ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Thursday, April 17, 2008

ချောင်းနှစ်ခွစခန်းက ငါးပုစွန်ဟင်းလေးများ

လမ်းကြောင်းပေါ်မှာ စခန်းလေးသေချာကာလို့ အခြေတစ်ကျဖြစ်မယ် မကြံသေးဘူး ခရီးသွားဖို့က ပေါ်လာပါပြီ။ ည(၂၁၃၀)နာရီ ခွဲတစ်ချိန်စက်တက်နေစဉ်မှာ တပ်မ စက်ကြီး(ဆသရစက်)ကနေ အပေါ်တက်ခဲ့ပါဆိုပြီး ဗိုက်ဝါ လ-၉၇ စက်နဲ့ခေါ်သွားပါတယ်။ ကွိကွိကွကွသံတွေကို အာရုံစိုက်နားထောင်ပေမယ့် စက်သမားလောက် နားရည် မရှိတော့လဲ ကန(အဖမ်း)စာအုပ်မှာ သူလိုက်ရေးနေတာတွေကို ဖယောင်းတိုင်မီးအားကိုးနဲ့ လိုက်ဖတ် နေလိုက်ပါတယ်။သေချာတာပေါ့မနက်ဖြန်မနက်(၀၄၀၀)အပြီးထွက်နိုင်အောင်လုပ်ပါ။
ဗျူဟာကုန်း အောက်မှာအသင့်နေပြီးသားခလရ-၄၂ စစ်ကြောင်း-၁ နဲ့ပေါင်းပြီး နဗဟမှူး အမိန့်အတိုင်းဆက်လုပ်ပါ......လို့ပြောလာပါတယ်။ ဗိုလ်မှူးအောင်ဇော်မိုး အမိန့်ဆက် ပေးလာပါတယ် ညီလေး မင်းတပ်ခွဲရော တို့စစ်ကြောင်းအဖွဲ့တွေအားလုံး မနက်(၀၃၃၀) အုန်းသီး စားထားဖို့ပြောပါ မနက်စာအပါဖြစ်မယ်...ဆိုကတည်းကအိပ်ဖို့မစဉ်းစားနဲ့တော့။

ဒီလိုနဲ့မနက် ကောင်းကင်ရောင်ဝိုးတစ်ဝါးအားကိုးနဲ့ထွက်ခဲ့ကြပါတယ်၊ကိုတိုးကြီးရဲ့ ခွဲ-၃ ကအသင့်စောင့်နေပါတယ်။ သူက တွေ့တာနဲ့မေးပါတော့တယ် ဟကောင်ဘာအတွက် တုန်းဟ..ဆိုတော့ ကျွန်တော်က ထီးထ-စောထကိုတစ်ရက် ထဲအရောက်သွားရမှာ လို့ပြောလိုက်ပါတယ်။.....ကောင်းချီးပေးတယ်..သူက၊မနက်မလင်းခင်မူသဲကိုရောက်ကြ ပါတယ်။ မူခီးရွာကိုရှင်းဖို့အတွက်ကို တပ်နှစ်တပ်တစ်ပိုင်းစီပေါင်းပြီးထွက်ခဲ့ကြပါတယ်။-၄၂-ပွိုင့်သွားမယ်ဆိုကတည်းကထုံးစံအတိုင်းသူတို့ကအဓိက လမ်းမကြီးကိုမသုံးတော့ပါဘူး ဘေးဘယ်ညာကနေမြှောင်ပြီးတိုးပါတော့တယ်... ဟိုအပင်နဲ့ညိဒီအပင်နဲ့မလွတ်နဲ့ သွားရတာကိုခရီးကမတွန်ပါဘူး၊ဒီလိုနဲ့ ချောင်း-၂ခွစခန်းဟောင်းနေရာမှာခနတာ စခန်းချကြပါတယ်။အဖွဲ့တွေအကြိုက်တွေ့သွားပါတယ်၊ချောင်းရေစပ်စပ်ကျောက်တုန်း အကြိုအကြားမှာ ဖားငါး ဂဏန်းနှိုက်ကြပါတော့တယ်၊အသားငါးမစားရတာလည်း တော်တော်ကြာခဲ့ပြီလေ၊မြောက်ဥနဲ့ ကောက်ကောက်ညွှန့် ကုလားပဲအရေကျဲဟင်းပဲ နေ့တိုင်းလိုလိုစားနေရတာကိုး။တပ်မကချပေးတဲ့ မြေပုံညွှန်းအတိုင်း(၂)ရက်လောက် ဆက်တိုက်ရှင်းကြပါတယ်။


မူခီးထိရောက်အောင်တိုးဖို့ကိုတော့ ဗျူဟာမှူးလည်းတော်တော်စဉ်းစားပါတယ်။ သွား ရင်တိုးရင်တော့အဲဒီမှာ ရှိမှာသေချာတယ်..အေး အကျိုးအမြတ်ကိုတွက်ရမယ်ကွ၊ အေး မိုင်းကာမထားဘူးလို့မပြောနိုင် သလို တပ်မချိန်းခါနီးမှ ကိုယ့်လူတွေကိုဘာမှ မထိစေချင်ဘူး....လို့ပြောလာပါတယ်။ အင်တာသတင်းအရ တပ်မချိန်းခါနီး ကားတွေ သုံးတော့မယ့်အချိန်နဲ့ကိုက်ပြီး ကားမိုင်းခဲယမ်းအစုံနဲ့ တစ်ဖွဲ့ မူခီးရွာမှာ ခိုနေကြောင်းနဲ့ အင်အား(၆)ဦး ရှိကြောင်းချပြလာတာဖြစ်ပါတယ်...ဘာပဲဖြစ်ဖြစ် နန္ဒအောင်တို့ အားလုံးကတော့ဒီချောင်း-၂ ခွမှာနေရတာတော်တော်ကို ဟုတ်နေပါတယ်၊ ငါးပုစွန် လေးစားနေရတာမို့ပါ။မနက်စောစောခွဲ-၃ ကတစ်ယောက်လိုက်မှာနေတာသိရပါတယ် မနေ့ညက အရှေ့ဘက် နားက ချောင်းကွေ့နေရာလောက်မှာ မီးရောင်လိုလိုတွေ့ကြောင်းနဲ့ ခွေးအီသံပါကြားကြောင်း ဘယ်သူမှအဲဒီ ဘက်ကိုမသွားဖို့ ကိုတိုးကြီးက လိုက်ပြော ခိုင်းနေတာပါ...



အဲဒီနေ့က ဗျူဟာဆေးမှူး ကိုကျော်ဇင်လက်(5th or 6th တစ်ခုခုကပါ) ပေးတဲ့ငငြုပ်သီးမှုန့် ကောင်းကောင်းနဲ့ ငါးသလဲထိုးရေပြန်ချက်တာနဲ့ သူ့ကိုပါခေါ်ပြီး ၄၇ ကညီလေး ၃ ယောက်နဲ့ ထမင်းအတူစုစားကြပါတယ်။တော်တော်လေးစားလို့ ကောင်းပါတယ်၊ငတ်နေလို့ဖြစ်မယ် သူကပြောလာပါတယ်..အေးကွာငါ့ဆေးအဖွဲ့ကို အပြစ်ပြောတာတော့ဟုတ်ဘူးဟ ငါးကို ကောင်းကောင်း မရှာတတ်တာပဲလား၊ ငါးကလည်တာလား မသိဘူး ဂဏန်းလုံး ပေါက်စလေးတွေပဲရရနေတယ်ဟ...တဲ့ ဘာပဲဖြစ်ဖြစ် အဲဒီနေ့ကငါးဟင်းလေး တော်တော်ကောင်းပါတယ်....ထမင်းစားပြီး ဆေးမှူးအစ်ကိုကြီးနဲ့ ကျည်လွတ်မြေက အကြောင်းလေးတွေ၊ဆေးပညာဗဟုသုတလေးတွေပြော နေဖြစ်ပါတယ်..မကြာပါဘူး အုံး ကနဲပေါက်ကွဲသံစကြားလိုက်ရပါတယ်၊တစ်ဖက်ချောင်းစွယ်ဘက်ကပါ၊အော်သံ စူးစူးပါကပ်ပါလာပါတယ်၊ ကိုတိုးကြီးအဖွဲ့တွေထဲက တစ်ယောက်ယောက်တော့မိုင်းနင်းပြီလို့ အတတ်သိလိုက် ပါတယ်။


