ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Friday, December 14, 2007

မန္တလေးဆေးရုံကြီးပေါ်မှ

အရေးအကြောင်းဆို ဒီဆိုင်ကယ်က ဘီးပေါက်ပြီ ...ပုသိမ်ကြီး တပ် ကိုမြန်မြန်ပြန် လူနာအတွက်လိုတဲ့ မော်ဖိန်း ထိုးဆေး ရဖို့က အရေးကြီးနေပါတယ် ဆိုမှ ဆေးရုံကထွက်လို့ နှစ်ပြလောက်ပဲ ရောက်သေး ပြသနာကစပြီ..တော်သေးတယ် သိပ်မတွန်းလိုက်ရဘူးနီးနီးနားနားဆိုင်တွေ့လို့ ။ဆိုင်ကယ်ပြင်ဆိုင်က ကောင်လေးကို နဲနဲမြန်မြန်လေးလုပ်ပေးဖို့ပြောတုန်းရှိသေးမျက်မှန်းလေးနဲ့ချောချောလေး(၂)ယောက် ဆိုင်ကယ်တွန်းပြီး ရောက်လာတယ်။‘‘မောင်လေး အဲဒီဆိုင်ကယ် ဘာမှမဖြုတ်ရသေးတဲ့အတူတူ အစ်မတို့ဟာကို(ဆိုင်ကယ်) အရင်လုပ်ပေးပါလား‘‘တဲ့ ‘‘ဆေးရုံကိုသွားရမှာ မနေ့ကလည်းနောက်ကျ ဒီနေ့လည်း တအား နောက်ကျ နေလို့ပါ‘‘ တဲ့ ..အမ် ...လာသေးတယ် သူတို့ကပဲ..အဟား….. ဘယ်ရမလဲ ‘‘နန္ဒအောင်” ကွ မှန်လို့ကတော့ တပ်ရင်းမှူး ..သမီး တောင်ပြန်အော်တဲ့ကောင်လေ ..ဟားဟား..‘‘ညီလေး ကိုယ်လည်းအရေးကြီးတာပဲ ပြီးတော့ အရင်ရောက်တာ မင်း လုပ်မှာဆက်လုပ် ‘လို့ပြောလိုက်တော့ မျက်နှာတွေက မကြည်ကြည့်နဲ့ ရှိုးကြတယ်။

‘‘တောက်‘‘ဆိုတဲ့အသံလေးကိကြားဖြစ်အောင်ကြားလိုက်ရပါသေးတယ်.ဒေါသအကြည့်တွေနဲ့လေ.....ထားလိုက်အဲဒါတွေ ....တပ်ကိုရောက်တာနဲ့ အဘ(တပ်ရင်းမှူး)ကို အကြိုးအကြောင်းသေချာရှင်းပြ။သူ့ဆီက အမိန့်ရတာနဲ့ တပ်ရေှးဗိုလ်ကြီးနဲအတူ ဗဟိုကင်း အာမခံ သေတ္တာထဲကဆေးထုတ် (မော်ဖိန်းဆေးဆိုတာက တပ် တိုင်း ဗဟိုကင်း က မီးခံသေတ္တာထဲမှာထားရတာလေ) ယူနီဖောင်း မြန်မြန်ဝတ်(နဲနဲတော့ သ လိုက်သေး) ချက်ချင်း ပြန်ထွက်ခဲ့တယ်လေ။ဖြစ်စဉ်က မော်တော်ယဉ် ဂိုဒေါင်စတိုးခန်း အကန့်လေး မီးလောင်တယ်..မန္တလေး၊ မတ်လ ရဲ့နွေခေါင်ခါင်မှာ မီးလောင်တာလေ စဉ်းစားကြည့်။မော်တော်ယာဉ် အရာခံဗိုလ် ဆရာကြီး အထဲမှာ ဆေးလိပ်သောက်လက်စကို စားပွဲပေါ်တင်ရင်း အိပ်ပျော်သွားခဲ့တာ။ခန္ဒာကိုယ် အပေါ် အရေပြားတွေက သူ့ကို မလိုက်တာနဲ့ကို အရေတွေ လန်လာတယ်....အဓိကပြသနာက သူ့တစ်ယောက်ထဲ မီးကို ကျိတ်ငြှိမ်း နေတဲ့အချိန်မှာ တစ်ခန်းလုံး ပိန်းပိတ်အောင်မွှန်ထူနေတဲ့ မီးခိုးငွေ့တွေကို အဆုတ်အပြည့်ရှူသွင်းထားမိတာက အဓိက ဖြစ်နေခဲ့တယ်...တဲ့..ပါရဂူကြီးပြန်ပြောပြချက်အရပါ..အပြင်ထွက်ဖို့ပြင်နေတဲ့ ‘‘နန္ဒအောင်‘‘ ချက်ချင်းပဲ ဆေးရုံကြီးကို လိုက်ပေးခဲ့ရတာလေ....ဆေးရုံကို ပြန်ရောက်တော့လူနာစကားနဲနဲပြောလာနိုင်တာ တွေ့ရတယ် လက်ကအကြောရှာမရတော့တာမို့ ခြေသလုံးကနေ ရှာဖို့လုပ်ကြတယ်.မော်ဖိန်း ထိုးပေးပြီးမှ လုပ်လို့ရတယ်။

