ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Thursday, May 29, 2008

ဝေဒနာအပိုင်းအစလေးများ-၎

(၁၁၆) အခုနောက် တစ်နာရီအတွင်း အန်ကယ်ခင်မောင်မျိုး နဲ့ ပင်ပေါင်ကစားဆိုပါပြီး စက်နဲ့ ပြောလာပါတယ်။ ဦးစီးအရာရှိနံမည် ကိုပြောလိုက်တာပါ ။ သူက ကျောက်ကြီးဗျူဟာ(သံဘို)မှာတွဲပြီး နောက်ချန်အဖွဲ့နဲ့ ရှေ့တန်း အတက်အဆင်း တပ်တွေကို ထပ်ဆင့်ကွပ်ကဲရနေရာပေါ့။ စကားဝှက်သဘောမျိုးပြောလာတာပါ။ ကဲအဖွဲ့တွေ ကြားတဲ့အတိုင်းပဲ 32 အမြန်ဆုံးကိုင် ပြီးတာနဲ့ ကျောပိုးအိပ်ထုတ်ကြပေါ့။

ကာလက တပ်မ(၃၃)တစ်မလုံးကို စကခ(၁၀)က လာရောက်တာဝန်ချိန်းယူနေကြပါပြီ။ အခုနေရာယူထားတဲ့ ပဒါးချောင်း အနီးက ၁၆ မိုင်စခန်းကို စကခ(၁၀)လက်အောက်ခံ တပ်တစ်တပ်က လာရောက်လို့ နယ်မြေ ဧရိယာ စခန်းစည်း ချိန်းယူပြီးစပဲရှိသေး ကိုနန္ဒတပ်ခွဲတောင် အခုနကမှ ဟိုဘက်လမ်းကင်းနေရာကပြန်ရောက်တာပါ ။ မိမိယူခဲ့တဲ့နေရာ လမ်းအခြေ အနေနဲ့ ရန်သူမျှော်မှန်းနေရာ အချက်အချာကုန်းတွေကို တပ်အသစ်ရဲ့ တပ်ခွဲကိုခေါ်ပြီး လိုက်ပြပေး ဘာတွေ ဘာတွေလုပ်တယ် ဘယ်အချိန်မှာတော့ဘာလုပ်တယ် ဘာဘာညာညာပေါ့ ။ ပိုကောင်းတာက ကိုယ်ချိန်းပေး လွှဲပေးရတဲ့ တပ်ခွဲမှူးက ၄၆ ကညီဖြစ်နေတော့ အားလုံးအိုကေတယ် ကျွန်တော်ကလည်း အသေးစိတ်ရှင်းပြ ဘာလုပ်သင့်တယ် ဘယ်နေရာမှာနေပြီး ဘာလက်နက်တွေကိုတော့ ညီလေးနားမှာထား တပ်စုတွေကို ဘယ် နေရာထိချ....စသည်ဖြင့်ပေါ့လေ

အဲဒီတပ်ခွဲကိုထားခဲ့ပြီး စခန်းပြန်ရောက်လို့ အမောတောင်မပြေသေးဘူး ကျောပိုးအိပ်ပြင် မောမောနဲ့ ထမင်း ကတန်းကမန်းစားပေါ့။ အဲဒီနေ့ညနေစောင်းမှ သံဘို ခလရ(၆၀)ထဲကိုရောက်ပါတယ်။ သတင်းတစ်ခုက တန်းကြားရတယ်။ နောက်က ခမရ(၃၅၁) ရေခပ်ဆိပ် မှာ မိုင်းတစ်လုံးကွဲ ၁၁ နှစ်သားကလေး ဘယ်ခြေနဲ့ ငယ်ပါ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားပါတယ်တဲ့။ ကျောက်ကြီးဆေးရုံရောက်တော့ အဲဒီကလေး(ရွာထဲကပါ) ဆုံးသွားပါတယ်။ အားလုံးကတော့ တောက်တစ်ခေါက်ခေါက်နဲ့ပါ။ ဟုတ်တယ်လေ တပ်နားအထိကိုလာပြီး မိုင်းထောင်ရဲ့တဲ့ ငပွေးသတ္တိကတော့.... သူရည်ရွယ်တာက ကားသမားတွေဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ ဘာလို့လဲဆိုတော့ ကလေးမြို့ကနေ စကခ(၁၀)တပ်တွေကို FAW အစီး ၈၂ စီးနဲ့သယ်လာတာက အဲဒီကားနဲ့ ကားသမားတွေကို (၃၅၁)ထဲမှာနေရာချတာကိုး။ အခုတော့ ခုပ်ရာတစ်ခြားရှရာတစ်ခြားဖြစ်သွားရပါတယ်။ ညရောက်မှ ကိုနန္ဒတို့ တပ်ခွဲမှူးတွေခေါ်ပြီး ကားစာရင်းတွေပေးပါတယ်(ကားက အပေါ်ကကားတွေနဲ့လုံးဝမျှ မသက်ဆိုင်ပါဘူး) အခုဟာက ရိက္ခာကားတွေ။ တပ်မ ချိန်း ရိက္ခာ Dumping ပါအသစ်ပုံပါတော့မယ်။

ရိက္ခာယာဉ်တန်းနဲ့အတူလိုက်ပါ ယာဉ်ပေါ်လုံခြုံရေး.. လုပ်ရမယ်ပေါ့.. မိုင်းတွေ တဂျိမ်းဂျိမ်းကွဲခဲ့တဲ့ ဒီလမ်း ဒီခရီးကို ကိုနန္ဒတို့က က ကားကြီးပျော်ပျော်လိုက်စီးရပါဦးမယ်။ ရင်လေးပါ့ အမေရေ... တပ်ခွဲတစ်ခွဲကို ကား ၆ စီး ခွဲတန်းရတယ် အဲဒါကိုမှ ကိုယ်ကထပ်ပြီးလူမျှ ခွဲရတယ်။ အမေသား ကံများ ကောင်းလိုက်ပုံက စစ်ကြောင်း ၁ နဲ့ ၂ ရှိတာ ၂ ကပွိုင့်ယာဉ်တန်း... ၂ မှာမှ ဆက်သွယ်ရေးစက်မပါလို့ စစ်ကြောင်းမှူးအနီးကပ်ကြီးကြပ်ပြီး မင်းတပ်ခွဲက ပွိုင့် တဲ့။ ကဲဗျာကောင်းဘူးလား။ ဒီလိုနေရာမျိုးမှာ ယာဉ်တန်းနဲ့လိုက် ဖို့က တစ်ခါမှလည်း အတွေ့အကြုံမရှိလေတော့ ထုံးစံအတိုင်း ကိုတိုးကြီး ကိုပဲမေးရတော့တယ်။ လုပ်ပါဦး အစ်ကိုကြီး ကားနဲ့လူ ဘယ်လိုခွဲပေးလို့ ကျွန်တော်က ဘယ်နေရာလောက်က လိုက်ရမှာလဲ..ပေါ့.. မင်းကတော့ ခွဲမှူးပီပီ အလယ် နဲ့ ရှေ့မကျတစ်ကျကားကလိုက် စက်လက်ကိုပွိုင့်ကားပေါ်တင်ပေးလိုက် ညီလေးဆီမှာ RPG တင်ထား၊MA-4 ပါ ယူထား၊ နောက်ကားမှာလည်း MA-4 ပါပစေ အိုကေလား...တဲ့။ ဒါနဲ့ပဲ ကိုယ်နဲ့ တစ်ဖွဲ့က ၃ စီးမြောက်နေ လိုက်မယ်၊ ဟုတ်ပြီ အဓိက ပွိုင့်ကားကို ဘယ်သူ့ကိုခေါင်း တပ်ရပါ့..........အင်း စဉ်းစားစဉ်းစား ဟုတ်ပြီ..

ကျော်ထက် မင်းပွိုင့်ကားကလိုက် ပါမယ့်သူတွေက.... နောက်ကဆရာဘယ်သူ့ကိုသေချာမှာ ညီလေးကား နောက်ကကားပါ မပါ မျက်ခြေမပျက်ကြည့် ရှေ့နောက် ဘေး ဘယ် ညာ သေချာ သတိထားခိုင်း နောက်ကား မမီရင် ကားသမားကို မှေးထားခိုင်း။ စက်လက် မင်းပေါ်မှာပါလိမ့်မယ် ဖြစ်တာနဲ့ အတွဲလိုက်တာကုပ်.. မင်းကား နောက်တစ်ကားကျော်မှ ကိုယ်ကားပါမယ်။ မရှင်းရင်ထပ်မေး။ အိုကေ နောက်ပိတ်ကားအတွက် နောက်ထပ် ညီလေး တစ်ယောက်.. ကားတွေမနက်စောစော ၅ နာရီခွဲမှာ စလှိမ့်လာခဲ့ကြတယ်။ ကပ္ပါယ် စခန်းရောက်တာ ဘာမှကိုမကြာလိုက်ဘူး လမ်းမှာ လမ်းကင်းတွေကတော့ စိတ်သလိုလိုပဲ။ အဲဒီမှာ ဗိုလ်မှူးငြိမ်းချမ်းက သူ့တပ် Icom inter မိတာကိုပြောလာတယ်။ ဟကောင်အေးဆေးပါ ၃၈ လုံးထည့်ပြီးသွားပြီလို့ ဒီကောင်တွေ သတင်း ပို့နေတာကြားရတယ်...တဲ့ ကဲ မကောင်းဘူးလား(ဒီလမ်းကြောင်းကြီးတစ်လျှောက် ဟိုးအထက် ထီးထ စောထ နယ်စပ်စခန်းအထိ ကားမိုင်း ၃၈ လုံးမြှုပ်ထားတယ်လို့ ကြားဖြတ်မိတယ်..တဲ့) ကျွန်တော်တို့တပ်က တပ်မ ဌာနချုပ်စခန်းကြီးဖြစ်တဲ့ ဘော်စဲခိုထိပဲ ပုံပေးရမှာ။ ဟိုဘက်ကို တပခတိုင်းတပ်က ပုံမှာ..ကိုး။

မျက်စိကိုအလစ်မပေးရဲပါဘူး လမ်းကင်းမရှိတဲ့နေရာဆို အဝေးကိုလည်းကြည့်ရသေးတယ်။ ကားသံတွေက တစ်တောလုံး ပွတ်လောရိုက်နေတာ အဝေးကနေများ RPG နဲ့ဆော်ရင်ဒုက္ခ။ လမ်းမှာတွေ့နေရတဲ့ ကိုယ့် တပ်မ(၃၃)တပ်တွေက စစ်သည်အရာရှိတွေအကုန်လုံး မျက်နှာတွေက ပြန်ရတော့မှာမို့သာ ပြုံးနေကြသယောင် ရှိနေပေမယ့် မျက်တွင်းတွေကျ နှတ်ခမ်းတွေ တွေရှည် လို့ တစ်ချို့ဆို ဆံပင်တွေ စီးနှောင်ထားကြတယ် အသားအရေစိုစိုပြေပြေမရှိတော့သလိုပဲ။ ကိုတိုးကြီးဆီက ပိုက်ဆံ ၃၀၀၀ ချေးပြီး သူနဲ့ ဗိုလ်မှူးအကြံပေးတဲ့ အတိုင်း ကျောက်ကြီးမြို့ထဲကနေ ကွမ်းယာထုပ်တွေ၊ ဆေးလိပ်(အုတ်တွင်းကြယ်နီဆေးလိပ် က ဒေသမှာ လူကြိုက်အများဆုံး) ချိုချဉ်ထုပ်တွေ တစ်ခြား ဟင်းချက်စရာ အခြောက်လေးတွေ အိတ်နဲ့ထုတ်တင်လာတာ လမ်းမှာ နဲနဲစီပစ်ပစ်ချပေး အရာရှိတွေတော့ ကားမှေးပြီး လက်ထဲကမ်းပေးပေါ့။ သူတို့ဆီက ကြေနပ်မှုပီတီကို တွေ့ရတာ တကယ်စိတ်ချမ်းသာလိုက်တာ။ အေးလေ ဒါတွေနဲ့ဝေးနေကြရတာကြာခဲ့ကြပြီကိုး။ ဒီလိုနဲ့ ၁၆ မိုင် စခန်း(မနေ့ကမှ ခွာခဲ့တဲ့နေရာ) ကားခနရပ်နောက်ကားတွေစောင့်တုန်း စစ်ကြောင်းမှူးက ပြောလာပါတယ် ရှေ့တစ်လျှောက်လမ်းကင်းတွေအကုန်ရှိပါတယ် မနက်ကပဲ သူတို့ တစ်ယောက်ရလိုက်တယ် တဲ့....

ဒီလိုနဲ့အဲဒီနေရာရောက်ကားခနတန့်တော့ ထွက်လာတယ် ကျွန်တော်နဲ့ချိန်းတဲ့ ညီတော်မောင်။ ကံကောင်း တယ်ပြောရမလားအစ်ကိုကြီးရေ တဲ့ အစ်ကိုကြီးတို့ သောက်ရေခပ်တယ်ဆိုတဲ့ ဟိုချောင်းဘေးကနေ ငပွေး ၄ ယောက် တက်လာတာလမ်းပေါ်ကို စက်လက်သမား အရင်မြင်တာကျွန်တော်လည်း ဖြာခင်း(ဖြန့်ခင်း)ပြီးလို့ ဟိုဘက်တပ်စုကနေအပြန် ဒီကုန်းပေါ်တက် အစ်ကိုကြီးရဲ့ ဘိ လေးမှာ ခနယူမလို့ လုပ်တုန်း စက်လက်ဆရာက လက်တို့ပြီးပြတာနဲ့ မထူးဘူး ဆွဲထည့်လိုက်တာ ဒီကောင်တွေ ၃ ယောက်က သေနက်ကိုယ်စီနဲ့ လဲကျကျန်ခဲ့တဲ့ တစ်ကောင်က ကျောပိုးအိတ်တစ်လုံးလွယ်ထားတာ ရုတ်တရတ်အဲဒီလဲကျတဲ့သူဆီက အိတ်ကိုအတင်းဖြုတ် ကျန်တဲ့ နှစ်ယောက်က ပြန်ပစ်သေးတယ် ပြီးတာနဲ့အတင်း လှည့်ပြေးတာ။ ပျောက်ကျားဘောင်းဘီရှည်တွေနဲ့ ရလိုက်တဲ့ တစ်ယောက်က ဘောင်းဘီအတိုနဲ့ .. ဒါဆိုအဲဒီအလောင်းရော ဆိုတော့ ဗျူဟာကိုလက်ဆင့်ကမ်းပြီး ပို့လိုက်ပြီတဲ့.. သေနက်မရလိုက်ဘူးလား ..ဆိုတော့ ဟုတ်တယ် ကျကျန်ခဲ့တဲ့သူဆီက အိတ်ကိုအပါပြန်ဆွဲပြီး ပြေးတာ။ အားလုံးသုံးသပ်တာတော့ ဒီကောင်တွေ ကားမိုင်းထောင်မလို့ လမ်းပေါ်ကို အလစ်တက်လာတာ ဖြစ်မယ် တဲ့။

ကျွန်တော်ကတော့ အစ်ကိုကြီးကိုပဲကျေးဇူးတင်နေတာ အစ်ကိုကြီးပြောတဲ့အတိုင်း ကုန်းပေါ်အကုန်ဆွဲတင်ပြီး လမ်းကိုစီးမိုးထားလိုက်တာက အကုန်အန္တရာယ်ကင်းသွားတယ်..လို့သူကပြောလာတော့ ကျွန်တော်ကလည်း ဘာပဲဖြစ်ဖြစ် မင်းကငါ့ထက်ပိုတော်လို့ ရှေ့တန်းကိုမနေ့တစ်နေ့ကရောက်ပြီး ငါ ဘာမှမရခဲ့တဲ့နေရာကနေ ရန်သူအလောင်းတစ်လောင်းရအောင် ယူနိုင်ခဲ့လေကွာ...လို့ ။ နောက်ပြီး ကိုယ်တို့အားလုံးကတောင် ငါ့ညီကိုကျေးဇူးတင်ရမှာကွ။ ဟုတ်ပါတယ် အဲဒီနေရာမှာသာ သူတပ်ခွဲရှိမနေခဲ့ဘူးဆိုရင် ရန်သူအနေနဲ့ ကားမိုင်းတစ်လုံးလောက်တော့ ထည့်သွားမှာ အသေအချာပါပဲဗျာ။ ဒီလိုနဲ့ကားတွေဆက်ထွက်လာခဲ့ကြတယ် ဘောစဲခိုကို အစောကြီးရောက်ပါတယ်။ လမ်းမှာတော့ စကခ(၁၀)ကတပ်တွေရော တပ်မ(၃၃)ကတပ်တွေရော လမ်းကင်းတွေအထပ်ထပ်ယူထားလိုက်ကြတာများ (ဒါလောက်ယူထားနိုင်မှတော်ကာကျတာပါ) ခရီးတစ်ဝက် ကျိုးမယ်မရှိသေးဘူး ဆေးလိပ်တွေချိုချဉ်တွေ အကုန်ပြောင်ပါတယ်။ ဘာပဲဖြစ်ဖြစ်အဲဒီနေ့က ရင်တမမနဲ့ ဘယ်တော့များ အုံး ဆိုတဲ့ပေါက်ကွဲသံကြီး ကြားရမလဲ..........ဆိုပြီး
46 th မှ ညီလေး ဝင်းထက်စိုး သို့အမှတ်တရ

Read More...

Wednesday, May 28, 2008

မိုင်းခတ်မြို့လေးဆီသို့

နောက်ဆုံးအကြိမ်အနေနဲ့ တိုင်း(တသခ)စစ်ဆင်ရေးကို သတင်းပို့ပြီး ဗိုလ်နန္ဒအောင် ဦးစီးတဲ့ တပ်မတော်ကား ၃ စီး မိုင်းခတ် မြို့ကိုဦးတည်ခဲ့ကြပါတယ်။ မြေပြန့်ကလာရတဲ့သူအဖို့တော့ မြင်သမျှဟာ အသစ်အဆန်းတွေ ဖြစ်လို့နေပါတယ်။ သူတို့ပြောပြောနေတဲ့ ဝမ်တာပုံ တံတားကြီးကိုရောက်တော့ စခန်းမှူး နေလင်းအောင်(၄၆th) ဝမ်းသာအားရနဲ့ရောက်လာတယ်။ သူနဲ့ကလည်း ဟိုတစ်နေ့ကမှ သိလိုက်တာ သင်္ကြန်လည်ဖို့ သူက ကျိုင်းတုံကို လစ်လာတာလေ.. ဘီယာတွေသယ်ချလာပြီး အတင်းဖောက်ဖို့ပြင်တယ် ..ဟေ့ဟေ့ ငါ့ညီ ဒီတစ်ခါတော့ မလုပ်နဲ့ဟ တပ်ရင်းရောက်တာနဲ့ တပ်ရင်းမှူးနဲ့တွေ့ရမှာ အခုမှ အသစ်ပြောင်းလာတဲ့ ဒီကောင်က တပ်ရင်းကို ရောက်ရှိသတင်းပို့တာ ဘီယာအရက်ကသောက်လာသေးတယ် လို့ထင်သွားပြီး အလကားနေ 1st impression down နေပါဦးမယ် ကျေးဇူးပါ ညီလေးအဲလို ပြုစုကြိုဆိုတာ။ ဒါဆိုအစ်ကိုကြီး ဆတ်သားခြောက်လေးတော့ လုပ်လိုက်ဦး ရော့ ဆိုပြီး လာချပြန်ပါတယ်။ (စိတ်ထဲကတော့ သြော် ကိုယ်နေခဲ့တဲ့ တပ်မ တပ်တွေနဲ့တော့ ကွာသွားပြန်ပါရောလား..လို့)

ကားလမ်းဆိုပေမယ့်မြေသားလမ်းပါ။ နမ့်လွေချောင်းကြီးဘေးကနေ ကပ်ပြီးဖောက်ထားတာ။ နမ့်လွေချောင်းက တရုတ်ပြည်ထဲနေမြစ်ဖျားခံစီးလာပြီး ဝမ်တာပုံအကျော် ဒီဘက် ကျိုင်းတုံလမ်းမှာ အရှေ့ဘက်ကိုကွေ့ပြီး တရုတ်ပြည်ထဲကိုပြန်စီးဝင်သွားပါတယ်။ လမ်းတစ်လျှောက်တောင်တန်းကြီးတွေ တောင်ကုန်းတွေနဲ့ စိမ်းမြ နေပါတယ်။ ဟိုးတောင်တွေရဲ့ ကပယံ(ဆင်းလျှော)တွေမှာတော့ ဘာပင်မရှိ ပကတိ စိုက်ခင်းကွက်လိုတွေ နဲနဲ စီတော့တွေ့နေရပါတယ်။လမ်းကမိုးရွာထားတော့ တစ်ချို့နေရာတွေမှာတော်တော်ဆိုးတယ်။ ကားဗွက်နစ်တာ ဘယ်လိုမှမရလို့ လူတွေဆင်း ဘေးကသစ်ပင် ဝါးပင်တွေ ခုတ်ပြီး ချ ကျောက်တုံးတွေရှာထည့်လို့ ခက်ခက်ခဲခဲ လုပ်ရတာက အခါခါပါ... တကယ်တမ်း ခရီးအကွာအဝေးက ကျိုင်းတုံ--မိုင်းခတ် မိုင်(၄၀)ဝန်းကျင်ပဲရှိတယ်လို့ သိရပါတယ်။ တပ်ရင်းကို ကိုယ်ကအသစ်ပြောင်းရွှေ့ရောက်ရှိသတင်းပို့ရမှာဆိုတော့ ယူနီဖောင်းလေး အသစ်လေးတစ်စုံချုပ်ခဲ့တာ(နန်းရှေ့ အထည်ဆိုင်ကနေပါ) အခုတော့ ရွှံ့တွေ ဗွက်တွေက ခြေထောက်တွေမှာ စင်ထားတာတော်တော်များတယ်.........

မိုင်းခတ်မြို့ကို စဝင်ဖို့အတွက် ခလရ(၂၂၇) မိမိတပ်ကို အရင်ဖြတ်ရပါတယ်။ ဟောရောက်ပြီ တပ်က ရှေ့တန်း ကနေပြန်နားနေတာ တဲ့။ စစ်သည်တစ်ချို့ သစ်ပင်တွေ ထုံးသုတ်နေကြတယ် တန်းစီကွင်းမှာရောပဲ ကားပေါ်က ဆင်းပြီး RP (တပ်ရဲ)ကိုမေးလိုက်တယ် တပ်ရင်းရုံးဘယ်မှာလဲပေါ့.. ဟိုမှာပါ ဗိုလ်ကြီးဆိုပြီး လက်ညှိုးထိုးပြရာကို ကြည့်လိုက်တယ် အားလားလား ကုန်းထိပ်မှာရုံးဆောက်ထားတာပါလား ..ဟူး.. တက်ရဦးမယ် ဒီကနေ တပ်ရေးဗိုလ်ကြီးကိုအရင်ဝင်တွေ့တော့ လားလား ဝမ်းသားအားရနဲ့ပါ (တပ်ရင်းမှူးထက်သူက BC စီနီယာ ကျနေသေး)။ရိပ်သာဆိုလို့ ရောက်သွားတော့ အခုမှ ရိပ်သာဆိုတာက foundation တောင်မပြီးသေးဘူး။ အရာရှိအိမ်ထောင်သည်အိမ်တစ်လုံးမှာ လူပျိုတွေစုနေကြတာပါ။ လျှပ်စစ်မီးက တပ်ရင်းမီးစက်ကြီးကနေ ညနေ ၆ နာရီကနေ ၉ နာရီ အလုပ်အရမ်းရှုပ်နေချိန် ၁၀ နာရီထိမောင်းပြီး မီးပေးပါတယ်။ ဖုန်း ဆက်တော့ရောလို့ မေးမိတော့ လက်လှည့်ပြီး မြို့ထဲကို အော်ပြောနေရတာတဲ့။ .....သြော် ကိုယ်နေခဲ့တဲ့ မိခင်တပ်နဲ့တော့ ကွာခဲ့ပြီ ပေါ့လေ..လို့ (ဒီထက်ဆိုးတဲ့ တပ်တွေလည်း အများကြီးရှိနေသေးတာပဲလို့ ဖြေမိပါတယ်)

ညနေမြို့ထဲဆင်းမယ်ဆိုလို့ တစ်သီကြီး ချီကြတာပေါ့။ တပ်အောက်ကိုဆင်းသွားပြီး မိုင်းယန်း လမ်းခွဲထိပ်ကို ရောက်တာနဲ့ မိုင်းခတ်မြို့ အဝင်ဆိုင်းဘုတ်လေးကိုစမြင်ရပါတယ်။ ကုန်းထိပ်အတိုင်းတက်သွားမှာမြို့လေးကို စဝင်တယ်။ ဆောက်လုပ်ရေးရုံး၊ သာသနာပြန့်ပွားရေးရုံး၊ တယ်လီဖုန်းရုံး(သူကအဓိက) auto ဖုန်း ၁ လုံးရှိလို့ တော်သေးတယ်။ ဒါကလည်း ကျိုင်းတုံ ဆသရ ကနေ cordless စက်ထောင်သုံးရတာပါ။ စာတိုက်ရုံးက ဟိုး အတွင်းမှာ အဲဒီမှာလည်း အခုနကလို atuo ဖုန်း တစ်လုံးရှိတယ်။ ဒါပဲ တစ်မြို့လုံးမှာ အော်တိုဖုန်း ၂ လုံးရှိတဲ့ ကျွန်တော်ရဲ့နေရာသစ်မြို့လေးပါ။ လ္ဘက်ရည်ဆိုင် ၂ ဆိုင်ရှိတယ်(အဲဒီ ၂ ဆိုင်လုံးမှာ ဘီယာအရက်တွေ သောက်လို့ရတယ်။) ကာရာအိုကေဆိုင် တစ်ဆိုင်။ စာအုပ်ဆိုင်က နှစ်ဆိုင်။ အခွေငှားဆိုင်က တစ်ဆိုင်။ ဈေးလေးလည်းရှိတယ် ပတ်လည်မှာတိုက်ခန်းဈေးဆိုင်လေးတွေနဲ့ မနက်ကိုစောနိုင်သမျှစောသွားမှ ၈ နာရီ ကျော်တာနဲ့ ဈေးကွဲပြီ။မြို့လျှပ်စစ်မီးကလည်း မီးစက်ကြီးမောင်းပြီး ညနေ ၆ နာရီကနေ ည ၉း၃၀ ထိပေးတယ်။

နောက်နေ့မနက်စောစောထပြီး ညီငယ်တွေနဲ့ ဈေးထဲကိုဆင်းပြီး ခေါက်ဆွဲစားကြတယ် အိမေ ခေါက်ဆွဲ ဆိုပြီး မှာတယ် ဒီညီတွေကိုယ်က ဗမာစကားကို လေသံတွေက နားထောင်ရတစ်မျိုးဖြစ်နေပါတယ်။ ကျွန်တော့်မှာက ရှမ်းတွေ ဗမာလိုပြောတာကိုပဲ နားမလည်ဖြစ်နေရပါတယ်။ ခေါက်ဆွဲဆိုတာလာချတယ် ။ ကြက်သားပြုတ်ရည် ပူပူ ပန်းကန်လုံးကြီးကြီးထဲကို မုန့်ဖတ်ဖြူဖြူတွေထည့်လို့ ဘာအရောင်အဆင်းမှ မပါပါဘူး။ ရှမ်းစစ်စစ်လုပ်တဲ့ ရှမ်းခေါက်ဆွဲဆိုတာဒါပဲ အစ်ကိုကြီး တဲ့ ။ အင်း ဟုတ်သားနော် ပြင်ဦးလွင်၊ရန်ကုန်၊မန္တလေး တစ်ခြားမြေပြန့် မြို့တွေ လမ်းခရီးတွေမှာ စားခဲ့ဖူးတဲ့ ရှမ်းခေါက်ဆွဲတွေ...အခုဟာနဲ့က လုံးဝကိုမတူခြားနားလို့နေပါတယ်။ ညီငယ်တွေကယူပြီး ပုလင်းထဲကနေဟာတွေ ဗူးထဲကဟာတွေ အစုံထည့်မွှေပေးပြီး ရပြီစားကြည့်ဆိုမှာ အိုး တကယ်ကို အနံ့အရသာတွေ ကောင်းမွန်လိုက်တာများ (ရေးရင်းနဲ့ကို သတိရလာပြီဗျာ)....

မိုင်းခတ် ဟိုးဘက်မှာ မိုင်းယန်းမြို့ရှိသေးတယ် (တစ်ခေတ်တစ်ခါက မိုင်းယန်း--မဲသဝေါ တိုက်ပွဲတွေကိုတော့ ကြားဖူးကြမယ်ထင်ပါတယ်) မိုင်းယန်း က မိုင်းယန်း ဒီဒေသမှာ။ မဲသဝေါက သူ့ဟာသူ တစ်ခြားစီပါ ။ တွဲပြီး ခေါ်လေ့ရှိတဲ့ ကျွန်တော်တို့ မြန်မာ့ဓလေ့အရနီးသွားတာပါ။ မိုင်းခတ် ...မိုင်းဆက်..မိုင်းဖြတ် ဆိုပြီး နောက်က အက် သံလေးတွေပဲကွဲသွားပေမယ့် မြို့အခြေအနေတွေက လုံးဝကို ကွာခြားသွားပါတယ်။ မိုင်းဖြတ်မြို့က ကျိုင်းတုံကနေတာချီလိတ်ကိုသွားရင် လမ်းဘေးမှာတည်ရှိပါတယ်။ (မိုင်းဖြတ်အကြောင်းကိုတော့ ကိုဝင်းဇော်ရဲ့ http://winzaw-mdy.blogspot.com/ မှာသွားရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျား) နောက်မြို့ကတော့ မိုင်းဆက်မြို့ သူကတော့တာချီလိတ်ကို ကျော်ထွက်ပြီး ဟိုးအတွင်းမှာ သီးခြားလေးတည်ရှိပြီး တကယ်တိုးတက် သာယာပါတယ်။ အားလုံးထဲမှာတော့ ကျွန်တော့် မိုင်းခတ် မြို့လေးက အသေးကွေးဆုံး ဖွံ့ဖြိုးမှု အနှေးဆုံးပါ။
ဆက်လက်ဖော်ပြပါမည်................................................................

Read More...

Sunday, May 25, 2008

ပဒါးချောင်း မှသည် မြွေတော်၊ကြောင်ပြာ ဘက်ဆီသို့

ဖန်း..ဖန်း တောက်ဖုံး..တောက်ဖုံး ဆိုပြီး ကာဘိုင် နဲ့ M-16 သံတွေ ရှေ့ဘက်ဆီကနေ ဆီးကြိုမိတ်ဆက်တာကို ကြားရပါတော့တယ်။ ချက်ချင်းပဲ ကိုယ့်ဆီကနေ ပစ်..ပစ်..ဟိုမှာဟိုမှာ ငှက်ပျောပင်စုစုနေရကပစ်တာ အဲနေရာကိုပစ်ဟ ဟိုကောင် 40 သမားဘာလုပ်နေတာတုန်း လုပ်ပါဆို အဲဒီကိုပစ်..ဟောတွေ့လားဆင်းပြေးပြီ
ပွိုင့်တပ်ခွဲမှူးဖြစ်တဲ့ ဗိုလ်ကြီးအောင်သန်းဦး အသံကို စစ်ကြောင်း(၁)ရဲ့နောက်ပိတ်တပ်ခွဲဖြစ်တဲ့ ကျွန်တော့်ဆီက အတိုင်းသားကြားနေရပါတယ်။

အဲဒီတုန်းက ကိုနန္ဒက အငယ်ဆုံးတပ်ခွဲမှူးလည်းဖြစ် အိုင်အို(IO)လည်းလုပ်ရ (အလုပ်တကယ်ရှုပ်ပါတယ်) စစ်ကြောင်း(၁)မှူးက ဆိုးတယ်ဗျ..အဟိ 2 IC (ဒုရင်းမှူးပါသူက) {ပုဂ္ဂိုလ်ရေးတွေ ပါကုန်တော့မှာပဲနော်..:D..} မနေ့ကတစ်မနက်လုံးဖြစ်လိုက်တဲ့ ပစ်လိုက်ခတ်လိုက် ဆော်လိုက်ကြနဲ့ ညနေမှာ လုံးဝအေးသွားပြီး ဒီနေ့လည်း..မနက်ကတည်းက ဘာသံမှာမကြားရသေးတော့ မျှော်နေတာလေ တကယ်ပါ အခုလိုတစ်ကြောင်းတည်းတောတိုးနေတဲ့အချိန် စစ်ကြောင်းလာပြီဆိုတာ သူတို့(ရန်သူ)စသိကြတဲ့ ဒုတိယနေ့ ကစပြီးတစ်နေ့ကို ထိတွေ့မှုဖြစ်စဉ်လေးတစ်ခု နှစ်ခုလောက်မဖြစ်ဘဲ နေကိုမဝင်တာပါ။ တစ်နေ့တစ်နေ့ ဒီအသံလေးကြားလိုက်ရင်ပြီးပြီ အိုကေပဲလေ။ ပဒါးချောင်းကြီးကို မြှောင်ပြီးတိုးလာကြတာပါ။

တပခတပ်စခန်း တစ်ခုဖြစ်တဲ့ ပွိုင့်-2204 ကို လက်ချင်းသွားဆက်ပါဆိုတော့ (၇)ရက်စာရိက္ခာတွေနဲ့ အဲဒီတစ်ပါတ်အတွင်းကို အရောက်တိုးရမှာလေ။ အခုက ၄ ရက်မြောက်နေ့ညနေနေစောင်းပါ။ ကွမ်းသီးခြံဘေး ချောင်းငယ်တစ်ခုကို ဘေးကနေကပ်ပြီးသွားနေကြချိန်မှာ ဒီချောင်းဘေးကနေထွက်နိုင်တယ်ဆိုတာ မှန်းပြီးလာစောင့်နေပုံရပါတယ် ဘေးနံက ကြော(ဂျော)တွေကတော်တော်ကိုမတ်လည်းမက် အပင်လည်းမရှိတော့ဘူး(တောင်ယာကြောင့်ပါ) ဆိုတော့ ချောင်းလက်တက်အတိုင်းအနိမ့်ဆုံးနေရာနေမှ ဖြတ်တက်မယ်လမ်းကြောင်းနေအပိုင်စောင့်ပြီး တွယ်တော့တာပါပဲ ရုတ်တရက်ဆို သေနက်သံတွေက လှိုင်ပြီး ဟိန်းထွက်နေတော့ အရပ်မျက်နှာကို မှန်းလို့ မရပါဘူး နောက်မှပွိုင့်တပ်ခွဲကပြန်ပစ်သံအော်သံတွေကြောင့် ရှေ့ကဆိုတာသိရတာပါ။ တုံ..တုံ.. မကြာဘူး နောက် တုံ..တုံ ဆိုပြီး 40m(ခေါက်ချိုးသေနက်လေ တီဗွီထဲမှာ မြင်ဖူးကြမယ်ထင်ပါတယ်) ၄ လုံးလွှတ်တာ ကြားတာနဲ့ ခန ဝပ်လိုက်ရတယ်...ဟုတ်တယ် သူကကျကွဲ နိုင်သလို အပေါ်က သစ်ပစ်ကိုင်းခက်နဲ့ထိတာနဲ့ ကွဲမှာလေ(သတ်မှတ်အပတ်ရေပြည့်တာကိုး) ဟိုး ဘယ်ဘက်က စောင်းပေါ်ကို ၂ လုံးကျော်ကျပြီး ဂျိမ်း..ဂျိမ်း နဲ့ ၂ချက်ကွဲပါတယ် စောင့်ဦး နောက် ၂ ချက် မကြားတော့ဘူးသေချာတယ် expire ဗုံးသီး.. ကိုယ့်ဆီကနေ MA-4 ပြန်လွှတ်ပါတယ် ဖွန်...ဖွန်..ဆိုပြီး ၇ ချက်လောက်ကိုကြားရတာ တ ဂျိမ်းဂျိမ်းနဲ့ အကုန်နီးပါးကွဲသံကြားရတယ် ဟိုဘက်ကို ထိလားမထိလားတော့မသိဘူး။

ကိုယ့်တပ်ခွဲကလူတွေကို ဘေးဘယ်ညာကိုပဲ သေချာကြည့်ထားကြ လုံးဝမပစ်နဲ့ ပြောနေရပါတယ်။ ဟုတ်တယ်လေ ရှေ့တပ်ခွဲနဲ့ကစ်နေတာ ကိုယ်က မမြင်ရဘဲရမ်းပစ် ကျည်ဆန် ကုန်တာပဲ အဖတ်တင်တယ်။ အဲဒီကျည်ဆံကလည်း ပြသနာရှိပါတယ်။ ပေါတာကပေါမှပေါ ဒါပေမယ့် အလကား နေရင်းကျည်ကုန်ပြလို့ ပြန်ရတာမဟုတ်ဘူး(ပြန်ချမပေးတာ) ဒီတော့လိုရင်တပ်ခွဲမှူး အိပ်ထဲစိုက်ဒါပဲရှိတာ။ လက်ပစ်ဗုံးဆို ပိုဆိုသေး တစ်ယောက် ၁ လုံးစီပဲပေးထားတာ ဘာမှမဟုတ်ဘဲ ခွဲပစ်တဲ့သူ ပြန်ရှာပြီးပြန်ဖြည့် ဒါကထုံးစံပါ မဟုတ်ရင် ဘော်ဘော်များက ငါးမိုင်းခွဲပစ်မှာလေ။ လူကြီးတွေကလည်း အဲလိုအလဟသပ်တော့ အဆုံးအရှုံးမခံပါဘူး။ ဟိုဇာက်ကားထဲက စစ်သားတွေများ လက်ပစ်ဗုံးတွေတော်တော်သုံးနိုင်တာပဲနော်။ အံမယ် ရှေ့တန်းရန်သူကိုတိုက်တာ ကားနဲ့ဗျာ။ လျှပ်စစ်မီးတွေလည်းရဆိုပဲ welfare တောင်ပါလိုက်သေး။ ကျွန်တော် တို့လား အိုးပြောမနေနဲ့ ရှေ့တန်းထွက်လာ ဒီတောထဲမပြောနဲ့ တပ်လာတဲ့ အပွင့်အမဲ ကော်လံချပ်အမဲတောင် ပဲနွယ်ကုန်းရောက်တာနဲ့ ထုံးစံ ဖြုတ်သိမ်းထားပြီ။(ကဲ ကြည့် ဘယ်ရောက်သွားမှန်းမသိဘူး) ပွိုင့်တပ်ခွဲပစ်အားနဲ့ ရန်သူ(ငပွေး)သေနက်သံပျောက်သွားတယ် ခနနေတော့ ရှေ့ညာဘက်စူးစူဆီကနေပဲ တောက်..ဖုန်း..ဖုန်း.. ဆို သေနက်သံဝေးသွားပါတယ်။ သေချာတယ်ဆုတ်ပြီ။ ဒါနဲ့ လူတန်းက တရွေ့ရွေ့ဆက်ထွက်ပါတယ်။ ဘယ်သူ ဘာဖြစ်လဲ ဘာထူးလဲ ခွဲမှူးကို ဆရာက Icom နဲ့ စကားဝှက်သုံးမေးသံကြားရတယ် မာလာ ပါတယ်ဆိုတော့..တစ်ယောက်မှမထိအေးဆေးပေါ့။

စောင်းအတိုင်းညာကိုတိုးခိုင်းပါတယ်။ ဒီလိုနဲ့ ။ အိုးအရေးထဲ ရေကဆာသေး အဆင်ပြေသေးတယ် ရေချောင်းက ဘေးမှာမို့လို့ ။ လူတွေကချွေးစော်ယမ်းစော်တွေနံနေတာပဲ။ ခနကြာတော့ စစ်ကြောင်းတန့်နေတုန်း ပွိုင့်ခွဲမှူး ဆရာနဲ့လာတွေ့တယ် ..အဘလေး ရှေ့သိပ်မလှမ်းမကမ်းက ကလေးငိုသံ ခွေးဟောင်သံ ကြက်တွန်သံတွေသဲ့သဲ့ကြားနေရတယ်..သေချာတယ် ရွာရှိမယ့်ပုံပဲ...တဲ့ ဟာ ဒါဆိုမဖြစ်ဘူးဗျ ကိုအောင်သန်း ပွိုင့်ကိုဘယ်ကိုဖြတ်တက် ဟိုဘက်စောင်းနေထောင်တက်ခိုင်း မြန်မြန်လုပ် အချိန်မရှိတော့ဘူး တိုးရင် အကုန်ရှုပ်ကုန်မယ်..တဲ့ နေဦးဗျာ ခွဲမှူးတွေနဲ့ ဆရာကြီးတွေဒီကိုအမြန်ဆုံးခေါ်မယ် ဟိုကောင် အိုင်အို ကြားလားငါပြောတာ လုပ်လေ ခေါ်လေ ဘာလုပ်နေတာလဲ..တဲ့ ကဲကြည့် အနော့်ကိုဆိုဟောက်ကိုနဲနဲလေးကို ဟောက်ရမှာ စားဝင်တာပါသူက..ဒါနဲ့ Icom ကနေခေါ်ကြည့်တယ် ဆယ်ပြားမှ အေစီ မန်ယူ ပျံလွှား...(အင်း ပြောရဦးမယ်ဖြတ်ပြီး ဘောလုံးအသင်းကြေငြာတာဟုတ်ဘူးနော်..စစ်ကြောင်း-၂ မှူးက ပျံလွှား ၊ ခွဲ ၁ ခွဲမှူးက အေစီ၊ ခွဲ-၃ မှူးက မန်ယူ ဆိုပြီးစက်အခေါ်ပေးထားတာပါ။ ဆယ်ပြား က အနော်လေ IO= 10 ဆိုပြီး ဘာနံမည် မှကို မပေးရတော့ဘူး မဟုတ်ရင်.. ဟွန်း...ရှယ်ကိုပေးဦးမှာ ချဲလ်ဆီး..ဆိုပြီးဟဲဟဲ ) လူစုံရောက်လာတာနဲ့ ဆရာက စချွေပါတယ် အားလုံးစဉ်းစားကြည့်နော် ဆက်တိုးရင် ရွာ သေချာတယ် မိုင်းလည်းကာထားနိုင်တယ် ဝင်တာနဲ့ ပစ်မှာအသေချာပဲ ဆိုရင် ကိုယ့်ဆီကလည်း သမ မှာ လူတွေက ပင်ပန်းအစားကမကောင်းနဲ့ အဲဒီရွာ ရှိတဲ့ကြက်ဘဲ ဝက်အထိ ပါလာမှာ ကိုယ့်ကောင်တွေကလည်း လုပ်တော့မှာလေ။ မတိုးရင်ဘာမှမဖြစ်ဘူး အခု ဒီထဲကိုဝင်လာတာကလည်း စခန်းအခိုင်အမာရှိရင်ရှင်း သေနက်ကိုင်ထားတဲ့ ဒီကောင်တွေတွေ့ရင်ရှင်းဖို့ ဟို စခန်းကိုသွားပေါင်းဖို့ပဲ။ ဘာမှမဟုတ်ဘဲရွာတွေမနာစေချင်ဘူး။ ဒါတွေလည်းရွာဆိုပေမယ့်ဒီကောင်တွေမိန်းမ ကလေးတွေခေါ်ပြီး စခန်းချ ကွမ်းခြံကထွက်သမျှစောင့်ယူပြီး ကျည်ဆန်တို့ မိုင်းတို့ အိုင်ကွန်တို့ သေနက်တို့ ဝယ်ဖို့လာလုပ်နေတာပါပဲ မထူးပါဘူး အဘလေးရာ..တဲ့ ဆရာကြီးတစ်ယောက်ဝင်ပြောပါတယ်။ ဒါတော့ဒါပေါ့ ဆရာကြီးရာ အဒီထဲမှာ မိန်းမတွေနဲ့ကလေးတွေ ပါနေတယ်လေဗျာ...ဆိုတော့ငြိမ်သွားပါတယ်။ တပည့်တွေကို သေချာရှင်းပြ တော်ကြာ ကျုပ်တို့က တမင်ရှောင်တယ်ထင်နေဦးမယ် ဆရာကြီးများ အထူးသဖြင့်ကိုယ့်တပ်စိတ် တပ်စုက ရဲဘော်တွေသေချာရှင်းပြကြ။ သဘောပေါက်တယ်နော် ။အချိန်မရှိတော့ဘူး ဆက်ထွက်မယ် ဘယ်ဘက်ကြောပေါ်ဖြတ်တက်ပြီးဟိုဘက်ကိုဆင်းမယ်။ လူစုခွဲလို့ ဆက်ထွက်ခဲ့ကြတယ် အိပဲ့အိပဲ့နဲ့ခရီးတော့ သိပ်မတွင်တော့ပါဘူး ဟုတ်တယ်လေ နေလည်းညိုလို့ ဝင်တောင်သွားပြီ အခုထိမနားရသေးဘူး ညစာထမင်း ဟင်းလည်း မချက်ရသေးဘူး နေ့ခင်းထမင်းစားပြီးကတည်းက တရွေ့ရွေ့တိုးလာခဲ့တာ လမ်းမဟုတ်တဲ့ တော ဝါးတော တောင်ယာဟောင်း တောင်ကုန်းတွေ လျှိုတွေ ချောင်းတွေဖြတ်တိုးလာခဲ့တာ။

ကျောပိုးအိတ်ကလည်း တော်တော် အီသကိုး မအီပဲနေမလား ပါလာတဲ့ပစ္စည်းကိုကြည့်ဦးလေ (ဒီအကြောင်းကို ဝေတနာအပိုင်းအစ-၂ မှာဖော်ပြပြီးပါပြီ) ဟိုနားဒီနား အမျိုးတွေဆီ ၇ ရက်တပါတ်အလည်သွားကြရင်တောင်ထည့်ယူတဲ့ အဝတ်အစား အသုံးအဆောင် နဲမှ မနဲတာ။ ဒါတောင် လိုတာဝယ်လို့ရတာနော်။ အခုလိုလာနဲချီကြာ ဘာမှလိုတာဝယ်လို့ မရတဲ့နေရာမှာ သယ်ရတဲ့ ဗာဟီရ ပစ္စည်း ခဲယမ်းမီးကျောက်တွေ ရိက္ခာတွေနဲ့ အိုး ..လေးလိုက်တဲ့ဖြစ်ခြင်း.. ကျောတွေလည်းပူစပ် ပုခုံးတွေကလည်း ကျိန်းနေပြီ။ တအိအိနဲ့တိုးတိုးဖြတ်တက်နေကြတာ စစ်ကြောင်း-၂က နောက်ဆုံးတပ်ခွဲတောင် အကုန်ချောင်းဒီဘက်ကို မရောက်သေးဘူး နောက်ကနေ တုံ တုံ... ဖန်းဖန်းဖန်း နဲ့ သေနက်သံတွေဆူညံပြီးထွက်လာပါတော့တယ် ချောင်းထဲကို 40m တစ်လုံးကျကွဲတာကိုလှမ်းမြင်လိုက်ရတယ် ဂျိမ်း ဆိုပြီး ရေပန်းတွေဖြာတက်သွားတာများ အိုး ရုပ်ရှင်ထဲကအတိုင်းပဲဗျ။ လူတွေကစဥ့်ကလျားဖြစ်ကုန်တယ် တစ်ယောက်တန်း ကူးဖြတ်နေရာကနေ ဒီဘက်ကို စုပြုံပြီးဖြတ်ကူးကြပြီလေ မကူးလို့ ရမလား နောက်ကနေ အုံနဲ့ကျင်းနဲ့ အင်အားထပ်ဖြည့်လာဟန်ရှိသော ငပွေး တို့က ဝိုင်း ပို့နေပြီလေ နောက်ကနေ။ သူကလည်း ချောင်း အကူးကိုထပ်ပြီးအေးဆေးစောင့်တွယ်တာဖြစ်ပါမယ်။ ဒီဘက်ကမ်းကနေ ပြန်သမကြတာပေါ့။

ကျွန်တော့်ဘေးက ဘီအေ-၁၀၀(BA-100) ကွန်မန်ဒို စိန်ပြောင်းသမားက ဗိုလ်ကြီး တစ်လုံးလောက် တွယ်ချင်တယ် ဆိုတာနဲ့ အေး လုပ်ကွာဆိုပြီး မြေမှာအသေအချာ အထိုင်ချလို့ ပစ်ဖို့လုပ်ပါတော့တယ် ဟာ..အခုမှာ သတိထားမိတယ် အံမယ် ဟကောင်ရ ခွီးတယ်မှ မင်း အပေါ်ကိုလည်းသေချာကြည့်ဦး ဘယ်မှာလည်း ပစ်ကွင်းရှင်းလို့လား မင်းအဘ အပင်ကိုင်းနဲ့ ထိပြီး ဒီအပေါ်မှာတင် ပွင့်သွားမှာ အကုန် မာလကီးယား ကုန်တော့မယ်။ သွား ဟိုဘက် အပင်စုစု ဘေးကနေ ထွက်ပစ်.....ဆိုပြီး ချက်ချင်းနေရာရွှေ့ခိုင်းရသေးတယ် တော်လို့ဟာ ခနကတာ အပေါ်မကြည့်မိဘဲ ပစ်ခိုင်းလိုက်လို့ကတော့ အင်း... ပြောရတာမဟုတ်ဘူး ဗုံးသီးတွေက တကယ် စနက်အမြန်တွေ ထိတာနဲ့ဂိမှာ။ ဒီတစ်ခါတော့ စစ်ကြောင်း-၂ အဖွဲ့တွေ(သူတို့ကနောက်ပိတ်စစ်ကြောင်းလေ) အလှည့်ကျပါတော့တယ်။ ဆူညံ ပွတ်လောတွေရိုက်နေတာပဲ အပေါ် ဝါးရွက်ကိုင်းဖျားကနေ ရွှီးကနဲအသံတွေဖြတ်ပါတယ် တစ်တောတောင်လုံး ဒိုင်း ဒိုင်း ရွှီး ရွှီး ဝေါ..တဂျိမ်းဂျိမ်း ပေါက်ကွဲသံတွေနဲ့ ပဲ့တင်ထပ်နေတော့တာပေါ့။ နောက်ဆုံး 60mm ၆၀မမ စိန်ပြောင်း ၃ လုံး လွှတ်ပြီးတော့ အသံတော်တော်လေးပါးသွားပါတော့တယ် အငယ်သံကတော့ တချက်တချက် ထွက်လာပါတယ် စစ်ကြောင်းကလည်း ကြောစောင်းအတိုင်းရှေ့လည်းမတိုးသာ နောက်လည်းမဆုတ်သာနဲ့ ဝါးပင်နဲ့သစ်ပင်ထူထပ်ရာကို တိုးတိုး ဝင်သွားပါတယ်။ မှောင်ကလည်းမှောင် လူအချင်းချင်းတောင်အရိပ်ပုံကိုပဲ မြင်ရတော့တယ် ရှေ့ကနေနောက် နောက်ကနေရှေ့ကို ဆက်ပြောပါဆိုပြီး အမိန့်စကားလက်ဆင့်ကမ်းလာ ပါတယ် ဘေးကိုမထွက်နဲ့ ဒီအတိုင်းကိုယ့်နေရာမှာကိုယ်နေ ပွိုင့်တပ်ခွဲ ရေလိုက်ရှာနေ စမ်းနေတယ် လူ လုံးဝ မမှားပါစေနဲ့....တဲ့ ကြွက်စိကြွက်စိအသံတွေကပ်ပါလာပါတယ် ဒီအချိန်မှတော့ ဘာရေမှာ မတွေ့ဘူး ဘာဖြစ် ညာဖြစ်ပေါ့။ ဒီလိုနဲ့ကြာလာတော့ တစ်ခါ ဘာမီးရောင်မှ မမြင်ချင်ဘူး နေရာမှာပဲ ဒီအတိုင်းအိပ်ဖို့လုပ်တော့တဲ့ ကဲ သိလိုက်ပြီ ညစာ...ညစာ..လစ်ပြီပေါ့။

စားဖို့နေနေသာသာ ချက်တောင်မချက်ရသေးတာ မှောင်ကလည်း ဒီလောက်မှောင်မဲနေတာ ဓါတ်မီးကို လက်နဲ့အုပ်ထိုးပြီး ပစ္စည်းလေးထုတ် လက်လက်မြင်တာနဲ့ ဟိုးနောက် ချောင်းတစ်ဖက်ကနေ တဖန်းဖန်းနဲ့ သွေးတိုးစမ်း လှမ်းလှမ်းပစ်လာပါတယ် ထိတော့မထိရောက်ပါဘူး။ မထူး မယ့်အတူတူ ကိုယ့်ဆီကို ပြန်မပစ်တော့ဖို့ အနားကပ်လာ အပိုင်တွယ်ဖို့ မှာထားပါတော့တယ်။ ကိုနန္ဒလည်း ကိုယ်ရောက်နေရာရေလေး ဘေးကိုကျောပိုးအိပ်လေးချ မှန်းပြီးရမ်းပြီး မြေခင်းလေး ခင်းလို့ တစ်နေကုန် ချွေးစို နံစော်နေတဲ့ ယူနီဖောင်းလည်းမချွတ်တော့ဘူး ဖိနပ်တောင်မချွတ်တော့ဘူး ရေဘူးလေးထဲက ရေလေးနဲနဲနဲ့ ရေစိုရုံလက်နဲ့ မျက်နှာလေးပွတ်သပ်လို့ တပည့်တွေ သေချာဂရုစိုက်ဖို့ ကင်းတွေသေချာလုပ်ဖို့ထပ်မှာ ဆရာ အဘလေးပြောတာတွေ နားထောင်မနက်ဘယ်ချိန်ဘာဘာညာညာ ဘယ်တပ်ခွဲပွိုင့် စတာတွေကို တဆင့် ဖြန့်ဝေးပေးပြီး ကျောခင်းလိုက်မိတယ် အပေါ်ကိုမော့ကြည့်မိတယ် ဘာဆိုဘာမှ မမြင်ရပါလား ကြယ်လေး တစ်လုံး နှစ်လုံးတောင် မမြင်ရတဲ့ညပေါ့..ကျောခင်းတယ်ဆိုလို့ ဆန့်ဆန့်ရန့်ရန့် နေရာမရှိပါဘူး ဘေးမှာလည်း ဘာရှိလို့ရှိမှန်းမသိ ဒီတိုင်းချနေရတာ တစ်ဖက်ဘေးက တောင်ကပါး မြေနံရံမတ်မတ်ကြီး ကျန်ဘေးတစ်ဖက်က လျှောစောင်း ချောက်...ခြေထောက်ဆန့်ကြည့်လိုက်တော့ တစ်ခြားခြေအစုံကိုပေါ်ချမိသားဖြစ်နေတယ် နောက်ကအမြဲပါတတ်တာတဲ့ ဆရာကျော်သာရှေ (ရခိုင်) ဖြစ်နေတယ် ဒါနဲ့ ပြန်ယုတ်လိုက်တော့ ဗိုလ်ကြီး ဆန့် ထားလေရတယ် အားမနာနဲ့ တဲ့ ကျွန်တော်လည်း ညောင်းလာလို့ ဘယ်လို့မှ မခံနိုင်တော့လို့ ဆန့်ထားလိုက်တာ တဲ့.. ဟူး.... ဒီလိုနဲ့ တောင်တွေမြောက်တွေး တွေးနေတုန်း တစ်ဖက်က ဗိုလ်ကြီး ဗိုလ်ကြီး ရော.. ဒီဘက်မှာ ဆိုတဲ့ အသံတိုးတိုးကြောင့် ဘာလဲဟ ဆိုတော့ ဒီမှာ ဆရာကြီး မျိုးထွန်း ဗိုလ်ကြီးကိုလိုက်စမ်းမေးနေလို့ ဆိုတော့ အင်း ဆရာကြီး ကျွန်တော်ဒီမှာ ဆိုပြီးလက်ကမ်းပေးတော့ ဘေးကဆရာကိုကျော်ခွပြီး ဘေးကိုရောက်လာရော ဗိုလ်ကြီး ရော့ဒါလေး အဆာပြေစားလိုက်ဦး ဆိုပြီး လက်ထဲကိုထည့်ပေးလာတာ နဲ့ .. ဟာ ဘာတွေတုန်း တော်ပြီ ဘာမှမစားတော့ဘူး မဆာတော့ဘူး ..လို့ငြင်းလိုက်တယ်( အမှန်က အိုး ဆာလိုက်တာပြောမနေနဲ့တော့ မဆာခံနိုင်ရိုးလား ကုန်းတွေတက်လိုက် ဆင်းလိုက် ဝပ်လိုက်ထလိုက်နဲ့ တစ်နေကုန်) ယူပါဆိုဗိုလ်ကြီးရာ ဒါက ခွဲရုံးလူအကုန် နဲနဲစီရတယ် ဆိုတာနဲ့ ယူလိုက်တယ် ထမင်းကြမ်းခဲလေး လက်သီးဆုပ်စာလောက်လေးကို သကြားတွေဖြူး လို့ သင်္ဘောသီးစိပ်မမှည့်တမှည့်အတုန်းလေး သကြားဖြူးထားလို့ (သေချာတယ် ကွမ်းသီးခြံ ဖြတ်ဆင်းတုန်းက ခူးလာတာပဲဖြစ်မယ်)... တဂွီဂွီမြည်နေတဲ့ ဗိုက်ကတော့ ငြိမ်ကျသွားပါရောလား။ ညကျ ဖျက်ကနဲနိုးတော့ ခြေထောက်က ပူလောင်နေတာနဲ့ မမြင်မစမ်း ဖိနပ်ချွတ်ဖို့လုပ်တော့ လားလား ငါ့ခြေထောက် အပေါ် ဆရာကျော်သာရှေ(နံမည်လိုက်အောင် သူအရပ်က ၆ ပေ ၁ လက္မရှိပါတယ်) ဘောလီဘောအသင်းမှာ မပုတ်တတ်လည်း လက်ရွေးစင်ခန့်ထားခံရသူပါ။ သူ့ခြေထောက်အစုံက ငါ့အပေါ်ဖြတ်တင်ထားပါရောလား... ကဲ နေပစေတော့ ဆက်ပြီး မျက်စိစုံမှိတ်ပျော်အောင်ဆက်အိပ်လိုက်တော့တယ်။အိပ်မက်ထဲမှာ ခြေထောက်တွေ လေဖြတ်နေပါရောလား လှုပ်လို့ကို မရတာ။။။။။။။။။။

Read More...

Sunday, May 18, 2008

အလာကောင်းလို့ အခါနှောင်းခဲ့လေသလား

ဟာ..! အစ်ကိုကြီး ဘယ်လဲ သင်တန်းပါလို့လား မျက်နှာလည်းမကောင်းဘူး ဘာဖြစ်...? မေးခွန်းပေါင်းများစွာနဲ့ ကျွန်တော်က စတင်နှုတ်ဆက်တော့ အလုပ်သင်(၂၈)က အစ်ကိုကြီးကိုဇော်သက်ဦး မဖြေချင်ဖြေချင်ပုံစံနဲ့ပြန် ဖြေလာပါတယ်။ သင်တန်းကိုအကြောင်းပြ အဘ(တပ်ရင်းမှူး)ကိုအကျိုးအကြောင်းပြောပြီး ကိုယ် မရရအောင် ပြန်ဖို့လုပ်တာ ဟိုနေ့ကပေးအဖွဲ့လာတော့ နောက်တန်းက တပ်ရေးဗိုလ်ကြီးစာရေးလိုက်တာ ကိုယ့်အမေ အခု မန္တလေးဆေးရုံကြီးမှာ ရင်သားကင်ဆာတဲ့ကွာ အခြေအနေကနဲနဲဆိုးတယ် ကိုယ့်ကိုပဲတနေ ကိုယ်လာမှအစား ကောင်းကောင်းစားမယ်ဆေးသောက်မယ်လုပ်နေလို့ ညီမလေးတော့အနားမှာရှိတယ် သူလည်းသိပ်မလုပ်တတ် မကိုင်တတ်လေ....တဲ့။ ဟာ ရင်သားကင်ဆာဟုတ်လားအစ်ကိုကြီး .... အရင်ကဖြစ်ဖူးလားလို့ ကျွန်တော်က မေးတော့ မကြားမိဘူး တဲ့ သူက။ ကျွန်တော် ပြောသင့်မပြောသင့် စဉ်းစားနေမိတယ်... ပြောရကောင်းမလားးးး မပြောဘဲနေမလား...တော်ပါပြီပြောတော့ဘူး....

သူ့ကိုမပြောပေမယ့် စစ်ကြောင်းမှူး ဗိုလ်မှူးအောင်တင်မိုး ကိုတော့ပြောပြမိပါတယ်။ အခုကိုနန္ဒတို့ရှေ့တန်း တပ်စစ်ကြောင်းနှစ်ကြောင်း(၁နဲ့၂)ခွဲပြီး မူသဲအရှေ့ဘက် ချောင်းနှစ်ခွထိ အနောက်ဘက်ဘီအီးကုန်းအထိက ဒုရင်းမှူးဦးစီးတဲ့ စစ်ကြောင်း(၁)နဲ့ တပ်ခွဲနှစ်ခွဲ။ မိမိတပ်ခွဲပါတဲ့ စစ်ကြောင်း(၂)နဲ့ နှစ်ခွဲက ဘီအီးကုန်းအစပ်ကနေ ကပ္ပါယ်စခန်းထိ ကြားပင်မလမ်းကြောင်းကိုထိန်းလို့ အပို့အကြိုလုပ်ပေးလမ်းကင်းယူပေးထားရပါတယ် အခုက သင်တန်းပြန်တက် ဆေးရုံတက် ဒဏ်ရာရစစ်သည် အစုအဖွဲ့ကိုလက်ဆင့်ကမ်းလို့ တပခ တိုင်းတပ်တာဝန်ယူ ထားရာ ကပ္ပါယ်စခန်းဘက်ထိသွားပို့ပေးရမှာပါ။ မူသဲဗျူဟာမှာ ရိက္ခာထုတ်သွားတုန်းကခနတွေ့ခဲ့သေးတဲ့ ကိုဇော်သက်ဦး ကိုအခုဒီအဖွဲ့နဲ့နောက်တန်းပြန်မယ့်ပုံစံနဲ့ပြန်တွေ့မိတော့ နဲနဲအံ့သြလို့မေးမိတဲ့အမေးပါ။ သူနဲ့က နောက်တန်းမှာ တပ်ချင်း အလုပ်ချင်းဆက်စပ် ဘောလုံးလည်းအတူကန် အဆူအဆဲလည်းအတူခံခဲ့ဘူးတော့ အကြောင်းသိခင်မင်နေတာလေ။



ဗိုလ်မှူးကြားတယ်မို့လား အခုနကပြောတဲ့ ရင်သားကင်ဆာဆိုတာလေ.... ဆိုတော့ အေးဘာဖြစ်တုန်းမင်းက? ဟုတ်ဘူးမေဂျာရ(သူကမှူးဗကလည်းဖြစ် ရိပ်သာမှာလည်းအတူနေတော့ကျွန်တော်ကအဲလိုပဲခေါ်ချင်ခေါ်တာ) ကျွန်တော်အဲဒီရောဂါအကြောင်းကောင်းကောင်းသိတယ် ကိုယ်တွေ့မို့လို့ ဆိုတော့သူက အမ် မင်းဖြစ်ဘူးတယ် ဟုတ်လား..? တဲ့.. အာ ဘယ်ကလာ ကျွန်တော့်အဖွား(အမေ့အမေ)အဲဒီရောဂါနဲ့ဆုံးတာ နေမကောင်းဖြစ်လို့ ဆေးတော့ကုတာပေါ့လေ ဒါပေမယ့် ဆုံးပြီး မြေချတဲ့နေ့မှာ နောက်ဆုံးကန်တော့ကြတော့ ကျွန်တော့်ဦးလေးက အလောင်းကိုခနစောင်းကြည့်တာ သူကသိလို့လားမသိဘူး အဲဒီမှာနောက်ကျော လက်ပြင်နေရာကနေ သွေးနဲ့ ပြည်စလိုလိုတွေစိမ့်ထွက်နေတာ အိမ်မှာတုန်းကဘယ်သူမှ မသိကြဘူးထင်တာပဲ သူကလည်းအပေါက်လို့လုံးဝ မထင်ရဘဲစိမ့်ထွက်နေတာ။အိမ်သားးတွေကရှေ့ကအနာပဲမဲနေကြတာလေ။


ပြောဦးမယ်မပြီးသေးဘူး အဲဒါက ဖြစ်တာက ကျွန်တော် ၄ တန်းနှစ်လောက်က။ နောက်တစ်ခု အဲဒီအဖွားရဲ့ ညီမအရင်း ကျွန်တော့်အဖွားလေး သူလည်းဒီလိုပဲ အဲဒီရင်သားကင်ဆာဖြစ်ပါလေရောလား ။ အမျိုးတွေသိတော့ ချက်ချင်းကုကြပါတယ် ဒါပေမယ့် အဲဒီတုန်းက သိပ်လည်းပိုက်ဆံမတတ်နိုင်ခဲ့ဘူး(အခုလည်းမရှိပါဘူး) ဆရာဝန် ခေါ်ပြီးအိမ်မှာဆေးထိုးဆေးစားပေါ့ မကြာပါဘူးရင့်ရင့်လာပြီး အိုး တကယ်ကျွန်တော် PC မတက်ခင်ခနလေး အိမ်ကိုပြန်တော့သွားကြည့်တယ် မြင်မကောင်းတော့ဘူး ဒီရင်သားတစ်ခုလုံး အနာကလှိုက်စားပြီး ပြည်တည်နာ ဖြစ်ပြီး မီးတောင်ဝလိုကြီးဖြစ်နေတာ ပြည်တွေသွေးတွေကတော့ ချော်ရည်ပူချော်ခဲတွေလိုပေါ့(မျက်လုံးထဲမှာ မြင်အောင်ဥပမာပေးတာပါ) ကျွန်တော် ဗထူးမှာ စုမှူးတက်နေတုန်း ၂ ပါတ်မြောက်တော့ အဖွားလေးဆုံးပြီ ဒါတောင်အိမ်ကိုဖုန်းဆက်မှ ၃ ရက်နောက်ကျပြီးကျွန်တော်သိရတာ။အခုလည်း ကိုဇော်သက်ဦးအမေအခြေနေ ဘယ်လိုနေလဲကျွန်တော်မသိပါဘူး ဟိုရောက်ရင် သေချာဂရုစိုက်ဖို့တော့ ဗိုလ်မှူးထပ်မှာပေးပါလား...ဆိုတော့ အေးပါ မင်းကဘာလဲ သူ့ညီမကြိုက်နေတော့ ပူနေတာလား..တဲ့ ကဲမှတ်ကရောဗျာ...


ပွိုင့်တပ်စိတ်သေချာရှင်း မသင်္ကရင်ခနတန့်ချက်ချင်းသတင်းပို့ ကြော(စောင်း)ခုပ်။ အောက်ကိုသေချာကြည့် ကဲထွက်မယ်..ဆိုပြီး တိုးခဲ့ကြပါတယ် ဟိုရောက်တာနဲ့ လွှဲပြောင်းပေးပြီး မနားပါဘူး ချက်ချင်းပြန်ခေါက်လာခဲ့ကြ တာပေါ့။ဟုတ်ပါတယ် ကိုယ်လက်လက်ဆက်ဆက်သွားထားတာမှစိတ်ချရမှာလေ။ အပြန်တော့ပွိုင့်တပ်စိတ်ကို စောင်းမခုပ်ဘဲ လမ်းတိုင်းသွားခိုင်းပါတယ်။(စောင်းခုပ်တယ်ဆိုတာ လမ်းကိုစိုးမိုးထားတဲ့တောင်ကမ်းပါးယံလေး ကုန်းစောင်းလေးပေါ်ကနေပွိုင့်ရှင်းသွားတာပါ နဲနဲတော့ခရီးဖင့်တယ် ဒါမှလည်း အကယ်၍ရန်သူက ဆွဲမိုင်းနဲ့ စောင့်နေခဲ့သည်ရှိသော် ထိပ်တိုက်တိုးချင်တိုး သူပစ်ကိုယ်ပစ် ကစ်ကြမယ်လေ ဟိုလိုမျိုး ခြုံခို (ဟုတ်ပါဘူး) ကုန်းစောင်းဝါးတောခို ကိုယ်တို့လာတဲ့အခါ လူစုစု တစ်ဖွဲ့ထဲပြတ်နေတဲ့အခါမှာ ဆွဲ..အင်း ဆွဲတာထက် ဝါယာ ရှော့တို့လိုက်တာ အုံး ကနဲ ဂျိမ်းကနဲပေါက်ကွဲ မီးခိုးလုံးတွေဖုံးလွှမ်း .......


၆ ထပ်ကွေ့ကျော်လာလို့အမောဖြေမယ်ရှိသေး ဒိုင်း ဆိုပွိုင့်ကပစ်တဲ့အသံကြောင့်နေရာယူကြတော့ရှေ့ကပြော လာပါတယ် ရပြီရပြီကွ.. ဘာတုန်းဟ ဆိုတော့ ဂျီ.. ဆိုပဲ ဟာဟုတ်လို့လားကွာ ခွေးဖြစ်နေပါဦးမယ်ဆိုပြီး ရှေ့ကိုတက်သွားတော့မှာ လားလား တယ်ဟုတ်ပါ့လား သမင် လိုလို ဒရယ်လိုလို ခန္ဒာနဲ့ ထမ်းပြီးသယ်လာခဲ့ကြ ပါတယ်။အဲဒီညက ထမင်းစားလို့ကောင်းလိုက်တာများ(စိတ်ထဲကနေ အမေ့ကိုပြောသေး မြင်သား ၊ ကြားသား မဟုတ်ဘူးနော် လို့... ဟုတ်တယ်လေ မြင်သားဆိုတာ ကိုယ့်ရှေ့မှာထုသတ်နေတာ၊ ကြားသားဆိုတာက အဲဒီ စားမယ့်အသားကို သတ်ပုတ်ထုချေလို့ သတ္တဝါရဲ့အော်သံကိုကြားတာ .... ဆိုတော့ လွတ်မယ်ပေါ့နော်..ဟဲဟဲ)
ကျွန်တော့်တပ်ခွဲကရတာဆိုတော့ အဲဒီဆရာကြီးက အသားခြောက်လေးနဲနဲချန်ပြီးလှမ်းထားဖို့ တိုင်ပင်တာနဲ့ good ကောင်း၏ လုပ်ပေါ့။ အသားစိုတွေလည်း စစ်ကြောင်း(၁)မှူးအဖွဲ့တွေကိုနဲနဲစီဝေငှပို့ပေးကြပါတယ်။


ရိက္ခာလာထုတ်ပါဆိုလို့ မူသဲဘက်ကိုလည်း ဒိုးရသေး။ လှုပ်လှုပ်ရှားရှားကနေနားတာ ၂ ရက်မပြည့်သေးဘူး ကွာကွာမားမားရှိတယ်ကြားရပြန်ပြီ တပ်မဌာနချုပ်ပစ္စည်းတွေနဲ့အဖွဲ့တစ်ဖွဲ့ထပ်သွားပြန်ဆင်းခေါ်ပါ...ဆိုလို့ လစ်ကြတာပေါ့ ကပ္ပါယ်စခန်း ကို ဟိုရောက်ပြီးမကြာဘူး တစ်ဖက်ကအဖွဲ့ရောက်လာပြီ ဟောကြည့်စမ်းပါဦး ဟိုတစ်ခါကပြန်ဆင်းသွားတဲ့ အစ်ကိုကြီး ကိုဇော်သက်ဦး ပြန်တက်လာပြီ။ အစ်ကိုကြီး ..လို့ခေါ်ပြီးအနားကပ် သွားတုန်းရှိသေး ကို တို့အဖွဲ့တွေ တိုင်းက အမိန့်မရလို့ ကျောက်ကြီးဗျူဟာ(သံဘို)မှာ ၂ ရက်သောင်တင်တယ် ကို မန္တလေးဆေးရုံကြီးကို ရောက်သွားတော့ ဦးလေးတွေအစ်ကိုဝမ်းကွဲတွေက အမေ့အလောင်းကို နယ်ပြန် သယ်ဖို့လုပ်နေကြပြီလေ.. (ပြောရင်းနဲ့ သူ မျက်ရည်တွေစီးကျလာပါတယ်.. သူတို့အဖက ငယ်ငယ်ကတည်းက ဆုံးပါးခဲ့တာ အစ်ကိုဖြစ်သူကတပ်ထဲ ညီမလေးနဲ့ မိခင်ဖြစ်သူပဲရှိကြတော့တာလေ)

ကိုယ့်အမေကွာ သေခါနီး သူ့သားကြီးကိုတသွားတာ ကိုယ်တို့ အဲဒီနေ့ကသာ ကားထွက်ခွင့်ရခဲ့ကြည့် ကိုယ်လေ အမေ့ကို သေခါနီးအသိရှိချိန်နောက်ဆုံးအချိန်လေးထိ မှီလိုက်ဦးမှာ ညီလေးရာ.....တဲ့ ငိုသံကြီးနဲ့ပြောနေရှာတဲ့ ကျွန်တော့်အစ်ကိုကြီးကိုကြည့်ပြီး အရမ်းစိတ်ထိခိုက်မိပါတယ်။ဗိုလ်မှူးကတော့ အကြီးပီပီ တရားနဲ့ပဲဖြေလိုက်ပါ ညီလေးရာ...လိုဆိုတော့ ကျွန်တော်ဖြေပါတယ် ဗိုလ်မှူးရာ မဖြေနိုင်တာက ကံကြမ္မာကမျက်နှာသာမပေးခဲ့တာ ကိုပါ မီနိုင်လျက်နဲ့ မမှီခဲ့တာကိုပါ လမ်းကြောင်း Clear မရတော့ ကားမထွက်ရဘူး အခုတော့ကျွန်တော့်ဘဝမှာ မိဘအိမ်ဆိုတာ မရှိတော့ဘူး အမေ့ကိုတွေ့ချင်လို့ မရ ရအောင်စီစဉ်ပြီးရှေ့တန်းကနေ တကူးတက ပြန်သွား ပါတယ်ဆိုမှ ဒီအမေ အသက်မမှီမယ့်အတူတူ ကျွန်တော်လည်း အမေမရှိတော့တဲ့နေရာမှာ မနေချင်တော့ဘူး။ ကျွန်တော်သွားရမယ့် အတူတူ ဒီနေရာကိုပဲ အစောဆုံးပြန်လာခဲ့တာပါ။ ဟိုမှာဆက်နေလည်း ဘာလုပ်ရမှာလဲ.. တဲ့... ကျွန်တော်နဲ့ ဗိုလ်မှူးကတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လို့ အဓိပ္ပါယ်ကိုယ်စီနဲ့လေ........ အလာ(ဒါကအပြန်ဖြစ်မယ်)ကောင်းပေမယ့် အခါနှောင်းခဲ့လေသလား ။ ရင်သားကင်ဆာကပဲအခေါ်ကောင်း ခဲ့လေသလားဆိုတာ...........................ကိုနန္ဒလည်း မဆီမဆိုင် အဖွားတွေကိုသွားသတိရလိုက်မိသေး။

သား သမီးများအားလုံး မိဘ မသေခင်အခိုက်အတန့် အခွင့်သာတုန်းကာလမှာ မိမိ မိဘအပေါ် သိတတ်ရိုသေပြီး စိတ်ချမ်းသာအောင်ထားနိုင်ကြပြီး အတတ်နိုင်ဆုံး အလုပ်အကျွေး ပြုနိုင် ကြပါစေသား.....................

Read More...

Saturday, May 17, 2008

ဝေဒနာအပိုင်းအစလေးများ-၃

န္တလေး၊မြို့ဟောင်းဘူတာကနေထွက်လာတဲ့ လမ်းမှာ ရထားမှန်သမျှကိုလမ်းရှောင်ပေးလိုက် ဘူတာတစ်ခုခုမှာ နားလိုက် စက်နဲ့ တိုင်း(တပခ) တပ်မ(၃၃)ကို သတင်းပို့လိုက်နဲ့ အိပဲ့အိပဲ့နဲ့ ကိုနန္ဒတို့ရဲ့ စစ်ရထား(၅တွဲ ၆တွဲ) ပဲနွယ်ကုန်းဘူတာမှာပဲ ဂိတ်ဆုံးပါတယ်။ ဘူတာရောက်တာနဲ့ ကိုယ်အတွဲကိုယ့်တပ်ခွဲလိုက်ကပစ္စည်းတွေကျည်ဆံသေတ္တာတွေလက်နက်အလက်စားတစ်ချို့ကိုသယ်ချ သေနက်တွေပြန်စစ် ပြီးတာနဲ့ တစ်ခါ အသင့် လာစောင့်နေတဲ့ကားပေါ်ထပ်တင်ကြပေါ့။ ထမင်းစားချိန်ခနပေးပြီးဆက်ထွက်ခဲ့ကြတယ်။

ပဲနွယ်ကုန်းကနေ ဟိုဘက် ကျောက်ကြီးမြို့ဆီကိုပေါ့။ စစ်တောင်းမြစ်ကိုဖြစ်ရမယ့် နတ်သံကွင်း ဒီဘက်ကမ်းကိုရောက်မှသေချာ ကြည့်မိတယ်..ကြည့်စမ်း အရင်အခေါက်တွေက တံတားကြီးမရှိတော့ပါပေါ့လား.. ဒါကလည်း မိုးတွင်းရေကြီးချိန် ထုံးစံဖြစ်ပါတယ်တဲ့..ကျောက်ကြီးဘက်ကလာတဲ့ တောင်ငူ-ရန်ကုန်ဘက်ထွက်မယ့်ကားတွေက နက်သံကွင်း ဘက်ကမ်းမှာstop။ စက်တပ်လှေအကြီးစား ၂ စင်းဆက်ပြီး ပျဉ်ခင်းထားတဲ့ သယ်ပို့ ကူးတို့ယာဉ်နဲ့ ကဲ့လို့ တစ်ဖက် ကမ်းကအသင့်စောင့်နဲ့ကားနဲ့ လိုရာခရီးဆက်ဖို့ ပဲနွယ်ကုန်းဘက်ကိုလာကြပေါ့..အခုလည်းဒီလိုပါပဲ ကားပေါ်ကဟာတွေထပ်ချ ကူးတို့လှေပေါ်တင် သေနက်တွေ ခဲယမ်းပုံးတွေဂရုစိုက်ခိုင်းရ တပည့်တွေပြောရနဲ့ ဟိုဘက်ကမ်းရောက်ပြန် ကားပေါ်ထပ်တင်..အို ဘယ်နှစ်ကြိမ်ရှိမှန်းကိုမသိတော့ဘူး ဒီလိုနဲ့ ကျောက်ကြီးမြို့ ထဲကိုဝင်ဟိုဘက် ၂ မိုင်လောက်ရှိတဲ့သံဘို(တပခရဲ့အခြေချစစ်ဗျူဟာ)ကိုဆက်ထွက်ခဲ့ကြရတာပေါ့။သံဘို ကိုရောက်တာနဲ့ရှေ့တန်းမြေ ကို နင်းရတော့မယ်လေ။


ဟိုရောက်တာနဲ့တစ်ခါကားပေါ်ကပစ္စည်းတွေပြန်ချ ပြန်စစ် လူ/လက်နက်စုံ မစုံစစ်ပြီး သတင်းပို့လို့ အဲဒီမှာစပါတော့တယ် ဒီကနေကိုယ့်ကျောပိုးအိတ်ကိုလွယ်ပြီး ခြေချင်ပြီး ချီတက်ပါတော့မယ်...ဗုံးသီး ၁ လုံးဆိုလည်း သိသာပါတယ် မိမိတပည့် ကျော်တွေ။ စတင်ထွက်ခွာဖို့ line up ထိုးတာနဲ့ ကိုယ့်ကျောပိုးအိပ်ကိုလွယ်ပြီးချိန်ဆကြည့်ရသေးတယ် အင်း.. မဆိုးဘူး လှုပ်ခါပြီးချိန်ဆကြည့်တာ ရလောက်မယ်ထင်ရတာပဲပေါ့.. ဒီလိုနဲ့ အရှေ့ဘက်ဆီကိုစထွက်ခဲ့ကြပါတယ်။ ခလရ(၆၀)ထဲကစပြီး ထွက် ကတည်းက ခြေလှမ်း ၁၅ လှမ်းအနဲဆုံးခွာလိုက်ဖို့ပြောရမှာရတာကအမော။ ဥယဉ်ခြံဖြတ်လမ်းစဝင်တာနဲ့မိုးစရွာပါတယ်အားလုံးမိုးကာမြေခင်းပါးစတွေထုတ်ခြုံကြပေါ့၊ မိုးကသည်းပါတယ်။လူကမိုးကာစခြုံထားပေမယ့်တစ်ကိုယ်လုံးကတော့စိုရွှဲနေတာပါပဲ၊ ကျောပိုးအိပ်ကိုပဲ ဂရုစိုက်ရတယ် အတွင်းမှာ ကျန်ကျောင်းအိပ် ၃ လုံးကို အပြန်အလှန်ထုတ်ထားတာ ရေလုံမယ်လို့ထင်ရတာပဲ။အပြင်ကတော့ရွှဲ..တပ်မတော် equipments ကရေစို တာနဲ့လေးပြီးကျတ်လာပါတယ်။ ကျောပိုးအိတ်ကြီးလည်းဘာထူးလဲ အလေးချိန်ပိုတိုးလာတာပါပဲ အောက်ကို ခြေမချော်အောင်သေချာကုပ်သွား ကျောပိုးအိပ်ကိုဆွဲဆွဲတင်နေရတော့ လူတွေလည်း ကုန်းကုန်းကွကွနဲ့ပေါ့။


တောဆောင်းဦးထုပ်အောက်ကမျက်နှာပေါ်မိုးရေနဲ့အတူစီးစီးပြီး ပါးစပ်ကိုချွေးစက်တို့ လာထိတဲ့အရသာကိုလည်း ရမိတယ်။ တပည့်တွေတစ်ယောက်တစ်လေက ကျောပိုးအိပ်ကိုအသားပေးဖုံးထားပြီး လူကတော့ဘာမှကို မခြုံ သေနက်ကိုမြဲမြဲဆုတ်ကိုင်ပြီး လျှောက်နေကြပါတယ်။ တောစီးတွေက ဇာတိပြပါပြီအောက်ခံခုံကထူပြီးဘားပွိုင့်ပါးပါးလေးတွေပဲပါတော့တစ်ချက်လောက်ဟန်ချက်ပျက်တာနဲ့ ချောထွက်သွားတာပါ။ တစ်ချို့ကတော့ လယ်တိုဖိနပ်(angle ကင်းဘတ်)ဗကပဖိနပ်စီးထားတော့ တော်သေးတယ်။


ဈေးချို ဈေးတန်းထဲက သွားဝယ် ရတာပါ။ လယ်တိုနဲ့ ကိုနန္ဒတို့တောင် ဖင်ထိုင်လျက်သားခနခန ချော်လဲကျပါတယ်အဒီအခါမျိုးမှာရှေ့က (သို့) နောက်က တစ်ယောက်က လက်ဆွဲထူမှထလို့ ကောင်းကောင်းရတာ။ကိုယ်ဘာသာဆိုရင်ကုပ်အားမရှိတာနဲ့ပဲ ပြန်ထလို့မလွယ်ဘူး။ ပြောရင်းက ဘိုင်း ကနဲအသံနဲ့အတူ နောက်က တပည့်တစ်ယောက် ပုံပျက်ပန်းပျက်နဲ့ကို လဲထွက်သွားပြီး အောက်ကိုလျှောဆင်းလို့ ကျောပိုးအိပ်ပါ လိမ့်ကျပြီး လူလည်း ဗွက်တွေပေတူးကုန်ပါတယ်။ တပည့်အိုကေလား.. ဆိုတော့ အေးဆေး ဗိုလ်ကြီး ဆိုပြီး ထ လို့ ကျောပိုးအိပ်ကို သစ်ပင်သစ်ခက်တွေထဲထည့် ပွတ်တိုက်ခါရမ်းပါတယ်..အော ကျောပိုးအိတ် ရေဆေးတာလေ။ သေနက်ကိုတော့လုံးဝမြေထိမခံဘူးလူတာလဲဆင်းသွားတာသေနက်ကိုအပေါ်ထောင်ကိုင်လိုက်သွားတယ်။ ပွိုင့်ကထိန်းပေးပါ တစ်ယောက်နဲ့တစ်ယောက် မျက်ခြေမပြက်စေနဲ့ ရှေ့ကိုဆက်မှာသွား..ဆိုပြီးနောက်က စစ်ကြောင်းမှူးဆီက လက်ဆင့်ကမ်းစကားကို ရှေ့ တစ်ယောက်စီအဆင့်ဆင့်ဆက်ပြောခိုင်းရပြန်ပါတယ် ရှေ့တန်းမြေ ခရီးသွားနေချိန် နောက်က(သို့)ရှေ့က စစ်ကြောင်းမှူး တပ်ရင်းမှူး တွေစကားကို ဒီလိုပဲ ရှေ့နောက်ဆက်ပြောသွားကြရတာပါ။


ခနကြာတော့ ဗိုလ်ကြီး ဆိုပြီး နောက်ကနေဆရာကြီး မြတ်သွင် ကပ်လာတယ် စစ်ကြောင်းမှူးမှာပါတယ် လူချင်းအရမ်းလည်းမကပ် အရမ်းမခွါဘဲသွားဖို့ နောက် ရှေ့တစ်ကုန်းတက်ရင် ညာဘာကိုအထူးသတိထားဖို့ အသံတွေသိပ်မထွက်အောင် ထိမ်းပေးဖို့...တဲ့ အိုကေ ပြောလိုက်တော့ ကျွန်တော် စစ်ကြောင်း-၂ မှူးနေရာထိတက်သွားမှာရမယ်ဆိုပြီး ကျော်တက်သွားတယ် သူ့ကိုကြည့်လိုက်တော့ နောက်ကျောက ကျောပိုးအိတ်ကြီးက လေးတွဲခိုလို့ ကိုင်ထားတဲ့ သေနက်က MA-2 စက်ကလေး (သေချာတာပေါ့ တပည့်တစ်ကောင်ကောင်မနိုင်တော့လို့ သူ့သေနက် နဲ့လဲ ကိုင်လာတာပဲ) လျှောက်နေတဲ့လူတွေထက် ၂ဆလောက်သော speed နဲ့ မိုးကမခြုံ သေနက်ကိုခပ်တင်းတင်း ကိုင်လို့ ချီတက်သွားပါတော့တယ်။ဒီဆရာကြီးတွေ နောက်တန်းမှာ အရက်လေးများမူးလို့ကတော့ အတော်ကို ထိန်းရသိမ်းရခက်တာ။အခုလိုရှေ့တန်းဆိုလိုကတော့ အရမ်းတော်ပြီး အရမ်းအားထားရတယ်။ တပ်တိုင်းမှာ ဒီလိုဆရာ၊ဆရာကြီးတွေရှိကြပါတယ်။ မိုးကရွာ ကျောပိုးအိတ်ကြီးက ပိုပိုလေးလာသလားမှတ်ရတယ် လက်မှာ ကိုင်ထားတဲ့ MA-3 ကတစ်မျိုး။ သွားရင်းနဲ့ လမ်းလေးထွက်ကျောပိုးအိတ်ချပြီး ပြင်နေတာတွေ့လို့ မေးငေါ့ပြီး မေးလိုက်လိုက်တာ့ သိုင်းကြိုးပျက်သွားလို့..တဲ့ ...ကဲ အရေးထဲဆို အဲလိုအဖြစ်လေးတွေက လာတတ်ပါတယ်။ ကျော်တက်လာခဲ့ပြီးမကြာဘူး ခုနက ၂ ကောင်သုပ်သုပ်နဲ့ ဗိုလ်ကြီးကျော်မယ်..ဆိုပြီးတက်သွားတယ် အိတ်က လို့မေးတော့ ဟုတ် အေးဆေး တဲ့ ကိုင်းဗျာ ဖိနပ်ချုပ်အပ် နိုင်လွန်ကြိုးတွေနဲ့ အမြန်ချုပ်ပြီးဒိုးသွားတာကိုးးးးး အပေါ်က မိုးတွေရွာ ရွှဲရွှဲစိုနေပေမယ့် လူက မိုးကာအောက်မှာ ချွေးစို့ပြီး ရေကဆာလိုက်သေး...ကိုယ် ရေဘူး ထုတ်ပြီးရေသောက်ရင် သွားနေတာတန့်သွားမှာဆိုစိုးတာနဲ့ နားမှပဲသောက်မယ်ဆိုပြီးတင်းထားရပြန်တယ်။ နောက်တော့မထူးဘူး မိုးကာစကိုချွတ်ပြီး ကျောပိုးအိတ်ပေါ်ထပ်ခြုံပြီး လူကအလွတ်ရေစိုခံလိုက်တော့တယ် အမ်မယ် သူများတွေပြောတာ စစ်သားရေစိုမှာ လှတာဆိုပဲ... အဲဒီမိုးကာကြီးခြုံထား အပေါ်ကမိုးပေါက်ကျသံ ဆူညံနေတာနဲ့ လမ်းဘေးကနေ ရန်သူက အလစ် ဒုတ်နဲ့ဝင်ရိုက်သွားတောင်သိလိုက်မှာမဟုတ်ဘူး ဟီးဟီး..


တွေးကြည့်တာ ဒီလူအင်အားနဲ့ သူလည်းအဲလောက်တော့ မရဲပါဘူး။ ဒီလိုနဲ့ ခြောက်ထပ်ကွေ့ တို့ ပဒါးချောင်းတို့ အေးဆေးကျော်ပြီး မူသဲ ကိုရောက်မှပဲ စိတ်ထဲက attention တွေပေါ့သွားတော့တယ် တပ်ခွဲတွေနေရာချ။ ကိုယ့်တပ်ခွဲမှာမှ တပ်စုတွေနေရာထပ်ပေး အဲ.. ဒီလိုမိုးရွာထဲဆို သူများရှေ့ကတပ်တွေထားခဲ့ အမိုးမပါ တိုင် တန်းလေးတွေနဲ့ တဲအရိုးစုကို လူတိုင်းလိုချင်ကြတယ် သူကလွယ်တာကိုး အပေါ်ကမြေခင်းမိုးကာထပ်တင်လိုက် တဲဖြစ်ပြီလေ။ တပ်ခွဲမှာတင်အဖွဲ့ ၄ ဖွဲ့ တဲရိုးက ၂ လုံးပဲရတယ် မိမိရှိတဲ့ခွဲရုံးတစ်ဖွဲ့ကတော့ တဲရိုးတစ်ခုရမှာပေါ့ ကျန် ၃ ဖွဲ့ကို မျက်စိမှိတ်ပြီးခွဲပေးလိုက်ရတယ်။ တဲမရသူတွေ ချက်ချင်း ဝါးတွေဝင်ခုတ် နှီးတွေဖြာ ဟိုကောင် ဟိုဟာချည် ဒါတုတ် ဟိုအစကိုဟိုလိုလုပ် အိုး ခနအတွင်း တဲထိုးနေသူတွေ ၂ ဂါလံကနေ ၄ -၅ ဂါလံအထိ ဝင်ဆန့်တဲ့ ပလက်စတစ်ပုံးဖြူတွေနဲ့ တစ်ချို့က ချောင်းရေဖွေးရာကိုတက်သွားကြတယ်။ ကိုနန္ဒတို့လည်း နှီး ဝင်တုတ် ကြိုးချည်တာချည်လို့ မြေခင်းစတွေစုပြီး တဲတစ်ခုဖန်တီးလိုက်တာပေါ့။ပြီးမှ ဗိုလ်ကြီးတို့ ဒီဘက် လေကွယ်တဲ့အစွန်မှာနေပါ ဆိုပြီး CQ ကြီးကနေရချပေးပါတယ်။


ကျွန်တော်နဲ့ခွဲရုံးအကူစုမှူး 47th MDY သား ကိုရဲသူအောင်နဲ့ ၂ ယောက်လေ။ တဲတဲကိုမြင့်နိုင်သမျှအမြင့်လုပ်ပြီးအစွန်းရေမကျတဲ့နေရာမှာ မီးဖိုဖို့ လုပ်ကြ ပါတယ်။ ထင်းသွားရှာတဲ့တပည့် ဝါးပိုးဝါးဆစ်ခြောက်ရေစိုကြီးတွေ သစ်ကိုင်းမာအနက်တွေသယ်ပြီး မီးမွှေး ပါတော့တယ်။ မိုး ဒီလောက်ကျနေတာကို ထမင်းကျက် ဟင်းနွှေး(ဟင်းက တစ်နေ့ကနောက်တန်းက ဇနီးတွေထည့်ပေးတာလေးကိုနွှေးတာ)ရေနွေးတည်ကြပါတယ်။ဆရာတပည့်တွေနောက်တန်း ကတည်းက ရာဘာ(သို့) ကြက်ပေါင်စေးတုံးလေးတွေယူလာတာကို မီးပျိုးတဲ့အခါသုံးတာလေ။ တစ်ချို့ကျလည်း ကိုယ့်ဖိနပ်ခွါအထူသား နေရာကိုလှီးထုတ်ပြီးမီးမွှေးကြပါတော့တယ် ဝါး သစ် ရေစိုတွေကြာတော့မခံနိုင်ဘူး ရာဘာတုံးမီးနဲ့စွဲလောင်ကြ ပါတယ်။ သူတို့ထမင်းချက်ဟင်းချက်တုန်း ကိုယ်က ချောင်းဆီပြေး ယူနီဖောင်းလေးရေလျှော် ပြီး ရေချိုးပေါ့။ အားလုံးတော့ မိုးရွာထဲမှာ ရေချိုး ရေခပ်သူ ထင်းချိုး တဲထိုး တဲမိုးသူတွေနဲ့ စီနေတာပဲ။


တအောင့်နေတော့ တဲလေးတွေကနေမီးခိုးတွေအူထွက်လာကြပြီ အသီးသီးချက်ပြုတ်နေကြပြီလေ။ ကိုယ့်နေရာလေးမှာ မြေခင်းစ ခင်း၊စောင်ပါး လေးခင်းပြီး Diary လေးထုတ်စာရေး.. ဗိုလ်ကြီး တွယ်လိုက်ရအောင် လို့ပြောလာတာနဲ့ လုပ်ဗျာ ဆိုတာနဲ့ ပလက်စတစ်အကြည်စကိုဖြန့်ခင်း အလယ်ကို ထမင်းပူတွေသွန်ချလိုက်တယ် ပန်းကန်ပြင်နေတဲ့ တပည့်ကို နေတော့ဟ ဒီလိုပဲခပ်စားမယ် ဆိုတော့ ဟာ ဘယ်ဖြစ်မလဲဘာညာနဲ့ လုပ်ကြတော့ ကဲ နေစမ်းပါ ဒီအတိုင်းက အကျယ်ကြီးနှိုက်စားလို့ရတယ်ဆိုပြီး ဇွန်းတစ်ချောင်းထုတ် ဆရာကြီး ဘက်အခြမ်းကို ဟင်းဖတ် လေးတွေအရင် ထည့်လို့ ဟင်းချိုပူပူထပ်လောင်းပေးလိုက်တယ် (ကျွန်တော်ထက် အများကြီးအသက်ကြီးတယ် အဖေဦးလေးအရွယ် သူ့ကို ဦးချရတာပေါ့) ဘေးက ဆရာမောင်စိုးက ဆရာကြီးအဲဒါ ဦးချတာမဟုတ်ဘူး အပြီးပဲ ထပ်မနှိုက်တော့နဲ့ လို့ ဗိုလ်ကြီးကပြောတာ..ဆိုပြီးနောက်ပါတယ်။


ငရုတ်သီးစပ်စပ်နဲ့ နောက်တန်း သူတို့အိမ် တွေကပါလာတဲ့ ဟင်း အဟောင်း ပူပူ ၊ ထမင်းတွေက အငွေ့တထောင်းထောင်းနဲ့ ခေတ်ဟောင်းသီချင်းထဲက နှီးဒေါင်းလန်းကြီး အလယ်မှာ.. ကိုကြားမိသား။ ပန်းကန်နဲ့တာစားရင် တပည့်ကိုထမင်းခနခနထည့်ခိုင်းနေရတာ ကြာရင်ရှက်စရာလေ ဟော အခုတော့ ဘာမှကိုပြောနေစရာမလိုတော့ဘူး တပည့်တွေက လက်နဲ့နှိုက်စားကြ ဗိုလ်ကြီးစားတဲ့အပိုင်းလေးကို ဟင်းဖတ်လေးတွေပို့ပို့ပေး။ ဒီမောင်ကတော့ ဇွန်း တစ်ချောင်းနဲ့ စားချင်တဲ့နေရာ သူများဧရိယာထဲကခပ်တွယ်နေပါတော့တယ်။ တစ်နေ့က တောင်ငူမှာရထားရပ်ပြီး ထမင်းဆိုင်မှာ စစ်ကြောင်း -၂ မှူး ကျွေးလို့စားခဲ့တာတောင် တကယ်ပါ ဒီလောက်စားမကောင်းဘူး မမြိန်ဘူးဗျာ။ ထမင်းစားပြီး တစ်ခြား တပ်စုတဲတွေ အိုကေမကေလိုက်ကြည့်ပြီးကိုယ့်တဲကိုပြန်လာ ကျောခင်းဖို့ပြင်မှပဲ တစ်နေ့လုံးအဆက်မပြက်တဲ့ မိုး ချက်ချင်းရပ်သွားတယ်..အားလုံးပြီးမှလေ တော်တော်ချစ်ဖို့ကောင်းတဲ့ မိုး။။။။။။ တဲပြန်ရောက်တော့ ဗိုလ်ကြီး အချိုတည်း မယ်ဆိုပြီး လာပေးတယ် ကော်ဖီခွက်....ကော်ဖီမစ်စ်ပါလား..(နောက် ၂ ပါတ်လောက်ဆို ဒီ ကော်ဖီ မစ်စ်ဆိုတာလဲ ခါလီဖြစ်မယ်)CQ ကြီးဒါ ဘယ်နှစ်ထုပ်ဖျော်ထားတာလဲ ...မေးတော့ ၂ ထုပ်ခွဲ ဗိုလ်ကြီး တဲ့ ညီတော်မောင်က ပြုံးစိစိနဲ့ကျွန်တော့်ကိုလှမ်းကြည့်လာတယ် သိပါ့ ဒီကောင်ပြုံးတာ ....


ဗိုလ်လောင်းဘဝ ကျောင်းတော်ကြီးမှာ စာမေးပွဲတွင်းဆိုလို့ကတော့ Super တို့ Bencafe တို့ကို အနဲဆုံး ၂ ထုပ် ခွက်တစ်ဝက်စာ သာသာရေနွေးထည့် နို့ဆီဗလာ သကြားနတ္ထိနဲ့ကစ်ကြတာ မအိပ်ချင်အောင်လို့ဆိုပဲ လုပ်တာလုပ်တာ။ အခုတော့ ကော်ဖီမစ်စ် ၂ ထုပ်နဲ့တစ်ဝက်ကို (၇)ယောက်သောက်နေတာကိုတွေ့ပြီး ပြုံးမိတော့မှာပေါ့။စားပြီး သောက်ပြီးဆိုတော့ ယူတော့မယ်လေ။ ပလက်စတစ်အထပ်ထပ်နဲ့ထုပ်ထားတဲ့ ရေဒီယို (၈၄လမ်းညဈေးတန်းထဲ သွားမွှေပြီး ဝယ်လာတဲ့၆၅၀၀ တန်လေး)ကိုထုတ် ကွိစိကွစိအသံတွေကို ဘီးလုံးလေးလှည့်ပြီး ကလိလို့ ကိုနန္ဒ တစ်ယောက် ကမ္ဘာတလွှားနဲ့အဆက်သွယ်စယူပါတော့တယ်။ ညီတော် မောင်ရဲသူကတော့ မိုးရေစိုထားတဲ့ London လေးတွေမီးဖိုမှာကင်တာကင် သောက်တာသောက် ဆရာကြီး CQ ၊ ကင်းသမားတို့ နဲ့ စကားစမြည် ပြောနေလေရဲ့။(အဲဒီ London လည်း အလွန်ဆုံးခံရင် ၂ ပါတ်ပေါ့ ဒါကလည်း တစ်ယောက်ထဲသောက်မှပါ)


မနက် ၅ နာရီခွဲနိုးတာနဲ့ထ ကိုယ်လက်သန့်စင် ဘုရားဝတ်ပြု။ အမေမှာတဲ့အတိုင်း မေတ္တာတွေတန်းစီပြီးပို့ပေါ့။ ရန်သူ သူတို့များလည်း အေးချမ်းစွာနေထိုင်နိုင်ကြစေသားပေါ့။ ညကတည်းက ကင်းသမားတွေမီးကင်ပေးလို့ ခြောက်သွေ့နေတဲ့ ယူနီဖောင်းလေးဝတ်တော့ အားလားလားနောက်ကျောလက်ပြင်နေရာတွေနဲ့ရှေ့ရင်ဘတ်ပုခုံးဝန်းကျင်တွေကနာကျင်ကိုက်ခဲနေပါရောလား...ကျွတ်ကျွတ်ကျွတ် ညီလေးဖြစ်သူက အီစိမ့်နေတာပဲနော် အစ်ကိုကြီးတဲ့.. ထမင်းကြော် လက္ဘက်ရည်ဖျော်နေတဲ့ တပည့် ၃ ယောက်ကိုမေးမိတယ် မင်းတို့ရော ဒါတွေ မနာကြဘူးလား ဆိုတော့နာတာပေါ့ဗိုလ်ကြီးရာ..တဲ့မနက်၉ နာရီမထိုးခင်အဲဒါတွေပျောက်သွားလိမ့်မယ်..ဆိုပဲ။ဗိုလ်ကြီး ဝါးလို့ရပြီ ဆိုပြီး ထမင်းကြောပန်းကန် နဲ့ လ္ဘက်ရည်လာပေးတယ်။ အင်းအခုတော့ ဆနွင်းလေး ဆီလေးနဲ့ ဝင်းဝါပြီး အိနေလိုက်တဲ့ ထမင်းကြော်လေးရယ်.....သူလည်းကြာရင်တော့ ဖြူဆွတ်မာတင်းလာပါ လိမ့်မယ်(ဆနွင်းလည်းကုန် ဆီလဲခန်းချိန်ပေါ့)


breakfast စားပြီးသောက်ပြီးတပ်ခွဲမှူးတွေစုပြီး စစ်ကြောင်း-၁မှူး တဲကိုသွားဖို့စုကြတယ်။ ကိုတိုးကြီးတဲမှာပေါ့ သူက စီနီယာအကျဆုံး ကျွန်တော်တို့အနွံအတာအခံဆုံး။ မသိတာ သေချာသင်ပေးတယ် အငယ်ကောင်တွေ ဘယ်လောက်စစ စိတ်မဆိုးဘူး ကျွန်တော်ဆိုလည်း တစ်ချို့ စီမံခန့်ခွဲ အုပ်ချုပ်မှုလေးတွေသူ့ဆီက အတုယူရပါတယ်။ သူ့တဲကိုရောက်သွားတော့ သူကိုးကွယ်တဲ့ မယ်တော်ကို ဝတ်ပြုနေဆဲတွေ့ရတယ်.. ကိုတိုးကြီးက ခရစ်ယာန် လေ။သူတပ်ခွဲမှာ ကရင် ဆရာကြီးရှားရယ်တို့ RPGသမား ဆရာစောလောအယ် တို့ ခရစ်ယာန် ၃ ယောက် ဟိန္ဒူရဲဘော်လေး ၁ ယောက်။နောက်အရမ်းဟာသပြောတတ် လုပ်တတ်တဲ့ တပ်သားမျိုးဝေး (အမျိုးတွေနဲ့ဝေးလို့ သူဟာသူဝေးလိုက်တာဆိုပဲ) မွတ်စလင် ဆိုပြီး ဘာသာအစုံ ရှိပါတယ်။ အဲဒါနဲ့ စစ်ကြောင်းမှူး ဆီသွားညွှန်ကြားချက်နာခံပေါ့၊ ဘယ်နှစ်နာရီ line up ထိုး ဘယ်လောက်မှာ စထွက်မယ် ဘာမဖြစ်စေကြနဲ့ ဘာလုပ်ကြဖို့မှာပါ ဘာညာပေါ့ ဒီနေ့ ခွဲ(၄)ပွိုင့်သွားမယ်...........အဲ ဟုတ်ပြီ သူ့ဆီကအဲဒီအမိန့်ကအဓိကပါ ကိုယ်နန္ဒက ခွဲ-၂ ဆိုတော့လွတ်ပြီဗျာ ...ဘာမေးစရာရှိလဲ ..ထုံးစံအတိုင်းမရှိပါဘူးဆိုပြီးအလေးပြုပြီးပြန်လာသူမှာတာတွေနဲ့ကိုယ်မှာချင်တာတွေအကုန်ပေါင်းမှာကိုယ်မှာချင်လွန်းလို့ယားနေတဲ့ဟာတွေ(ပါးစပ်နော်)ရောတွယ်ပြီးစစ်ကြောင်းမှူးမှာတယ်ပေါ့...တစ်ချို့အမိန့်ကျ အဲလိုကပိုကောင်း တတ်လို့ပါ။ ပွိုင့်တပ်ခွဲမှူးကတော့ ဘယ်တပ်စုပွိုင့် အဲဒီကမှ ဆရာဘယ်သူတပ်စိတ် ပွိုင့် ထွက်ပါဆိုပြီးထပ်ဆင့် ခွဲခြမ်းစိတ်ဖြာပေါ့........အဲဒီ ပွိုင့် ကလည်းပြောတော့တာလွယ်တာ ခေါင်းတော့နဲနဲစားတယ် အထူးသဖြစ့် မိုင်းပေါတဲ့ဂွင်တွေမှာလေ။ ကိုယ်တပ်ခွဲကမှ ထပ်တာဝန်ပေးရတဲ့ တပ်စု တပ်စိတ်ကိုမှတ်ထား နောက်တစ်ခါ ကိုယ့်တပ်ခွဲ ရှေ့ဆုံးကနေ ပွိုင့် ဆိုပြီးထွက်ရတဲ့အခါ သွားပြီးသွားအဖွဲ့ကို အနားပေးရပါတယ်။ ဟုတ်တယ်လေ သွားနေတုန်း လမ်းကြောင်းပေါ်မှာ နင်းမိုင်း ရှိခဲ့တယ် ဆိုပါတော့ အဲဒီ ရှေ့ဆုံးက ပွိုင့် တပည့်တွေ ဗွေဆော်ဦး (ဂိုးသွင်းမှာဟုတ်ဘူး) နင်းမှာလေ။ ဒီတော့လည်း ကိုယ့်ပါးစပ်ကနေ ဘယ်တပ်စုက ဆရာဘယ်သူရဲ့တပ်စိတ်ပွိုင့်ဆိုတဲ့အမိန့်ထွက်ကျလာဖို့တော်တော်ကိုကြိုးစားပြောရပါတယ်(တပ်ခွဲမှူးလုပ်ခဲ့သူများသိကြပါလိမ့်မယ်)


ကျွန်တော်အဲဒီပွိုင့်ဆိုတာကြီးပြောရင်ပြန်မြင်ယောင်သတိရလာတာ ရှိတယ်ဗျ....အဲဒါဘာလဲဆိုတော့......ရဲဘော်စိုးအောင်(အမိမြေ)ကနေ မင်းသားကိုကျော်သူ(အခုတော့ ဦးကျော်သူပေါ့)(ကယ်ဆယ်ရေးတွေလုပ်ကိုင် နေတာတွေ့ရမြင်ရကြားရ သာဓုခေါ်ပါသည် ကျေနပ်ဝမ်းသာမိပါသည်)ကိုပြောတာလေ လှလေးစိန် ဒီနေ့ မင်း ပွိုင့်သွားရမယ်...........ဗျာ!!!!!!!!!!!!!!!!!!!!!! ပွိုင့် ဆိုပြီးလေ မှတ်မိကြလားမသိဘူး ဟဲဟဲ သတိရလို့ပါ။ အခုလည်းအဲဒီပွိုင့် တော်သေးတယ် လွတ်သွားလို့ ဒီနေ့တော့ မိုင်း များ မသကာ ရှိခဲ့ရင် ကနဦး ဆိုတာကနေ လွတ်လို့ လွတ်ပြီ မအောင်းမေ့လိုက်နဲ့ ကျွန်တော်တို့ စစ်သားများ ဆိုရိုးစကားလေးရှိတယ် မိုင်းဆိုတာမျိုးက ကိုယ်ပိုင်နံပါတ်နဲ့လာတာ...တဲ့ စာဖတ်သူစဉ်းစားကြည့်လေ ရှေ့ဆုံးက ပွိုင့်တွေရော main body တွေရောအကုန် နင်းသွားဖြတ်သွားလိုက်တာ ဖွတ်ဖွတ်ကိုကျေရော ဘာသံမှမကြားဘူး ကံဆိုးသူ မောင်ရှင် သူ့ရှေ့မှာ လူ ၁၀၀ သွားပြီးမှ ကျောပိုးအိတ်လေးအနေအထားပြင် သေနတ်ဒင်လေး မြေခနထောက်လိုက်မှ ဂျိမ်း ဆိုပြီးထကွဲတော့ တာပါပဲလေ(ဥပမာပြောတာပါမောင်ရှင်က)ဒီတော့ဖိုးသားတို့ပွိုင့် မဟုတ်ပေမယ့် လိုက်ရရှာ သောနေရာကနေ ဂုဏ်တော်ကွန်ချာတွေ အဆက်မပြက်ရွက်ဖတ် အထပ်ထပ်သောမေတ္တာတွေ ပို့သလျက်လေ...................

Read More...

Friday, May 2, 2008

ဝေဒနာအပိုင်းအစလေးများ-၂

အစည်းဝေးလည်းပြီးရော လူလည်းအူတွေတွန့်လိမ်နေပါပြီ။ နောက်တန်းပြန်နားလို့ တစ်လဆိုတဲ့ကာလကလည်း ဘာမှမကြာလိုက်ဘူး၊ ဟောအခုပြန်ထွက်ရတော့မယ် သို့အတွက် လူ၊လက်နက်၊သီးခြားယူရမယ့် ဟာတွေ ခွဲခြမ်းစိတ်ဖြာဖို့အတွက် ရင်းမှူးဦးစီး ဦး/ရေး/ထောက် အစည်းအဝေးလုပ်တာပါ။ ထမင်းစားချိန်နီးမှကပ်လုပ်တာ ဖြစ်တဲ့တော့ ဗိုက်ဆာတာနဲ့ခွေခေါက်နေပြီ။ ကိုနန္ဒက junior အကျဆုံးတပ်ခွဲမှူး ဆိုပေမယ့် တပ်စုမှူးတင်ပဲ ၃ ယောက်ရပါတယ်.. ၄၇ ကညီငယ်တွေပေါ့။

ရိပ်သာရောက်တာနဲ့ စားမယ်ဟေ့ ဝါးမယ်ဟေ့ အော်ဟစ်ကြပါပြီ။ ထမင်းလာချပေးတဲ့ တပည့်ကို ဘာဟင်းလဲဟ ဆိုတော့ ဘဲဥ ကြော်ချက်၊ သီးစုံချဉ်ဟင်း(အိမ်ထောင်သည်လိုင်း တစ်ပါတ်ပတ်ပြီးရလာတဲ့ အသီးပေါင်းစုံနဲ့ ချက်ထားတာ free) ဆည်တော်ကြီးရေမြောင်းဘေးကခူးထားတဲ့ ခရမ်း ကစော့သီး၊မြင်းခွါရွက်ပြုတ်တို့စရာ ဘယ်တော့မှမရိုးနိုင်တဲ့ဟင်းတွေပေါ့။ အကြီးဆုံးဖြစ်တဲ့ ကိုနိုင်ဝင်း(မိန်းမက လိုက်မလာ နိုင်သေးလို့ သူကရိပ်သာမှာ လူပျိုလာလုပ်နေတဲ့သူ) ထဲကို ဟင်းတွေ ဦးခပ်ထည့်ပေးပြီး စစားကြဖို့ လုပ်တုန်း တပ်ရင်းမှူးကားသမား စတီးချိုင့်ကြီးဆွဲပြီးရောက်လာပါတယ်.. ဟာဟ သိလိုက်ပြီ ဒီမောင်များစိုစို ပြေပြေစားရအောင်လို့ပါ။ဒီလိုမှလည်း အချဉ်အစပ်စုံအောင် စားရတာလေ။


တပ်ခွဲကတပည့်တွေစစ်ထွက်ပစ္စည်း စစ်ဝတ် စုံ/မစုံ စစ်ဖို့ စိတ်ဓါတ်မကျအောင် အားပေးစကား ပြောဖို့ လက်နက် တိုက်က လက်နက်တွေ ရှေ့တန်းယူမယ့်အဓိက အကူပစ်လက်နက်ကြီးတွေ တိုက်ချွတ်ပြီး ready ဖြစ်/မဖြစ် တပ်စု/တပ်စိတ်ခွဲရင် လူမျှအောင်ခွဲဖို့ ကိုယ်တိုင်က ဘာတွေယူ ဘာတွေဝယ်ရ သယ်ရမလဲဆိုတာတွေ အိမ်ကို ဖုန်းဆက်ဖို့ ကောင်မလေးကိုနှုတ်ဆက်ဖို့ ...အို.. စုံနေတာပဲ ခေါင်းထဲမှာတော့ ဘာကနေ စလုပ်လို့လုပ်ရမလဲကို မသိဘူး။ အိမ်ထောင်သည်တွေကတော့ သူတို့အိမ်သူသက်ထားများက ကြော်လှော် လျှော်ဖွတ် ပြင်ဆင်ပေးနေ နိုင်တော့ သိပ်မပူရပါဘူး။ မောင်တို့လူပျိုများကတော့ ကိုယ့်အုပ်ချုပ်မှုကိုယ် စဉ်းစားရ တပ်ခွဲအတွက်စဉ်းစားရနဲ့ ဝယ်ရမှာတွေကလည်းများသား လက်ထဲမှာက ၅၀၀၀/ တောင်မပြည့်တော့ဘူး၊ ညီငယ်တွေလည်းအိမ်တွေကို မှာတဲ့သူကမှာ နီးနီးနားနား မန္တလေးသားတွေက ရွှတ်ဆို ဆိုင်ကယ်လေးနဲ့လစ်ပြီး ပြန် အိမ်ကလူတွေ ဈေးချို ထဲကိုခေါ်သွားပြီး လိုချင်တာလက်ညှိုးထိုး အဆင်ကိုပြေလို့။ အနည်းဆုံး ၃-၄ လလောက တာကလ တောထဲမှာ နေရမယ့်ဆိုတော့ နေ့စဉ်သုံးတွေထဲက မသုံးဘဲနေလို့ရမယ့်ဟာကို စာရင်းကပါယ်ကျန်တာကိုတွက်......


တစ်လကုန်တစ်ခါ နောက်တန်းကနေ လစာပေး၊အင်အားဖြည့်အဖွဲ့တော့လာတာပေါ့။ လူပျိုစစ်သည်တွေကိုပဲ လစာလာတာ၊အနော်တို့က ချက်လက်မှတ်ကြီးနဲ့ အင်းဝ ကိုသွားမှ လစာဆိုတာကရတာမျိုးဆိုတော့ ဝေးသေး။ ဒီလိုပဲအိမ်ထောင်သည်တွေအတွက် သူတို့ မိန်းမတွေက စာတွေ၊အကြော်အခြမ်းလေးတွေထုပ်ပိုးထည့်ပေးကြ ဆိုတော့ ငတ်ပြတ် သမျှခံသာသေးတယ်။ အဲလိုပဲ စစ်သည်လူပျိုတွေကလည်း လာစာတွေသယ်လာသူ ကိုစုပြီး သူတို့လစာထဲက ဘာဝယ်ပေးပါ ညာဝယ်ပေးပါမှာလို့ရကြတာပေါ့။ ဝဲကိုက်တာက ကိုနန္ဒတို့ အဖွဲ့တွေပါပဲ၊ဘာလေးဝယ်ခဲ့ပါပြောရအောင်ကိုယ့်လစာဆိုတာကမပါ၊ မှာလည်း တစ်ယောက် တလေဆို ဟိုလူကစိုက်ပေးလို့ ရသေး၊အခုဟာက တကယ်ပါ ၄၇ ကညီလေးတင် ၈ ယောက် ဒါတောင်လျှော့ပြောထားတာ။ ကော်ဖီမစ်လည်း သယ်ချင်၊ ဓါတ်ဆားထုပ်၊ ဆပ်ပြာခဲ၊ လက်နှိပ်ဓါတ်မီး ဓါတ်ခဲ၊ အိုင်ကွန် icom သုံးဖို့ဓါတ်ခဲ၊ ဖယောင်းတိုင်က မပါ မဖြစ်၊ ဘောလုံးဂျာနယ်အဟောင်းတွေ(သူလည်း အရေးပါတယ်.. tissue အစား) ဖျားနာကိုက်ခဲ ဆေးမျိုးစုံ..အင်း ဆေးက ဒေါက်တာမမဆီပြေးရင် အိုကေမယ်.. မဟုတ်ရင်ဝယ်ပေါ့ဗျာ (ကိုယ့်ကုသိုလ်နဲ့ကိုယ်နော်ဟဲဟဲ)


စားစရာအတွက် အကောင်းဆုံးက ဆိတ်သားခြောက် မန္တလေးသူ/သားတွေသိပါတယ် ဟိုဟာလေ AK ဆိုလား အာကာ ဆိုလား မမှတ်မိတော့ဘူး သူကတော့ တကယ် အဆင်ပြေတယ် နဲနဲကိုငှက်ပြောဖူး/ ငှက်ပြောအူ နဲ့ ရောရောပြီးချက်စားသွား မကုန်လွယ်ဘူး ကောင်းလည်းကောင်းတယ်။ ယူနီဖောင်းက ဝါကျင့်ကျင့်လေးရယ် သိပ်မကောင်းတော့ တာလေးရယ် ရှိတာအကုန်ပဲ ၂ စုံထည့်၊ အရပ်ဝတ်..က အင်း ပုဆိုး၂ထည် အင်္ကျီ ၂ ထည် စစ်ဆွယ်တာ၊ တဘက်ကြီး၊ ချွေးသုတ်တဘက် ဈေးချိုထဲမှာ အကုန်ရှိပါ့ ပိုက်ဆံပဲ လိုတာ။ဒန်အိုးဒန်ခွက်က နိုး ပြသနာ ဆရာတွေသူတို့မိန်းမတွေဆီကအမွေခွဲမှာ ဒါကထုံးစံ သူ့တပ်စိတ်လိုက် ခွဲထားတဲ့အတိုင်းထမင်းဟင်း အတူချက်စားရမှာ တပ်စုမှူးဗိုလ်ကြီး တွေလည်း go အဲဒီတပ်စုလိုက်ပဲ၊တဲထိုးဖို့ ပလက်စတစ်မိုးကာပါးစ၂ထည်၊ ဖိုက်ဘာ သို့ မယ်လမီး ပန်းကန်ပြားလေးတော့ထည့်မှ ထမင်းစားဖို့၊ဇွန်းတိုလေးရယ်၊စတီးချိုင့်တစ်လုံးကလဲ လို သေးဗျာ၊ ခွဲရုံးက ဆရာကြီး၊တပ်စုကဆရာကြီးတွေက အဲဒီ ပန်းကန်ခွက်ရောက်ချိုင့် လာသယ်သွားပြီးသား သူ့ ဟာသူခွဲပေးမှာ။ ဖတ်စရာ ဘုရားစာအုပ် ကျွန်တော်သယ်နေကြက ပရိတ်ကြီး ၁၁ သုတ်စာအုပ်လေး။နောက် ဖတ်စရာ စာအုပ်လေးတစ်အုပ်၊ eng dictionary၊ diary တစ်အုပ်။


တပ်မတော်ဂွင်းစောင်ပါးလေးနဲ့ စောင်ကြားလေးလည်းထည့်လိုက်ရော ကျောပိုးအိပ်က လျှံထွက်သွားပြီ ဘာမှ ဆက်ထည့်လို့ကိုမရတော့ဘူး။ အဲ... အရေးကြီးဆုံး အရာလေး.. ရှာရှာ ခေါင်းအုံးအောက်မှာ.. တွေ့ပြီ အဓိက မွေးသမိခင်ကြီးရဲ့ ထမီထပ်ဆင်စ ၇ ထုံး ထုံးထားရင် အန္တရာယ်ပိုကင်းတယ်ဆိုပြီး အမေက အထုံးလေးတွေ ၇ ခု ထုံးပြီးပေးလိုက်ပြီးသား လည်မှာ ဆွဲဆွဲ လက်မောင်းမှာချည်ချည်၊ ဘုရားစင်ပေါ်က မြတ်စွာဘုရားရှင်ရဲ့ပုံတော် မြကျောက် ဆရာတော်ဘုရားကြီးပုရိတ်ကြိုး၊ အိုကေပြီ.. သွားတိုက်ဆေးက လေဆာ ဘူးကြီးဆိုသုံးပါလိမ့် ၃ လ ဟိုဘက်အခန်းတွေကညီငယ်တွေလည်း ပွက်လောတွေရိုက်နေပါတယ် ဟေ့ကောင် အဲဒါငါ့ ကျည်ဘောက်စ် ဟိုပစ္စတိုအိပ်က သူ့ဟာ ယူနီဖောင်းက မင်းဘောင်းဘီနဲ့ ငါ့အင်္ကျီ ဖြစ်နေတယ်.. ရေဘူးပေါက်တာကြီးကို မင်းနော် လာမလဲနဲ့ ခြေအိပ်လျှော်ပြီးသားတွေက ဘယ်အတောင်ပေါက်ပျံသွားတာလဲ များနေပြီ နဲနေပြီတွေ အော်လို့ အသံကြားမှသတိရတယ် ကိုယ်လည်းလျှော်ထားတဲ့ခြေအိပ်လေးတွေသွားယူဦးမှ ဟော... ကဲကြည့်။ လွဲကုန်ပြီ


အရေးထဲ တပ်ခွဲမှူးတွေ အဘခေါ်နေတယ်..လုပ်ပြီ အလုပ်ရှုပ်နေတာကို (ဗိုလ်လောင်း စကားနဲ့ပြောရရင်တော့ ရက်ထွက်နေပါတယ်ဆိုမှ...)မသွားလို့မှ မရတာ သွားရပြန်သေး။ မှာတာတွေကအများကြီးပါ။ ထုံးစံအတိုင်း ကို ကလည်း၊ တစ်ပါတ်လုံးလုံးဝတ်ထားတဲ့ ဂျင်းပင်န်တွေ တီရှပ်တွေ ပုဆိုးအင်္ကျီတွေက ....ဘယ်သူ့ကိုလျှော်ခိုင်းရ ပါ့မလဲ အခုမှ ကပ်လျှော်မခြောက်တော့ဘူး သိမ်းထားခဲ့ဖို့ပါ။ အပေတွေကို သေတ္တာထဲ ဒီတိုင်း ထိုးထည့် ခဲ့လို့လည်း မဖြစ်၊ တောက်..! မိန်းမမရှိတာ နာတာပဲကွာ.. တွေးမိတာပါ။ ပုဆိုးနဲ့ထုတ် ရွှေဝါတစ်တောင့်ဝယ်ပြီး လိုင်းခန်းထဲ ပြေးရတာပါပဲ၊ ပြန်လာမှလာယူတော့မယ်ပေါ့... အမှန်က တပ်ခွဲမှူးဆိုတာ ရုံးပုံးလို့ခေါ်တဲ့ စတုရန်းပုံသံသေတ္တာ တစ်ပေခွဲ နှစ်ပေနီနီး (အနံအမြင့် အလျားတူ)တစ်လုံးယူရတာပါ။ စစ်ဆင်ရေးနယ်မြေအခြေအနေအရ အဲဒါသာ သယ်လို့ ကတော့ ... သံဘို(ကျောက်ကြီးမြို့နားက)ရွာကနေစပြီး ဘော်စဲခို ထိ ၂ နေကုန် လမ်း လျှောက်ရတဲ့ တောလမ်းခရီးကြမ်းကို ကိုယ့်ကျောပိုးအိပ်ကို အနိုင်နိုင်လွယ် အိပဲ့အိပဲ့သွားနေ ရတာကို... သံလိုက်အိမ်မြှောင်နဲ့ မှန်ပြောင်း။ မြေပုံအိပ်က မြေပုံတစ်ချပ်တည်းနဲ့ကို ပြည့်နေပြီ.....၆၀မမ ဗုံးသီး ၂ လုံးခွဲယူပြီ ကျောပိုးအိပ်ထဲကို ထည့်ရမယ်။ မထည့်လို့မဖြစ်ဘူး ....ခွဲရုံးမှာကအကြီးများတယ်လေ(လက်နက်ကြီး)


ဗိုလ်ကြီး ဘယ်သူ.. ဖုန်း... ဆိုပြီး ရုံးကလည်း ဖုန်း လာတိုင်းအော်ပေးပါတယ် တစ်ယောက်ပြီး တစ်ယောက် ညီ ငယ်တွေပေါ့.. မိဘ၊ ဘာညာ မတော်ရသေးတဲ့ ယောက္ခမ အို စုံနေတာပဲ မနက်ဖြန်ရှေ့တန်းထွက်မှာဆိုတော့ မှာစရာလေးတွေကများသား.. အလှည့်မရောက်သေးလို့ စောင့်ပြီးမှ ကိုယ့်အလှည့်ကျပါတယ် အိမ်ကိုဖုန်းခေါ်ပေါ့ မာတာမိခင်ကြီးကတဖွဖွမှာရှာပါတယ် သားနော် ဘုရားတရားမမေ့နဲ့ အနန္တောအနန္တ ၅ ပါးညတိုင်းဦးချပြီးမှအိပ် အားလုံးကိုမေတ္တာပို့ ရန်သူလည်းပို့နော် အမေလည်း အဲဒီဒေသက လူတွေအကုန်မေတ္တာပို့ပေးနေမယ်။ အချိန်ရ ရင် သံဗုဒ္ဒေ အခေါက် ၁၀၀၀ ပြည့်အောင်ရွက်ပေး ဂုဏ်တော်ကွန်ချာလည်း ရွတ်နော် ငါ့သား....အပေါ့သွားတာ လာတကအစ ကန်တော့ကန်တော့လို့ပြော.. ဟုတ်ဟုတ်ဟုတ် နဲ့ပေါ့ အမေခနနားသွားမှ .. အမေအိမ်မှာလေ သားဓါတ်ပုံတွေ ချိတ်ထားရင်ခန ပြန်သိမ်း ထားပါလား.. ဘာလို့လဲ သားရယ်.. ဆိုတော့ သြော်မတော်တဆ လေတိုက်လို့ ချိတ်မခိုင်လို့ ကျကွဲခဲ့ရင် အဖေနဲ့အမေ အလကားနေစိတ်ထင့်နေရမှာစိုးလို့ပါ.. လို့ သိမ်းထားတဲ့ အထဲကမှ မှန်တွေဘာတွေကွဲလည်း ဆွမ်းချိုင့်ပို့ပေးပေါ့ အမေရယ် လို့ နောက်လိုက်တာကို မွေးမေက ဟဲ့သားဆိုပြီးငိုပါလေရော....


မနက် ၄း၀၀နာရီဆိုတာနဲ့ စစ်ခရာနဲ့ တပ်ရင်းတစ်ရင်းလုံးကို နှိုးပါတယ် ၅ နာရီကားပေါ် တက်ပြီး အစုံအလင် အသင့်ထွက်နိုင်ရမယ် ဆိုတာကိုး။ မီးကမှိန်မှိန် သေနက်တွေထုတ် သေချာစစ်ခိုင်းရ လူစုံအောင်လုပ်ခိုင်းရ ကိုယ့် ပစ္စည်းကို စုံအောင်လုပ်တာတစ်မျိုး ၊ ကားပေါ် အလေးအပင်တွေတင် ကလေးငိုသံ အော်ခေါ်သံ အစ်ကို မောင်ခေါ်တာတွေ ငေါက်ငမ်း သံတွေနဲ့ ရောက်ယတ်ကိုခတ်နေတာပါပဲ တပ်ရင်းမိခင်နှင့်ကလေးက မနက်စာ ဆိုပြီး အကြော် ကောက်ညှင်းပေါင်းထုပ်လေးတွေဝေလို့ တော်သေးတယ် မဟုတ်ရင် မံမံက တူတူပုန်းမှာ အသေ အချာပဲ၊ တန်းစီလူစစ်တော့မှ ပေတူး ဆိုတဲ့ တကယ့်ငပေတူး လိုနေပါတယ် ပြသနာကစပြီ တပ်စုတပ်ကြပ်ကြီး လုပ်သူကို နဲနဲဆူပေးလိုက်ပြီး သွားအခုရှာ သူ့ပစ္စည်းတွေ သယ်လာပြီးချထားပေး ဆိုပြီး .. တပ်ရင်းမှူးစစ်ထွက် မိန့်ခွန်းနာခံပြီးတဲ့အထိပေါ်မလာပါဘူး ခနကြာမှ ကြက်ခြံကဆရာက ခေါ်လာပါတယ် ညကတည်းက မူးပြီးလာ အိပ်နေတာ အကုန်ပြင်ပြီးသားဆိုလို့ သိပ်ထားလိုက်တာဆိုပဲ သူ့ဆရာကြီးလုပ်သူက နားရင်း တစ်ချက်လောက် ပြင်းပြင်းအုပ်ပေးလိုက်မှအိပ်ချင်ပြေသွားပါတယ် ဒီလောက်ဆို နန္ဒအောင် မလိုတော့ဘူး ကဲ..။


ကားပေါ်တက်ကြ အိမ်ထောင်သည်များ မိန်းမတွေက တတွတ်တွတ်နဲ့ မှာလို့ကို မပြီးပါဘူး တအိအိနဲ့ ငိုတဲ့သူကရှိသေး .. ကောင်းတယ် မောင်ကြီးတို့ ငဖွတ်ကြားများ တတွတ်တွတ် မှာမယ့်သူလည်းမရှိဘူး ချွဲစရာလူလည်းမလာဘူး တဖွဲ့လုံးပဲ .. ကားတွေစထွက်ပါပြီ ဟော ကြည့် ၃ စီးပဲထွက်ရသေး နောက်အစီးက ဆင်းတွန်းပြီးနှိုးနေရသေး အခုမှသေချာ ကြည့် လိုက်မိတယ် ငါ့စီးတဲ့ကားက ရှေ့မီးလည်းထွန်းတာမတွေ့ပါလား .. သေချာအောင် ကား ဆရာကို ဆရာကား .. ကားမီးက.. ဆိုတော့ ဟုတ်တယ်ဗိုလ်ကြီးရေ ဂန့်သွားလို့ နောက်က ကားမီးရောင်နဲ့ မှေးမောင်းလို့ ရပါတယ် မပူပါနဲ့ ဗိုလ်ကြီးရာ မြို့ထဲမှာ လင်းလင်းချင်းချင်းပါ.. ခနနေရင်လည်း အလင်းရောင်လာတော့မှာပါ ဆိုပဲ.. ကဲ...... ရှိစေတော့ သူကလည်းဒါမှ ရိုးရာမပျက်မှာကိုး။

Read More...

Saturday, April 26, 2008

စားခဲ့ဖူးသော ဟင်းတစ်မျိုး

စာရေးဆရာဖိုးကျော့ရဲ့စာအုပ်တွေကို တော်တော်များများဖတ်ဖူးခဲ့ပါတယ်။ မှတ်မှတ်ရရ ရှိနေဆဲစာအုပ်လေးက အင်တွဲပွဲ့လျက်အရှာထွက် ဆိုတာလေးပါ။ အဲဒီထဲကတောတောင် သဘာဝ တောကောင်အလေ့အထများကို သိရပြီးအရမ်းသဘောကျခဲ့ပါတယ်။ အခုအဲဒီ စာအုပ်လေးကိုသွားသတိရမိတာက ကျွန်တော့်တပည့် ဖိုးရှမ်း(သူကရှမ်းမို့လို့ ဖိုးရှမ်း လို့ခေါ်တာပါ) ကြောင့်ပါ။

စစ်ကြောင်းမှူး မှူးတင်အောင်မိုး၊ တပ်ခွဲမှူးများ ညီငယ်တပ်စုမှူး တစ်ပျော်ကြီး ထမင်းစုစားနေကြချိန်မှာ ပန်းကန်ပြားတွေ ဟန်းကောအံတွေနဲ့ထည့်ပြီး ဝါဝါးဖွေးဖွေး လက်သန်း တစ်ဆစ်အရွယ်လုံးလုံးလေးများကို ကြော်ပြီးလာချပေးပါတယ်။ ဘာလဲဟ ဖိုးရှမ်း၊ CQ ကြီးဒါဘာကောင်တွေလဲ ဆိုပြီးဝိုင်းမေးကြတာပေါ့။ မြေအောင်းပဒူ (ပြားတူ)ပါ စားလို့အရမ်းကောင်းတယ် ဆိုတော့ မေဂျာကအရင်းမြည်း ကြည့်ပါတယ် အင်း သူကခေါင်းတငြိမ့်ငြိမ့်လုပ်တာနဲ့စစားကြတာပေါ့။ ဟာ အများကြီးပဲ CQ ကြီးရ ကျန်တဲ့အဖွဲ့ တွေရော ဆိုတော့ ဟုတ်တယ် အများကြီးရတာ ဗိုလ်ကြီးရ စကောအကြီး/ဘန်းတစ်ချက်စာ လောက်ကြီးကိုရတာ အုံကအကြီးကြီးရယ် အဖွဲ့တွေကို ညကတည်းက တပ်စိတ်လိုက်ခွဲပေး လိုက်ပါတယ် ..တဲ့။

ဖိုးရှမ်းကထပ်ပြောပြ လာပါတယ် ရှမ်းပြည်မှာဆိုဈေးကြီးနဲ့ ဝယ်စားရတယ်၊ ဈေးတွေမှာ တစ်ခါတစ်ခါရတတ်တယ် အားလည်းအရမ်း ရှိတယ်..တဲ့။ စားပြီးကြတာနဲ့ ဖိုးရှမ်းကို ဘယ်လို လုပ်တာလဲ ဝိုင်းမေးတာနဲ့ သူက သေချာရှင်းပြရှာပါတယ် သို့ ကလို သူပြောတာက ဝဲနေတော့ လိုရင်းမရောက်တာနဲ့ သူနဲ့ အကူလိုက်ပေးတဲ့ ဒုတပ်ကြပ်မောင်စိုး ကိုထပ်ခေါ် သူရှင်းပြပါ တော့တယ်။ နေ့ခင်းကတည်းက အကောင်တွေပျံဝဲဝင်ထွက်နေတဲ့ ပင်မအပေါက်ကို သေချာကြည့်ပြီး ဂယ်ပေါက်ကိုပါထပ်ရှာထားရပါတယ်၊ ညနေစောင်းအလင်းပျောက်တာနဲ့ အသင့်လုပ်ထားတဲ့ မြက်ခြောက်ထုံး တုတ်ရှည် သက်ကယ်ခြောက်ကိုထုံးတဲ့ တုတ်တွေနဲ့ လူက ငယ်ငယ်တုန်းက ပုဆိုးစီးပြီး နင်ဂျာလုပ်သလိုပုံစံနဲ့ (အလင်းရောက်ပျေက်မှ သွားရ တာက အကောင်တွေလူကိုမမြင်ရအောင်လို့ပါ) ဂယ်ပေါက်နေရာကို သစ်ရွက် မြက်ခြောက် မြေသားအစိုတွေနဲ့ ထိုးပြီးလုံအောင်အရင်ပိတ်ပါတယ်(မဟုတ်ရင် အဲဒီကနေထွက်လာပြီးတွယ် ကြမှာလေ) ပြီးတာနဲ့ယူလာတဲ့ တုတ်ကိုမီးရှို့ မီးခိုးအူအောင်လုပ်ပြီးတွင်းဝမှာ တေ့လို့ အထဲကို မီးခိုးတွေဝင်နိုင် သမျှဝင်အောင်မှုတ်သွင်းကြပါတော့တယ်။


တပည့်လုပ်သူရဲ့ အအော်အငေါက် အဆူခံရတာ ဒီတစ်ခါပထမဆုံး လို့ ဆရာမောင်စိုးက ဖြည့်ပြောပါတယ်၊ အကြောင်းက သူက နောက်လိုက်ဖြစ်တဲ့အတွက် ဖိုးရှမ်းအော်တာခံရ တာပေါ့လေ။ အဲဒါတော့ဟုတ်ပါလိမ့်မယ် နောက်တန်းမှာ ဘောလုံးကန်တုန်းက မကန်တတ်လို့ ဂိုးပဲဖမ်းရှာတဲ့ 2IC (ဒုရင်းမှူး)ကို ကျွန်တော်အော်ခဲ့တာလေ၊အဟီး တွယ်လို့ရတုန်းရောတွယ်တာ။(ကြော်ငြာကဖြတ်ဝင်တယ်) ဖိုးကျော့ရဲ့စာအုပ်ထဲကလိုပါပဲ သူတို့လည်း မီးခိုးမှိုင်းတွေ တွင်းထဲကိုရောက်နိုင်သမျှပို့တာပါ။ တွင်းဝမှာလည်း မီးတောက် မီးပူပေးထားရပါတယ်။မီးခိုးတွေမှိုင်းထနေအောင်သွင်းနေချိန် ဖိုးရှမ်းက အဝဘေး တစ်နေရာကို သူ့ နားကိုကပ်ပြီးခနခနနားထောင်ပါတယ်။တွင်းထဲမှာ တစီစီတဝီဝီ အော်မြည်သံတွေနဲ့ မြေအောင်းပဒူတို့ ကမ္ဘာပျက်နေကြတာပါ။ အဲဒီအသံတွေလုံးဝငြိမ်သွား တဲ့အထိ မီးခိုးမှိုင်းကုန်အောင်ထည့်ရပါတယ်။ အားလုံး လုံးဝ ငြိမ်သွား စိတ်ချရလောက်ပြီ ထင်မှ ပေါက်ပြားနဲ့မြေသားတွေကို ရှပ်ပြီးဖဲ့ထုတ်ရပါတယ်။ တွင်းပုံသဏ္ဍန် လှိုင်ခေါင်း လိုဖြစ်အောင် ဖိုးရှမ်းက အတွေ့အကြုံရှိသူပီပီ သပ်သပ်ရပ်ရပ်လုပ်ပါတယ်။ မြေသားပြိုသွားမှ အထဲ မှာ မှိုပွင့်ပုံစံ (ပြားအုံ၊ ပနီအုံ)လိုမျိုး ဘန်းအကြီး တစ်ချပ်စာပမာဏ အုံကြီးကို တွေ့ရ ပါတော့တယ်။ မီးခိုးကြောင့် ကောင်ကြီးတွေ(ပြားအကြီးစား၊ တုတ်ပနီအကြီးစား) တောင်ပံေ တွဆန့်ပြီးအတုံးအရုံး မူးလဲနေကြပါတယ်။


ဟာ ဆရာ ဘာကြည့်နေတာလဲ အစ်ဒီကောင်တွေကို တုတ်နဲ့ ဒီလိုဖယ်ချ အောက်က အုံကြီးကိုယူမှာ လို့ပြောမှ မောင်စိုးသဘောပေါက်ပါတော့တယ်။ ငယ်ငယ်တုန်းကပျားအုံဖွတ် ပြီး ပြားသလပ်ကိုယူတာမျိုးလုပ် တာပါလား ဆိုတာ။ မြန်မြန်ယူပြီး အမြန်ဆုံး စခန်းထဲပြန် လာခဲ့ကြရတာပါ။ မဟုတ်ရင် အကောင်တွေအမူးပြေပြီး ထဆော် လို့ကတော့ မချောင်ပါဘူး အဖျားဝင်နိုင်ပါတယ်၊ ဖိုးကျော့စာအုပ်ထဲမှာ ခြေလေးချောင်းသတ္တဝါတွေရဲ့ အရိုးတွေ နွား ကျွဲ ပေါက်စလား ခွေးလား(မမှတ်မိတော့ပါဘူး) လည်ပတ်ကြိုးကွင်း၊ ခြူ ခလောက်ပါ တွေ့ရတာကို ရေး ထားတာသတိရလို့ ကျွန်တော်ကမေးကြည့်ပါတယ် အခု ပဒူတွင်းထဲက ဘာတွေတွေ့သေးလည်းဆိုတော့ ဂျီ လိုလို ဆိတ်လိုလို အကောင်ရဲ့ ဦးခေါင်းရိုးခွံ နဲ့ တစ်ခြားအရိုးတွေရှိတယ် လို့ပြောပါတယ်။ တွင်းကို ပြန်ဖုံးပေး ခဲ့လားဆိုတော့ ဖိုးရှမ်းက မလိုဘူးဆိုလို့ ဒီအတိုင်းထားခဲ့တာတဲ့။ ဘာပဲပြောပြော အဲဒီနေ့က စားခဲ့ရတဲ့ဟာလေး တွေကတော့ နို့ခဲလိုလို အသားခဲလိုလို နဲ့ အရမ်းကြီး ဆိမ့်လွန်းနေတာတွေ့ရပါတယ်။ စားပြီးသွားမှ သုပ်ပြာပြာနဲ့ (ဆေးလက်ထောက်အရာခံဗိုလ်) MA ကြီးရောက်လာပြီး ဗိုလ်မှူးနဲ့ ဗိုလ်ကြီးတို့ သွေးတိုးရှိတဲ့သူ တစ်ကောင် နှစ်ကောင်လောက်ပဲ စားကြပါ ဒီကောင်က သွေးအားအရမ်းတိုးလိမ့်မယ် တဲ့ ခွဲ-၁ မှူး ကိုနိုင်ဝင်းကြီး ကတော့ ဟာဒါဆိုကျွန်တော် စားတာတော်တော်များတယ် အမ်အေကြီး ဆေးလေးဘာလေးလုပ်ဦးဗျို့ ဂန့်မလားမသိဘူး ဆိုပြီးလုပ်ပါတော့တယ်။


ဖိုးရှမ်းက အေးဆေးပါဗိုလ်ကြီးရ ဆိုပြီး သူလွယ်ထားတဲ့ ဘေးလွယ်အိပ်လေးထဲကနေ အနီရောင်သန်းနေတဲ့ အခေါက်လေးတွေထပ်ပေးပါတယ် အဲဒါရေနွေးထဲကို ထည့်သောက်ပြီး အိပ် ဘာမှမဖြစ် စေရဘူး တပည့်တာဝန်ယူတယ် ဆိုပဲ။ ဆီးဖြူပင်ကအခေါက်နဲ့ဆင်ပါတယ် သေချာကြည့်တော့မှ တောသင်္ဘော သဖန်းရိုင်းပင်ကအခေါက်တွေပါ။ အမ်အေကြီးကတော့ အဲဒါကောင်းလိမ့်မယ် ဖိုးရှမ်းဆီက ဗဟုသုတအသစ် ရတာပေါ့ ဗိုလ်ကြီးရာ.တဲ့ ရှေ့တန်းအပြီး နောက်တန်းတပ်ကနေ အိမ်ခနပြန်တော့ အဖေနဲ့အမေကို အဲဒီအကြောင်းပြောပြတော့ အမေက အဲဒါငရဲအရမ်းကြီးတယ် သားရဲ့ တဲ့ ကျွန်တော်ကလည်း ဟာ အမေကလည်း အမေပြောသလိုတပ်မက်မှုတွေ တဏှာတွေနဲ့ ဒါကိုစားချင်တယ် စားမှကိုဖြစ်မယ်လို့ စားတာ ဟုတ်ဘူးလေ တပည့်ကစေတနာနဲ့ မစားဖူးလောက် ကြတာလည်းသိလို့ သူလာကျွေးတာလေ၊ စိတ်ချပါအမေရဲ့ အမေပြောတဲ့အတိုင်း မြင်သား ကြားသား တွေကို သား လုံးဝမစားခဲ့ပါဘူး လို့ပြောပြမိပါတယ်(အဟီး စားစရာလည်းမရှိလို့လေ) ရှေ့တန်းမြေမှာတော့ စားခဲ့သမျှ စားရသော အစားအစာမှန်သမျှကို စွဲလန်းမှု တပ်မက်မှု တဏှာပါဖို့ မဆိုထားပါနဲ့ အမေရယ် တစ်တစ်ခါများ စားနာရီထိုးလို့ တာဝန်နဲ့ဝတ္တရားတစ်ခုပြီးသွားအောင် စားသာစားလိုက်ရတယ် ဘာမှန်းမသိလိုက်ပါဘူး။ စိတ် ကလည်း အစားထဲမှာကိုရှိမနေလို့ပါ......လို့ အခုအမေ ချက်ကျွေးသမျှကိုတော့ စိတ်ရောကိုယ်ပါနှစ်ပြီးတော့ကို စားဦးမှာပါ မပူပါနဲ့ အမေရယ် သားသမီးတွေကို အမေမိဘချက်ကျွေးတဲ့ ထမင်းဟင်းလေးကို တမ်းတခဲ့တာ နှစ်နဲ့ချီပြီး ကြာခဲ့တာ အမေရ...လို့
နေလွမ်းသူ

Read More...

Tuesday, April 22, 2008

တစ်ခါတစ်ခါ ဝင်လာတတ်သောကြားဖြတ်ကြော်ငြာလေးများ

နောက်တန်းမှာ တစ်လလေးခနတာပြန်နားကြရလို့ အေးဆေးနေမယ်မကြံသေးဘူး ထုံးစံအတိုင်း တပ်နယ်မှာ တစ်ရင်းတည်းရှိတဲ့တပ်ကို လုံခြုံရေးတပ်ခွဲတစ်ခွဲ ထွက်ဖို့လုပ် +၂ နာရီရေတံခွန်တောင်ဂေါက်ကွင်းကိုသွားပါ။ ခေါင်းပေါင်း(ဦးဆောင်အရာရှိ)နံမည်ပေး ဆိုပြီး လပခ စစ်ဆင်ရေးကနေ ဖုန်းဝင်လာပါတယ်။ တပ်မှာရှိတဲ့ တပ်ခွဲမှူးတွေထဲက ၃ ယောက်က အိမ်ထောင်သည်၊ လူပျိုက နန္ဒအောင် တစ်ယောက်ထဲပါ(ဟီး...ကြွားတာဗျ) ရိပ်သာမှာရှိတဲ့ထဲမှာ ၄၆ ကညီလေး ၃ ယောက်မှာမှ ၂ ယောက်က မဟာပါပြီး ရန်ကုန်ဒိုး၊လားရှိုးသားဖြစ်တဲ့ ထုံကြီးကလည်းလက်လက်ဆက်ဆက်သင်တန်းပါသွားတော့ ၄၇ ကညီလေးများစွာနဲ့ အကြီးဆုံးဖြစ်တဲ့ ဒီမောင်ပဲ တပ်စုမှူး ၁ ယောက်ခေါ်ပြီး လူပျိုစစ်သည်တွေနဲ့ထွက်နိုင်အောင်လုပ်ပါ လို့ တပ်ရင်းမှူးကထပ်ဆင့်ပြောလာပြီ ဆိုတော့လည်းပြင်ရတာပေါ့.... သြော်လူပျိုဖြစ်ရတာဒီတစ်ခါ စကေးနာသဟလို့ ပြောမိသေး....

မန္တလေးရဲ့နေပူကျဲကျဲမှာတပ်မတော်T2000လေးနဲ့ဆည်တော်ကြီးရေမြောင်းအတိုင်းထွက်ခဲ့ကြရပါတယ်။ ဂေါက်ကွင်းရောက်တာနဲ့ ဆက်သွယ်ရေး(စက်ကြီး)နဲ့ တိုင်းကိုသတင်းပို့ပေါ့။ အပြင်စည်းလုံခြုံရေးသဘောမျိုးပါ။ဘယ်မှာနေလို့နေရမှန်းမသိ...မထူးပါဘူးကားလိုင်းအတိုင်းထောင်တက်ပြီး ဘုန်းကြီးကျောင်းဝန်းတွေဘက်မှာ ကားထိုးပြီးနေရာချဖို့ပြင်ခါရှိသေး အခုချက်ချင်း တိုင်းစစ်ဆင်ရေးကိုဖုန်းဆက်ပါ...တဲ့ ဟော ဒီလိုနေရာ ဒီလို အချိန်မှာ ဘယ်ကဖုန်းကရှိမလဲ PCO လည်းမတွေ့ ညီငယ်ကအစ်ကို ဂေါက်ကွင်းထဲလူတွေဆီမှတော့ပါလာကြမှာပဲသွားရှာပြီးဆက်ရင်တော့ရမယ်ထင်တာပဲ..ဆိုတာနဲ့ ဟုတ်တယ် လာကွာ ဆိုပြီး ၁ မိုင်လောက်ကို နေပူပူ ကျဲကျဲဘယ်ညာပေးကြရတာပေါ့။ ဂေါက်ကွင်းထဲရောက်တော့ reception ကို ဖုန်း ခနလောက်အရေးကြီးကိစ္စ ဆက်ချင်လို့ပါပြောတော့ အထွက်က မန်နေဂျာခွင့်ပြုချက်မရဘဲ ဆက်လို့မရဘူး ...ဆိုလာပါတယ်၊ အဟားဟား ဟုတ်သဟ... ဒါနဲ့ပဲ ဂေါက်လာရိုက်တဲ့သူတွေထဲကိုလိုက် ရှိုးကြပါတယ် ......ဟုတ်ပြီ မန္တလာဂျစ်ပေါ်ကနေ ဖုန်းပြောလျက်ဆင်းလာတဲ့ သူကိုတစ်ချက်လောက်ကြည့်နေလိုက်ပါတယ်၊ ကား ပေါ်က Golf set ချအပြီးမှာ ခနားသွားလိုက်ပြီး အစ်ကိုကြီးရေ အရေးကြီး ဖုန်း ၁ ကောလောက်ခနခေါ်ချင်လို့ပါ မြို့တွင်းကိုပါ လို့ပြေပြေလည်လည်(ရိုရိုသေသေ)ပြောပြတော့ အာ ဆောရီးညီလေးရ ကိုယ်အခုပဲ ဖုန်းပိတ်ပစ် လိုက်တာ ဧရိယာလည်းသိပ်မမိလို့လေ...တဲ့.. သြော်ဟုတ် ကျေးဇူးပါနော်အစ်ကိုကြီးပေါ့... နောက်ဆုံးကျမှပဲ မာဇဒါဂျစ်စိမ်းပြာ တိုင်းကျန်းမာရေး ဆိုတဲ့တံစိပ်နဲ့ ကားဆီကိုသွားအကျိုးကြောင်းပြောပြမှ အဆင်ပြေသွားပါ တော့တယ်.... အင်း ကိုယ့်မှာမရှိရင်ဘာမှ မလွယ်ပါလား အမေရေ ...ပေါ့။ တိုင်းကိုဆက် ဖုန်းဝင်သွားတာနဲ့ ဟာကွာညီလေးရာ မင်းကိုဆက်ခိုင်းတာ ၁ နာရီမကတော့ဘူး ဒီမှာ Col ကြီးကခနခနမေးနေတာ ရပြီလားဆိုပြီး တဲ့..ဟော ကဲမခက်ဘူးလား ဖုန်းလိုက်ရှာနေလို့ပါ အစ်ကိုကြီး လုပ်လိုက်ရင်တော့ အဆဲခံရမှာသေချာပါတယ်။ လုပ်..အခုချက်ချင်း မင်းတပ်ခွဲထွက်ဖို့ပြင် အောင်ပင်လယ်ဘိုးဘိုးကြီးနတ်နန်းကနေ ပြင်ဦးလွင်အတက်လမ်းထိ drop ချ ဖြန့်ပြီးချိန် အောင်သင်း လာတဲ့အချိန် ဖုန်းပြန်ဆက်...ပါတဲ့ (အောင်သင်း ဆိုတာ အသင့်ဖြစ်ချိန်ကိုဆိုလိုတာပါ)


ကားရပ်ထားတဲ့နေရာကို ညီကို ၂ ယောက်အမြန်လှော်ရတာပေါ့။ဟိုရောက်တော့ ဆရာတစ်ယောက်ကိုခေါ်ပြီး တပည့်တွေအကုန်ခေါ် အခုချက်ချင်း ဝပ်ကျင်း(နေရာ)ရွှေ့ရမယ်ဆိုတော့ ကိုရင်တွေနဲ့ ကျောင်းအတွက် ထင်း သယ်ဖို့ဆိုပြီး တောင်ပေါ်ကိုလိုက်သွားတဲ့သူနဲ့ ဆောက်လက်စ ကုဋီ အတွက်ထုံးဖောက်နေတဲ့ ပုံစံနဲ့တပည့်က ၃ယောက် ဒီကောင်တွေချက်ချင်း စုံအောင်ပြန်လုပ်ရတာနဲ့အချိန်ကကြာပြန်ပါရော။ နေစောင်းမှပဲ နောက်ဆုံး နေရာဖြန့် ခင်းပြီးကြောင်း သတင်းပြန်ပို့ရပါတယ်။ ထုံးစံအတိုင်း ကြာလို့အပြောခံရပြန်တာပါပဲ။ သိပ်မကြာလိုက် ပါဘူး ယာဉ်တန်းဖြတ်သွားပါတော့တယ်... ဝူး ဟူး တော်သေးတယ်။ ကိုယ်ရှိနေတာ တိုင်း G-1 ကြီးတွေ့သွား ပေလို့ပဲ သီသီလေး ကပ်မှီသွားတာပါ မဟုတ်ရင် ကိုနန္ဒတို့ အနည်းဆုံး တိုင်း ကာနယ်ရုံးလောက်တော့တက်ရ ပါလိမ့်မယ်။


အဖွဲ့တွေလိုက်စုခိုင်းပြီး ကားပေါ်ခနတက်ထိုင်နားတုန်းရှိသေးတယ် ဗိုလ်ကြီး ဟိုရှေ့နားမှာ ဆိုင်ကယ်မှောက်နေ တာ ၂ ယောက်တွဲ တစ်ယောက်က သွေးထွက်တာများတယ် ဆိုပြီးမြင်ခဲ့တဲ့ တပည့်တစ်ယောက်ကလာသတင်း ပို့တာနဲ့ ခနလျှောက်သွားကြည့်တော့ လားလားနောက်ကကောင်မလေးက ငိုယိုပြီးလဲနေတဲ့ကောင်လေးကို နံမည်ခေါ်လှုပ်နှိုးနေပါတယ်။ အသက်ရောရှိသေးရဲ့လား မေ့နေတာပါ ခေါင်းကဒဏ်ရာကကြီးမယ်ထင်တယ် လက်ကကျိုးပြီး ဘာညာ တစ်ယောက်တစ်ပေါက်ပြောနေကြပါတယ်။ ညီလေး ကားသမားခေါ်ကွာဆိုပြီးကား အနားရောက်လာတော့ ဆရာသောင်းထွန်းနဲ့ ၃ ယေက်ပဲကျန်တော့တယ်လို့သတင်းပို့လာပါတယ်။ အဲဒါနဲ့အေး ကျန်ခဲ့ရင်ထားခဲ့ကွာ ဆိုပြီး ကဲကဲအားလုံးခနဖယ်ပေးကြဗျာ ကားပေါ်ကိုတင်မယ်လို့ပြောလည်းပြော တပည့် တွေနဲ့အရပ်သားတွေပေါင်းပြီး ကားပေါ်တင်တယ်။ ဆိုင်ကယ်ပါတင်ပေးလို့ပြောရပါတယ်။ ညီမလေး ငိုမနေနဲ့ ဆက်သွယ်ရမယ့်လိပ်စာတွေဖုန်းတွေသိလား ဆိုတော့ ခေါင်းပဲရမ်းပြီးငိုနေပါတယ်သူကိုယ်၌မျက်နှာပွန်းပဲ့လို့ လက်တွေမှာလည်း ဒဏ်ရာတွေနဲ့ပါ သူ့ထက်ဆိုးတဲ့ ချစ်သူကောင်လေးကို ပိုဆိုးတော့သူ့ဝေဒနာကိုသတိမရ အားဘူးထင်ပါတယ်။


ဆရာတင်ငွေ ဆေးရုံကြီးကိုသာအမြန်ဆုံးမောင်း ရှေ့မီးအပေါ်မီး ဖွင့်လို့ရတဲ့မီးမှန်သမျှ ဖွင့်ပြီးဆော်တော့ဗျာလို့ ၃၅ လမ်းကနေဆင်း ၆၂ ရောက်ရင်ညာချိုး ၃၀ ကနေပြန်ဆင်း .. ဆီရောလောက်မလားဆိုတော့ အသွားတော့ ရမယ် ဆေးရုံကနေ ကျွန်တော်တို့အပြန်ပဲမလောက်မှာ....တဲ့ ကဲမောင်းဗျာ ဝယ်ထည့်မယ်လို့။ ဆေးရုံကြီးကို ကားဝင်ကားပေါ်ကနေချလို့ ပြင်ပလူနာဌာနနေရာက လူတွေပြူးပြူးပြာပြာဖြစ်ကုန်ကြပါတယ် ကားကစစ်ကား လူနာကအရပ်သား လူတွေကတော့ထင်နေကြပြီလေ တပ်ကကားတော့လုပ်ချလိုက်ပြီလို့။ ထားအဲဒါတွေက အရေးမကြီးဘူး မှုခင်းဆရာဝန်ကြီးကိုအကျိုးကြောင်းပြောပြတော့ အိုကေ လုပ်ဆရာရှိတာဆက်လုပ်ကြပါပြီ။ မော်တော်ပီကယ်လည်းရောက်လာပါတယ်(ဆေးရုံ မှုခင်းဌာနကဖုန်းဆက်လို့ဖြစ်မယ်) သူတို့မေးသမျှဖြေပေးပြီး ကောင်မလေး အိမ်ကိုဖုန်းဆက်ပေးဖို့ လိပ်စာတွေမေးတော့ အဆောင်သူပါ ဗန်းမော်တိုက်လမ်းထဲက-------- အဆောင်ကတဲ့။ ကောင်လေးနဲ့က---- သြောကဲထားတော့ဒီလောက်ဆို ကိုယ့်တာဝန်ကပြီးပြီ။


ဆေးရုံနဲ့ ယာဉ်ထိန်းအရာရှိကို တပ်ဖုန်းနံပါတ်ပေး အကျိုးအကြေင်းပြောပြပြီး တပ်ပြန်ဖို့လုပ်ရတော့တယ်။ တပ်ကိုပြန်ရောက်တော့မိုးချုပ်နေပါပြီ။ လပခ(တိုင်း)က လခရအဖွဲ့ကို ရုတ်ခိုင်းလိုက်ပြီဖြစ်ကြောင်းတပ်ကိုဖုန်း ဆက်တဲ့အကြောင်း ပြန်ရောက်ချိန်ပြန်ပြောဖို့ပြောကြောင်း အဘလည်း စိတ်ပူနေတယ် ဆရာသောင်းထွန်း ဦစီး ၄ယောက်အဖွဲ့ကရောက်ကြောင်းသတင်းပို့တော့တပ်ရေးဗိုလ်ကြီးက မျက်လုံးပျူးပြီး ဟာမင်းတို့ဗိုလ်ကြီးနဲ့ ကား ကရောမေးလို့ သူတို့သိသလောက်ပြောပြတာ အစ်ကိုကြီး ကားကဆိုင်ကယ်ကိုတိုက်ပစ်တယ်လို့ထင်နေ ကြ ကြောင်း စိတ်ပူပြီးယာဉ်ထိန်းရုံးကို ဖုန်းဆက်ပြီးပြီ သူတို့ဖုန်းပြန်ဆက်တော့မှာ အကိုကြီးတို့ ဆေးရုံမှာကိုရောက် နေတာသိရပြီး အခုစောင့်နေတာ... ဆိုတာတွေကို တပ်ကို ရောက်လို့ကားပေါ်ကတောင်မဆင်းရသေးဘူး တာဝန်မှူးကျတဲ့ ညီလေးကဆီးပြောပါတယ်။ အဲဒါနဲ့ တပ်ရေးဗိုလ်ကြီးနဲ့အတူ အဘအိမ်ကိုချီတက်ကြရပြန်တယ်။


ဆူလိုက်တာမှ မိုးမွှန်နေတာပါပဲ ဖုန်းအချိန်မီမဆက် မိလို့။ ဖြန့်ခွဲချိန်တောင်းတိုင်း နောက်ကျမှပေးလို့။ ကိုယ့် တပည့်တွေကို ဒီအတိုင်းဖြစ်သလိုပစ်ထားခဲ့ရလား သေနက်တွေနဲ့ ဟိုကောင်တွေကလမ်း ပြသနာတစ်ခုခုများ ဖြစ်ကြည့်ပါလား မင်းတော့လား....ကိုယ့်အလုပ်ကိုမလုပ်ဘူး လူမှုရေးလုပ်တာလုပ် ဒီကိုတော့အကျိုးအကြောင်း နဲနဲလှမ်းပြောသင့်တာပေါ့။ ဒီကလူတွေက မင်းများတိုက်ပစ်လိုက်တာလား စိတ်ပူလိုက်ရတာ တိုင်းကိုလည်း ကြည့်ကောင်းအောင်ပြောထားရတာ...ဘာညာ နေကြာ ကွာစိ စုံသွားပါတယ်။ ကျွန်တော့်ညီလေး ကတော့ အစ်မကြီးလာချပေးတဲ့ ကော်ဖီကုန်အောင်သောက်နိုင်တဲ့အပြင် မုန့်ပါ တွယ်ဖြစ်အောင်တွယ်ခဲ့ပါသေးတယ်.. အဲလိုလက်စောင်းထက်တဲ့ ညီလေးများပါ(ဟဲဟဲ) နန္ဒအောင်တို့က နပ်ပြီးသား ဒါမျိုးသိလို့ ဘာမှမလုပ်ဘူး နေရာ ကနေဒီအတိုင်း မတ်မတ်ထိုင်နေပါတယ်.. အဆိုးဆုံးကတော့ ကျွန်တော့အစ်ကိုကြီး တပ်ရေးဗိုလ်ကြီးပါ အဟား ကော်ဖီခွက်ကြီးကိုင်လျက်သားနဲ့ အဘ ခြွေသမျှသူပါ ရောပါနေရတာလေ။


ပြန်တွေးကြည့်မိပါတယ် အဆင်များမပြေလိုက်ချင်တော့ ဖုန်းဆက်ဖို့လုပ်ကတည်းက (အေးပေါ့လေ ငါမှဖုန်း မကိုင်နိုင်တာကိုးလို့) accident ဖြစ်တော့ တပည့်တွေစုံအောင်စောင့်နေခဲ့ရင် ဟို ကောင်လေး(ညီလေးပေါ့)က သွေးထွက်လွန်ပြီး လျှောချင်လျှောသွားနိုင်ပါတယ်။ လုံခြုံရေးလုပ်ရတာ အိပ်ထဲက ကား ဓါတ်ဆီဖိုးလေးတောင် ပါသွားလိုက်သေး တပည့်တွေအားလုံး အတွက် လ္ဘက်ရည်ဆိုင်မှာ ရှင်းလိုက်ရတာက ၂ ကြိမ်ဆိုပေမယ့်အဟီးဒီကောင်တွေကလည်းတွယ်သဗျ။ ဒါတွေကုန်ပါတယ်လို့လူကြီးသွားပြော ကိုယ်ပဲ အဆဲခံရဖို့ရှိပါတယ် သေချာ တာကတော့ ဒီအကြားသုံးဖို့ ပိုက်ဆံနည်းသွားပြီ အင်း ....အိမ်ကိုမှာဦးမှပါ ... ရှေ့တန်းပြန်ထွက်ဖို့ လိုတဲ့အသုံး ဆောင်လေးဝယ်ဖို့က ပိုက်ဆံနည်းသွားပြီပဲ.......ဆေးရုံကချာတိတ်လေး အတွဲကို လူမမာသွားမေးဖို့ မုန့်လေး ဘာလေးကဝယ်ဖို့ရှိသေး (ဒါတောင် ဆိုင်ကယ်ဆီဖိုးမပါသေးဘူး) ဆေးရုံကိုနောက်တစ်ခေါက်ကသွားဦးမှာပါ ဒေါက်တာမမက လှတာကိုး။ သူကလည်း ဖုန်းနံပါတ်ယူထားပြီး အကျိုးအကြောင်းတောင် ဖုန်းလေးတစ်ချက် မဆက်ဘူး လူနာအခြေအနေကိုပြောပါတယ်......အဟဲဟဲ ဒီလိုနဲ့
နေလွမ်းသူ

Read More...

Monday, April 21, 2008

ဝေဒနာတစ်ပိုင်းတစ်စလေးများ

စစ်ဆင်ရေးကာလက တစ်နှစ်ပြည့်တော့မယ်။မိမိတို့တပ်မ(၃၃)ကိုလာချိန်းမယ့် တပ်မရဲ့
နံမည်ကိုပါစက်ထဲကနေ ကြားသိနေရပါပြီ။ အားလုံးရဲ့စိတ်တွေက ဘာပဲပြောပြော ပေါ့ပါး တက်ကြွနေကြပြီလေ။ ကျည်လွတ်မြေကို ပြန် ကြရဖို့နီးလာပြီကိုး။ စခန်းကုန်းတွေပေါ်က တပ်တွေကိုပါ အင်းအားမျှခွဲပြီး လမ်းကြောင်းဘေးဘယ်ညာကိုဆင်းလို့ မိုင်တိုင်အလိုက် အပိုင်းလိုက် တပ်တစ်တပ်စီ စစ်ကြောင်းတစ်ခုစီကို လမ်းလုံခြုံရေး တာဝန်တွေခွဲပေးပါပြီ။ ကိုယ့် အပိုင်းကို ကိုယ်တာဝန်ယူ အကြီးဆုံးအရာရှိက မနက်(၀၇၀၀)နာရီ လမ်းကြောင်း clear ပေးရပါတယ်။တာဝန်ခံ ကြောင်း အာမခံချက်ပါ။

ပွင့်လင်းရာသီလည်းရောက်လာပြီဆိုတော့ ငပွေးကလည်း နပ်ပါတယ်။ တပ်တွေသွား လာမှုများမယ်၊ ရိက္ခာ Dumping ပုံတော့မယ် ဆိုတာ သူတို့လည်းသိပါတယ်။ အဓိကလမ်းမကြီးပေါ်ကို လစ်တဲ့ နေရာကတက်ပြီး ကားမိုင်းထည့်ဖို့ကြိုးစားကြပါပြီ။ (ကိုဥာဏ် ရေးတဲ့ မြေထိုးစက်တန်ဘိုး….က ဒီရာသီမှာဖြစ် ခဲ့တာလေးကိုတင်ပြထားတာပါ)


တိုင်းနဲ့တပ်မကလည်း မိမိတာဝန်ယူရတဲ့အပိုင်းအလိုက် မိုင်းဖြစ်စဉ်မဖြစ်ဖို့ အဓိကထား လုပ်ခိုင်းပါတယ်။ တပ် စစ်ကြောင်းကနေ တပ်ခွဲလိုက်၊ တပ်စုလိုက်အထိ တာဝန် တပ်ရင်းမှူး၊ စစ်ကြောင်းမှူး၊တပ်ခွဲမှူး၊တပ်စုမှူးတွေ အထိကိုယ့် ဧရိယာကိုတာဝန်ယူ အာမခံချက်ပေး ထားကြရပါတယ်။ အခုလည်း နန္ဒအောင်တို့ ပဒါးချောင်းအရှေ့ဘက် အခြမ်းနဲ့ အနောက်ဘက် အခြမ်းတာဝန်ပါ။ အဲဒီထဲကမှာ ကိုယ့်တပ်ခွဲက အရှေ့ဘက် မြွေပွေးကုန်း အစပ်ကနေ မော်ဒေး လမ်းခွဲအထိ(မော်ဒေးဆိုတာ အရင်က ကရင်ငပွေးတို့ရဲ့ စခန်းတစ်ခုပါ) ဒီတော့ မိမိခွဲရုံးတစ်စုက ဘေး နံတပ်စု-၂ စုအလည်မှာနေပြီး ၄၇ ကညီလေး ၂ ယောက်ကို တစ်ပိုင်းစီထပ်ပိုင်းပေးလိုက်ပါတယ်။ ကိုယ့်ဧရိယာ ကိုယ်ရှင်းပေါ့။ မနက်စောစောလူမကွဲချိန် ထထွက်ရောက်တာနဲ့ လမ်းမပေါ်ခြေရာလက်ရာကြည့် မသင်္ကာတဲ့ နေရာကိုထပ်ရှင်းပြီးတာနဲ့ နယ်မြေ clear ပေးလိုက်ပါတယ်။ ခနလမ်းကင်းယူရတဲ့နေရာဝန်းကျင်ကို လှုပ်ရှား အသံပေး ထင်းဝါးခြောက်တွေပုံပြီး မီးရှို့ သေနက်သံပေးလုပ်ပါတယ်။


တစ်ချို့ကလည်းလမ်းဘေးကိုညနေမှာ အပ်ချည်ကြိုးတားခဲ့ပါတယ် မနက်ပြန်လာတော့ စစ်ပေါ့ ကြိုးပျက်နေ အရာပျက်နေရင်အဲဒီနေရာကစပြီးအကုန် ရှင်းကြပေါ့။ ည ကိုယ်စခန်း ချတဲ့ နေရာရောက်ပြန်လည်း စိတ်မချရဲပါဘူး၊စခန်းက လမ်းဘေးမှာ ကင်းသမားအလစ်နဲ့ အမှောင်ကို အကာယူပြီး လူကပ်လာမှာကလည်းတွေးပူရပါတယ်၊ အိပ်လိုက်နိုးလိုက်နဲ့။ ပြန်ရခါနီးမှာ အတတ်နိုင်ဆုံး safe ဖြစ် ကြစေချင်လို့လေ။ ဖျက်ကနဲနိုးတာနဲ့ ကင်းသမားတွေကိုချောင်းသံပေး ရပါတယ်....ငါမအိပ်ဘူးပေါ့လေ..ဟဲဟဲ နိုးတစ်ဝက် အိပ်တစ်ဝက် မနက်လင်းတာနဲ့ ခရီးသွား အစားသောက်ကလည်း ဆန်၊ပဲနဲနဲ၊ဆား၊ငပိ(မာခဲပြီး ကြမ်း ထော်ဆားခဲတွေနမ်းကျင်းနဲ့ ငပိလို့ ပြောရရုံပါပဲ) စည်သွပ်ဘူးကလည်း ရိက္ခာထုပ်ပေးပြီး တစ်ပတ်လောက်ကြာ အသားဟင်းလေး စားကြပါစေဆိုပြီး တွယ်ထုတ်လိုက်တာနဲ့ ကုန်တာပါပဲ။ တစ်ဘူးကိုလူ ၇ ယောက်လောက်စား ရတာကိုး။ လုံလုံလောက်လောက်ရှိတာ ဆိုလို့ နို့ဆီပါပဲ။ဒါကလည်း စသောက်ကတည်းက အချိုပေါ့နိုင်သမျှပေါ့ဖို့ ဆရာကြီး CQ ကိုပြောထားရပါတယ်။ အခုလိုလကုန်ခါနီးကျတော့ စကေးပိုသလိုဖြစ်နေတော့ နေ့လည် နေ့ခင်း ဒါမှမဟုတ်ညစာအပြီးမှာ လ္ဘက်ရည်ချိုလေးသောက်ကြရတာပေါ့။ ဒါတောင် အချိုခြောက် ပြက်လပ်လို့ ရေးနွေးနဲ့နို့ဆီ သကြားနဲနဲနဲ့ နို့ဖျော်ပဲကစ်ရတာမျိုးကရှိသေး။
ကျွန်တော်တို့ရှေ့တန်းစစ်သားများအတွက်တော့ ၁၄ရက်တစ်ပါတ်ပြည့်လို့ လကုန်လို့ ရိက္ခာထုပ်တဲ့အခါ အသား ငါး(စည်သွပ်ဘူး) နို့ဆီ၊သကြား၊ဆန်ဆီပဲ၊ငပိလေးပုံမှန်ရရင်ပဲ ပျော်နေတတ်ကြတာပါ။ အဲဒီနေ့ကတော့ ထမင်း ဟင်းကိုကောင်းကောင်းတွယ်ကြတာပါပဲ။


အပေါဆုံးကတော့ ဆန် ပါပဲ။ဒါကြောင့်လည်းတော်သေးတယ်လေ။ ဒါတောင်တစ်ချို့ တပ်စိတ်တွေက ဆန်မလောက်တာကြုံရသေး။ဘာပဲဖြစ်ဖြစ်ပြန်ရခါနီးတော့ အဖွဲ့တွေအားလုံး ပျော်နေကြတာပါပဲ။ ညည ဟိုး တောင်ယာစောင်းတွေဘက်က မီးရောင်တွေ့တာနဲ့ ကင်းသမားက လာနှိုးပြီး သတင်းပို့တော့တာပါပဲ။ ဒီကောင်တွေလည်း ဒီလောက်တော့ လှုပ်ရှားမှုလုပ်ပြီပေါ့။ တစ်ခါတစ်ခါသေနက်သံပေး တာမျိုးလည်းရှိပါတယ်။ စခန်းက လမ်းဘေးမှာ ဆိုတော့လည်း သတိကြီးကြီးထားရပါတယ်။လူတွေလည်း ပိန်ကျ နေကြပြီလေ။ သြော် ငါ့ဧရိယာထဲ ကားမိုင်းများကွဲခဲ့ရင်ဖြင့် ဆိုတဲ့အတွေး၊ မနက်ဘယ်လိုသွားမယ် drop ချတာ ဘယ်လိုပုံစံပြောင်းရမလဲ။ လမ်းကင်းမှာ ငပွေးက အလစ်ဝင်သုက်သွားမှဖြင့် ဆိုတဲ့အတွေး နဲ့ နေ့တိုင်း စားနေရတဲ့ ပုံစံမပြောင်း လဲတဲ့ထမင်းဟင်း... ရန်သူကို စိတ်မချ ကိုယ့်လူတွေကိုလည်း စိတ်မချ နဲ့... များလိုက်တဲ့ Attention တွေ....

(ဆက်လက်ဖော်ပြပေးသွားပါ့မယ်.................. အားလုံးကို ကျေးဇူးတင်လျက်ပါ)
နေလွမ်းသူ

Read More...

Thursday, April 17, 2008

ချောင်းနှစ်ခွစခန်းက ငါးပုစွန်ဟင်းလေးများ

လမ်းကြောင်းပေါ်မှာ စခန်းလေးသေချာကာလို့ အခြေတစ်ကျဖြစ်မယ် မကြံသေးဘူး ခရီးသွားဖို့က ပေါ်လာပါပြီ။ ည(၂၁၃၀)နာရီ ခွဲတစ်ချိန်စက်တက်နေစဉ်မှာ တပ်မ စက်ကြီး(ဆသရစက်)ကနေ အပေါ်တက်ခဲ့ပါဆိုပြီး ဗိုက်ဝါ လ-၉၇ စက်နဲ့ခေါ်သွားပါတယ်။ ကွိကွိကွကွသံတွေကို အာရုံစိုက်နားထောင်ပေမယ့် စက်သမားလောက် နားရည် မရှိတော့လဲ ကန(အဖမ်း)စာအုပ်မှာ သူလိုက်ရေးနေတာတွေကို ဖယောင်းတိုင်မီးအားကိုးနဲ့ လိုက်ဖတ် နေလိုက်ပါတယ်။သေချာတာပေါ့မနက်ဖြန်မနက်(၀၄၀၀)အပြီးထွက်နိုင်အောင်လုပ်ပါ။
ဗျူဟာကုန်း အောက်မှာအသင့်နေပြီးသားခလရ-၄၂ စစ်ကြောင်း-၁ နဲ့ပေါင်းပြီး နဗဟမှူး အမိန့်အတိုင်းဆက်လုပ်ပါ......လို့ပြောလာပါတယ်။ ဗိုလ်မှူးအောင်ဇော်မိုး အမိန့်ဆက် ပေးလာပါတယ် ညီလေး မင်းတပ်ခွဲရော တို့စစ်ကြောင်းအဖွဲ့တွေအားလုံး မနက်(၀၃၃၀) အုန်းသီး စားထားဖို့ပြောပါ မနက်စာအပါဖြစ်မယ်...ဆိုကတည်းကအိပ်ဖို့မစဉ်းစားနဲ့တော့။

ဒီလိုနဲ့မနက် ကောင်းကင်ရောင်ဝိုးတစ်ဝါးအားကိုးနဲ့ထွက်ခဲ့ကြပါတယ်၊ကိုတိုးကြီးရဲ့ ခွဲ-၃ ကအသင့်စောင့်နေပါတယ်။ သူက တွေ့တာနဲ့မေးပါတော့တယ် ဟကောင်ဘာအတွက် တုန်းဟ..ဆိုတော့ ကျွန်တော်က ထီးထ-စောထကိုတစ်ရက် ထဲအရောက်သွားရမှာ လို့ပြောလိုက်ပါတယ်။.....ကောင်းချီးပေးတယ်..သူက၊မနက်မလင်းခင်မူသဲကိုရောက်ကြ ပါတယ်။ မူခီးရွာကိုရှင်းဖို့အတွက်ကို တပ်နှစ်တပ်တစ်ပိုင်းစီပေါင်းပြီးထွက်ခဲ့ကြပါတယ်။-၄၂-ပွိုင့်သွားမယ်ဆိုကတည်းကထုံးစံအတိုင်းသူတို့ကအဓိက လမ်းမကြီးကိုမသုံးတော့ပါဘူး ဘေးဘယ်ညာကနေမြှောင်ပြီးတိုးပါတော့တယ်... ဟိုအပင်နဲ့ညိဒီအပင်နဲ့မလွတ်နဲ့ သွားရတာကိုခရီးကမတွန်ပါဘူး၊ဒီလိုနဲ့ ချောင်း-၂ခွစခန်းဟောင်းနေရာမှာခနတာ စခန်းချကြပါတယ်။အဖွဲ့တွေအကြိုက်တွေ့သွားပါတယ်၊ချောင်းရေစပ်စပ်ကျောက်တုန်း အကြိုအကြားမှာ ဖားငါး ဂဏန်းနှိုက်ကြပါတော့တယ်၊အသားငါးမစားရတာလည်း တော်တော်ကြာခဲ့ပြီလေ၊မြောက်ဥနဲ့ ကောက်ကောက်ညွှန့် ကုလားပဲအရေကျဲဟင်းပဲ နေ့တိုင်းလိုလိုစားနေရတာကိုး။တပ်မကချပေးတဲ့ မြေပုံညွှန်းအတိုင်း(၂)ရက်လောက် ဆက်တိုက်ရှင်းကြပါတယ်။


မူခီးထိရောက်အောင်တိုးဖို့ကိုတော့ ဗျူဟာမှူးလည်းတော်တော်စဉ်းစားပါတယ်။ သွား ရင်တိုးရင်တော့အဲဒီမှာ ရှိမှာသေချာတယ်..အေး အကျိုးအမြတ်ကိုတွက်ရမယ်ကွ၊ အေး မိုင်းကာမထားဘူးလို့မပြောနိုင် သလို တပ်မချိန်းခါနီးမှ ကိုယ့်လူတွေကိုဘာမှ မထိစေချင်ဘူး....လို့ပြောလာပါတယ်။ အင်တာသတင်းအရ တပ်မချိန်းခါနီး ကားတွေ သုံးတော့မယ့်အချိန်နဲ့ကိုက်ပြီး ကားမိုင်းခဲယမ်းအစုံနဲ့ တစ်ဖွဲ့ မူခီးရွာမှာ ခိုနေကြောင်းနဲ့ အင်အား(၆)ဦး ရှိကြောင်းချပြလာတာဖြစ်ပါတယ်...ဘာပဲဖြစ်ဖြစ် နန္ဒအောင်တို့ အားလုံးကတော့ဒီချောင်း-၂ ခွမှာနေရတာတော်တော်ကို ဟုတ်နေပါတယ်၊ ငါးပုစွန် လေးစားနေရတာမို့ပါ။မနက်စောစောခွဲ-၃ ကတစ်ယောက်လိုက်မှာနေတာသိရပါတယ် မနေ့ညက အရှေ့ဘက် နားက ချောင်းကွေ့နေရာလောက်မှာ မီးရောင်လိုလိုတွေ့ကြောင်းနဲ့ ခွေးအီသံပါကြားကြောင်း ဘယ်သူမှအဲဒီ ဘက်ကိုမသွားဖို့ ကိုတိုးကြီးက လိုက်ပြော ခိုင်းနေတာပါ...



အဲဒီနေ့က ဗျူဟာဆေးမှူး ကိုကျော်ဇင်လက်(5th or 6th တစ်ခုခုကပါ) ပေးတဲ့ငငြုပ်သီးမှုန့် ကောင်းကောင်းနဲ့ ငါးသလဲထိုးရေပြန်ချက်တာနဲ့ သူ့ကိုပါခေါ်ပြီး ၄၇ ကညီလေး ၃ ယောက်နဲ့ ထမင်းအတူစုစားကြပါတယ်။တော်တော်လေးစားလို့ ကောင်းပါတယ်၊ငတ်နေလို့ဖြစ်မယ် သူကပြောလာပါတယ်..အေးကွာငါ့ဆေးအဖွဲ့ကို အပြစ်ပြောတာတော့ဟုတ်ဘူးဟ ငါးကို ကောင်းကောင်း မရှာတတ်တာပဲလား၊ ငါးကလည်တာလား မသိဘူး ဂဏန်းလုံး ပေါက်စလေးတွေပဲရရနေတယ်ဟ...တဲ့ ဘာပဲဖြစ်ဖြစ် အဲဒီနေ့ကငါးဟင်းလေး တော်တော်ကောင်းပါတယ်....ထမင်းစားပြီး ဆေးမှူးအစ်ကိုကြီးနဲ့ ကျည်လွတ်မြေက အကြောင်းလေးတွေ၊ဆေးပညာဗဟုသုတလေးတွေပြော နေဖြစ်ပါတယ်..မကြာပါဘူး အုံး ကနဲပေါက်ကွဲသံစကြားလိုက်ရပါတယ်၊တစ်ဖက်ချောင်းစွယ်ဘက်ကပါ၊အော်သံ စူးစူးပါကပ်ပါလာပါတယ်၊ ကိုတိုးကြီးအဖွဲ့တွေထဲက တစ်ယောက်ယောက်တော့မိုင်းနင်းပြီလို့ အတတ်သိလိုက် ပါတယ်။


လာညီလေး ဗျူဟာဘက်ကိုသွားမယ် ကိုယ့်အလှည့်ကျပြီဆိုတာတော့သေချာတယ်ကွ ...ဆိုပြီးထွက် လာလို့မကြာပါဘူး၊ခွဲ-၃ ကလူတွေ ထိတဲ့တစ်ယောက်ကို သယ်လာကြပါတယ်၊ ညာဘက်မျက်ခုံးစပ်ကပါသွေးက အဆက်မပြက်ထွက်နေတာ့လူကို သေချာခွဲလို့မရပါဘူး၊ လူ-လက်နက်စုံကြောင်းအသီးသီး ၆၅ လုပ်ခိုင်းလိုက်ကြ ပါတယ်၊အော်ဟစ်ငြီးငြူနေတဲ့သူက ဗျူဟာက BEတပ်သားကျော်သူရဖြစ်နေတာကို တွေ့လိုက်ရပါတော့တယ်။ ဆရာကတော့ တောက်တစ်ခေါက်ခေါက်နဲ့ပါ...ခွီးကွာ ခမရ(xx)-ခွဲ-၃ ကသေချာပြောထား မှာထားရဲ့ သားနဲ့ကွာ အဲဒီ ဘက်ကိုချော်တောငေါ့ဖြစ်အောင်ငေါ့လိုက်ကြသေးတယ်၊ အခုမိုင်းထိမယ့် ထိတော့..အဟင် ငါ့ဗျူဟာ mine cover မောင်ဘီအီးမှလာဖြစ်ရတယ်လို့ကွာ.....တဲ့။


ကျွန်တော့အစ်ကိုကြီးခမျာ surgical plate မပါဘဲဖြတ်တာတောက်တာလုပ်ရတာဒါ ပထမဦးဆုံးဖြစ်လို့ ခနတာ စဉ်းစားနေတုန်း နန္ဒအောင်တို့ဆီက ဆရာကြီးစိုးမြင့်သန်း က ဗိုလ်ကြီးကျွန်တော်ကိုင်မယ်အရင်ကတည်းကလဲ ဒီလိုလုပ်ခဲ့ဖူးတယ် ဘေးကနေကျွန်တော့်ကို ညောင်ကမာပေးပါ ဆိုပြီး ခြေဖါးတစ်ခုလုံးကအသားစ သွေးစတွေ ဖြတ်တောက်ပတ်တီးကိုင် တာတွေလုပ်ကြပါတယ်။ကျွန်တော့်ညီလေးက တဲကိုပြန်ရောက်တော့ အစ်ကိုကြီးအခု ဗျူဟာမှူးတော်တော်တင်းနေတာဗျ တော်ကြာ ဒေါသထွက်ပြီး အခုထွက်မယ် အဲဒီ မူခီးကို ဒိုးမယ်ဆိုမှ ဒုက္ခနော် လို့ကပ်တိုးလေးပြောလာတော့ သွားတော့လည်းလိုက်ရမှာပေါ့ဟ၊ တပ်မချိန်းခါနီးလို့မသွားဘူးဆိုတာမရှိဘူးပူ မနေနဲ့စိတ်ချ၊ပြီးတော့လည်းနားအေး သွားတာပေါ့ကွာ...လို့ အေးငါသိသလောက်တော့ အခု ချောင်းနှစ်ခွမှာ ဒါရောဆို မိုင်းကွဲတာ ၂ ခါရှိပြီ၊ မ-၁၂၀ ကငါ့အပါတ်စဉ်က မျိုးမြင့်အောင် သူ့ခွဲရုံးကရဲဘော်တစ်ယောက် လားလန်စခန်းအောက်နားက ဟို စောပခီး ချောင်းစခန်းကိုလာတာ အလာတုန်းကမဖြစ်ဘူး အပြန်မှ အဲဒီလမ်း ပေါ်မှာပဲနင်းမိတာ ဒီကောင်နင်းပြီးမှ သူ့တပည့်အလှည့်မှာ ကွဲတာ.. အရင်တုန်းကတော့ အရမ်းအေးဆေး နားအေးတဲ့ ချောင်းနှစ်ခွ- တုန်းတံတား...လို့ ရှေ့တပ်တွေကပြောခဲ့ကြတာပဲ...ရန်သူကလည်း လူပဲကွာ ပုံသေ ဘယ်တွက်လို့ရမလဲ.... ဘာပဲဖြစ်ဖြစ် နောင်တစ်ချိန်ချိန်ငါးလေးဟင်း ပုစွန်လေးဟင်း စားတိုင်းတော့ ဒီချောင်းနှစ်ခွ ကိုသိတိရနေဦးတော့မှာပါ.....လို့
နေလွမ်းသူ

Read More...