လာညီလေး ဗျူဟာဘက်ကိုသွားမယ် ကိုယ့်အလှည့်ကျပြီဆိုတာတော့သေချာတယ်ကွ ...ဆိုပြီးထွက် လာလို့မကြာပါဘူး၊ခွဲ-၃ ကလူတွေ ထိတဲ့တစ်ယောက်ကို သယ်လာကြပါတယ်၊ ညာဘက်မျက်ခုံးစပ်ကပါသွေးက အဆက်မပြက်ထွက်နေတာ့လူကို သေချာခွဲလို့မရပါဘူး၊ လူ-လက်နက်စုံကြောင်းအသီးသီး ၆၅ လုပ်ခိုင်းလိုက်ကြ ပါတယ်၊အော်ဟစ်ငြီးငြူနေတဲ့သူက ဗျူဟာက BEတပ်သားကျော်သူရဖြစ်နေတာကို တွေ့လိုက်ရပါတော့တယ်။ ဆရာကတော့ တောက်တစ်ခေါက်ခေါက်နဲ့ပါ...ခွီးကွာ ခမရ(xx)-ခွဲ-၃ ကသေချာပြောထား မှာထားရဲ့ သားနဲ့ကွာ အဲဒီ ဘက်ကိုချော်တောငေါ့ဖြစ်အောင်ငေါ့လိုက်ကြသေးတယ်၊ အခုမိုင်းထိမယ့် ထိတော့..အဟင် ငါ့ဗျူဟာ mine cover မောင်ဘီအီးမှလာဖြစ်ရတယ်လို့ကွာ.....တဲ့။


ကျွန်တော့အစ်ကိုကြီးခမျာ surgical plate မပါဘဲဖြတ်တာတောက်တာလုပ်ရတာဒါ ပထမဦးဆုံးဖြစ်လို့ ခနတာ စဉ်းစားနေတုန်း နန္ဒအောင်တို့ဆီက ဆရာကြီးစိုးမြင့်သန်း က ဗိုလ်ကြီးကျွန်တော်ကိုင်မယ်အရင်ကတည်းကလဲ ဒီလိုလုပ်ခဲ့ဖူးတယ် ဘေးကနေကျွန်တော့်ကို ညောင်ကမာပေးပါ ဆိုပြီး ခြေဖါးတစ်ခုလုံးကအသားစ သွေးစတွေ ဖြတ်တောက်ပတ်တီးကိုင် တာတွေလုပ်ကြပါတယ်။ကျွန်တော့်ညီလေးက တဲကိုပြန်ရောက်တော့ အစ်ကိုကြီးအခု ဗျူဟာမှူးတော်တော်တင်းနေတာဗျ တော်ကြာ ဒေါသထွက်ပြီး အခုထွက်မယ် အဲဒီ မူခီးကို ဒိုးမယ်ဆိုမှ ဒုက္ခနော် လို့ကပ်တိုးလေးပြောလာတော့ သွားတော့လည်းလိုက်ရမှာပေါ့ဟ၊ တပ်မချိန်းခါနီးလို့မသွားဘူးဆိုတာမရှိဘူးပူ မနေနဲ့စိတ်ချ၊ပြီးတော့လည်းနားအေး သွားတာပေါ့ကွာ...လို့ အေးငါသိသလောက်တော့ အခု ချောင်းနှစ်ခွမှာ ဒါရောဆို မိုင်းကွဲတာ ၂ ခါရှိပြီ၊ မ-၁၂၀ ကငါ့အပါတ်စဉ်က မျိုးမြင့်အောင် သူ့ခွဲရုံးကရဲဘော်တစ်ယောက် လားလန်စခန်းအောက်နားက ဟို စောပခီး ချောင်းစခန်းကိုလာတာ အလာတုန်းကမဖြစ်ဘူး အပြန်မှ အဲဒီလမ်း ပေါ်မှာပဲနင်းမိတာ ဒီကောင်နင်းပြီးမှ သူ့တပည့်အလှည့်မှာ ကွဲတာ.. အရင်တုန်းကတော့ အရမ်းအေးဆေး နားအေးတဲ့ ချောင်းနှစ်ခွ- တုန်းတံတား...လို့ ရှေ့တပ်တွေကပြောခဲ့ကြတာပဲ...ရန်သူကလည်း လူပဲကွာ ပုံသေ ဘယ်တွက်လို့ရမလဲ.... ဘာပဲဖြစ်ဖြစ် နောင်တစ်ချိန်ချိန်ငါးလေးဟင်း ပုစွန်လေးဟင်း စားတိုင်းတော့ ဒီချောင်းနှစ်ခွ ကိုသိတိရနေဦးတော့မှာပါ.....လို့
နေလွမ်းသူ

0 comments: