ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Saturday, December 15, 2007

မန္တလေးဆေးရုံကြီးပေါ်မှ (အပိုင်း--၂)

သွေးသွင်းဖို့လုပ်တော့ သွေးဘဏ်ကနေ စစ်သား၊ရဲသား၊ဘုန်းကြီး free ပါဆိုတဲ့ နေရာမှာ လိုတဲ့ သွေးအတွက်အလှူငွေဆိုတဲ့ခေါင်းစဉ်အောက်ကို ပိုက်ဆံတွေ ပေးထားခဲ့ရတာကိုလည်း အံ့သြ မနေတော့ပါဘူးလေ.နေရာတိုင်းမှာ ပိုက်ဆံ ဆိုတာ ကလည်း ချောဆီတစ်ခုဖြစ်လို့နေတာကိုး...
စက်ဖွင့်ပြီး မိခင်တပ်ကို ဒုတိယအကြိမ်မြောက် သတင်းပို့ပြီးလို့ စက် ပိတ်လိုက်တဲ့အချိန်အထိ အခြေအနေက ထူးမလာသေးဘူး.အဲဒီအချိန်မှာပဲ စောစောက ပါရဂူကြီး နောက်မှာ Duty coat ဖြူဖြူတွေ မှတ်စု စာအုပ်တွေ ကလစ်ဖိုင်တွေ ကိုယ်စီ ကိုင်လာတဲ့ ဒေါက်တာ အလောင်းအလျာတွေ ပါလာကြတယ်.

ပါရဂူကြီးကခွင့်တောင်းတဲ့ အနေနဲ့ ‘‘ဗိုလ်ကြီး သူတို့ကို ဒီကေ့စ် အကြောင်း အခုတစ်ခါတည်း လက်တွေ့ ပြမလို့ပါ ‘‘တဲ့ .ဟုတ်ကဲ့ပါ ပေါ့..အဲဒီလိုပြောတုန်းပဲ ဆရာကြီးက ပါးစပ်ကနေ ငြီးငြူသံတွေထွက်လာတာနဲ့ ချက်ချင်းပဲ ဆေး အမ်အေ(MA) ကြီးကတစ်ဖက် သူကတစ်ဖက် လက်ကို ကိုယ်စီပြေးကိုင်ဆုပ်ချေပေးလိုက်ပါတယ်...စက်ထဲကလည်း ...ခေါ်သံ ထွက်ပေါ်လာတာက..‘‘နန္ဒ ရှိလား နန္ဒ..‘‘ တဲ့ ..တပ်ရင်းမှူး စက်နဲ့ခေါ်လာတဲ့အသံပဲ....‘‘အမိန့်ရှိပါ...‘‘ ဆိုတော့ ‘‘အောင်ခိုင်အောင်နိုင်‘‘တဲ့ ကျန်တဲ့အချိန်ဆို စိတ်ထဲမှာ နောက်ပြောင်နေမိမှာ ‘‘အောင်ခိုင် ရဲဖမ်းသွားပြီ.‘‘လို့ ။လက်ရှိအခြေအနေကို ပြန်ဖြေမလို့ ပါးစပ်ဟန်ပြင်နေတုန်း...ကျွန်တော် ဆုပ်ကိုင် ထားတဲ့ ဆရာကြီးရဲ့လက်ချောင်းလေးတွေကနေ ဆက်ကနဲ လှုပ်သွားလိုခံစားလိုက်ရလို့ ပြန်ငုံ့ အကြည့် မှာ ဆရာကြီး အမ်အေ က‘‘ဗိုလ်ကြီး သူ သွားပြီ‘‘..တဲ့..
ကျွန်တော် စက်ပြန် ခေါ်ဖို့ အားအင်တွေ တခဏချင်း ပျောက်သွားသလို ခံစားလိုက်ရတယ်... လူရှင်းတဲ့နေရာကို ထွက်ပြီး စက် ပြန်ခေါ်ဖို့ နေရာကနေ ထလိုက်တယ်။လူအုပ်ထဲကနေအထွက်မှာ ရှေ့တည့်တည့်ကနေဖယ် မလိုလို မဖယ်ချင်သလိုနဲ့ တစ်ယောက်ကို ဒီက မကျေမနပ်ဖြစ်နေတဲ့ မျက်နှာနဲ့ ဘုရှိုး ဒဲ့ရှိုးလိုက်တဲ့အချိန်မှာပဲ.....ထင်မှတ်မထားတဲ့ မျက်နှာလေး မျက်မှန်လေးအစုံ တက်ထားလျက်နဲ့လေ.......အံသြ မင်သက် နေတာပဲလားတောင်းပန်တိုးလျှိုးတဲ့ အကြည့်တွေလား ဆိုတာကို ‘‘နန္ဒအောင်‘‘တစ်ယောက် ဝေခွဲ ဆုံးဖြတ်ဖို့အချိန်မပေး နိုင်လှစွာပဲ အမြန်ဆုံးဖယ်ခွာခဲ့တယ် ‘‘နန္ဒ‘‘ မှ ‘‘ရန်နိုင် တယော‘‘ ..# % *^*^*^&*+*+*+*တပ်ရင်းက အခုပဲ တပ်မတော်ရဲ့ မြင့်မြင့်တင် ဝေးဝေးရှောင် ကားတစ်စီးလွှတ်ပေးလိုက်ပြီ ၊ဆရာကြီး ဆေးအမ်အေ နဲ့ မှာစရာရှိတာ မှာထားပြီး ချက်ချင်းပြန်လာခဲ့ပါ.ဆိုတဲ့အကြောင်းကို ပြောပြီး.. ပြန်ဖို့ပြင်ရတော့တယ် .ပါရဂူကြီးနဲ့ အတူ အနားမှာ ရှိနေကြတဲ့ ဆရာဝန်တွေသူနာပြုတွေကို နှုတ်ဆက်စကား ကျေးဇူး စကားတွေ အခါအခါ ဆိုလို့...ဆရာကြီး ရဲ့အသက်မဲ့ ခန္ဒာကိုတစ်ချက်ကြည့်ရင်း....စစ်သားတို့ မည်သည် ရှေ့တန်းထွက်မှရယ်မဟုတ်ဘဲ..ကျည်လွတ်မြေမှာလည်း သေချင်းတရားကို(အဖြစ်ဆိုးစွာ) ရင်ဆိုင်ရတာပါပဲလေ....လို့..။