ဆရာဝန်ကြီးက ဗိုလ်ကြီး ခန လိုက်ခဲ့ပေးပါလို့ခေါ်လို့ သူနဲ့ ခန လိုက်သွားရတယ်။ အခန်းထဲ ရောက်တော့ ဆရာကြီးရဲ့အခြေအနေမှန်ကို သေချာ ရှင်းပြတယ်.. အပေါ်ယံအရေပြား တွေ မရှိတော့တဲ့အတွက် မွေးညှင်းပေါက်တွေ ကနေတဆင့် ပြင်ပကနေမမြင်ရတဲ့ site effect တွေ ၀င်သွားခဲ့ရတယ်...နောက်ထပ် ပြသနာက ခန့်မှန်းလို့မရတဲ့ မိနစ်တွေအတွင်း သူဟာ ကာဗွန်ဒိုင် အောက်ဆိုဒ်တွေအမြောက်အများရှူသွင်း ထားမိပြီးဖြစ်ခဲ့တယ်တဲ့....ဒါကို နန္ဒအောင် တို့ စိတ်မရှည် လိုက်ပုံများ ကဲပါ ပါရဂူကြီး ပွင့်ပွင့်လင်းလင်းပြောပါ၊ ကျွန်တော့်ကိုကျွန်တော့်ဆရာကြီးရဲ့အခြေအနေ .လို့ပြောဖြစ်အောင်ပြောလိုက်သေးတယ်...ဆရာဝန်ကြီးက အဲဒါ ဗိုလ်ကြီးလည်းအမြင်ပါ ကျွန်တော့်ဆီက ဒီ ကေ့စ် (case) ကိုတာဝန်ယူနေတဲ့ ဒေါက်တာတွေ သူနာပြုတွေ အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်...တဲ့ ..ကောင်းပါပြီ ကျွန်တော်အခု သူ့နားကိုအခြေအနေသွား ပြန်ကြည့် လိုက်ပါဦးမယ်...ဆိုပြီ..ဆရာကြီး ကုတင်ဘေးကို ပြန်ရောက်လာတော့...ရင်နင့်ဖွယ်ရာ စိတ်မကောင်းဖွယ် မြင်ကွင်းတွေက ဆီးကြိုနေတယ်...ပါးစပ်မှာရော နှာခေါင်းတွေကပါ အောက်စီဂျင်ပိုက်(၃)ချောင်းအပြိုင်ထည့် ပေးထားတာကိုပဲ ဆရာကြီးတင်ထွန်းရဲ့အဆုပ် လှုပ်ရှားမှုက အား မရ စရာပဲလေ...ထုံးစံအတိုင်း လက်ထဲက Icom (လမ်းလျှောက်စကားပြောစက်) ကို မန္တလေး PKလိုင်းနှုံးကို(Dupe +) ပြောင်းပြီး တပ်ကို အကျိုး အကြောင်းသတင်းပို့ရပြီလေ...စက် ယူလာရင် အလုပ်ကို ဆက်တယ် လို့ မကြာခဏ ပြောဖြစ်ကြတာကို သတိရမိပါရဲ့...အခုတော့ ဒီစက်လေး ပါလာလို့ (ဆေးရုံ)သူများစားပွဲ ပေါ်က တယ်လီဖုန်းကို မျက်နှာငယ်လေးနဲ့ဖုန်း ဆက်ချင်လို့ ပါလို့ပြောနေစရာမလိုတော့တာတော့ အမှန်ပဲလေ၊ ခန္ဒာကိုယ်မှာ ညိုမဲပြီး အရေခွံ တစ်ချို့နီရဲထနေတဲ့ ဆရာကြီးရဲ့ခန္ဒာကိုယ်ကို ငေးကြည့်ရင်း ဆုတောင်းပေးရုံကလွဲလို့ ဘာမှ မတတ်နိုင်တဲ့အခြေအနေပဲလေ။

၁၄.၁၂.၂၀၀၇
************************************(ဆက်လက်ဖော်ပြပါမည်)နေလွမ်းသူ

0 comments: