နွေ
နေခြစ်ခြစ်ပူပြင်း
တင်းမာနေတဲ့မြေသားကိုဖြတ်
ခြေကျင်းဝတ်တွေ
မီးတောက်မလားမှတ်ရ
မျက်နှာထက်မှာဆားပွေးတတ်ဖူးတယ
မိုး
အငြှိုးကြီးစွာရွာလိုက်ပုံများ
ရွှံ့ဗွက်နစ်ထူလူတွေပြိုလဲ
တောင်ကျရေထဲမှာ
အဝတ်နဲ့စားစရာတွေပါသွာခဲ့ဖူးတယ်
ဆောင်း
ညောင်းချိနေအောင်ကွေး
စောင်စိမ်းစောင်ကြားအပါးလေးနဲ့
ထွေးလုံးရစ်ပတ်သွားတွေတဂတ်ဂတ်
အေးခဲမာကျောခဲ့ဖူးတယ်
ဒီတောတောင်ဒီခရီးတွေ
အဆင်မပြေမှုပေါင်းများစွာ
မှောင်ကျတဲ့ခါမဟူရာ
မြို့ပြကိုခွာလို့
စားစရာရှားပါး
ဆေးဝါးကမပြည့်စုံ
ဘယ်သူကလာချင်မှာလဲ
ကံအကြောင်းမလှ
ဒုက္ခိတမျိုးအကျိုးနစ်
လူဖြစ်တွေရှုံး
ဆုံးပါးသူတွေများခဲ့ပြီ
အမေရယ်
ဘယ်တော့များမှ ပြည်တွင်းစစ်တွေငြိမ်းပါ့မလဲ။
နေလွမ်းသူ
Tuesday, June 10, 2008
ပြည်တွင်းစစ်များ ငြိမ်းစေသတည်း
Posted by နေလွမ်းသူ at 4:19 PM 0 comments
Sunday, June 8, 2008
ဒုတိယဌာနေမှ ပထမဆုံး ရှေ့တန်းမြေသို့ - ၃
မိုင်းဆက်မြို့....ခရိုင်မြို့ဖြစ်တာနဲ့ အညီ တကယ်ကို သပ်ရှင်း သာယာပါတယ်။ လမ်းကြောင်း အနေနဲ့ ဒီဘက်ကို တာချီလိတ်၊ တစ်ဖက်ကလည်း တောင်ကြီးဘက်ကို ဆက်သွယ် သွားလာနိုင်တဲ့လမ်း ရှိတယ်လို့သိရပါတယ်။ ဒီမြို့မှာကျ ထိုင်းဘတ် လုံးဝမသုံးပါဘူး။ purely မြန်မာကျပ်ပဲ သုံးကြပါတယ်။ လျှပ်စစ်မီး အမြဲရတော့ ဖွံ့ဖြိုး တိုးတက်မှု ကောင်းပါတယ်။ အဲဒီကနေ ထွက်ပြီဆိုတာနဲ့ ဟိုဘက်လမ်းက မြေသားလမ်းဖြစ်သွားပြီ။ လမ်းမှာ ဝ ရွာတွေပိုစိပ်လာပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေလည်း တွေ့နေရတယ်။ လမ်းတစ်လျှောက် သစ်လုံး တင်လာတဲ့ကားတွေပဲ များပါတယ်။
နောက်မြို့လေးက မိုင်းတုံ သူကျတော့မြို့အဝင်ကစပြီးကျောက်တုံးခင်း လမ်းနဲ့ဝင်ပါတယ်။ လျှပ်စစ်မီးကတော့ စက်မောင်းပြီး ဖြန့်ဝေပေးတဲ့ စနစ်ပါ။ မြို့အင်္ဂါရပ်နဲ့တော့ ညီညွတ်တာကို တွေ့ရပါတယ်။ မိုင်းတုံဗျူဟာကို ဝင်သတင်းပို့ရပါတယ်။ ဝယ်စရာတွေဒီကနေအပြီးဝယ်ကျတော့ ဟိုဘက်ဆို ဒီလိုဝယ်ဖို့မလွယ်တော့ဘူး အချိန် ၁ နာရီပေးလိုက် ကားအလိုက်လူစုံရင်မင်းဆီ သတင်းပို့ခိုင်း နန္ဒအောင် လို့ပြောလာတာနဲ့ အဖွဲ့တွေဆင်းပြီးဈေးဝယ်ဖို့ပြောရတယ်။ သေနက်တွေကားပေါ်ထားခဲ့။ အကုန်မဆင်းနဲ့ ပေါ့။
ဆက်ထွက်လာလမ်းကြားစခန်းတစ်ခုဖြတ်တော့ နေစောင်းနေပြီ။ ကားတွေရပ်ချောင်းတစ်ခုဘေးမှာ စခန်းချကြ ပြင်ဆင်တော့ အိပ်စရာနေရာအရင်ရှာရတယ်။ တပ်ရင်းမှူးနဲ့ ဒုရင်းမှူးအတွက်တော့ အိမ်တစ်စီမှာ နေရာချပေး ကြပါတယ်။ ဈေးဆိုင်အစုလေးတွေပါ။သစ်ကားတွေကိုဈေးရောင်းကြတာ။ ရှမ်း-ဗမာတွေ။ ဆိုင်အပျက်လိုနေရာ လေးတစ်ခုမှာ တို့တွေဒီမှာ စုအိပ်တာပေါ့ဆိုပြီး တပ်ခွဲမှူး-၄ယောက် နေလိုက်ကြတယ်။အဖွဲ့တွေကတော့ ချက် ပြုတ်ရေခတ်။ရေချိုး ဆူညံနေပါတယ်။ ညစာစားဖို့လုပ်တော့ ဆရာကြီးတစ်ယောက်လာခေါ်တယ် အဘခေါ်ခိုင်း လိုက်လို့ ဗိုလ်ကြီးအားလုံး ဆိုတာနဲ့ လိုက်သွားတော့ ထမင်းဝိုင်းပြင်ပြီးသား အသင့်နဲ့ ကဲလာ ဒါကကျွန်တော့် ဗိုလ်ကြီး တပ်ခွဲမှူးတွေပဲဆိုပြီး ထမင်းတည်ခင်းဧည့်ခံတဲ့ အိမ်ရှင်ဖြစ်ပုံရတဲ့ လင်မယားကဖော်ဖော်ရွေရွေပါပဲ။ ဆက်သားအစိုချက်တွေငြုပ်သီးစပ်စပ်နဲ့ တကယ်စားလို့ကောင်းတယ်။ တောင်ပေါ်ရွာတွေကရတာလို့သိရတယ်။ ည မိုးမရွာပါစေနဲ့လို့ဆုတောင်းနေရတယ်။ တပည့်တွေတစ်ချို့က ထိုင်းမြက်ဖျာလေးခင်း ပြီး ဒီလိုပဲ အစုလိုက် အိပ်ကြတယ်။ သစ်ထုတ်စခန်းတွေက သစ်လုံးကားကြီးတွေက ရပ်နားညအိပ်နေရာဖြစ်တော့ သူတို့ က ကားက မီးလေးတွေထွန်းလို့ စုပြီး အရပ်ဝိုင်းဖွဲ့ နေကြတာကိုတွေ့ရတယ်။ ကိုယ်တွေကတော့ ငေးပေါ့။
အဖွဲ့တွေထမင်းစားပြီးတာနဲ့အိုးခွက်တွေဆေးပြီး နောက်နေ့ နေ့ခင်းစာ(lunch) ပြန်ချက်ကြတယ်။ ဒါကလည်း တပ်မတော်ရဲ့ထုံးစံပါ။ စားချက် ဆိုတာဒါကိုခေါ်တာပေါ့။ စားပြီးချက်ချင်းပြန်ချက်ရတာလေ။ ကျွန်တော့် စိတ်ထဲမှာတော့ တကယ်ကို စိတ်ချမ်းသာပါတယ်။ ဘာလို့လဲဆိုတော့ ကိုသွားခဲ့ရတဲ့ ရှေ့တန်းခရီး တောထဲမှာ ဒီလိုအေးဆေးခေါင်းပြားအောင်မအိပ်ရ ပါးဖောင်းအောင်မစားခဲ့ရဘူးလေ။ ဒီဘက်ဒေသကြီး အခုလိုငြိမ်းချမ်း သွားတာတကယ်ကို ကျေနပ်စရာပါပဲ။ ရွာတွေ့တာနဲ့အတင်းဝင်အိမ်ပေါ်တက် ဆွဲရမ်းယူငင် လုပ်ချင်ရာလုပ် ဆိုတာ ကိုယ်တိုင်ဒီစစ်သားဘဝ ရှေ့တန်းမြေဒီလိုနေရာမှာ စိတ်ကူးတောင်မယဉ်နိုင်ပါဘူး။ ဒီနေ့ခေတ်မှာပေါ့။ အများပြောဆိုခံလက်ညှိုးထိုးစရာအဖြစ်တွေ ရှိခဲ့မယ်ဆိုရင်တောင် ဒါတော်တော်ကိုကြာခဲ့ပါပြီ။ အဲဒီအရိပ်မည်း တွေကို ဒီနေ့တပ်မတော်သားတွေက ဘာမှမလုပ်ရပါဘဲ စွဲချက်တင်ကျန်ပြီး အလာကားနေရင်း အမုန်းခံဘဝ ရောက်နေရတာတော့ တကယ့်ကို ရင်နင့်စရာပါဗျာ။ အခုရွာတွေများ ရောက်တာနဲ့ သူကြီးက တပ်ရင်းမှူးကို လာခေါ် သူ့အိမ်မှာ သူ့ဆန် သူ့ဟင်းလျာနဲ့ သူချက်တဲ့ စပါးအရက်လေးနဲ့ စကားတပြောပြောလုပ်ကြတာ။ ဟုတ်ကဲ့ ကျွန်တော် နန္ဒအောင် က ငါတွေ့ကွ လို့ပြောပါမယ်ဗျာ။
တပည့်တွေပိုဆိုးသေး ရှမ်းစကားမွတ်နေအောင်ပြောတတ်တယ်။ အိပေါ့အိမေ တို့က ပယ်ရီဇင်း(ငှက်ဖျားဆေး) အလွန်သဘောကျတာ။ ဆရာများက သူတို့ ဥထားတာလေး ထုတ်ပေး အိပေါ့(အဖေ) က စပါး(ရှမ်းပြည်ရဲ့ ပင်တိုင်ချက်အရက်)အိမ်တွင်းဖြစ်ပုလင်းလေးတွေထုတ်ပေးတယ်။ အိမေ(အမေ)ကြီးက အသီးခြောက်၊ အသား ခြောက်လေးတွေထုတ်ပေးတာလေ။ နောင်ရင်း တို့ ပီနန်းတို့က ကျောင်းတက် ထိုင်းထွက် အလုပ်လုပ်ကြတာ များပါတယ်။ ဘယ်ရွာမှာဘယ်တပ်က ရန်ဖြစ်လို့ ကျည်ထွက်လို့ ဆိုတာလေး ရွာက နေဖြစ်ဖြစ် ပြည်သူ့စစ်က ဖြစ်ဖြစ် သက်ဆိုင်ရာ ကွပ်ကဲမှု(တိုင်း၊တပ်မ၊ဗျူဟာ)သိသွားလို့ကတော့ အဲဒီတပ် သေဖို့သာပြင်ထား။ မြေပုံညွှန်း တွေချပေးပြီး သွားရှင်းပါ။ လက်ချင်းချိတ်ပါ။ မွှေပါနှောက်ပါဆိုပြီး လူသူမရှိ တောခေါင်ခေါင်တကယ့် တောင် ထူသစ်တောထဲ ဒိုး ပေဦးတော့။ ဝန်စည်စလွယ်အလေးအပင်တွေ မနိုင်မနင်းနဲ့လေ။ ဟိုအရင်က သူများတွေ ပြောသလိုသာ ရွာဝင်ကြက်ဆွဲ၊ ဝက်ဆွဲ အိမ်ပေါ်တက် မဟားဒယားယူငင် မတရားပြုကျင့်ဖို့မပြောနဲ့ ရွာသား တစ်ယောက်ယောက် ထိုးကျိတ် လိုက်တာနဲ့ အဲဒီ စစ်သည်၊ သူ့တပ်ခွဲမှူး သေဖို့သာပြင်။ တပ်မှူးလုပ်သူပါ ခေါင်းကျိန်းဖို့ပြင်ထား..... ပြောထားပြီးသားပဲ အေးနော် ပေးမှယူ ကျွေးမှစား အိမ်ပေါ်ကိုယ့်သဘောနဲ့ကိုယ် တက်သွားလို့ကတော့ လက်ထိပ်ခက် ထိပ်တုံးခပ်ပြီး ဗျူဟာ အပို့ခံရမယ် .... ဒါအမိန့်ပဲ..တဲ့ တပ်မှူးများက။ နေလွမ်းသူ
Posted by နေလွမ်းသူ at 9:16 PM 0 comments
Friday, June 6, 2008
အပေါ်မီး အောက်မီး မုန့်ပူတင်းများ
ခေါင်းစဉ်လေးကို တွေ့ပြီး စားစရာအကြောင်း ရေးတယ် မထင်လိုက်ပါနဲ့။ ကျွန်တော်တို့ အရာရှိများဘဝ နေရ ထိုင်ရ အခြေအနေလေးတွေကို ခိုင်းနှိုင်းတင်စား လိုက်တာပါ။ တပ်ရင်းမှူးတစ်ယောက် ပြောခဲ့တာပါ။ အဲဒီစကားလေးက။ ဒို့ဘဝက အပေါ်မီးအောက်မီး မုန့်နဲ့ အတူတူပဲတဲ့။ မုန့်ပူတင်းပေါ့ကွာ..တဲ့။ အထက်က တာဝန်ဝတ္တရား လုပ်ဆောင်ရတဲ့ ရည်မှန်းချက်တာဝန်တွေက အပေါ်ကမီး၊ အောက်က တပည့်ငယ်သားတွေက အောက်ကပူ အောင်ပေးတဲ့မီး...တဲ့။
ဟုတ်ပါတယ်။ တကယ်ကိုမလွယ်ပါဘူး။ အခုကျွန်တော်ရေးသားတင်ပြမှာကလည်း အထူးသဖြင့်တော့ ခြေလျင်ခြေမြန်တပ်တွေက အကြောင်းကိုပါ။ ယူနီဖောင်းအစိမ်းဝတ်ပေါ့၊ ဘာလို့အဲဒီလို ပြောရတာလဲဆိုတော့ အစိမ်းထဲမှာမှ လက်ရုံးတပ်ဖွဲ့ဌာနကြီးတွေ အများကြီးရှိသေးတယ်။ဒါကျတော့ ကိုယ်တိုင် မသိတော့ဘူး။ တူတော့တူတယ်လေ။ အဝတ်စား ဘာညာ။ ဖြန့်ဝေမှု အုပ်ချုပ်မှုစံလေးတွေက ကွဲသွားတယ်ဗျ။ အားလုံးသိပြီးတဲ့အတိုင်းပဲ။ တပ်မတော်က အဓိက ခက်မကြီး ၃ ဖြာမှာ Navy နဲ့ Airforce ပေါ့။ ယူနီဖောင်းပါ ကွဲသွားသလို သူတို့ဆီက စံလေးတွေ ခွဲဝေအုပ်ချုပ်မှု အုပ်ခွဲ၊ဌာနခွဲ၊အုပ်စု စတာတွေထပ်စိတ်ပိုင်းပြီး အသီးသီး တာဝန်ထမ်းဆောင်ကြရပါတယ်။ အဲဒီက အကြောင်းတွေဆိုဝေးရောပဲ သိလားမေး တကယ်ကိုမသိနိုင်တော့ ပါဘူး။ အနော့်အဖေကတပ်ထဲကမို့လို့ သူငယ်ချင်းက တပ်ထဲက၊ ခနခနရောက်ဖူးနေလို့ တပ်အကြောင်းသိ နောကိုကျေနေတာပဲ ဆိုတာ အပေါ်ယံပါဗျာ။ ကျွန်တော်တို့ကိုယ်တိုင်တောင် ရေနဲ့လေက အဓိတာဝန်ခွဲဝေမှု အဆင့်ဆင့်အမိန့်အဏာတည်မှုပုံစံတွေ အခြေခံကျောရိုးလောက်ပဲသိထားသင်ထားကြရလို့ပါ။ ဒါတောင် ကျောင်းတော်ကြီးမှာ အတူနေတစ်ခန်းထဲကောင်တွေ ရေ တို့ လေတို့ ရောက်သွား သူ့လုပ်ရတဲ့အလုပ်တာဝန် လုပ်ကိုင်နိုင်မှု အုပ်ချုပ်မှု ဘာမှကိုယ်နဲ့မတူတော့တာလေ။ ဘယ်သိမလဲနော်။ ပြောတာတော့လွယ်တာပေါ့။
ဗိုလ်ကြီးဘယ်သူ အဘခေါ်နေတယ်...ဆိုတာနဲ့ အေးလာပြီ။ ယူနီဖောင်းက half dress ဖြစ်နေတော့အပြည့်အစုံ ပြန်ဝတ်၊ချွတ်ထားတဲ့ဖိနပ်ပါစီးတော့ နဲနဲကြာသွားတယ်။ ဟိုရောက်တော့ မင်းကငါခေါ်နေတာ မသိဘူးလား ဟုတ်သိပါတယ် အဘ။ အဲဒါချက်ချင်းလာပါ့လား။ ဟုတ်ကျွန်တော် ယူနီဖောင်းအပြည့်အစုံဝတ်နေလို့ပါ။ ရမလားကွ ငါခေါ်နေတာ မင်းဟာမင်း အတိုနဲ့လည်း ချက်ချင်းပြေးလာပေါ့။ မာန်မဲဆူဆဲပေါ့။ မှတ်ထားရမယ်။ နောက်သူခေါ်ရင် ချက်ချင်းပြေး။ ဒါပဲ။ နောက် တပ်ရင်းမှူးနဲ့ အဘကလာခဲ့ပါဦးတဲ့ ဆိုတာနဲ့ ရှိတဲ့အဝတ်နဲ့ ချက်ချင်းပြေးတာပေါ့ ဟောဟဲကိုဆိုက်လို့ ဟိုရောက်တော့ ကျွန်တော်ရောက်ပါပြီး အဘ ပေါ့။ အောင်မာ ခွေးသားမင်းက ငါခေါ်တာကို ယူနီဖောင်းက ဖြစ်သလိုဝတ်လာတယ်။ မင်းထက်အငယ်မှတ်နေလား သွား အခု ချက်ချင်းပြန်ဝတ်၊ ငါခေါ်ရင်အပြည့်အစုံနဲ့လာကြားလား.... ဟုတ်ကဲ့ပါအဘ ပေါ့။ ဒီလိုလေးတွေ။ တပ်တွေမှာ ဖုန်းတွေဘာတွေလိုလို့ ကိုယ်ကအနီးမှာရှိလို့ ဖုန်းကိုင်လိုက်တယ်။ ဟဲလိုဟုတ်ကဲ့ ခလရ.....ကပါပေါ့။ အဲဒီမှာ စပြီဟိုဘက်ကနေ အထက်ဌာနဖြစ်တော့ ဖုန်းကိုင်တာဘယ်သူလဲကွာ ..အမ် ဟုတ်ကဲ့ ဒုဗိုလ်၊ ဗိုလ် ၊ ဗိုလ်ကြီး ဘယ်သူပါ ပေါ့။ အေးနောက်တစ်ခါ ဒီကခေါ်တာနဲ့ တပ်ပြောပြီး ကျွန်တော် ဗိုလ် ဘယ်သူဆိုတာပါ တခါတည်း ထည့်ပြော ကြားလားတဲ့... ကဲ ဟိုဘက်က ဘယ်သူမှန်းကိုမသိဘူး။ တိုင်း ဘယ်ဌာနက ၊ တပ်မ ဘာဌာနကတဲ့။
တစ်ခါတစ်လေ အဘခေါ်တယ် ဆိုလို့သွား လမ်းမှာ ဒုတပ်ရင်းမှူးခေါ်တာမကြားမိလိုက်ဘူး။ နောက်တော့ အဲဒီ ဒုတိယအဘလေးက မင်းကငါခေါ်တာတောင် သောက်ဂရုမစိုက်ဘူး ။ ဘာလဲ တပ်ရင်းမှူးနဲ့ပိုင်တယ်ဆိုပြီး ငါ့ကို ဒါပဲ ပေါ့ အဲဒီလိုလား မင်းက ...တဲ့ ။ စနေက တပ်တွင်းသန့်ရှင်းရေး fatigue ကရှိလို့ အားတဲ့ တနင်္ဂနွေလေး ရိပ်သာမှာ စုပြီး (မီးရှိတဲ့တပ်တွေ)သီချင်းနားထောင်၊အခွေကြည့် မြို့နဲ့နီးတဲ့တပ်တွေကတော့အပြင်သွားဖို့လုပ် နှပ်မယ်ရှိသေး။ လာပြီ ဒီနေ့တာဝန်မှူး ကျတယ် ဆိုပြီး ဝတ်ပေဦးတော့ ယူနီဖောင်း နဲ့ သွားစေ ရုံးမှာ အသင့်။ တစ်ချို့ကျလည်း အရာရှိတစ်ယောက် တိုင်း/တပ်မက ခိုင်းထားတဲ့ ကားချပ်တွေ ဒီနေ့အရောက်လာပို့ပါ ဆိုလို့ အပြင်သွားမယ့်အရေး ပါယ်ပြီး လစ်ရပါတယ်။ ဆိုင်ကယ်အဆင်ပြေတဲ့ဒေသက ဆိုင်ကယ်ပေါ့။ လိုင်းကားပဲ အဆင်ပြေ အရပ်ဝတ်-၁ နဲ့ လိုက်။ ကျွန်တော်တောင် စစ်မန်းဧရာ တို့ ဇေယျာမန်းတို့ တွယ်စီးပြီး စစ်ကိုင်းထိ ဒိုးခဲ့ရသေးတာ။ အထက်အရာရှိကြီးတွေတပ်စစ်လာလို့ကတော့ နားဖို့မစဉ်းစားလေနဲ့ အဘတို့ အဘလေးတို့ ခိုင်းတာအပြင် ကိုယ့်စစ်သည်တွေနဲ့ လူတာတွေလိုက်လုပ်ရတယ်။ စာရေးတွေနဲ့ပါညည နှစ်ပါးသွားဝင်ကပေး ရတယ်။ ကွန်ပျူတာဝင်ရိုက်၊ ကားချပ်တွေ ဇယားတွေဝင်ဆွဲပေါ့။ မြို့ထဲကိုမိတ္တူပြေးဆွဲရတာတို့ ဟော မိုင်းခတ် ဘက်ကတပ်လိုမျိုးကျဘယ်မှာတုန်း မိတ္တူဆွဲဖို့ လျှပ်စစ်မီး။ တောထဲကတပ်တွေလဲဒီလိုပဲ။
ညနေခြင်းခတ်ဘောလုံးကန်ပြီး ပြန်လာမောမောနဲ့ ရိပ်သာမှ ပြသနာကရောက်နေပြီ လိုင်းထဲမှာ ဆရာဘယ်သူ မူးပြီးသူ့မိန်းမကိုရိုက်နေလို့ ဆိုပြီး ဆရာကြီးတွေက လာသတင်းပို့တယ်။ ဘာဆက်လုပ်ရမလဲလို့ပါ။ ကဲ သွားကွာ ညီလေးဘယ်သူ လိုက်သွား ဟိုရောက်တော့ မိန်းမ ခမျာ ငိုယိုပြီး လုပ်ပါဦးဗိုလ်ကြီး ဗိုလ်မှူးတို့ရဲ့ ကျမကတော့ အဘသွားတိုင်မှာ ...ဟာ နေနေ ဘယ်နှယ့် ဟိုက လူကြီး၊ အခုငါတို့လာပြီနော်မငိုနဲ့တော့ ။ကြည့်စမ်းကိုယ့် မိန်းမကိုများရိုက်ပုတ်ထားတာ ဆရာကြီး ခေါ်ခဲ့ အဲဒီကောင် လာစမ်း ဟင်း ဝင်အချုပ်ခန်းသို့မြန်းစေ။ သွား ညမှ အဘကိုသတင်းပို့မယ်။ မနက်မျက်နှာသစ်မလို့ ရှိသေး ။ အေး ရှေ့ကဘယ်သူလဲ ဆိုတော့ ဗိုလ်ကြီး ကျွန်မပါ ဆရာဘယ်သူ့မိန်းမပါ။ ငိုမဲ့မဲ့နဲ့ ဒီနေ့ ကလေးတွေနဲ့ အိမ်ဖို့ လိုတာလေးတွေ သွားဝယ်မလို့ အဲဒါ ကိုအဝှာနဲ့ ဟိုနေ့ကတည်းကပြောပြီးသား။ အခုသူ့ကိုအချုပ်ကပြန်ထုတ်ပေးပါလား။ ကျွန်မသူပါမှဖြစ်မှာမို့လို့ပါတဲ့။ ကဲ အဲလိုပါဆိုနေ မနေ့ကတော့ ဒီယောက်ျားကိုသူပဲဇွတ်။ အခုကျ မိုးတောင်မလင်းသေးဘူးသူ့ယောက်ျားကို ထုတ်ပေးပါတော့တဲ့။ ခမျာ မနေ့က ထမင်းမစားရရှာဘူးဆိုဘဲ။ ဘယ်စားနိုင်မလဲ ဒီလောက်မူးနေတာကိုး။ တစ်ခါတစ်လေ ဆိုင်ကယ်ဆီဖိုးတောင်မရှိ။ လ္ဘရည်ဖိုးတောင်အနိုင်နိုင် တပည့်များက ဗိုလ်ကြီး တပည့်ကို ပိုက်ဆံ....လောက်ထုတ်ပေးလား လခထဲကဖြတ်ပေးပါ တပည့် ဝယ်စရာအသုံးလိုနေလို့ပါ တဲ့။ ကိုယ်တောင် အဝတ်အစား ဆယ်တန်းလောက်က ဂျင်းပန်တို့ အမေဝယ်ပေးတဲ့ အင်္ကျီလေးတွေနဲ့ ချစ်သူမွေးနေ့ပေးတဲ့ တီရှပ်လေးတွေလောက်ရှိတာကို။ ဗိုလ်ကြီး တပည့်သင်တန်းသွားမှာမို့လို့ အဝတ်အစားတစ်စုံလောက်တော့ ပေးဦး ..ဆိုတာလည်းရှိသေး။
အေးဆေးနေလို့ကောင်းနေပြီဆိုရင် စပြီ ဗိုလ်ကြီးဘယ်သူ ဘာသင်တန်းရွေးလိုက်ပြီ လို့ကြေးနန်းဝင်လာတယ်။ အဲဒါ ဘယ်နှစ်ရက်နေ့အရောက် ရန်ကုန် မန္တလေး ပြင်ဦးလွင် ဗထူး သံတောင် တိုင်းရှိရာမြို့တစ်ခုခု စသဖြင့် သတင်းပို့ရမယ်..ဆိုရင်တော့ ပြင်တော့သံသေတ္တာတို့ suitcase တို့ trunk တို့ပြင်ဆင်ထုတ်ပိုး အိမ်တွေကို ဖုန်းရအောင်ဆက် ပိုက်ဆံတွေမှာ ဝေးတဲ့ဒေသတွေကတော့ တပ်ရေးဗိုလ်ကြီးတွေဆီအပူကပ်ကြတာပေါ့။ ယာဉ်တန်းအကြုံ တပ်အကြုံ(ဒါကရှေ့တန်းရောက်နေခဲ့ရင်)စောင့်ရတဲ့ဒေသတွေကဒုနဲ့ဒေး။ လေယာဉ်နဲ့မှာ သွားလို့ဖြစ်တဲ့ဒေသတွေဆို ကုန်စေသတည်း လေယာဉ်ခတွေ ဝန်ထမ်းတွေ စစ်သားတွေ တစ်ဝက်ကြေးတွေ မရှိတော့ပါဘူး။ ကိုနန္ဒကတော့ ကျိုင်းတုံ-ရန်ကုန် ရော ကျိုင်းတုံ-မန္တလေးရောစီးခဲ့ရတယ်။ ကုန်လိုက်တာမှ။ လမ်းခရီးအဆင့်ဆင့်မှာ မိုးရွာလို့ ရေကြီးလို့ လုံခြုံရေးစိတ်မချရလို့ ရေကြောင်းသုံးရတဲ့ဒေသတွေဆိုလည်း မုန်တိုင်းရှိလို့ weather မ fine လို့ သင်္ဘောမထွက် လှေမကပ်လို့ ...ထပ်ခါထပ်ခါကြာ။ သင်တန်းရှိရာမြို့လည်း ရောက်ရော သင်တန်းကဖွင့်နေပြီ ဘယ်တိုင်း..က တပ်မ(xx)က ဗိုလ်ကြီးဖြေရှင်းချက်တင်ပါ သင်တန်း နောက်ကျမှရောက်ရခြင်းအကြောင်းကို..တဲ့။ တပ်တွေမှာတစ်ခါခါဖြစ်တတ်တာရှိသေး။
လူမှုဝန်ထမ်းလုပ်ဖို့ နေရာ ဧရိယာခွဲပေးလိုက်ပါလို့ခိုင်းလို့ တပ်ခွဲလိုက် ပေးလိုက်တယ်။ ဗိုလ်ကြီးက ဘယ်သူ့တပ်ခွဲမို့လို့ ဘယ်ဝါ့ တပ်ခွဲ မို့လို့ဆိုပြီး စေဒကလေးတွေကတက်သေး။ ရိပ်သာကတပည့်ကျော်များ ရော့ ဒီအဝတ်တွေလျှော် ဟိုဟာတွေကမီးပူတိုက် ဆိုပြီးပြောခဲ့ ရုံးကနေပြန်ရောက်လို့ ကြည့်လိုက်တယ် ကုတင်ပေါ်မှာ မီးပူတိုက်ပြီး ခေါက်ထားပေးတဲ့ အဝတ်တွေက အပေတွေ(လျှော်လို့ပြောခဲ့တာတွေ) နောက်ဖေးမှာလှမ်းထားတဲ့အဝတ် တွေက လျှော်ပြီးသားတွေ၊ အဲဒါတွေကို ထပ်လျှော်လိုက်ပြီဗျာ။တပည့်တွေ
ထမင်းဟင်ချက်တော့သိပ်ကောင်းကြတာ။ တပည့်တွေလစာထုပ်ပေးရင် ဘဏ်စာအုပ်ထဲထည့် သေချာစု ပေးထားပါတယ်။ အဲဒါမှဒီကောင်တွေလက်ဆုပ်လက်ကိုင်ပြစရာရှိတာ။ ဒါလည်း သူတို့သင်တန်းသွားရင်ထုတ် ကုန်ရောပဲ။ ကိုယ်တိုင်က ရည်းစားဆို မူးလို့ရှူစရာတောင်မရှိတဲ့ ဗိုလ်ကြီးတွေပါ။ ဒါကိုဆရာသတင်းလာပို့တယ် ဗိုလ်ကြီးတပ်ခွဲ တပည့်ဟိုကောင် ငပေတူး မိန်းမခိုးပြေးလာတယ်။ အဲဒါကောင်မလေးဘက်ကလာအပ်ပြီး မိသဖသားပီပီးလာတောင်းပါ သူတို့သဘောတူတယ်ဆိုတာသိရပါတယ်..တဲ့ ကဲ အဘကိုသတင်းပို့ပြီး နောက်နေ့ကျတော့ ဆရာတွေကြီးခေါ်ပြီး အဲဒီကိုချီတက်ရတယ် ကိုယ်ကလူကြီးလုပ်ပြီး မိန်းမအပ်တာ တောင်းတာ လုပ်ရသေးဗျာ။ အဲဒီလိုမျိုးပါဆိုနေ အပေါ်ကအပူပေး အောက်ကအပူကမသေးဘဲ ကျွန်တော်တို့ ပူပူပြီး မုန့်ပူတင်းကောင်းကောင်းဖြစ်လာရပါလေရောလား.......... နေလွမ်းသူ
Posted by နေလွမ်းသူ at 9:06 PM 0 comments
ကျွန်တော်တို့ကျောင်းတော်-၂
ကျွန်တော် အတန်း ၂ ရက်ဆက်တိုက်ပျက်ပါတယ်။ အကြောင်းက ဗိုက်က အစာအိမ်က အရမ်းနာနာ လာလို့ ညအိပ်နေချိန် ၂ နာရီ ၃ နာရီလောက်က စနာလိုက်တာ မိုးလင်းတဲ့အထိ ဆိုပါတော့။ ဒါကလည်း သဘာဝအရ ရလာခဲ့တာပါ။ အစာစားချိန်မမှန် ဆာနေရင်မစားဖြစ်ခဲ့ အဆာလွန်မှစား စားချင်တဲ့အချိန်မှာ မစားခဲ့ရတဲ့ ကာလတွေ အဲဒီကလ တွေကြောင့်ဖြစ်တာက ၈၅% ပါပါလိမ့်မယ်။ အတန်း-၂ ခါပျက်တော့ ထုံးစံအတိုင်း ဘော်ဘော်များ အတန်းဖော်များ လူမမာ လာမေးကြပါလေရော။
တစ်ပြုံကြီးစုကျလာရင် ထိုင်စရာကမရှိ။ နေတာကတော့ ကိုယ် တစ်ယောက်ထဲဆိုအကျယ်ကြီးပါ။ တော်သေးတယ် သူတို့လာတဲ့အချိန် လူကကွန်ပျူတာရှေ့ရောက်မနေလို့ မဟုတ်ရင် ပြောလို့ဆိုလို့ကိုမပြီးကြတော့ဘူး။ ယူကရိန်းကဘော်ဒါက ဗိုက်အရမ်းနာရင်နေရတဲ့ပုံစံလုပ်ပြတော့ အူတက်အောင်ရယ်ကြရတယ်။ နယူးဇီလန်က ပါးပါး မားမားအတွဲကတော့ ပန်းစီးလေးနဲ့ ကိတ်မုန့်လေးတွေနဲ့။ သူတို့ကအတန်းထဲမှာအသက်အကြီးဆုံးဆိုတော့ class mate (朋友) (同学) လို့ခေါ်တာထက် Dad n mom ဆိုပြီး (爸爸 နဲ့ 妈妈)လို့ခေါ်ကြတာပါ။
ကျောင်းမှာက ဘူဖေး buffet ပဲကျွေးတာပါ။ နိုင်ငံခြားကျောင်းသားအားလုံးအတွက် ထမင်းစားခန်း ၂ ခုခွဲထား ပေးပါတယ်။ တစ်ခု မွတ်စလင် ဘာသာနိုင်ငံများအတွက်ပါ။ သူကနဲနဲလည်း ပိုကျဉ်းပါတယ်။ နန္ဒအောင်တို့ ဒီဘက်ထမင်းစားခန်းထက်ပိုသေးပါတယ်။ ဒီဘက်မှာတော့ အရှေ့တောင်အာရှနိုင်ငံအားလုံး၊ ဝက်သားစားတဲ့ နိုင်ငံတွေပေါ့လေ။ လူ ၁၂၀ ဆန့်ထမင်းစားခန်းပါ။ မြန်မာကနေပါလာတဲ့ ပင်ပျိုရွက်နုကထုတ်တဲ့ ready eat မန်ကျီးငပိချက်တို့ ဘာလချောင်ကြော်ထုတ်တို့ကို စားလိုက်ကြတာ ကျန်တဲ့ မာဂျားစကား၊လာအို၊ ဗီယက်နမ်၊ ကိုရီးယား၊ ကမ္ဘောဒီယား၊ စပိန်ရဲ့သားများ(စပိန်စကားပြောတဲ့ အဖွဲ့တွေ)တော်တော်ကြိုက်ကြသဗျ။ ငပိကြော် ကမ္ဘောဒီးယားနဲ့ လာအိုက အလွန်ကောင်းဆိုပြီး လာလာရှူးလို့နောက်တော့ ဖွက်စားရတယ်။ ပြောရဦးမယ် ထူးဆန်းတာတစ်ခု။ ယို ပုလင်းလေးတွေ ပေါင်မုန့်နဲ့စားဖို့ နာနတ်တို့ စတော်ဘယ်ရီ၊စပျစ်ပုလင်းလေးတွေ ချပေးထားတာရှိပါတယ်။ ယူကရိန်းသားနဲ့ ဘူလ်ဂေးရီးယားသားများ အဲဒီယိုကို ဇွန်းနဲ့ခပ်ပြီး ဖန်ခွက်ထဲထည့် ရေအေး ရေနွေးထည့်ပြီး ဖျော်သောက်တာဗျာ(သူတို့အတွက်တော့မသိဘူး ကျွန်တော်က တောကတက်လာလို့ မမြင်ဘူး အထူးအဆန်းဖြစ်နေပါရောလား)။
ချဉ်ပေါင်ရွက်နဲ့ပုဇွန်ခြောက်ကြော်ကအများဆုံးပါလာတဲ့ဗူးကြီး ဘော့စ်ဝါနာ(Botswans) က ကလားများ တော်တော်စားကောင်းလို့ဆိုပြီး မကုန်သရွေ့လာခပ်နေတော့တာ။ ဒီကောင်တွေလုပ်တာပြောရဦးမယ်။ ကျွန်တော်တို့အခန်းက ဝက်သားဟင်းလျာမှန်သမျှရှိတော့ အဲဒါကို စတီးခွက်လုံးလေးနဲ့နဲ့လာလာသယ်ပြီး ဟိုဘက် မွတ်စလင်ခန်း(သူတို့က ခရစ်ယာန်တွေ) ပြန်ယူစားတာပါ။ ကျွန်တော်တို့က နောက်တာပေါ့ သူတို့ကို မင်းတို့ ဟိုက ဝက်သားလုံးဝမစားတဲ့ သူတွေရဲ့အခန်းကို အဲလိုလုပ်တာ မကောင်းဘူးဆိုတော့ အဲဒါ မွတ်စလင် သီးသန့်အပိုင်ပေးတာမဟုတ်ဘူး ဒါ တို့ကျောင်းက ထမင်းစားခန်း ကျောင်းသားတိုင်းစားလို့ရတယ် ဆိုပြီးပြန် ပြောပါတယ်။ ကျွေးတဲ့ဟင်းတွေကတော့ သိတဲ့အတိုင်းပဲ တရုတ်ဟင်းလျာ တရုတ်စတိုင်လ်ချက်ပေါ့။ ကျွန်တော် တို့အတွက်တော့ အေးဆေး။ ဝက်သား၊ သိုးသား၊ ကြက်သားနဲ့ငါး အများဆုံး(ပုံစံအမျိုးမျိုးချက်) ပင်လယ်ခရု၊ ပင်လယ်ကထွက် ရေဘဝဲ၊ ဟင်းသီးအရွက်ကြော်စုံ...အများကြီးပါပဲ။ မှိုမျိုးစုံလဲပါတယ်။ ကြက်ဆို ပေါင်နဲ့ တောင်ပံကြော်က ၂ ဘန်းလောက်အမြဲချပေးတယ်။ ပေါက်စီသေးစားနဲ့ အစာသွပ်မုန့်လုံးတွေရောပဲ။
သောကြာနေ့ဆို Beer day ညနေ စားပွဲပေါ်မှာ လူအရေအတွက်အတိုင်း ပုလင်းချပေးထားတယ်။ ဘီယာ မသောက် တဲ့သူတွေက ပက်စ်စီ ကိုလာ စပရိုက် ကြိုက်တဲ့ပုလင်းနဲ့လဲပေးတယ်။ ကျွန်တော်တို့ကတော့ အအေးပုလင်းပဲ။ ဘီယာသမားကလွဲ ရင် ကျန်တဲ့သူတွေအားလုံးက အခန်းပြန်သယ်တာများပါတယ်။ နေ့တိုင်း မနက်စာ ညနေစာ စားပြီးရင် ပန်းသစ်တော်သီး၊ ပန်းသီး၊ ဖရဲသီး (ရာသီအလိုက်အသီးတွေ) စားပွဲအပြည့် ခင်းပေးထားတယ်။ အခုတော့ စားပွဲပေါ်ချချပေးသွားတယ်။ စာသင်ခန်းကအတန်းပြီးရင် အားလုံး စုပြုံရောက် ထမင်းထည့်ရင် စနစ်တကျတန်းစီပြီထည့်သွားရတယ်။ Breakfast ကလည်း Hotel တွေမှာကျွေးတဲ့ပုံစံနဲ့ အတူတူပါပဲ။ ကော်ဖီ၊နွားနို့၊ ပေါင်မုန့်တွေ၊ ဘာဂါလည်းရတယ်။ ကြက်ဥကြော်-ပြုတ်၊ထမင်းကြော်၊ ပေါက်စီတွေ အီကြာကွေးသေးသေးလေးတွေရောပဲ ကြိုက်တာကို ကြိုက်သလောက်ယူ စားပေတော့ပဲ။(ဟီးဟီး သွားရေ ယို မနေနဲ့ဗျ) ကျွန်တော်တို့ကတော့ ထမင်းကြော်ထဲ ငြုပ်သီးမှုံ့နဲနဲထည့် ကြက်ဥကြော်နဲ့ ချစ်သူပို့ပေးတဲ့ ငပိကြော်လေးနဲ့ ကစ်တာပဲ။( အဟဲ နောက်တာ နော်)။ စာသင်ခန်းနဲ့အိပ်ဆောင်က လှမ်းအော်ပြီး စကားပြော ကြားရတယ်။(ကျောင်းကို ကားနဲ့သွားတာလား subway နဲ့သွားတာလားလို့ မေးတဲ့သူရှိလို့ပြောပြတာပါ)
အပါတ်စဉ် ဗုဒ္ဓဟူးနေ့ည စနေနေ့လည်တိုင်း ကားနဲ့မြို့ထဲက အကြီးဆုံး SuperMarket ကိုပို့ပေးတယ်။ တစ်ချို့ ဆိုင်ကြီးတွေက ကျောင်းကို ကားကြီးတွေလွှတ်ပြီး မိတ်ခေါ်တာလည်းရှိပါတယ်။အင်း ပြောရဦးမယ် စာသင်တဲ့ အခါ သင်ခန်းစာတွေကိုလက်တွေ့နားထောင်လို့ရအောင် ကျောင်းသားတိုင်းကို MP-3 တစ်ခုစီက အလကား ထုတ်ပေးသေးတယ်။အင်တာနက်သုံးတဲ့ စနစ်ကတော့ တစ်ကျောင်းလုံး Local Area ချိတ်ထားပြီး User name Password နဲ့အကောင့်တစ်ခုစီယူရတယ်။ unlimit တစ်လကို ယွမ်-၆၀ သွင်းရတယ်။ နိုင်ငံအလိုက်က group တစ်ခုစီ မီးပူ တစ်လုံးစီပေးထားတယ်။ အဝတ်လျှော်စက်ကျတော့ တစ်လွှာမှာ ၃ လုံးစီပဲ အခန်းနဲ့ထားပေးတယ် စနေဂနွေဆို လုပြီးလျှော်နေရတာ။ စနေဂနွေလေး နားရတာကို ဗီယက်နမ်နဲ့ ကမ္ဘောဒီယား သူငယ်ချင်းများက အိပ်ယာမထချင်သေးတာကို လာနှိုးပြီး ဘောလုံးကန်ဖို့။(တပ်ရင်း-၃ လက်ရွေးစင်နော် ဟဲဟဲ အောင်ဇေယျ တပ်ရင်းဆိုပါတော့) အာဂျင်တီးနား နဲ့ အင်ဂိုလာ သားများ ဘောလုံးတော်တော်ကောင်းတယ်။ တစ်ခါတစ်ခါ များသေားအားဖြင့်တော့ အီးလိုနဲ့ တရုတ်လိုပဲ ပြောတာကို တကယ့်ရေထဲမိုးထဲဆို သူတို့လည်း အာရေဗျ ဘာသာနဲ့အော် ကိုယ်ကလည်း မြန်မာလိုပြန်အော်တာပဲ လုပ်မနေနဲ့ အဓိက ကအပေးအယူတည့်ဖို့ပဲလေ။
အခုတော့လည်း အတော်ကိုဟုတ်နေပါပြီ။ ရောက်စကပိုဆိုးသေး။ ဘောလုံးကွင်းထဲက အသုံးအနှုံးကို အီးလိုက ရုတ်တရတ်ကို ပြောမထွက်ဘူး။ ကိုယ်၌ကလည်း မလေ့လာခဲ့တာပါ။ အလေးမ ဘာညာသာရကာ အခန်းကြီး တစ်ခန်းလည်းရှိတယ်။ အီကိုတို့ကတော့ ပြက်သားတယ် ကိုယ်အလေးချိန်လေး စစ်ဦးမယ်ဆိုကာမှ အဲဒီထဲ ရောက်တာ၊ ကျန်တဲ့အချိန်ကိုယ်နဲ့လားလားမျှမဆိုင်။ အခန်းသော့ကိုအခန်းထဲထားပြီး ဆွဲဆွဲပိတ်မိတာက အခါခါပဲ။ ဒါဆိုရင်တော့ အောက်ဆုံးမြေညီထပ်ဆင်း reception က ရှောင်ဂျယ် ကို တရုတ်လို ကျားကန်ပြီး ပြောခေါ်လာရတယ်။ သူက ကဒ်နဲ့လိုက်ဖွင့်ပေးတာ။ တစ်ယောက်ခန်းသမားတွေကို ကဒ်မပေးပါဘူး။ သော့ပဲပေးထားတာ။ ရေတို့မီးတို့ ဖြတ်မယ်ဆို ကြိုပြီး ကြော်ငြာကပ်ပေးတယ်။ မီးပျက်တာကတော့ ၅ ခါတော့ အနည်းဆုံးရှိပြီမှတ်ထားတာ။ နေ့တစ်ပိုင်းလောက်ပဲ ပြီးတာနဲ့ပြန်လာတာ။(မပြောနဲ့ သိတယ် ဘာပြောတော့ မယ်ဆိုတာ...ဟဲဟဲ) အခန်းထဲကတီဗွီကနေ မြန်မာ့အသံနဲ့ MR TV-3 လေး ၃ လပိုင်းလောက်က စမိတော့ ကြည့်ရတယ် ဘာပဲဖြစ်ဖြစ် မြန်မာနဲ့နီးနေသလိုခံစားရတယ်လေ။ သင်္ကြန်လည်းပြီးရော လစ်သွားတာ အခုထိကို ပြန်မရတော့ဘူး တစ်ခြားလိုင်းအားလုံးရတယ်။ ဒီလိုနဲ့ နောက်ဆုံးအကြိမ်စာမေးပွဲကြီးဖြေရခါနီးလာပြီ။ ပထမနှစ် စာသင်နှစ်တော့ကုန်တော့မယ်။ အင်း ကျောင်းပိတ်တုန်း ခန မြန်မာကိုပြန်ဦးမှပါ။ လွမ်းလို့....................... မှတ်ချက်။ အမေချက်တဲ့ ထမင်းဟင်း ဖျားရင်နာရင်ဆေးတိုက်ဆေးလိမ်းပေးတဲ့ အမေ့ရဲ့အကြင်နာလေးတွေ။ နေလွမ်းသူ
Posted by နေလွမ်းသူ at 4:45 PM 0 comments
Thursday, June 5, 2008
ဝေဒနာအပိုင်းအစလေးများ-၅
ယွန်းစလင်းဗျူဟာလက်အောက်ခံ စခန်းတွေက ငှက်ဖျားအသဲသန်ဖြစ်လူနာနဲ့ မိုင်းထိလူနာ-၁ ဦးကို ပလက်ခို တောင်ထိပ်စခန်းကြီးထိသွားယူပါဆိုတာကြောင့် ခေတ္တစစ်ကြောင်း-၁ မှူး ဦးစီး ခွဲ-၂ ခွဲထုတ်နှုတ်အင်အားနဲ့ light dress ကိုယ်စီနဲ့အမြန်သွားအမြန်ပြန်ထွက်ခဲ့ကြတာပါ။ ပလက်ခိုတောင်ထိပ်စခန်းကြီးက တောင်ထိပ်ဆိုမှ တကယ့်တောင်ထိပ်မှာ ကျောက်တုန်းကြီးတွေကြားမှာ တဲလေးတွေအခိုင်အမာဆောက်ပြီး ပင်လယ်ရေမျက်နှာ ပြင်အမြင့်ပေ ၄၉၀၀ ဝန်းကျင်မှာတည်ရှိပါတယ်။
ကရင်ပြည်နယ်တစ်ခွင်မှာ YGN က City FM မိတဲ့ တစ်ခုတည်းသောတောင်ထိပ်စခန်းရယ်လို့ တပ်တွေတော်တော်များများသိကြပါတယ်။ တောင်ထိပ်မှာ တိမ်တွေ မြူတွေခနခနဝေ့နေတတ်ပါတယ်။ လူနာတွေယူပြီးချက်ချင်းပြန်ဆင်းပြီး ကိုက် ၃၀၀၀ လောက်ဝေးတဲ့ ညောင်ပင်ကုန်းစခန်းရောက်မှ တပ်မဌာနချုပ် ဆက်သွယ်ရေးစက်က မြန်နှုံးမြင့် UHF စက်ဖြစ်တဲ့ လ-၉၇ ဗိုက်ဝါ စက်လေးနဲ့ ဆွဲထုတ်သွားပါတယ်။ ဘာထူးပြီလဲတော့မသိဘူးပေါ့။ ထူးတာက လမ်းအတိုင်းပြန်မလာခဲ့ကြနဲ့တော့ လမ်းမှာ ၂ ဖွဲ့ခွဲပြီး ဆွဲမိုင်းနဲ့စောင့်နေတယ်လို့ ခုမနက်ကပဲ Icom inteception မိတဲ့သတင်းအရအတိအကျ ပြောလာပါတော့တယ်။ဗျက္ကေကွင်းထဲမှာမင်းတို့ဖြတ်သွားတာကိုသိလိုက်တယ်ဆိုပဲ။
ညောင်ပင်ကုန်းစခန်းမှူး တစ်ပါတ်စဉ်ထဲ နေမျိုးကျော်က ဂျီသားခြောက်လေးနဲနဲ မျှပေးလိုက်တာကို ကျေးဇူးတင် စကားတောင်မပြောရသေးဘူး ကဲ ဆက်ထွက်မယ် ကိုအောင်နိုင်ဝင်း ပွိုင့်တိုးပါ ညာဘက်ကနေကြောခုတ်မယ် ညီလေး မင်းနောက်ပိတ်ကလိုက် လူနာတွေမင်းနဲ့ငါ့ စစ်ကြောင်းကြားမှာရှိမယ်။ နောက်ပိတ်တပ်စိတ်ကို သေချာမှာ မျက်စိရှင်ရှင်ထားကြ ထွက်မယ်...ဆိုပြီး ညောင်ပင်ကုန်းစခန်းရေဆိပ်ကနေ အနောက်မြောက်ဖက် ထဲကိုဖြတ်ဆင်းလိုက်ကြတယ်။မှတ်မိသေးတယ် အဲဒီတုန်းက ဆေးအပါတ်စဉ်-၄ ကအစ်ကိုကြီး မဟာသိပ္ပံ ဆက်တက်ဖို့ ပါလာတာ။ တောတိုးရင်းနဲ့ တောသခွားသီး(တောထဲမှာတွေ့တဲ့ သခွါးသီးအသေးစားလေးတွေ) ခူးပြီးဝါးကြတာ။တကယ်သခွားသီးအရသာအတိုင်းပါပဲ။အလုံးသေးတာပဲ ရှိတယ်။ လမ်းမရှိကမ်းမရှိတိုးရတာ တော်တော်တော့ဆိုးပါတယ်။ ဒါတောင်ကျောပိုးအိပ်မပါလို့တော်သေးတယ်။ ကျောပိုးအိပ်မပါတော့ ညတော့ မအိပ်လောက်ဘူးဆိုတာတွက်ပြီး ရန်သူကအပိုင်စောင့်တာဖြစ်နိုင်ပါတယ်။ ဆွဲမိုင်းဆွဲခံရရင် တကယ်ကို နစ်နာဆုံးရှုံးရပါတယ်။ ခြုံခိုပြီး၊ တောင်ကုန်းနောက်ကနေ လမ်း မြေသားမှာကပ်ထားတဲ့ မိုင်းကို ဝါယာရှော့ တိုက်တာပါ။ ဂျိမ်း ဆိုကွဲတာနဲ့ ကိုယ်ကတစ်ချက်မှမပစ်လိုက်ရဘူး အနဲဆုံး ၂ ယောက် ၃ ယောက်ကိုယ့်လူက မှောက်သွားတာပါပဲ။ ကံဆိုးပြီး မီးခိုးမှိုင်းလုံးတွေကြောင့် ဘာမှမမြင်ရခင်ရန်သူကသေနတ်ဆွဲယူသွားတာပါပဲ။
ဝါးပင် ဝါးဖတ်တွေကအမွှေးအမျှင်တွေကိုယ်ပေါ်ကျတာကလည်း ယားလိုက်တာပြောမနေနဲ့ လျှိုထဲကနေပြန် အတက်ဆို ရေးစီးနေတဲ့ချောင်းကဖြတ်ရင် ကျွတ်ကတွယ်လိုက်သေး။ တစ်နာရီလောက်ကြာမှ ဗျက္ကောကွင်း အစပ်ကိုတော့ရောက်ပြီဆိုတာသိလိုက်ရတယ်။ ရှေ့ကခနတန့်နေတော့ အားလုံးငြိမ်နေ ရှေ့ကလူသံတွေ ကြားတယ်ဆိုတော့ ဝပ်နေလိုက်တယ် ကိုယ့်တပည့်ကျော်တွေလဲ နောက်ကိုသေချာကြည့်ဖို့ပြောထားရသေး။ ခနနေတော့ ထပြီးဆက်တိုးကြပြန်တယ်။ မကြာဘူး ထပ်တန့်နေပြန်ရော။ နဲနဲကြာသွားတယ်အဲဒီမှာ။ ရှေ့က သွားမှာဆိုဆက်လိုက်လေ ဘာလုပ်နေတာလဲ ကုန်းကုန်းကွကွနဲ့ လို့မေးလိုက်တော့ ရှေ့ကစစ်ကြောင်းအဖွဲ့ နဲ့ မျက်ခြေပြတ်သွားလို့ ဗိုလ်ကြီး...တဲ့ ဟာ ကွိုင်က စပြီ ဘယ်သူနေရာမှစပြတ်တာလဲ ဆိုပြီးဆဲမလို့ အသုံးမကျရ ကောင်းလားဆိုပြီးမေးတော့ လူနာထမ်းနေရာကတဲ့ ..ကဲ..ကောင်းရော ဘာအပြစ်တင်ရမှန်းမသိတော့ဘူး အေး ဒါဆိုလည်း ခြေရာလိုက်ရှာကြည့်ပါဦးဟဆိုတော့ ရေချောင်းလေးကနေဖြတ်အတက်မှာ ပြတ်သွားတာ....တဲ့ နေဦးငါလာပြီ ဆိုပြီးတက်သွားတော့ ဘေးဘယ်ဘက်နေရာကနေ တုတ် တုတ် ဆိုပြီး ဝါးခေါက်သံပီပီသသကို ကြားလိုက်ရတယ်။ သေချာပြီ အနားမှာတော့။...လူနာထမ်း ၂ ထမ်း ဝန်ဆောင်က -၆ ယောက်။ တကယ်တမ်း သေနက်ကိုယ်စီက မိမိအပါမှ ၇ ယောက်။ ရှေ့ကအတန်းလိုက်ကြီးက ဘယ်ပျောက်သွားမှန်းမသိတော့ဘူး... စဉ်းစားစမ်း စဉ်းစားစမ်း ဘာလုပ်ရင်ကောင်းမလဲ ...
ဗျက္ကောကွင်းကြီးက တကယ့်ကိုအကျယ်ကြီး အကြီးကြီးပါ။ တစ်ချိန်က ဗျက္ကောပု ဆိုပြီးနံမည်လည်းရှိခဲ့ပါတယ်။ တိုက်ပွဲတွေခနခနဖြစ်တဲ့ ကွင်းနေရာကြီး။ ဟိုဘက်ရောက်သွားရင်တော့ ရေဆိပ်စခန်းနဲ့နီးသွားပြီ သိပ်ပြသနာ မဟုတ်တော့ဘူး။ နေကလည်းသိပ်မကြာခင်ဝင်တော့မယ်။ ဟာဗိုလ်ကြီး ..ဆိုပြီး တစ်ယောက်က လက်ညှိုးထိုး သေနက်ထိုးချိန်တယ်။ လူ လူ ဗိုလ်ကြီး...တဲ့ ပြောနေသေး ပစ်ထည့်လိုက်ပါလားဆိုတော့ ရိပ်ကနဲပဲတွေ့လိုက် ရတာ..တဲ့ သိပ်မကြာဘူး ဖန်း ဖန်း ဖန်း ဆိုပြီး ကာဘိုင်နဲ့စဆော်လာတယ် မထူးဘူး အသံကြားရာကို ၂ လက် ပြိုင်ဆွဲခိုင်းလိုက်တော့ ငြိမ်သွားပြန်ရော။ အင်း အဓိက ကဒီလူတွေ တပ်မစခန်း ဘော်စဲခိုကို အန္တရာယ်ကင်း ဘေးကင်းပို့နိုင်ဖို့ပဲ။ ဒီတော့ ဒီကနေအမြန်တိုးရမယ်။ အင်း တောထပ်တိုးရင်တော့ မှောင်သွားပြီး ရောက်မှာ မဟုတ်တော့ဘူး။ ရန်သူက ဘေးမှာ သူတို့က မြေပိုင်တယ်(နယ်ကျွမ်းပြီးသား)။ မျိုးမင်းသူ ညီလေး ကိုယ်နဲ့ ဆရာအောင်နိုင်ဦးတို့ ၃ ယောက်ကွင်းကိုဖြတ်မယ် မင်း ရယ် စက်ကလေးသမားနဲ့ ဘီအေ-၁၀၀ သမားက ရှေ့နဲနဲတိုးပြီးထောက်ထားပေး။ လူနာတွေကို ငါ့နောက်ကနေခေါ်သွားမယ်။ ပေါက်လား ကိုယ်ပြောတာ။ မေးနေတုန်းရှိသေး ...ဖန်းဖန်း ဖန်းဖန်း ဆိုပြီး ရန်သူကလည်း ဆော်ပါတယ်။ ကဲဆရာအောင်နိုင်ဦး ပစ် အဲဒီ ဘက်ကို MA-4 ၂ လုံး ဆိုပြီး ကစ်ထည့်လိုက်တယ်။ လောင်ချာ ၂ လုံးကျကွဲတော့ငြိမ်သွားပြန်ရော၊စစ်ကြောင်း အဖွဲ့ဘက်ကနေ သေနက်သံပေးတာကြားရပြန်တယ် ...သေချာပြီ သူတို့ လာပြန်ခေါ်တော့မယ်..
မထူးပါဘူး ကြိုခါမှကြို လက်တစ်လော ဒီထဲကထွက်နိုင်ဖို့အရေးကြီးတယ်။ တကယ်တန်း ပွိုင့်တိုးလို့ ပြောလိုက် တဲ့အချိန် အရပ်မျက်နှာရွေးချယ်ဖို့က အဓိက ကျလာပြီ၊ ဆိုတော့ ကားလမ်းကြီးပေါ်ရောက်သွားရင် ရေဆိပ် စခန်းကိုအမြန်ရောက်မယ်။ လမ်းမကြီးက အရှေ့အနောက်တည်ရှိနေတာ နေ ကစောင်းရာကနေ ပျောက်နေပြီ အလင်းပဲကျန်တော့တယ်။ ကဲ ငါနဲ့ အတူတိုးမယ် နေအလင်းဟိုမှာတွေ့လား အဲဒါကို မင်းတို့ညာဘက်မှာထားပြီး မျက်နှာမူရာကိုတည့်တည့်တာတိုး တွေ့ရင်လက်မနှေးစေနဲ့ ဦးအောင်ပစ် ညာဘက်မှာ နေကိုထားတိုး မင်းတို့ လမ်းပေါ်ရောက်လိမ့်မယ်..ကဲ...စ ဆိုပြီး ကိုယ်တိုင်လည်း MA-2 (လူနာဆီကသေနက်) ကျည်ထိုးပြီး ထွက်ရ ပါတော့တယ်။ ကိုင်းတွေထူပိန်းနေပြီး အောက်ကလည်း ဗွက်ရေတွေက ခြေကျင်းဝတ်မြုပ်နေတယ်။ ကွင်း တစ်ဝက်က ကိုင်းတောစပ်ကိုဝင်တာနဲ့ ကျွန်တော့်ညီလေးနောက်ဘက်က သေနက်သံတွေ ဆူညံထွက် လာတယ် ဒီကောင်ကလည်း ပြန်ဆော်ပါတယ်။ သူနဲ့ ၂ ယောက်ပစ်အားကမနဲပါဘူး။ မကြာဘူး သူအဖွဲ့ကို လိုက်လာတော့ဖို့ အတို(9-mm) လှည့်ပြီးပစ်ပေးလိုက်တယ်။ စိတ်ကလည်း မချတော့ဘူး။ သူတို့ရောက်လာမှ မျက်နှာမူရာကိုပဲ (တောင်ဘက်အရပ်) အတင်းဖြတ်တိုးကြတာ။ မကြာဘူး လမ်းမကို ထီးတည်း တွေ့လိုက် ရတော့တယ်။ ကဲ ဒိုး ရေဆိပ်စခန်းကို အရောက်.... ဗျက္ကောချောင်းစပ်ကိုရောက်တော့ စခန်းကလူတွေ သေနက်ကိုယ်စီနဲ့ ဒီဘက်ထိလာစောင့်နေပေးတယ်..... စစ်ကြောင်း-၂ အဖွဲ့တွေမလာသေးဘူးလား မေးတော့ စက်ထဲကနေ ဗိုလ်ကြီးတို့ပြန်ရှာတယ်လို့ ပြောတယ်တဲ့။ ဟာ ကဲဖြတ်ကွာ စခန်းဘက်ရောက်အောင်။ ရင်စို့နီးနီး ရေကိုဖြတ်ရသေးတယ်။
စခန်းမှူးက ကျွန်တော့်ညီ မျိုးမင်းကို 46thက အစ်ကိုကြီးဘယ်လိုတွေဖြစ်လာကြတာလဲ...တဲ့ ငါ့ကိုနောက်မှမေး စက်သမားခေါ်စမ်းကွာ ဆိုပြီး စစ်ကြောင်း-၂ စက်နဲ့ရအောင်ယူ ငါတို့ရောက်ပြီ ဒီကိုပဲလာခဲ့ဖို့ပြော မင်းစက်ကို ၃၅ ဖွင့်ထား သွား အခုလုပ် ဆိုတော့ စက်သမားက ၃၅ ပဲ ဗိုလ်ကြီး သူတို့ခနလေးတွေ့လိုက်ပြီး စက်ဖြုတ်သွား တာ အန်ကယ်စွန်ရဲကို လက်ပြန်ဆွဲမယ်လို့ ရလိုက်တယ်..တဲ့(အဲဒီတုန်းက ကျွန်တော် စက်အခေါ်က စွန်ရဲပါ) ပြောလည်းပြောရင်း ငါ့ကိုရေတိုက်စမ်းပါဦးကွာ ဆိုပြီး ရေအငမ်းမရသောက်ပစ်လိုက်တယ်။ စခန်းက တပည့် တစ်ယောက်က ဗိုလ်ကြီး ဆိုပြီး သတင်းစာစလေး တစ်ဖတ်လာပေးတယ် သိလိုက်ပြီ အောက်ကိုမကြည့်သေးဘဲ ဖိနပ်တွေ ခြေအိပ်တွေအရင်ချွတ်လိုက်တယ်။ ယူလာပေးတဲ့ ဝါးဆစ်ဗူးနဲ့လောင်းပြီး ခြေထောက်ကိုရေးပြီးမှ သေချာကြည့်လိုက်တယ် အားလားလား ဘယ်မှာ ၃ ပေါက် ညာမှ ၂ ပေါက် ကျွတ် က ၂ကောင် ဖောင်းကားလို့ သွေးဝပြီး ကျွတ်တွေဆွဲဖယ်ပြီး သွေးထွက်ပေါက်လေးတွေကို သတင်းစာစလေးတွေ ဆွဲဆုပ်ပြီး လိုက်ကပ်ပေး လိုက်တယ်။ ဒီလိုမျိုး စက္ကူစနဲ့ ပိတ်ထားလိုက်ရင် သွေးပေါက်ပိတ်ပြီး သွေးထွက်ရပ်သွားပါတယ်။ မဟုတ်ရင် အဲဒီကျွတ်တွယ်တဲ့အပေါက်နေသွေး အဆက်မပြတ်ထွက်ပြီး ခေါင်းတောင်မူးတဲ့အထိဖြစ်ရပါတယ်။
ဆရာကြီးတစ်ယောက်က အချက်ပေးမှ ဖြစ်မယ်လို့ အကြံပြုတာနဲ့ အတွဲလိုက် ထောင်ဆွဲပေးလိုက်ပါတယ် မိနစ် ၅၀ လောက်ကြာတော့ ဟေး ဟူး ဆိုပြီး ချောင်းတစ်ဖက်တောစပ်က အသံပြုတာကြားရပြီ ... အဖွဲ့တွေလာပြီ..စခန်းပေါ်သူတို့ရောက်လာတာနဲ့ ကျွန်တော့်ကို အစ်ကိုကြီးကိုအောင်နိုင်ဝင်းက အဆဲတွေစုပြီး ထောပနာ ပြုပါတော့တယ်။ နေရာမှာတင် စောင့်နေလိုက်ရင် ပြီးရော လာခေါ်မှာပေါ့ဟ...တဲ့.. အာ အစ်ကိုကြီးတို့ ပြန်လာ အခေါ်စောင့်နေ ဒီမှာက မြင်တဲ့အတိုင်း လူများပြီး သေနက်က နဲနဲလေးရယ် ဘေးမှာလည်း တုံးတွေခေါက်ပြီး မကြာဘူး အတွဲလိုက်လာတာ ကြားမှာပေါ့... နေကလည်း ဝင်နေပြီလေ အလကားနေ အလင်းပျောက်မှ အကုန် ၅ ပါးမှောက်မှာ မထူးဘူးဆိုပြီး ဖောက်ထွက်လာတာပေါ့အစ်ကိုကြီးရ...ပေါ့ တပည့်တွေလဲ အကုန်ကြွတ်စုတ် ရေနစ်ထားတဲ့ပုံလေးတွေနဲ့ ရေနွေးတွေများများတည်ထားတာ အိုကေသွားပါတယ်။ ကဲအဖွဲ့တွေ အကုန်လုံး ခြေလက်ဆေးပြီး ခနနားပြီး ထွက်မယ်...တဲ့။ မကြာပါဘူး တပ်မဌာနချုပ်စခန်းကြီးရှိရာ ဘော်စဲခိုဘက်ကို ထပ်မံဦးတည်ခဲ့ကြတော့တယ်................................... နေလွမ်းသူ
Posted by နေလွမ်းသူ at 9:02 PM 0 comments
ဒုတိယဌာနေမှ ပထမဆုံး ရှေ့တန်းမြေသို့ -၂
တာချီလိတ် အလွန် ဖားအိ(အထက်ရွာ)ကနေ ရင်းမှူးဦးစီးအဖွဲ့တွေနဲ့ စစ်ကြောင်း-၂ ကားတွေ အခု ချက်ချင်း ထွက်လာပြီ နန္ဒအောင် မင်းအဖွဲ့တွေ အောက်ဆင်းပြီး လမ်းပေါ်ကနေ အသင့် စုဖွဲ့ထားပါ.....ဆိုပြီး စက်ကြီး ကနေ လှမ်းပြောလာတယ်။ အိုင်ကွန် နဲ့ပါ ထပ်ပြောတယ်။ ထုံးစံအတိုင်း စကားဝှက်တွေသုံးပြီး။ အင်းပေါ့လေ စကားဝှက်ကမသုံးလို့ မရပါဘူး ဒေသတစ်ခွင်လုံး လက်နက်ကိုင်အဖွဲ့စည်းအားလုံး၊ စိုက်ပျိုးရေးခြံတွေ၊ စီးပွားရေး သမားတွေကအစ ဝန်ထမ်း အဖွဲ့အစည်းတွေ အားလုံးက icom တွေကိုယ်စီနဲ့ အထိုင်စက်တွေထားလို့ အသုံးပြု ပြောဆို နေကြတာလေ။
ပြသနာက ဆေးတပ်ကြပ် နဲ့ တပည့်တစ်ယောက်က ကုန်းအောက်က ရွာမှာ ဝမ်းလျှောနေတဲ့ လူနာအခြေနေတော်တော်ဆိုးနေလို့ တာချီလိတ်သွားဖို့ မပြောနဲ့ ဆေးမီးတိုတောင် မဝယ်နိုင်တဲ့ မိသားစုတစ်စု မနေ့ကတည်းက drip သွင်းပေးထားခဲ့တာကိုအခြေနေသွားကြည့်နေတာ အခုထိ ပြန်မလာသေးဘူး၊ ဒီလိုပဲ ပြည်သူ့စစ်ရွာတစ်ရွာက ဝက်ပေါ်လို့ဆိုပြီး အသားလာယူဖို့ပြောလို့ ဆရာကြီးနဲ့ တပည့် ၂ ယောက်အဖွဲ့လည်းအခုထိအသံမကြားသေးဘူး....ဟူး ဒုက္ခပဲ ဟိုက အဖွဲ့တွေက ကားတွေနဲ့ထွက် လာနေကြပြီ မိမိတို့ အဓိက ရှေ့ခန်းစခန်းတွေဆီကို ဒီနေ့ပဲ ဆက်ထွက်ခွာကြဖို့လေ...သူရောက်လာလို့ လူမစုံ ရအောင် မင်းကဘာတွေလုပ်နေလဲဆိုပြီး အဘ(ရင်းမှူး)ကတော့ပြောတော့မှာပဲ.....ပေါ့။
တော်သေးတယ် ခေါင်းတွေပူထူပြီး လူလွှတ်ခေါ်ရင်ကောင်းမလား ဘာလုပ်ရမှန်းမသိဖြစ်နေချိန်မှာ အသီးသီး ပြန်ရောက်လာကြလို့ လူနာအခြေအနေ အိုကေသွားပြီလို့ပြောလာပါတယ်။ ဝက်သားသွားယူတဲ့သူတွေလည်း ခနနေတော့ပြန်ရောက်လာတယ်။ သိပ်မကြာဘူးကားတွေရောက်လာတာနဲ့ ကိုယ့်တပ်ခွဲကားပေါ် ပစ္စည်းတွေ တင်ပြုလူ လက်နက်စုံ၊မစုံမေး စုံတာနဲ့ အိုကေပေါ့ ......ဒီလိုနဲ့ထွက်လာခဲ့ကြတာ။ ကြိုးတံတားဆိုတဲ့ လမ်းဘေး ရွာလေးတစ်ရွာမှာ အိပ်လိုက်ကြတယ်။ ပြောရဦးမယ် တပ်မတပ်မှာတုန်းက ကိုယ်ကအငယ်ဆုံး တပ်ခွဲမှူး အခုတပ်အသစ်မှာ ကျတော့ senior အကျဆုံး ဖြစ်နေပါရောလား။ အဆိုးတွေစုနေတဲ့ ပြောရဆိုရခက်တဲ့ အသက်ကြီးကြီး ဆရာ နဲ့ ရဲဘော်တွေစုနေတဲ့ ခွဲ-၁၊ ခွဲမှူးအလစ်မှာ မသိအောင်အရက်လေး တစ်ပိုင်းလောက် မော့လိုက်ရမှ အိုကေတဲ့သူတွေ စုနေတဲ့ ခွဲ-၁ (ဒီဘက်ဒေသမှာ စပါးအရက်ကတော့ မင်းသားလို့ပြောလို့ ရပါတယ်။) အနံ့လေးကသင်းနေပြီး ကြိုက်သလောက်သောက် နောက်နေ့မနက် ခေါင်းမူးနောက်တာ မကြည် မသာဖြစ်တာတွေ မရှိဘူးဗျာ၊ အရက်မကြိုက်တဲ့ကျွန်တော်တောင် ရိပ်သာမှာ အစ်ကိုကြီးရောက်လာခြင်း အထိမ်းအမှတ်လုပ်တာဆိုပြီး ညီငယ်တွေ သြဘာပေးလို့ တွယ်လိုက်သေးတယ်..အလဲ့..တကယ်ကောင်းသဗျ။
ဒီလိုနဲ့နောက်နေ့ဆက်ထွက်လာ နားယောင်း ဒေသကိုဖြတ်ပါတယ်။ ဝ အထူးအဖွဲ့ရဲ့ အမာခံတပ်ဖွဲ့တွေရဲ့ ရွာ တစ်ရွာပါ။ ကားလမ်းက ၄"x ၃" ကျောက်တွေကို မျက်နှာပြင်အညီဖြစ်အောင် ခင်းကျင်းထားတဲ့အတွက် မိုးတွင်း မိုးရွာတာကို မမှုပါဘူး။ ဟုန်ပန်း အဖွဲ့ကခင်းထားတာဖြစ်ကြောင်းသိရပါတယ်။ ရွာဆိုပေမယ့် ကိုယ်ပိုင် ရေအားလျှပ်စစ် ဒိုင်နမိုလေးတွေသုံးကြတော့ ဈေးဆိုင်တွေမှာ TV,VCD စက်တွေကိုယ်စီနဲ့ပါ။ ဒီဘက်ဒေသ ရှမ်းရွာကြီးတွေတော်တော်များများတိုင်း အဲဒီလို ရေအားလျှပ်စစ်စက်လေးတွေကိုယ်စီနဲ့ လျှက်စစ်မီးသုံးနိုင် ကြတာကိုတွေ့ရပါတယ်။ သူက အမြဲစီးနေတဲ့ရေကိုနဲနဲလေး အားပြင်းအောင် slope မတ်မတ်ဖြစ်အောင် ရေစီးနေရာကနေ ပလက်စတစ် သို့ သံပြားရေသရောက် ရေပိုက်တဆင့်ထိုးခံပြီး ဒိုင်နမိုလေးက ရေကန်တော့ ထဲကိုအရှိန်နဲ့စီးဝင် လည်ပတ်ပြီး လျှက်စစ်ထုတ်ယူသုံးစွဲတာဖြစ်ပါတယ်။ တကယ်ကိုလွယ်ကူအဆင်ပြေစေတဲ့ စနစ်လေးပါပဲ။ နားယောင်း ကနေဆက်ထွက်လာပြီး မနက် ၁၀း၄၀လောက်မှာ မိုင်းတွမ်း ဆိုတဲ့မြို့ကလေးကို ရောက်ရှိ ပါတယ်။ ရှမ်းလူမျိုးတွေအများဆုံးနေထိုင်တဲ့ မြို့လေးတစ်မြို့ပါ။ ဗမာလူမျိုးက အစိုးရဝန်ထမ်းတွေနဲ့ အရင်ကတည်းက အစဉ်အဆက်နေလာခဲ့တဲ့ သူတွေတော့ရှိကြပါတယ်။ မြို့လေးက တောင်တွေအကြားက မြေပြန့်လေးမှာ တည်ထားတော့ ပတ်လည်မှာ တောင်တွေကဝန်းရံထားပါတယ်။
ထမင်းစားပြီး တာချီလိတ်ဗျူဟာကို ထွက်ချိန်ပေးပြီး ဆက်ထွက်ခဲ့ကြပါတယ်။ မြို့ကိုလွန်တာနဲ့ သိပ်မကြာဘူး တောင်ကိုစတက်တာနဲ့ ကားလမ်းက ကတ္တရာချောလမ်းဖြစ်သွားတာကို သတိထားမိလိုက်လို့ ကားသမားကို မေးကြည့်တော့ ဒီတောင်ဆင်းတာနဲ့ မိုက်းဆက်မြို့ကြီးကို ရောက်မယ်တဲ့။ မိုးရွာလမ်းမကောင်း တောင်ကျရေ ခနခနဒုက္ခပေးတာရယ် ဒီတောင်တက်လမ်းကြီးက မတ်လည်းမတ် ရှည်လည်းရှည်တာနဲ့ ကားတွေအန္တရာယ် ကင်းကင်းမောင်းတက်နိုင်အောင် ဒီတောင်တက်လမ်းကြီးကို အဓိကထားခင်းထားတာလို့ပြောပါတယ်။ ဘာတောင်လို့ခေါ်လဲမေးတော့ လွယ်ဆမ်ဆုံ(လွိုင်ဆမ်ဆုံမ်)..တဲ့ ဒီ နံမည်ကိုတော့ ရင်းရင်းနီးနီးကြားဖူးနေ သိနေခဲ့တာ ။ တောင်တစ်ဝက်လောက်အရောက်မှာရာသီဥတုကချက်ချင်းပြောင်းသွားပါတယ်။ မြူခိုးတွေ တောင်ခိုးတွေလည်းသိပ်သည်းအုံ့ဆိုင်းနေပါတယ်။ တောင်တက်လမ်းကြီးပေါ်မှာကားတွေ ၁၀ ဘီး ၁၂ ဘီး ကုန်တင်ကားကြီးတွေလည်း တအိအိနဲ့ မိမိတို့တပ်မတော်ကားတွေလည်း ဗြူးဗြူးဗျဲဗျဲသံတွေမည်လို့ တက်နေ ပါတယ်။ ဟိုး မိုင်းတွမ်း မြို့လေးဆီပြန်ကြည့်လိုက်တော့ လန့်တောင်လန့်စရာကောင်းပါတယ်...ဒီလိုနဲ့ တောင် ထိပ်ရောက်အောင်ကွေ့ပတ်ဝေ့ဝိုက်တက်ကြပြီး ပြန်ဆင်းပြီးဆိုတော့လည်း ကားသမားကို gear free နဲ့ မဆင်းပါနဲ့လားဗျာလို့ပြောမိပါတယ်။ အဆင်းကလည်း ကြောက်စရာပါ ဘေးများချော်ထွက်သွားခဲ့ရင် ..အင်း ကားတစ်စီးလုံး လူအားလုံး မာလကီးယားဖို့က % တော်တော်များပါတယ်........
ဒီတော့ကားသမားကပြန်ပြောပြလာပါတယ်။ အေးဆေးပါ ဗိုလ်ကြီးရာ တပည့်ကားမောင်းလာတာ ၁၆ နှစ်ရှိပြီ ဒီလမ်းဒီခရီးက မျက်စိမှိတ်ကိုမောင်းနိုင်တယ်။ အတက်မှာ အတင်းကိုရုန်းကန်ဖြစ်ညစ်လာတာ ဒီအဆင်းလေး လောက်တော့ free ရိုက်မှ အိမ်က မိန်းမနဲ့ကလေးတွေအတွက် နဲနဲပါးပါးလေးပိုလျှံတာပါ ဗိုလ်ကြီးရယ်။ အများကြီးသူဌေးဖြစ်မဟုတ်ပါဘူး၊ အေးဆေးပါ စိတ်ချ ကျွန်တော့်ဗိုလ်ကြီးကို ဘေးမသီရန်မခနဲ့ အခုရှေ့တန်း စခန်းတင်မဟုတ်ဘူး အပြန်နောက်တန်းကောင်မလေးနဲ့ပြန်တွေ့တဲ့အထိသူ့ရှေ့အရောက်ပြန်ပို့ ပေးမှာမပူနဲ့ စိတ်ချပါ........တဲ့ ကဲ ပြီးရောဘာပြန်ပြောရမှန်းကိုမသိတော့ဘူး ...ထုံးစံမပြက် ရိုးရာမယွင်းရှိစေတော့လေ။ နောက်ကအဖွဲ့တွေကတော့သီချင်းငြီးတဲ့သူ စကားတွေပြောရယ်မောတဲ့သူနဲ့ အေးဆေးပဲ သွားစေ၊ စေလိုရာသို့ အခုနေကားတစ်ခုခုဖြစ်ပြီး စစ်သည်တစ်ဦးတစ်ယောက် accident တစ်ခုခုဖြစ်ကြည့် တာဝန်အရှိဆုံး အကြီးဆုံး ကားပေါ်ပါလာတဲ့ ဒီမောင်များ(တစ်ပွင့်ဖြစ်ဖြစ် နှစ်ပွင့်ဖြစ်ဖြစ် သုံးပွင့်မက Major ဖြစ်နေစေဦး) အနဲဆုံး တိုင်းမှူးသတိပေးဆုံးမဆိုပြီး personal file မှာဖျက်မရတဲ့ မှင်နီပါပြီးသား၊ အဲဒီထက်နဲနဲပို လုပ်သက်လျှော့ပေါ့ service card (၁ နှစ် ၂ နှစ်လောက်) ပေးလိုက်ပေါ့ ဒါပဲ။ မထူးပါဘူး သူဟာသူ freeပဲရိုက်ရိုက်မိုးပဲပျံပျံနောက်ကိုမှီပြီးဘုရားစာလေးတတ်သလောက် မှတ်သလောက် ရွတ်နေလိုက်တယ် ပြီးရော.........................
လွယ်ဆမ်ဆုံ အဆင်းကနေ အောက်မြေပြန့်ကိုရောက်မှပဲ စိတ်ကိုလွှတ်ပြီး သက်ပြင်းချနိုင်တော့တယ်။ အောက် မြင်ကွင်ကပြောင်းသွားပြန်ပါတယ်။ လမ်းလေးဝဲယာ တောင်ကုန်းမှန်သမျှမှာ လိမ္မော် လိုက်ချီး သံပယို သံပရာ ခြံတွေကို ရေဖြန်းပေးဝေစနစ်နဲ့ စီတန်းလို့စနစ်တကျစိုက်ပျိုးထားကြတယ်။ ကားသမားပြောမှ သိရတယ်။ လ္ဘက်ပင်တွေကိုပါ မျိုးစေ့ချသေချာစိုက်ပျိုးထုတ်လုပ်နေတာပါလား။ မှိုစိုက်ကွက်တွေကတော့ ပလက်စတစ် အကာတွေနဲ့လုပ်ထားတယ်။ တော်တော်များများက ဝ အထူးအဖွဲ့တွေလုပ်ကိုင်နေကြတာလို့သိရပါတယ်။ခနကြာတော့မျက်နှာချင်းဆိုင်ကကားတစ်စီးလာ တော့ ကားဆရာက အဲဒီကားကိုသေချာကြည့်ကြည့်ဗိုလ်ကြီး ဆိုတာနဲ့ လားလား.... ဝ မတွေ 4WD တစ်စီးအပြည့် မောင်းတာလည်း အမျိုးသ္မီးပဲ၊နောက်မှာ ယူနီဖောင်း စစ်စိမ်းနဲ့ခပ်ဆင်ဆင် တစ်ချို့ ကိုယ်ကျတ်လိုလို တီရှပ်နဲ့ M-16 တွေလွယ်တဲ့သူကလွယ် တစ်ချို့က M-79 40mm တွေနဲ့ ...တုတ်တုတ်ခိုင်ခိုင် ညိုမဲမဲ ခပ်မိုက်မိုက်ပုံစံတွေနဲ့ဗျာ....သူတို့ကဘာတွေလဲ လို့ဆိုတော့ အဲဒါလည်း ဝ အမျိုးသမီးတပ်ဖွဲ့ဝင် စစ်သမီးတွေပေါ့ ဗိုလ်ကြီးရ....တဲ့ ..အောင်မလေးဗျာ ဒါတွေနဲ့တာ ရန်သတ် ဖိုက်တင်ပေးလို့ကတော့ မတွေးရဲစရာပဲ ဟီးဟီး အနော်က လူကောင်ခပ်သေးသေးရယ်ဗျ.... နေလွမ်းသူ
Posted by နေလွမ်းသူ at 9:00 PM 0 comments
Tuesday, June 3, 2008
မိဘ ဟာ အဓိက ပါပဲလား
မိုး ...ဘာတွေတွေးနေတာလဲ မောင့်ကိုစကားပြန်ပြောဦးလေ ဘာမှမပြောတော့ဘူးလားကွာ။ သက်အောင် တစ်ယောက် ချစ်သူကောင်မလေးနဲ့ မိန်းရှေ့က Friends မှာ ထိုင်ပြီးစကားပြောနေကြတာပါ။ ဖြစ်ပုံက သက်အောင်တစ်ယောက် ဒုတိယအကြိမ်ရှေ့တန်းကပြန်ရောက်လာပြီး မကြာဘူး သူ့ကောင်မလေးဆီ ဖုန်းဆက်တာ မရှိဘူးပဲအပြောခံနေရတယ် ဘယ်လိုမှ အဆက်သွယ်လုပ်လို့ မရတဲ့နောက်ဆုံး သူငယ်ချင်း ဖြစ်သူကို အကူညီတောင်းပြီး အခုလိုအပြင်မှာတွေ့ပြီး ပြသနာရဲ့လမ်းစကို လူချင်း တွေ့လို့ဖြေရှင်း ကြပါရောလား။
သူတို့ ၂ ဦးချစ်ကြိုက်ခဲ့တာက ၁၉၉၉ ခုနှစ် မတ်လလောက်ကတည်းကပါ။ သူ့ကောင်မလေး နံမည်အပြည့်အစုံ ကျွန်တော်မသိပါဘူး။ သူတို့မှာ မောင်နှမ ၃ ယောက်ရှိတယ်။ မိုး ကအငယ်ဆုံးပါ..တဲ့။ ဒီလောက်ကာလတွေရှည်ကြာအောင် ချစ်သူတွေဖြစ်ခဲ့ပြီးမှ ဘာမဟုတ်တဲ့ပြသနာလေးကြောင့် မိုး က သက်အောင်ကို သူတို့ ၂ ယောက်ဇာတ်လမ်းကို ဒီမှာပဲအဆုံးသတ်ဖို့ ပြောလာတယ်လေ။ ကိုသက်အောင်ခဗျာ အခုမှ ပြာယာခတ် ဘာလုပ်လို့လုပ်ရမှန်းမသိတော့ဘူးလေ...
ဖြစ်စဉ်က ကိုသက်အောင်တို့ ရှေ့တန်း ဒီတစ်ခေါက်ထွက်သွားတော့ ချစ်သူကောင်မလေးရဲ့ အစ်ကိုတို့အဖွဲ့ ဘောလုံးပွဲတစ်ခုမှာ အခဲမကြေဖြစ်ပြီး ဘောလုံးသမားတစ်ယောက်ကို ညမှာ သူငယ်ချင်းတစ်တွေစုပြီး ရိုက်လိုက်ကြပါတယ်။ အဲဒီသူတို့ ရိုက်တာက တစ်ယောက် ရိုက်ချင်တဲ့သူက တစ်ယောက်ဖြစ်နေပါရောလား ။ အရိုက်ခံလိုက်ရတာက နန်းတွင်း AD တပ်က ရဲဘော်တစ်ယောက်ဖြစ်နေပါတယ်။ အဲဒီစစ်သည် ညာဘက် လက်ကျိုး၊ ခေါင်းဒဏ်ရာက ၆ ချက်ချုပ်လိုက်ရပါတယ်။ အဲဒီပြသနာကြောင့် မိုး ရဲ့အစ်ကိုလတ်ဖြစ်သူ သံတိုင် နောက်ကို အောင်းလိုက်ရတယ်ဆိုပါတော့။အဲဒါနောက်ပိုင်း မိုး ရဲ့မိဘတွေက ထုံးစံအတိုင်း တပ်ကလူကို မှားရိုက်မိတာလေးနဲ့ သူသားလေး ဒီလိုဖြစ်ရပါတယ် ဆိုပြီး စိမ်းစိမ်းကိုမကြည်တော့ဘူးလေ။ အဲဒီစိမ်းစိမ်း မှန်သမျှ ကြည့်မရရာကနေ ၆ တန်း ၇ တန်း နှစ်ကတည်းက အိမ်မှာဝင်ထွက်နေ သမီးရည်းစားဖြစ်တဲ့အထိကို ဘာမှပြောစရာမရှိပါဘူး။ သက်အောင် ကတော့ ရည်မှန်းချက်ကို ကြီးကြီးထားတယ်။ ဘယ်လောက်ထိလဲဆို သူ့ကောင်မလေးနဲ့ယူဖို့အတွက်ပါရည်ရွယ်ပြီး ဆည်တော်ကြီးရေမြောင်းဘေးက ငါးကန်တစ်ကန်မှာ အရပ်သားနဲ့ပေါင်းပြီး စပ်တူ ငါးတွေဘာတွေမွေးလိုက်သေး။
မိဘတွေလည်း အသိပေးထားလေတော့ ဘာမှပြောစရာမလိုအောင်ကိုသူတို့ချစ်သူ ၂ ယောက်ဘဝလေးက အပူအပင်ကင်းမဲ့ခဲ့ရတာပါ။ ဟိုးအရင်တစ်ခေါက် သက်အောင်တို့ နောက်တန်းပြန်နားတော့ သူ့ကောင်မလေးက လာတောင်ကြိုလိုက်သေး ပန်းကုံးတွေဘာတွေစွပ်လို့။ တပ်ရင်းမှူးကတောင် ချီးကျူးပါတယ်။ မင်းလိုကောင် ငါ့သမီး မိုး လိုကောင်မလေးရထားတာ ကံကောင်းတယ်ဆိုပဲ။ အခုတော့ ဘာမဟုတ်တဲ့ ပြသနာတစ်ခုကို အစပြု မကျေမနပ်တွေဖြစ်လာရာကနေ မိုး မိဘများက သက်အောင်နဲ့လုံးဝ အဆက်ဖြတ်ပါဒါပဲ...ဆိုပြီး တင်းကျတ်တဲ့ အမိန့်တွေထုတ်ပါလေရောလား။ ရှေ့တန်းကနေခနပြန်လာရှာသော ကိုသက်အောင်ခမျာ ဒီတစ်ခါတော့ ပန်းကုံး လေးနဲ့ အပြုံးလေးတွေ မမြင်ရတာ စိတ်ပူပြီး တွေ့ဆုံခွင့်ရအောင်လုပ် စကားတွေ ပြောမှပဲ သူတကယ်ချစ်တဲ့ သူ့ကိုလည်း အရမ်းချစ်ရှာတဲ့ မိုး က ........မောင်နဲ့ မိုး တို့ဇာတ်လမ်းကို ဒီမှာပဲ အဆုံးသတ်ရအောင်...လို့ ပြောချလိုက်ပါရောလား။ လူကြီးတွေစိတ်တွေဘာဖြစ်ဖြစ် မောင်တို့ ၂ ဦးကအဓိကပါ ကျန်တာတွေက သူ့ဟာသူ ပြီးသွားမှာပါ မိုး ရယ် အချိန်ကာလက ကုစားသွားပါလိမ့်မယ် ချစ်လျက်နဲ့ အဲလိုမျိုး ဘာမဟုတ်တဲ့ ပြသနာ တစ်ခုကြောင့် မောင်တို့အသဲနှလုံးတွေကို စတေးပစ်တော့ မှာလား..........ဆိုတော့.....ချစ်လျက်နဲ့ ခွဲလိုက် ကြတာပဲ ကောင်းပါတယ် မောင် ရယ်.... မောင် တာဝန်တွေနဲ့အဝေးကိုထပ်သွားနေချိန် တကယ်တမ်း ပြင်းထန်တဲ့ စကားတွေနဲ့ ထိုးနှပ်ခံနေရတာက မိုး တစ်ယောက်ထဲပါ.....ဖေဖေမေမေတို့ကို ကတိပေးပြီးသား ဖြစ်ခဲ့ပြီ မောင် ရယ် ။ မောင်လည်း မောင့်ဘဝ တိုးတက်ရာတိုးတက်ကြောင်း အနှောင်အဖွဲ့ကင်းကင်းနဲ့ ဆက်လျှောက်နိုင်ပါစေသား လို့ မိုး ဆုတောင်းပေးလိုက်ပါတယ်...အဓိကဟာ မိဘာပဲ ဆိုတာ တစ်နေ့နေ့တစ်ချိန်ချိန်မှာ မောင်နားလည်လာပါလိမ့်မယ် မောင် ရယ်.............................
ကျွန်တော့်ညီလေး တစ်ယောက်ဖြစ်ခဲ့တဲ့ လက်တွေ့ဇာတ်လမ်းလေးပါ။ စာဖတ်သူတွေ အလှည့်အပြောင်းလေး ဖြစ်သွားအောင်လို့...
Posted by နေလွမ်းသူ at 8:58 PM 1 comments
Sunday, June 1, 2008
ဒုတိယဌာနေမှ ပထမဆုံး ရှေ့တန်းမြေသို့
ဟော လာပြန်ပြီရှေ့တန်း ။ ပြင်ကြဆင်ကြ နဲ့ ထုံးစံအတိုင်း အရာရှိလူပျိုရိပ်သာမှာတော့ ပွဲတွေပျက်လို့ ဒန်အိုး ဒန်ခွက်တွေ အိမ်ထောင်သည်လိုင်းပြန်အပ်လိုက်လို့ ချက်စရာ ဆန်၊ဆီ၊ဆား ကျန်တဲ့ဟာတွေ အကုန်ရှိနေပြီး ချက်စားဖို့အိုးမရှိတော့ဘူးဆိုပြီး လာသတင်းပို့ပါလေရော။ မနက်ဖြန်ရှေ့တန်းထွက်မယ်ဆို ဒီနေ့လိုနေ့က အမှန် အကန်ကို ဖွဲ့စည်းပုံပျက်တာပါ။တော်သေးတယ် လူပျိုစစ်သည် မီးဖိုကြီးက ချိုင့်တွေနဲ့လာပို့လို့အဲဒီနေ့က ကျွန်တော်တို့အဖွဲ့တွေ အိုကေသွားတာ။
မိုင်းခတ်ကနေ ကျိုင်းတုံ၊ ကျိုင်းတုံကနေ ဆက်ထွက်တော့ အိုး နိုင်လွန် ကတ္တာရာလမ်းကြီးကတော်တော်ကို ကောင်းပါတယ်။ မြေကာနံရံတွေလုပ်ပြီး ရေစီးမြောင်းတွေနဲ့ လမ်းပျက်စီးမှု မှသေချာစနစ်တကျ ကွာကွယ်ထားတာကိုတွေ့ရပါတယ်။ မိုင်းဖြတ်၊ တာလေ စတဲ့မြို့တွေကို ဖြတ်ပြီးမှ တာချီလိတ် အခြေချစစ်ဗျူဟာကိုသတင်းပို့ရပါတယ်။ တာလေမြို့ကိုကျော်တာနဲ့ မြန်မာပိုက်ဆံကမျက်နှာငယ် လာရပါပြီ။ တာလေမြို့မှာတင်ကို ထိုင်း ဘတ်ငွေအသုံးများနေတာတွေ့ရပါတယ်။
တာချီလိတ်..ကိုကြားဖူးနေတာကြာပြီ အခုမှပဲ နဖူးတွေ့ဒူးတွေ့ရောက်ရတော့တယ်။ တကယ်ကိုလှပ သာယာ နေချင်စဖွယ်နယ်စပ်မြို့ကြီးပါ။ ထိုင်း အငွေ့အသက်တွေရောယှက်နေတာကိုတွေ့ရပါတယ်။ ချစ်ကြည်ရေး တံတားအမှတ်-၁ နဲ့ -၂ ကတော့အထင်ကရနေရာတွေထဲ အပါအဝင်တွေပေါ့။ စိတ်မကောင်းဖွယ် အဓိက ရင်ဆိုင်ကြုံတွေ့ရတာက ဆိုင်တော်တော်များများက မြန်မာငွေဆို မယူချင်ကြ နှာခေါင်းရှုံ့ကြပါတယ်။ ပါလာတဲ့မြန်မာငွေလေးတွေ ဘတ် နဲ့သွားလဲရတာပေါ့။ အဆင်ပြေဖို့အရေး။ မြန်မာကျပ်ငွေ ၂၈ ကျပ်မှာ ထိုင်းဘတ် ၁ ဘတ်ပါ ။(အခုတော့မသိတော့ဘူး ဒါက ကိုနန္ဒအောင်တို့ ရောက်ခဲ့စဉ်ကာလာကပါ) မြန်မာငွေ ကနေဘတ်ကိုလဲတော့တာလဲ အမြတ်စားခံရသလို ဘတ်ကနေ မြန်မာငွေကိုပြန်လဲရင်လည်း ပေါက်ဈေးထက် နဲနဲတော့ အဖြတ်ခံရတာပါပဲ။ အိမ်ကနေ ပိုက်ဆံထပ်လွှဲခိုင်းပြီးတာနဲ့ တစ်ခါတည်း တံတား-၁ အောက်နားမှာ ဘတ်လဲကြပေါ့။ လ္ဘက်ရည်ဆိုင်ထိုင် လိုင်းကားစီး ဆိုင်ကယ်တက္ကစီ စီးတာကအစ ဘတ် မှ ဘတ်နဲ့ပဲရှင်းရ ပါတယ်။ညဆို တံတား-၂ ကြီးကမီးတွေထိန်လင်းနေတာပဲ ဟိုဘက်နိုင်ငံ ဒီဘက်နိုင်ငံ နှစ်ဘက်လုံးမြင်တွေ့ပြီး နှိုင်းယှဉ်နေမိပါတယ်။
တာချီလိတ်မှာ တစ်ပါတ်လောက်နေပြီးတာနဲ့ စစ်ကြောင်း(၂)ကြောင်းလုံးကို ဖြန့်ခွဲပစ်ပါတယ်။ ကိုနန္ဒကက ဟိုးဘက် ဖားအိ ရွာအလွန် ယခင်ပြည်သူ့စစ်ကုန်း အဟောင်းပေါ်မှာနေကြတာပေါ့။ နေတာကမခက်ပါဘူး အဲဒီနေရာကနေ ဟိုသွားပါ ဒီဘက်ကိုရွှေ့ပါလို့ ဗျူဟာက အမိန့်လာတာနဲ့ တပည့်တွေပင်ပန်းကြသလို ကိုယ်တိုင်ကလည်း စိတ်ပင်ပန်းပါတယ်။ အခုမှရောက်လာတဲ့ဒေသဖြစ်တာနဲ့အညီ ဘယ်နေရာက စိတ်ချရတယ် ဘယ်နေရာက အာရုံစူးစိုက်ရမယ်ဆိုတာတွေကို ဟိုမေးဒီစမ်းလုပ်ပြီး နေရာရွှေ့ပြန်တယ်။ ဒီလောက် ခရီးမိုင် အဝေးကြီးတွေကို ဘာကားမှ စီစဉ်မပေးပါဘူး။ ထုံးစံအရ ကိုယ့်ဟာကို အဆင်ပြေသလို အမြန်ဆုံးရောက်စခန်း ချနိုင်အောင်ကြံကြဖန်ကြရပါသတဲ့။ တာချီလိတ် မိုင်းဆက် လမ်းတစ်လျှောက် 4WD ၊ Doublecub တွေအရမ်း သုံးတာတွေ့ရပါတယ်။ ပြည်သူ့စစ်ဆိုတာတွေရော အထူးအဖွဲ့ဆိုတာတွေရော ရှုတ်ရှပ်ကိုခပ်နေတာပါပဲ။ 4wheels cubs တွေစီး သေနက်တွေနဲ့။ မျက်စိထဲမှာ ကိုယ့်အတွက်တော့ဆန်းနေတာကိုး။
တစ်ချို့ကားလေးတွေကတော့ ရပ်ပြီးတင်ပေးပါတယ်။တစ်ချို့ကျလည်း လုံးဝကိုရပ်မပေးပါဘူး။ ရပ်မပေးတော့ ဘာလုပ်မလဲ ဘာမှမလုပ်ပါဘူး။ အားလုံးက စာတတ်ပေတတ်တွေပါ။ အနည်းဆုံး ဗျူဟာမှူးအဆင့်လောက်နဲ့မှ စကားပြောကြတာဆိုပဲ။ ကိုနန္ဒအောင်တို့တော့ ကြည့်နေရုံပဲပေါ့။ ပစ္စည်းတွေ တပ်ခွဲလက်နက်ကြီးတွေနဲ့ မရ ရအောင်ခွဲဝေပြီး walking ပေးကြပေါ့။ ကားနဲ့ခရီးစဉ်ကိုမှန်းပြီး သယ်လာတော့ ပစ္စည်းတွေက လိုတာထက် ပိုများနေတာတော့အမှန်ပါပဲ။ ကျွန်တော်ကိုယ်တိုင်က ရုံးပုံးလို့ခေါ်တဲ့ သံသေတ္တာအသေးစားလေး ယူလာရ ပါတယ်။မယူလို့လဲမရဘူး။ ဒီဘက်ဒေသက သူ့ပုံစံနဲ့သူကိုး ကရင်ပြည်နယ်ဘက်မှာတော့ ပေါ့နိုင်သမျှ ကိုယ့် ပစ္စည်းတောင် လျှော့ယူနေကြရတာ။ မြေပုံစာရွက်စာတမ်းတွေကို အတိအကျသယ်ရ ရုံးပုံးမဖြစ်မနေသယ်ရ မယ်ဆိုတော့လည်း.. အခုတော့ တပည့်တွေခမျာ ကျောပိုးအိပ်တွေကလေး သေနက်နဲ့ ဗုံးသီးအပိုဆောင်း မိမိကိုယ်ပေါ်က ကျည် တွေနဲ့ ရိက္ခာခွဲတမ်းနဲ့ အီစိမ့်နေကြပါတယ်။ ကရင်ပြည်နယ်တောထဲက ရှေ့တန်းသွား စစ်သည်အရာရှိတွေက စစ်ဝတ်စစ်စားက တောထဲရောက်တာနဲ့ အဆင်ပြေသလိုဝတ်သလို ရေမြေဝန်းကျင်နဲ့ အလိုက်ထိုက်ဝတ်တော့ ဘာမှပြသနာမရှိဘူး။
အခုဒီမှာက ရှေ့တန်းစခန်းရယ်လို့တာမရောက်သေးတာ အခုလို လမ်းကြောင်းတစ်လျှောက်နေကြရ လှုပ်ရှား သွားလာနေတဲ့ စစ်သည်တိုင်း ယူနီဖောင်းကို အတတ်နိုင်ဆုံး ရှိတာလေးကို သပ်သပ်ရပ်ရပ်ဝတ်ဆင်လို့ ချပ်ဝတ်တန်ဆာလည်းအသေအချာပတ်ထားကြတာကိုတွေ့ရပါတယ်။ ဟုတ်တော့လည်း ဟုတ်သား။ လမ်း တစ်လျှောက် ဥဒဟိုသွားလာနေတဲ့အထဲမှာ တစ်ဖတ်နိုင်ငံသားတွေ၊ ရန်သူအဖွဲ့စည်းတွေ၊ ပြည်သူ့စစ်ဆိုတဲ့ လက်နက်ကိုင်တိုင်းရင်းသားတွေ၊ ဝအထူးဒေသ ငြိမ်းချမ်းရေး အဖွဲ့တွေအများဆုံးဆိုတော့ ကိုယ့်စစ်သားက သစ်လွင်တောက်ပြောင် ခန့်ထည်မနေတောင် သပ်သပ်ရပ်ရပ် စနစ်တကျ စည်းကမ်းတရှိဝတ်ဆင်နေထားကြ တာကို တွေ့ရပါတယ်။ တစ်ခါတစ်ခါ နေရာပြောင်းပြောင်းဆိုလို့ လမ်းမှာလာတဲ့ ထော်လာဂျီ နေရာလွတ်ရင် ထော်လာဂျီနဲ့ ရသမျှတင်ပြီး အကြုံခရီးနဲ့လည်း ချီတက်ရပါသေးတယ်။ အဲဒီအချိန်မှာ ဘာမှမဟုတ်တဲ့ သူများက ခါးကြားမှာ သေနက်အတိုထိုးပြီး 4whees စီးလို့ ဥဒဟိုသွားလာနေတာကိုလည်း တွေ့ရပါသေးတယ်။ ဒို့စစ်သား အားလုံးက လာမယ့်ကားကြုံ ယာဉ်ကြုံချောင်ချောင်ချိချိလေးစောင့်မျှော်လို့ ။ တစ်ချို့ကားတွေရှိသေးတယ် နောက်မှာလည်းဘာမှမပါတာ ဂုံနီအိတ်လို ဆာလာအိတ်လို အခွံထုတ် ၁ ထုတ် ၂ ထုတ်တင်ထားပြီး ကားက weight မနိုင်တော့လို့ပါ ဆိုပြီး မတင်ချင်လို့ထားခဲ့တာလည်း ခနခန၊အဲဒီ ကားနံပါတ်တွေကတော့ SW-1..2. .3.. 4 တွေနဲ့ ယိုးဒယားအက္ခရာပါ ကားနံပါတ်တွေအများဆုံးပါပဲ။
ဆက်လက်ဖော်ပြပါမည်။
Posted by နေလွမ်းသူ at 8:46 PM 0 comments
Saturday, May 31, 2008
မိုင်းနှုံး နှီးဘုရားကြီး
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နှီးဘုရားကြီးတွေ အကြောင်းကို တော်တော်များများ ကြားဖူးကြမယ် ထင်ပါတယ်။ ကျွန်တော်သိသလောက်ဆို ရန်ကုန်(ထောက်ကြံ့မှာဆိုလားပဲ --သိရင်ပြောပေးကြပါလား)တစ်ဆူ၊ ကလောမှာ တစ်ဆူ၊ ပြင်ဦးလွင် မရောက်ခင်နားမှာတစ်ဆူ (ကျွန်တော်ရောက်တုန်းကကို နောက်တစ်ဆူ ထပ်ပြီး ရက်လုပ် ပူဇော်နေတာတွေ့မြင်ခဲ့ပါတယ်)၊ နောက် တစ်ဆူကတော့ မိုင်းခတ်(မိုင်းနှုံး)နှီးဘုရားကြီးပါ။ နောက်ဘယ်တွေမှာ ရှိသေးလဲ မသိဘူးနော်၊ ဒါက ကျွန်တော်သိသလောက်ပါ။ အဓိက ဖော်ပြချင်တာက မိုင်းခတ်မြို့နယ်၊ မိုင်းနှုံးဆိုတဲ့ ရွာမှာ စံပါယ်တော်မူနေတဲ့ နှီးဘုရားကြီးအကြောင်း ကျွန်တော်သိထားသလောက် မဖြစ်စလောက်လေးကို မျှဝေချင်တဲ့ဆန္ဒကြောင့်ဒီပို့စ်ကိုရေးလိုက်တာပါ။
မိုင်းခတ်မြို့အနောက်ဘက် မိုင်းနှုံးဆိုတဲ့ရွာလေးကို ဆိုင်ကယ်သွားရင် ခရီးကနီးနီးလေးပါ တောင်ကုန်းတွေ ချိုင့်တွေဖြတ်၊ ရေချောင်းလေးတွေပါ ဖြတ်ဖြတ်ဆင်းရတော့ ၁၀မိနစ် လောက်နီးပါးကြာတတ်ပါတယ်။ ရွာကိုဝင်တာနဲ့ ကျောင်းဆောင်ကြီးကိုထီးထီးတွေ့နိုင်ပါတယ်။ ဘုန်းတော်ကြီးကျောင်းဝန်းတစ်ခုထဲမှရှိတဲ့ စံကျောင်းတော်မှာ ကိန်းဝပ်တော်မူပါတယ်။ နှစ်စဉ်ပဌာန်းရွတ်ပွဲနဲ့ ဘုရားပွဲတော်အမြဲကျင်းပလေ့ရှိပါတယ်။ ရှမ်း၊အခါ၊လားဟူ တောင်ပေါ်ဒေသနေ တိုင်းရင်းသားတို့ပါဝင်ဆင်နွဲကြပါတယ်။ အခုနောက်ပိုင်းတော့ နီးစပ်ရာမိုင်းခတ် မိုင်းယန်း အပြင် ကျိုင်းတုံကပါလာရောက် ဆိုင်တွေဖွင့်လှစ်လို့ ပိုမိုစည်ကားစွာ ကျင်းပလျက်ရှိပါတယ်။
