြီ။ လူလည်း တော်တော် လည်လာ၏။ ကနေသော သကြန်မယ်လေး များ၏ ပုံရိပ်များကား နှစ်ထပ်ဖြစ်လာလိုက် ၀ါးသွားလိုက် ရှိနေလေသည်။ အင်း ဒီအချိန်ဆိုလျှင် မြန်မာ ပြည်က ချစ်သူလေးရော ဘာလုပ်နေပြီနည်း ဟု စဉ်းစားမိလိုက်ရင်း ရင်မောမိပါ၏။ ရေပက်ခံရင်း ပျော်နေပြီလား။ သို့မဟုတ် သူငယ်ချင်းများ နှင့် ပျော်ပျော်ရွင်ရွင် မုန့်သွားစားနေပြီလား။ ဘုရားသွား ကျောင်းတက်နှင့် ဥပုသ် သည်မလေး ဖြစ်နေလေသလား ( မထင်ပါ…)။ အော် ဒီလို လူမျိုးကို ချစ်မိလေသော သူလေး အတွက် ချစ်သူနှင့် အတူတူ မလည်ရ ခြင်းအတွက် သနားမိပါသည်။ အတွေးများတွင် စီးမျောနေရင်းမှ ဗော့ဒ်ကာ ကား ပြောင်ချေပြီ။ အိပ်စက်ရင်း သကြန်အိပ်မက်များ မက်လိုက်ပါဦးမည်။ ချစ်သူရေ ခွင့်လွတ်ပါတော့ ဟု မိဘများက ဆဲချင်လာအောင် ကြွေးကြော်ရင်းမှ အိပ်ရာဝင်ခဲ့ရလေသတည်း။ ကိုဥာဏ်(စက်မှု)

Read More...

ကလောင်ရှင်သစ်အား ကြိုဆိုခြင်း

ရသသစ် တစ်မျိုး ပေးစွမ်းနိုင်ဘို့ ကျွန်တော့် သူငယ်ချင်းက အားဖြည့် ကူညီပေးမယ် ကလောင်သွေးမယ် ဆိုတော့ ကျွန်တော် တကယ် အားတက် ဝမ်းသာစွာ ကြိုဆိုလိုက်ပါတယ်။ ပြောရရင်သူနဲ့က ငယ်ငယ်လေးကတည်းက သူငယ်တန်းကနေ ဆယ်တန်းထိ တစ်ကျောင်းထဲ အတူတူ တက်ခဲ့ကြတဲ့ နယ်သား (မြို့ငယ်လေးတစ်မြို့ထဲက)ပါ။

ဝါသနာလည်း တူခဲ့တယ်။ ဓါတ်ခဲကားတွေ ပျက် ဖျက် မော်တာလေးတွေ ဖြုတ်ပြီး တီထွင်မှု လုပ်တယ်ဆိုလို့ ကျန်သူငယ်ချင်းတွေ အလှောင်တောင်ခံခဲ့ရတဲ့ ၂ ယောက်ပါ။ သူက စာစီစာကုန်း 1st နေရာယူထားသလို ။ ကျွန်တော်ကလည်း ကဗျာပြိုင်ပွဲတိုင်းမှာ 1st နေရာမှာ ဗိုလ်မထားခဲ့ပါဘူး(ကြွားတာလားမသိ) ဟဲဟဲ တကယ်ဗျ၊ ဆယ်တန်းအောင်မှပဲ ကျောင်းကွဲသွားတာ ကွဲမှာပေါ့ သူက DSTA တက်(ပိုတော်လို့) အနော်က DSA တက်။ ပြောရဦးမယ် ဒီဘလော့လေးစလုပ်ခါစက အဲဒီက သူအပါအဝင်နယ်သားတွေကို ပြခဲ့တော့ ဖောင့်တွေက ကောင်းကောင်းမပေါ် ပို့စ်တွေလည်း မသပ်မရပ် ဒီလောက်လည်းမရေးဖြစ်ခဲ့တော့ သမန်ကာရှန်ကာပဲ နေခဲ့ ကြတာပါ။ တစ်နေ့ကမှ တရုတ်မှာ၊ တပ်ကပုသိမ်ကြီး ရေးတော့ စစ်သားဘဝသီးသီး မင်း အဲဒီဘလော့ကိုများ သိလားတဲ့...ကဲ မေးလိုက်ပုံက ... သိဘူးလေကွာ မင်းဘလော့ငါတို့စသိတုန်းက စုတ်တိစုတ်ချာ(အခုလည်း မစုတ်ဘူးမဟုတ်ပါဘူး) စာဖတ်သူလည်းမရှိကိုး။ မင်းဒီလောက်ဆက်လုပ်လိမ့်မယ်လို့ကို မထင်ထားတာဟတဲ့။ အခုတော့ဘာပဲဖြစ်ဖြစ် စာဖတ်သူတွေလည်း အာဘော်တစ်မျိုးထဲမဟုတ်အောင် ခံစားနိုင်ကြပါတော့မယ်။ ကျွန်တော့်ရဲ့ ငယ်သူငယ်ချင်း ကြီးတော့လည်း ယူနီဖောင်းအစိမ်းချင်းပါလာတူနေတဲ့ ကိုဥာဏ်(စက်မှု) ကို ဒီနေရာကပဲ စတင်ချပြမိတ်ဆက်ပေးလိုက်ပါတယ်(လူကောင်ကတော့ ၅ ပေ ၁၁ ရှိပါတယ်ခင်ဗျာ)......နေလွမ်းသူ

Read More...

Saturday, June 14, 2008

ဒုတိယဌာနေမှ ပထမဆုံး ရှေ့တန်းမြေသို့ - ၅

အောင်လောင်းရွာ ကြီးကိုရောက်ပြီ။ စာသင်ကျောင်းမှာ ရှေ့တပ်က နေရာချပေးတယ်။ ထင်းတွေကို တပ်စိတ် တစ်စုလိုက် ပုံပြီးသားလုပ်ပေးတော့ ည မှောင်မဲမဲနဲ့ရောက်သွားလည်း တပည့်တွေထမင်းဟင်းကို အလွယ်တကူ ချက်လို့ရကြတယ်။ မနက်မှာ တပ်ခွဲလိုက်က heavy weight ဖြစ်မယ့် ဟာတွေကို ထားပြီး တကယ် လိုအပ်မယ့်ပစ္စည်းတွေ အရင်သယ်ပြီး ဆက်တက်ဖို့ ပြောတယ်။ အောင်လောင်းရွာကြီးက လီရှောလူမျိုးတွေပါ။ အားလုံးက ဗမာစကားရတယ်။ စစ်ကြောင်း-၁ နဲ့ တစ်စုကဒီမှာကျန်ခဲ့ပြီး ရှေ့တပ်နဲ့ချိန်းပါတယ်။ စစ်ကြောင်း-၂မှူးဦးစီး တပ်ခွဲ(၄)ခွဲကဆက်တက်ခဲ့ရပါတယ်။ပါချီး စခန်းကုန်းတွေဘက်ဆီကိုပါ။

ပါချီး ဆိုတဲ့ အသံကြားရင် ဗိုလ်လောင်း ဘဝက ဗိုလ်မှူးကြီးအောင်မျိုးမင်း(အခုပညာရေးဒုဝန်ကြီး) ကိုသွား သတိရမိတယ်။ အဲဒီတုန်းက ဘွဲ့နှင်းဟော ထဲ ထည့်ပြီး ပြောတယ် တစ်ကျောင်းလုံးကို မင်းတို့တွေ ကိုယ်လုပ်ရတာတွေကို စိတ်ပါလက်ပါ လုပ်ကြ အခု တပ်က စခန်းကြီးတစ်ခုဖြစ်တဲ့ ပါချီး စခန်းကျသွားပြီ။ မင်းတို့ သေချာလုပ်ကြ။ ပါချီး ပါချီး ဆိုတဲ့အသံ အခုတော့ အဲဒီ စခန်းကိုရောက် စခန်းထိုင်ရပါတော့မယ်ဗျာ။

ရွာကနေ တစ်မိုင်လောက် လွန်တာနဲ့ ပျဉ်းကတိုးပင်ကြီးတွေ တစ်ခြားသစ်ပင်ကြီးတွေ ထူထပ်ပြီး တောင် စတက် ရပါပြီ။ လေးလိုက်တဲ့ ကျောပိုးအိတ် သေနက်။ တပည့်တွေဆို နင့်နေကြတာပဲ။ ခွဲရုံးမှာ များလိုက်တဲ့ ဝိတ်တွေ နောက်တော့ထမင်းအိုး ဒန်အိုးခြင်းထမ်းတဲ့ တပည့်ဆီက MA-2 ဆွဲယူလိုက်တော့ ကိုယ့်ဆီမှာ သေနက်က ၂ လက်ဖြစ်သွားပြီ။ စခန်းကလည်း အစဉ်အလာရှိထားလေတော့ သယ်ရတဲ့ လက်နက်ကြီးနဲ့ ဗုံးသီးကတော်တော် တာသွားတယ်လေ။ လမ်းကြောင်းကတော့ အေးဆေး clear မို့လို့တော်သေးတယ်။ ရန်သူကိုစိတ်ပူစရာသိပ် မရှိဘူး စိတ်က ၆၀ မမ ဗုံးသီး ၂ လုံးသယ်လာတဲ့ ကျောပိုးအိပ်ဆီပဲရောက်နေတယ်။ ရှေ့နောက်ကစစ်သည် အားလုံးလည်း ဘာသံမှကို မထွက်နိုင်ကြတော့ဘူး။ ဆရာကြီးတစ်ယောက်ဆို အမောဆို့လို့ နှာနှပ်နေရတယ်။ တောင်ကျစမ်းရေလေးတွေက တောင်ကြိုတောင်ကြားကုန်းကို တက်နေလည်း ရှိနေလို့။ ရေလေးဆွတ်လိုက် ရေလေးသောက်လိုက်နဲ့ ဒီလောက်မောနေတာကို ဆေးလိပ်သောက်ရမှ အမောပြေတဲ့သူကရှိသေး။

တက်လာတက်လာ လိုက်တာ စခန်းနားရောက်မှ ရွာလိုက်တဲ့မိုးဗျာ။ လေးကလေး မောကလည်းမော မိုးရေက ရွှဲရွှဲ ခြေထောက်တွေ ကုပ်အားကို မရှိတော့ဘူး။ ဒီဒုက္ခကို အကြောက်ဆုံးပဲ။ အဖွဲ့တွေလည်း တက်ရင်းတက်ရင်း ပြက်ပြက်ကျန်ခဲ့တယ် မိုးရွာထဲမှာထိုင်နားတဲ့သူကနားပေါ့။ ကျွန်တော်လည်း ကိုယ့်ဟာကိုအားတင်းပြီး ပါချီး ပင်မကုန်းစခန်းပေါ် တက်လာခဲ့တယ်။ ရှေ့တပ်က အဖွဲ့တွေကနေရာ လိုက်ချပေးတယ်။ ဓမ္မာရုံထဲမှာပါ။ သေချာ ကြည့်မိတယ် ပူဇော်ထားတဲ့ ကြေးသွန်းဘုရားကိုယ်တော်။ ထိုင်းစာတွေနဲ့ ရေးထားတယ်။ ရှေးဟောင်း ကြေးသွန်း တစ်ဆူဖြစ်ပါတယ်။ အဖွဲ့တွေလည်း တဖွဲဖွဲနဲ့ ရောက်လာကြ တက်လာကြတုန်းပဲ ညနေ ၆ နာရီခွဲကျော်တဲ့အထိ လူမစုံသေးဘူး။ အရင်ရောက်တဲ့ သူတွေက သွားပြန်ကြိုမှပဲ လူစုံရောက်တော့တယ်။ ဒုရင်းမှူးက တပ်ရင်းမှူးဆီ စုံကြောင်း လှမ်းပြောပါဆိုတာနဲ့ အောင်လောင်းရွာ အမြောက်ကုန်း မှာကျန်ခဲ့တဲ့ စစ်ကြောင်း-၁ ကို Icom (လမ်းလျှောက်စကားပြောစက်)နဲ့ပဲ သတင်းပို့လိုက်တယ်။ ဟိုဘက်က ထိုင်းစခန်းမှာ လျှပ်စစ်မီးတွေမြင်ရတော့ စိတ်ထဲမှာတော့။ ဖုန်း ဧရိယာမိတာနဲ့ ဖုန်းဖွင့်ပြီး တာချီလိတ်က ညီငယ်တစ်ယောက်ဆီ ဖုန်းခေါ်ပြီး အိမ်ကိုထပ် ဆက်ခိုင်းလိုက်တယ်...ဖုန်း က သိတဲ့အတိုင်းပဲ ထိုင်းဖုန်းကဒ်(12call)ပါ။ ကဲညတော့ စောစောအိပ်မှ ဒီနေ့ တော်တော်အီစိမ့်သွားတာ။ မနက်ဖြန် စောစောထရမယ် စခန်းချိန်းဖို့ သိချင်တာတွေ ရှေ့တပ်ကနေ မေးရ မြန်းရ စပ်စု ရဦးမှာပဲ.. .............................။ နေလွမ်းသူ

Read More...