အပြာနုရောင်ခန်းဆီးလိုက်ကာကို အဖွင့် ဆိုင်ကယ်ပြင်ဆိုင်မှာ ဒေါသတွေနဲ့ တောက်ခေါက်ခဲ့တဲ့ ဒေါက်တာလောင်းအလျာမမက တစ်စုံတစ်ယောက်ကို စောင့်နေတယ်ထင်ပါတယ် ..နန္ဒအောင် ကိုတွေ့တွေ့ချင်းမှာ တစ်ခုခုပြောမလို့ဟန်ပြင်ရင်း ပွင့်ဟ လာတော့မယ့်သယောင် နှုတ်ခမ်းနှစ်လွှာ..မျက်မှန်လေးအောက်က မျက်ဝန်းတစ်စုံကို တည့်တည့်ကြည့်ခါ.. ခေါင်းကို တစ်ချက် ဆက်ကနဲငြိမ့်လို့ ပြုံးပြနှုတ်ဆက်ရင်း ...နန္ဒအောင် .တစ်ယောက် မန္တလေးဆေးရုံကြီးပေါ်ကနေ အပြေးအလွှားကျောခိုင်းလိုက်မိပါတော့တယ်.....
မင်းပြောလာမယ့် စကား တစ်စုံတစ်ရာကို နားမထောင်ချင်လို့ စကားပြန်မပြောချင်လို့ မဟုတ်ပါဘူးကွာ.. ဖြစ်စဉ်တစ်ခုဖြစ်ပြီးတာနဲ့ နောက်ဆက်တွဲ ရင်ဆိုင်ရမယ့် လုပ်ရမှာတွေ ဖြေရှင်း တင်ပြတာတွေ ဇယ်ဆက်သလို ဇက်တိုက်လာဦးမှာမို့ပါ နားလည်နိုင်ပါစေလို့ပဲ………………….
ဖြစ်စဉ်ပြန်တမ်း၊ စုံစမ်းစစ်စေးရေးခုံရုံးတွေ၊ (စုံခုံသပ်ချုပ်တွေပေါ့ဗျာ) ကြေးနန်းတွေ….တွေပို့ဖို့။
နေလွမ်းသူ

0 comments: