ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Tuesday, September 23, 2008

ဒါချာတဲအိမ်အပြန်မှ နောက်ဆက်တွဲ ဓာတ်ပုံအချို့

နွေရာသီတဲအိမ်မှ အပြန်တွင် ရုရှကဗျာဆရာကြီး ဗာဆီလီဒရက်ဂူးနော့ ထံမှ သူကိုယ်တိုင် လက်မှတ် ထိုးထားသော ကဗျာစာအုပ် တစ်အုပ်ကို အချောင် ရခဲ့ပေသည်ဟု ရေးသားခဲ့မိလေရာ မိတ်ဆွေ အတော်များများက ထိုစာအုပ် နှင့်တကွ ထိုကဗျာဆရာကြီး၏ လက်မှတ်ကို မြင်လိုပါသည်ဟု ဆိုလာကြကုန်လေသည်။ ဂျပန်မလေး မီဂူမီ ဆိုသည့် ဘလော့ဂါ ညီမ ( အစ်မ ဖြစ်နေလျှင် တောင်းပန်ပါသည် .. မိန်းကလေးများက အသက်ငယ်သည်ဟု ထင်လျှင် လွန်စွာ နှစ်သက်တတ်သည် ဆိုသောကြောင့် ညီမဟုသာ သုံးမိသည် ) တစ်ဦးကလည်း ရုရှစာ ဖတ်တတ်သည် ထင်၏။ ကဗျာဆရာကြီး၏ လက်ရေးကို ဖတ်လိုကြောင်း အရေးဆိုလေ၏။

ထို့ကြောင့် ဤဓာတ်ပုံများကို တင်မိလေသတည်း။

ကျွန်တော်လက်ဆောင်ရခဲ့သော ကဗျာဆရာကြီး ဗာဆီလီဒရက်ဂူးနော့ ၏ ကဗျာစာအုပ်
( တိုက်ရိုက်မြန်မာလို ဘာသာပြန်ပါက “ ဒုတိယခေတ် ” ဟု အဓိပါယ်ရပြီး သူ၏ဆိုလိုရင်းအရ ဆီလျော်အောင် ဘာသာပြန်ပါက “ ဆိုဗီယက်ခေတ်အလွန် ” ဟု အဓိပါယ်ရပါသည်။ )
















ထိုဆရာကြီး၏ ဓာတ်ပုံနှင့် ဘေးက အော်တိုလက်မှတ်
















ဂျပန်မလေး မီဂူမီကြည့်လိုသည်ဆိုသော ကဗျာဆရာကြီး၏ လက်ရေး













2 comments:

megumi said...

ဟိ ဟိ၊ ရုရှစာ ဖတ်တတ်ပါဘူး။ :P
စာရေးဆရာက ကိုယ်တိုင်ပေးတဲ့ စာအုပ်ဆိုလို့ ကြည့်ချင်တာ။ နာမည်ကြီးစာအုပ်လည်း ဖြစ်တယ်ဆိုတော့ မြင်ဖူးတယ်ရှိအောင်လို့ပါ။ အခုလို တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။ (စကားမစပ်၊ မယ်ဂုမိရှင့်။ မီဂူမီ ဟုတ်ဘူး။ :P အကိုထက်တော့ အသက်ငယ်မယ်လို့ ထင်ပါတယ်။ )

Anonymous said...

ဌဲဌဲ လက်ရေးက ခင်ဗျားလက်ရေးနဲ့ တော်တော် ဆင်တယ်နော်...
ဝါးတားတားနဲ့