Thursday, June 12, 2008

ဝေဒနာအပိုင်းအစလေးများ-၆

ပန်းတင်တောင်စခန်း။
ညီလေး ဆီနီဂေါ(47th)နဲ့ ၄ ယောက် ရန်သူ့ဆွဲမိုင်းနဲ့ မရှုမလှ ကျခဲ့ရတဲ့ ၂၀၀၄ ဒီဇင်ဘာ-၂၃ အပြီး ၂ ပါတ် အကြာမှာ အဲဒီစခန်းကို ရွှေ့ပါဆိုတာနဲ့ နန္ဒအောင်တို့ ရောက်ရပြန်တယ်။ ကပ္ပါယ်စခန်း အထက် ၆ ထပ်ကွေ့ အလွန်က လမ်းဘေးကုန်း စခန်းတစ်ခုပေါ့။ အရင်က တပခ တပ်တွေ လမ်းကင်းယူတဲ့အခါလောက်ပဲ လာထိုင် နေရာယူကြတာ။ အခုစွန့်ထားတာကြာပေါ့။ စီနီယာတပ်ခွဲဖြစ်တဲ့ ကိုတိုးကြီး "ဗကမြင့်ကျော်တိုး” တို့က နောက်က ကုန်းမှာ ကျန်ခဲ့တော့ စစ်ကြောင်း-၂ မှူး အဖွဲ့တွေနဲ့ မိမိတပ်ခွဲပေါ့။

ရောက်တာနဲ့ ညီလေး တပည့်တွေကို သေချာရှင်ခိုင်း နေရာကုန်ရှင်းတာကို မင်းလိုက်ကြည့် ပြီးမှကျန်တဲ့သူနေရာချပေးကွာ...ဆိုတာနဲ့ BE ဒုတပ်ကြပ် (ဒါက တပ်မတော်အင်ဂျင်နီယာတပ်ခွဲကနေ မိုင်းအတွက်တွဲဖက်ပေးထားတဲ့ စစ်သည်ပါ စစ်လက်ရုံးကွဲပေမယ့် ဒီရှေ့တန်းမှာတော့ သူလည်းကိုယ့်တပ်လူဖြစ်နေတာပေါ့။)ရယ်စိတ်ချရတဲ့ဆရာကြီးအချို့နဲ့ဆရာတစ်ချို့ကိုခေါ်သေချာ မှာလိုက်တယ်။ ကိုယ်စီ မိုင်းရှာကိရိယာလေးတွေနဲ့ ပေါ့။ မထူးပါဘူး ကိုယ်ပါလိုက်ကြည့်ကြပ်ရမယ့် အတူတူ တပည့်တစ်ယောက် ဆီက ဆွဲယူပြီး အတူတူတက်လာခဲ့တယ်။

မိုင်းရှာကိရိယာ ဆိုလို့ BE တာဝန်ကတော့ သူ့ စက်ကြီးပါတာပဲရှိတာ ဘတ္ထရီမရှိတော့ ဘယ်မိုင်းကိုသူက အသံ ပေးအော်မြည်နိုင်တော့မလဲ။ ဒီတော့ အထက်မှာပြောခဲ့တဲ့ကိရိယာနဲ့ပဲပေါ့။ ခက်ရင်းခွပုံသံချွန်စူး ဘေးမှာအဲဒီလို အချွန်လေးတွေကို ကောက်ဆွပုံထပ်ကော်ထားပြီး ၅-ပေ၊၆-ပေလောက် ဝါးလုံးသေးမာမာမှာတပ်ထားတာပါ။ မြေသားခပ်ပွပွနဲ့ မူလအနေထားပျက်ယွင်းနေတယ်လို့ သံသယရှိတဲ့ မြေပြင်ကို ၄၅ံ ရှပ်ထိုးပြီးရင် ချိတ်ကောက် လေးတွေနဲ့နောက်ပြန်ဆွဲယူကြည့်ပေါ့။ သဘောကတော့ မိုင်းကြိုးဝါယာစမြေထဲမှာရှိနေခဲ့ရင်ငြိပြီးပါလာအောင် လို့ပါ။ မိုင်းရှာစက် ဆိုလို့ သူက မိုင်းတွေရဲ့ သတ္ထုကိုယ်ထည်အပူကိုစမ်းပြီး အသံမြည်အချက်ပြစနစ်နဲ့ပါ။ သို့ပေမယ့်က ဒီကရင်ပြည်နယ်တစ်လွှားက ပုလင်းတို့ ဝါးဆစ်ဗူးတို့ကို ယမ်းထည့် တစ်ဖက်က ဓါတ်ခဲအိမ်နဲ့ ဆက်သွယ်လို့ လူနင်းမယ့်နေရာမှာ လျှပ်စီးကြိုးစ အဖိုအမသံပြားလေး ၂ ခုကိုဟပေးပြီး နင်းတာနဲ့ အစပြား ၂ခု ထိမိပြီး ပေါက်ကွဲအောင်လုပ်ထားတာပါ။ ဒီလိုလက်ဖြစ် ဒေသန္တရမိုင်းကို ခေတ်မီ သတ္ထုကိုယ်ထည် မိုင်းရှာ ကိရိယာရဲ့ sensor က ဘယ်လိုလုပ်ပြီး အတိအကျဖော်ပြပါတော့မလဲနော်။

စခန်း တစ်ခုလုံး clear ပါလို့သတင်းပို့ပြီးတာနဲ့နေရာချကြပေါ့။ တစ်ဖက်မှာထိစပ်နေတဲ့ တောင်ကုန်းထိပ်ပိုင်း ကနေရေစီးတစ်ခုကို ဝါးပိုးဝါးထွင်းရေသရောက်ထိုးခံထားတော့ စခန်းထဲမှာပဲ ရေကအဆက်မပျက် ၂၄ နာရီ။ စခန်းဝန်းကျင်မှာ မြောက်ဥပင်တွေပေါတော့ နေ့လည်စာထမင်းက မျောက်ဥဟင်းလှိုင်လှိုင်နဲ့ ကုလားပဲပိုးထိုး နဲနဲ ငှက်ပျောဖူးဖက်လေးတွေလှီးထည့်ထားတဲ့ဟင်းချိုလေးရယ်၊ ငြုပ်သီးခြောက်မှိုနဲ့သင်းလှော်လေးနဲ့ အိုး အလွန်မြိန်ကြသဗျာ။ မျောက်ဥ ဆိုတာမြေကြီးထဲကို ၃-၄ ပေတူးရတဲ့ အရောင်ကအာလူးသီးနဲ့ဆင်တယ် မာကျောမှုလဲအတူတူပဲ အရသာကပိန်းဥပြုတ်နဲ့ တူတယ်ဗျာ။ ဒါဆိုစာဖတ်သူ မြင်ယောင်ပြီနော်။ တပည့်တွေက လျှိုထဲဆင်းပြီး ငှက်ပျေဖူးခိုင်တွေခုပ်လာကြ အတွင်းသားနုနုကိုပါးပါးလှီးပြီး ဝါးဆစ်ဗူးပိတ်မှာ အချဉ်သိပ်တာ။ နောက်ရက်ဆို စားလို့ရပြီ ချက်စရာမလိုဘူးဒီတိုင်းထုတ်စားရုံပဲ။ ဝါးတွေခုပ် စည်းရိုးတွေထပ်ပြင်။ တစ်ချို့ကို သေနက်တိုက်ခိုင်းရတယ်။ နှင်းငွေ့ရေငွေ့ မြေငွေ့တွေထိပြီး ပြောင်းဝမှာ ယမ်းချေး(ဂျီး)တက်ပြီလေ။ စားလို့ ကောင်းကောင်းနဲ့ ညကျအိပ်တာပေါ့။ အိုး အေးလိုက်တာများ ခိုက်ခိုက်ကိုတုန်လို့ စိမ့်ပြီးတက်လာတာ။ တဲထဲကို ဝင်တဲ့လေပေါက်မှန်သမျှ ဝါးဖတ်ပြားတွေနဲ့ကာ မိုးကာစနဲ့ပိတ်ပြီးအိပ်တာကို မရပါဘူးဗျာ...အင်း ငါတောင် တဲထဲမှာ ဒီလောက်အေးနေတာ အပြင်ကကင်းသမားတွေ... ထွက်ပြီးလိုက်ကြည့်တယ် မြေခင်းလေးချခင်းပြီး စောင်စိမ်းအနွမ်းလေးတွေ သီးသီးခြုံလို့ လက်ထဲကသေနက်တွေဆို အေးခဲနေတာပါပဲလား............... နေလွမ်းသူ

Read More...

ကျွန်တော့်ရင်ထဲက ပေါက်ကွဲထွက်ပေါ်လာသော

စာဖတ်သူတွေ သိချင်တာလေးတွေ မေးလ်ပို့ပြီး မေးလာတာလေးတွေ များလာလို့ ဒီပို့စ်လေးကို ရေးလိုက်တာပါ။ ပထမဆုံး ပြောပြချင်တာက ပို့စ်ခေါင်းစဉ်နဲ့ အမှတ်စဉ် ခွဲထားတာလေးတွေ။ ဟုတ်ပြီ။ ဝေဒနာအပိုင်းအစလေးများ က ပထမဆုံး ဝေဒနာတစ်ပိုင်းတစ်စများ နဲ့စခဲ့တာပါ။ အဲဒါကနေ ၂-၃ -၄ တပ်လာလိုက်တာ အခုဟာက ၆ ထိရှိ လာခဲ့တာပါ။ ခေါင်းစဉ်ကွဲသလို နေရာဒေသလည်း တစ်ခြားစီပါခင်ဗျာ။ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ကိုအစွဲပြု ကျောက်ကြီးဂွင်လို့ ခေါ်တွင်ပြီး သံဘိုရွာ အရှေ့ဘက်စူးစူးကို ဆက်ထွက်လို့ ဂရစ်ကွက်ပေါင်း ၂၀ မကကျော်မှာ နယ်ခြားတောင်ဆိုတာခြားလို့ ကရင်ပြည်နယ် ဖြစ်သွားပြန်ပါတယ်။

ဘော်စဲခိုဒေသဆိုတာက ရှေ့တန်းတပ်မ ဌာနပ်ချုပ်စခန်းကြီးဖြစ်ပြီး အရှေ့ဘက်တိုးတိုးသွားလိုက်ရင် ထီးထ၊စောထ မြန်မာ-ထိုင်းနယ်စပ်ကိုပေါက်သွား ပြန်ပါတယ်။ အဲဒီခေါင်းစဉ်နဲ့ဆက်စပ်ပြီး ရေးတော့ အဲဒီတုန်းက ကျွန်တော်က တပ်မ(၃၃)လက်အောက်ခံ တပ် တစ်တပ်ဖြစ်တဲ့ မန္တလေး ၊ပုသိမ်ကြီးမြို့အရှေ့ဘက် ဆည်တော်ကြီးရေမြောင်းဘေးက တပ်-၃ တပ်ရှိတဲ့အထဲက အလယ်ကျကျတပ်ကပါ ခင်ဗျာ။ ပြောရဦးမယ်။ ဝေလည်းမွှေးကြွေလည်းမွှေးက ဒီတပ်-၃ တပ်မှာပတ်ပြီးရိုက်ခဲ့ တာပါဗျာ။ ကြုံရင်တော့ ဒီအကြောင်းလေးတွေထပ်ရေးပါဦးမယ်။ အပါစဉ်လည်းမေးကြတယ်ဆိုတော့ မထူးပါဘူး ပြောလိုက်ပါ့မယ် အနော်က စစ်တက္ကသိုလ်(၄၅)ကပါခင်ဗျာ။

အခု ဒုတိယဌာနေမှ ပထမဆုံးရှေ့တန်းမြေ ဆိုတာက နံပါတ်-၄ ထိရောက်လာပြီ ဟုတ်ကဲ့သူက ခေါင်းစဉ် ကို သေချာကြည့်လိုက်ရင် ဒုတိယဌာနေ ဆိုတာတွေ့ရမယ်။ ဒါ ကျွန်တော် တစ်ယောက် ကျောက်ကြီးဂွင်ရဲ့ ကရင်ပြည်နယ်ရှေ့တန်း ဆိုတာကြီးကို တပ်မ-၃၃ နဲ့အတူလိုက်ပါပြီး စစ်ဆင်ရေးကာလပြီး နောက်တပ်မတစ်ခု ချိန်းလို့ ပြန်နား ရည်းစားလေးနဲ့တောင် မတွေ့ရသေးဘူး သံလွင်မြစ်အရှေ့ဘက်က ရှမ်းပြည်နယ်အရှေ့ပိုင်း တြိဂံဒေသတိုင်းစစ်ဌာနချုပ်(ကျိုင်းတုံမြို့)လက်အောက်ခံ မိုင်းခတ်မြို့လေးက ခလရ-၂၂၇ ကိုပြောင်းရွှေ့မိန့် ကျပြီး ရောက်သွားတဲ့ ဒေသ..therefore ဒုတိယဌာနေ လို့အမည်ပေးလိုက်ပြီး အဲဒီတပ်နဲ့ပဲ နယ်စပ်စခန်း နယ်ခြားစခန်းများရှိရာ ရှေ့တန်းဆိုတာ ထပ်ပါလာခဲ့ရလို့ အဲဒီဒေသရောက်တဲ့ ပထမဆုံး ရှေ့တန်းမြေလို့ မှည့်တွင်စေလိုက်တာပါ။ ဒုတိယရှေ့တန်းမြေ က မကြာမီလာမည် မျှော်ပေါ့ဗျာ။ ဗိုလ်အဆင့်နဲ့ပဲပြောင်းရွှေ့ခဲ့ ရတာပါ။ အတွင်းရေးတွေပြောရရင် ၁၉၉၉ ခုနှစ် မတ်လ-၁၅ ရက်နေ့မှာ ချစ်သူဖြစ်ခဲ့ရတဲ့ အချစ်ဦး ရည်းစားဦး ကောင်မလေးနဲ့ အဲဒီပြောင်းခဲ့ရတဲ့ နှစ် ၂၀၀၆ ခုနှစ် မတ်လ ကုန်မှာ ပြက်စဲခဲ့ရသလို စစ်သည်အဆင့်အားလုံး အရာရှိအားလုံး မန္တလေးရဲ့အထင်ကရနေရာများ ထိုင်နေကျ လက္ဘက်ရည်ဆိုင် ဘီယာဆိုင်(ပိုက်ဆံရှိမှပါ)များ အားလုံးကို တိကနဲ သံယောဇဉ်ဖြတ်ပြီး ဒုတိယဌာနေဆိုတာကို ရင်နာနာနဲ့ရောက်ခဲ့ပြီး ဒီပို့စ်လေးတွေ ပေါက်ကွဲ ထွက်ပေါ်လာရင်ခြင်းပါခင်ဗျာ။

ဒုတိယဌာနေ ရှမ်းတို့မြေမှာ တစ်နှစ် တာဝန်ထမ်းဆောင်လို့နေသားကျမယ်လို့ Captain တင်ပြီး အပွင့်တောင် အသစ်မဝယ်နိုင်သေးဘူး နန္ဒအောင် တဖြစ်လဲ ကျွန်တော်အမေ့သား မောင်နေလွမ်းသူတစ်ယောက် နောက် တတိယဌာနေကို ထပ်မံပြောင်းရွှေ့သွားရပြန်ပြီလေ။ မြန်မာပြည်အလယ်ပိုင်းကနေ အရှေ့ဘက်စူးစူး ကိုထွက် ညာရစ်ပတ်ပြီး မြေပြန့်ကို ဆင်းသွားရပြန်တာပါ။ ကျွန်တော့်ကို ရှမ်းမ လှလှလေးတွေနဲ့ ရေစက်မဆုံစေချင်တဲ့ ကံကြမ္မာကိုပဲ ရိုးမယ်ဖွဲ့လိုက်ကြတာပေါ့ နော..... အိမ်ကိုပြန်တော့ အမေက ငါ့သားလေး အရွယ်နဲ့မမျှ စိတ် ဖိစီးပင်ပန်းနေပြီလားကွယ်...တဲ့....အမေရယ် သားထက်ဆိုးတဲ့သူတွေ တစ်ပုံကြီးပါ။ စစ်တပ်ထဲမှာမှ မဟုတ် ပါဘူး။ အရပ်သားဝန်ထမ်းလောကသားတွေ စီးပွားရှာ ပညာရှာထွက် ကမ္ဘာပတ်နေတဲ့သူတွေရှိသေးတယ်လေ...ဆိုတော့ အမေကလေ...................ထပ်ပြောသေးတယ်............ နေလွမ်းသူ

Read More...