ဘုရားကြီးသက်တမ်းဟာ နှစ်ပေါင်း ၇၀၀ ကျော်ခဲ့ပြီဖြစ်ပါတယ်။ ဘုရားသမိုင်းစာအုပ်နဲ့ လက်ကမ်းစာစောင် လေးတွေထုတ်ဝေပြုစုထားပါတယ်။ ဘုရားသမိုင်းအသေးစိတ်ကို ကျိုင်းတုံမြို့နှစ်ပတ်လည် မဂ္ဂဇင်းစာစောင် တွေမှာ ရှာဖွေဖတ်ရှုနိုင်ကြပါတယ်။ (ကျွန်တော်က မှတ်မိသလောက်ကို မျှဝေပေးရုံသပ်သပ်သာဖြစ်ပါတယ်)စတင်ရက်လုပ်ပူဇော်ဖို့အတွက် လူပျို မိန်းမပျို တို့ကနေ ဝါးကောင်းဝါးမျိုးသန့်တွေကို ခုတ်ပေးကြပါတယ်။ ဒီလိုနဲ့ဝါးလုံးအဆင့်ကနေ နှီးဖြာ နှီးသပ် စတင်ရက်လုပ်လာလိုက်ကြတာ ခေါင်းတော်ရက်လုပ်ဖို့ အခက်အခဲ စတင်တွေ့ကြုံကြရပါတယ်..တဲ့ ။ လူတွေဒီလိုနဲ့ အခက်ကြုံနေတုန်း နောက်ရက်မှာ အနီးနား ခြုံနွယ်တောအုပ် ထဲကနေ အဝတ်အစား နွမ်းပါးစွာ ဝတ်ဆင်ထားတဲ့ အဖိုးအိုတစ်ဦး ထွက်လာပြီးသူ ရက်လုပ်ကုသိုလ်ပါဝင် ပါရစေဆိုပြီး စတင်ရက်လုပ်ပါတယ်...တဲ့။
အဲဒီနေ့မှာပဲ အဖိုးအိုက ဦးခေါင်းတော်ကိုအပြီးရက်လုပ်လို့ ခန္ဒာကိုယ်တော်နဲ့ ဆက်စက်ပြီးစီးနိုင်ခဲ့ပါတယ်။ ပြီးတာနဲ့ နေမဝင်ခင်သူပြန်ရမှာဖြစ်လို့ ကဲအခုတော့အားလုံးပြီးပြီဖြစ် လို့ သူပြန်ပါဦးမယ်လို့ အားလုံးကို နှုတ်ဆက်ပြီး အနီးအနား မလှမ်းမကမ်းသစ်ပင်ခြုံနွယ်ထဲကို ဝင်ရောက်သွားပါတယ်။ နောက်နေ့မနက်မှာ ရွာကလူရွယ်တွေက အဖိုးအိုကိုတွေ့ချင် ပြုစုနှိပ်နယ်ပေးချင်ကြတာနဲ့ တောနင်းရှာဖွေကြပါသော်လည်း အဲဒီနေ့ကစပြီးနောင် ဘယ်တော့မှ အဖိုးအိုကို မတွေ့ရတော့ပါဘူး။ နောက်မှ ရွာက ဆရာတော်ကို သကြားမင်းကအိမ်မက်ပေးပါတယ် လူတွေနဲ့အတူ သူလည်းကုသိုလ်ပါဝင် လှူဒါန်းတယ်ဆိုတဲ့အကြောင်းပါ။ အဲဒီနောက်တော့ ဘုရားဘွဲ့တော်ကို ရှမ်းဘာသာနဲ့ သကြားမင်းရက်လုပ်ပူဇော်တယ်ဆိုတဲ့အဓိပ္ပါယ်ပါအောင် ဘွဲ့တော်ဆက်ကပ်ခဲ့တယ် လို့ သိရပါတယ်။
နှစ်ကာလတွေကြညောင်း ရွာတွေလဲ ခေတ်ပျက်စနစ်ပျက်တွေကြုံရတော့ လူတွေရွှေ့ ရွာတွေနေရာတွေပါ ပြောင်းလဲလာလိုက်တာ အခု လက်ရှိမိုင်းနှုံးရွာမှာ မတည်ထားခင် တောမီးကြီး အကြီးအကျယ်လောင်ကျွမ်း ပါတယ်။ တစ်တောတစ်တောင်တစ်ဒေသလုံးကို တက်တက်စင်ပြောင်လောင်ကျွမ်းပါတယ်...တဲ့။ ဒီလိုနဲ့နောက်နေ့ ထင်းခုတ် တောလည်သွားတဲ့သူတွေက မီးလောင်ပြာဖုံးတောကြီးမှာ ဝါးရုံပင်ခြောက်တစ်စု မဆိုစလောက်လေးက ထီးထီးကွက်ပြီး မီးမလောင်ဘဲကျန်နေတာတွေ့တာနဲ့ အထူးအဆန်းဖြစ်ပြီး အနားကို သွားသေချာကြည့်တော့မှ အခုလက်ရှိနေရာမှာတည်ထားကိုးကွယ်တဲ့ နှီးဘုရားကြီးကို အံ့ချီးဖွယ် မီးကွင်း မီးမဝါးမြိုနိုင်ဘဲ ဘုရားတန်ခိုတော်စွမ်းဖြင့် ကျန်ရစ်တာဖြစ်တယ်။ ရွာကိုသယ်မပင့်ဆောင်လို့ အခုလက်ရှိနေရာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းမှာ ပြုပြင်မွမ်းမံ တည်ထားကိုးကွယ်လာလိုက်တာ ဒီနေ့အထိပင် ဖြစ်ပါတယ်။
အခုဆို မိုင်းနှုံးနှီးဘုရားကြီးမှာ နှစ်ပေါင်း (၇၀၀)ကြာမြင့်လာခဲ့သော်လည်း ရွေသင်္ကန်းရောင်တပြောင်ပြောင်ဖြင့် အထူးကြည့်ညိုသဒ္ဒါပွားဖွယ်ရာ ဖူးတွေ့နိုင်ကြပါတယ်။ ဒေါက်တိုင်တစ်ချို့ဖြင့်ကို မက်မတော်ထောက်ကူ ထားတာလည်းတွေ့နိုင်ပါတယ်။ ဒီနေ့ခေတ်လူတို့အကြားမှာ ရေပန်းအစားဆုံးကတော့ အကုသိုလ်တွေ အရမ်းများနေတဲ့သူတွေ ဘုရားကြီးရှေ့တော်မှောက်ရောက်လို့ ဒူးထောက်ဦးချတာတောင် ဘုရားကြီးကို လုံးဝ ဖူးတွေ့မြင်ရချင်းမရှိပါဘူးလို့ ပြောစမှတ်ပြုကြပါတယ်။ ကိုယ်တွေ့ကြုံရတယ်ဆိုတဲ့သူကတော့ ဒီနေ့အထိ မိုင်းခတ်မြို့ထဲမှာ နေထိုင်တဲ့ ဒေါ်xxxxxx ဖြစ်ပါတယ်။ ဒီနေ့အထိသူရှိနေဆဲပါခင်ဗျား။ ပုဂ္ဂိုလ်ရေးအရ လူနံမည်ကိုဖော်ပြခြင်းမပြုသည်ကို နားလည်နိုင်ကြပါစေ။
နောက်တစ်ခုကတော့ ကျွန်တော်တို့လို တပ်က ပြောင်းရွှေ့တာဝန်ထမ်းရသူတွေ အစိုးရဝန်ထမ်းများအားလုံး ပါစပ်ဖျားမှာရေပန်းစားတာလေးပါ ။ အဲဒါကတော့ မိုင်းနှုံး နှီးဘုရားကြီးကို ဖူးရင် ၃ ကြိမ်ရောက်အောင် သွားရောက် ဖူးမျှော် ဦးခိုက်ရပါတယ်..တဲ့ ။ ၃ ကြိမ်မပြည့်ခဲ့ဘူးဆိုရင် အဲဒီလူဟာ မိုင်းခတ်ကနေ တစ်ခြားကို ပြောင်းရွှေ့တာဝန်ကျတယ်ထားဦး နောက်တစ်ချိန်မှာ မိုင်းခတ်ကို ထပ်ပြီးတာဝန်ကျတယ်...ဆိုတာပါပဲ.. ဒါကြောင့်လေ ကိုနန္ဒတို့ကတော့ ဆိုင်ကယ်နဲ့က ၂ ခါ။ တပ်က ကားနဲ့ လုပ်အားပေးသွားတုန်းကတစ်ခါ၊ လမ်းကင်းဆိုပြီး လမ်းလျှောက်သွားရတာက တစ်ခါ။ ကြက်ဥတောင်စခန်း(တစ်ချိန်က ဗကပ တို့ သိမ်းပိုက် ထားခဲ့တဲ့ စခန်းပါ.. ဆရာသောင်းဝေဦးစာအုပ်ထဲမှာ ပါခဲ့ဖူးပါတယ်.. ဒီစခန်းကို ကျွန်တော် စခန်းထိုင်ခဲ့ရတဲ့ အကြောင်းနဲ့ ပြသနာလေးတွေ မြင်တွေ့ခဲ့ရတာလေးကို နောက်ပိုင်းမှာ တင်ပြပေးပါဦးမယ်) မှာ စခန်းထိုင် ရတော့ ၂ ကြိမ်ထပ်ဖူးရတယ်လေ...
ဘုရားကြီးကိုသပ္ပါယ်ကြည်ညိုလွန်းလို့ ဖူးခွင့်ကြုံရခဲ အခွင့်အရေးရခဲလှခြင်း တို့ကြောင်း သွားခွင့်သင့်အောင် သွားရောက်ဖူးမျှော်ခဲ့သလို ..ဟဲဟဲ သူများတွေပြောလို့ မိုင်းခတ်ကိုပြန်မလာချင်လို့(လျှပ်စစ်မီးနဲ့ ဖုန်းမရတာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကလွဲရင်ကျန်တာအကုန်ကောင်း.. ပီနန်း တို့ နောင်ရင်း တို့လည်း သဘောထားကောင်း...) အခါခါအခေါခေါက်သွားရောက်ဖူးမျှော်ခဲ့ပါကြောင်း မြန်မာနိုင်ငံတွင် ရှိရှိသမျှသော နှီးဘုရားကြီးများတွင် သက်တော်သက်တမ်း ကာလအကြာမြင့်ဆုံး (ကျွန်တော်တို့စကားနဲ့ဆိုရင် စီနီယာ အကျဆုံး..) ဖြစ်တဲ့ မိုင်းခတ်မြို့ အနီးအနားက မိုင်းနှုံး နှီးဘုရားကြီးအကြောင်း တင်ပြလိုက်ရပါသည်။
Posted by နေလွမ်းသူ at 11:45 PM 0 comments
ကွန်တော်တို့ကျောင်းတော် နဲ့ ကျွန်တော်တို့အတန်းလေး
ဒီတစ်ခါတော့ အလှည့်အပြောင်းလေးဖြစ်သွားအောင် ကျွန်တော်တို့အတန်းထဲကသူငယ်ချင်းတွေ အကြောင်း ပြောပြပါဦးမယ်ဗျာ။ ပထမနှစ်မှာ အတန်း ၃ တန်းခွဲထားတယ် ကိုနန္ဒက အခန်း(၁)မှာပေါ့ မြန်မာက ဗိုလ်ကြီးနန္ဒအောင်နဲ့ ဗိုလ်ကြီးစောသိင်္ခ (ကိုယ်ရေးတာဆိုတော့ မြန်မာကထိပ်ကပဲပေါ့..ဟဲဟဲ) ရှေ့ဆုံးခုံက စပြောမယ်.. နယူးဇီလန်က ဗိုလ်မှူးကြီးနဲ့ သူ့မိန်းမ(ယောက်ျားတက်တော့မိန်းမကပါ ပိုက်ဆံပေးပြီး ကျောင်းတက်တာပါ) ကာဇက်စတန်က ဗိုလ်မှူး-၁ ယောက် ဗိုလ်ကြီး-၁ ယောက်။ မဒါဂါးစကား(Madagascar) နိုင်ငံက ဗိုလ် တစ်ယောက်။
ထိုင်းလေတပ်က ဗိုလ်ကြီးမမ-၁ ယောက်။ အယ်ဂျီးရီးယား နိုင်ငံက ဗိုလ်-၁ ယောက် ။ မိုဇမ်ဘိ(က်) (Mozambeak) နိုင်ငံက ဗိုလ်မှူး-၁ ယောက်။ ဗီယက်နမ်က ဗိုလ်လောင်း-၁ယောက်။ မွန်ဂိုလီးယားက ဒုဗိုလ်-၁ယောက်၊ဗိုလ်တစ်ယောက်(အမြဲတမ်းအိပ်ငိုက်တဲ့ ၂ ယောက်လေ..ဟားဟား) ။ပီရူး နိုင်ငံက ဗိုလ်မှူး-၁ ယောက်။ ချီလီနိုင်ငံက ဒု ဗိုလ်မှူးကြီး-၁ ယောက်၊ဗိုလ်ကြီး မမ တစ်ယောက်(တော်တော် ချောတာဗျ.. အရပ်ဝတ်နဲ့ဆိုရင်)။ ကိုလံပီယာ လေတပ်က ဗိုလ်မှူး-၁ ယောက်။ ဗင်နီးဇွဲလားနိုင်ငံက ဗိုလ်မှူး-၁ ယောက်။ အဲဒီ တောင်အမေရိကအဖွဲ့တွေကတော့ စပိန်စကားက အဓိကဘာသာဖြစ်ပါတယ်။ မြောက် ကိုရီးယားက ဗိုလ်မှူး-၁ ယောက်။ ယူကရိန်းနိုင်ငံက ဗိုလ်မှူး-၁ ယောက်(သူက ရှဗ်ချင်ကို အကြောင်းပြောရင် သိပ်သဘောကျတာ) ဇင်ဘာဗွေနိုင်ငံက ဗိုလ်ကြီး-၁ ယောက်။ ဘော့စ်ဝါနာ(Botswana) နိုင်ငံက ဒုဗိုလ်-၂ ယောက်။ ကျွန်တော်တို့တွေ အမြဲသုံးဘာသာစကားက တရုတ်စကား (ဖုထုံးဟွ)ပေါ့။ လုံးဝကို ကိုယ်မသိ သူများလည်းမသိတဲ့ အသုံးအနှုံးဆို Eng လိုပဲ ကစ်ရတာပေါ့ ။
တစ်ခါတစ်ခါဆိုသိပ်ရယ်ရတာ Chin-Glish ချိုင်းဂလိရှ် လိုပြောပစ်လိုက်ကြတာ ဟားဟား အဓိကက အချင်းချင်းနားလည်ဖို့ပဲလေ။ နောက်အခန်း -၂ ခန်း ကျန်သေးတယ် အသေးစိပ်တော့ မဖော်ပြတော့ပါဘူး အဲဒီမှာလည်း အင်ဂိုလာက၊မွန်ဂိုလီးယားက၊ဖိလစ်ပိုင်၊ လာအို၊ကမ္ဘောဒီးယား၊ ယူကရိန်း၊ ဆွီဒင်၊ ဘင်္ဂလားဒေ့ရှ်၊ တန်းဇန်းနီးယား(Tanzania)၊အင်ဒိုနီးရှား အဲဒီနိုင်ငံ တွေက အမျိုးသမီးအရာရှိတွေများတယ်။ ဘာသာဓလေ့တွေအများဆုံး စုပြုံနေတဲ့ နေရာတစ်ခုလို့ပြောနိုင် ပါတယ်။ နိုင်ငံပေါင်း ၆၀ က တပ်မတော်(ကြည်း၊ရေ၊လေ)အမျိုးသား၊အမျိုးသမီး အရာရှိပေါင်း ၁၈၂ ယောက် ကျွန်တော်တို့ကျောင်းကြီးမှာ ပထမနှစ်ကနေ စတုတ္ထနှစ်ထိ တက်ရောက်နေကြပါတယ်။ ဘာမှခွဲခြားမှုမရှိဘူး အားလုံးရင်းရင်နီးနီးနဲ့တကယ်ကိုပျော်စရာကောင်းပါတယ်။ တရုတ်ပြည်တွင်းကျောင်းသား ကျောင်းသူအင်အား ကအများဆုံးပါ။ သူတို့အားလုံး အခြေခံစစ်ပညာသင်ကြားပြီးတာနဲ့ သက်ဆိုင်ရာအထူးပြုဘာသာရပ်တွေကို နှစ်အလိုက်တက်ရောက်နေကြပါတယ်။ သူတို့တော့ အရပ်ဝတ်နဲ့တက်ကြရပါတယ်။ အခြေခံစစ်အင်အားမှာ စာရင်းသွင်းထားပြီး ဘွဲ့ရလို့ တပ်မတော်မှာ ဆက်လက်တာဝန်ထမ်းဆောင်ချင်တဲ့သူတွေက ဆန္ဒပြု အစစ်ဆေး ခံရပါတယ်။ပြီးမှ စစ်ဘက်တက္ကသိုလ်မှာထက်တက်ပေါ့။
ကျွန်တော်တို့ အတန်းပိုင်က ဗိုလ်မှူးကြီးမန့်င် (အမျိုးသမီးပါ)။ အားလုံးက အရာရှိတွေကြည့်ပါပဲ။ခေါ်တော့ လောင်ရှီး( lao shi , 老师) ပေါ့။ သင်္ကြန်တုန်းက ကျောင်းက အခန်းအနားစီစဉ်ပေးတယ်။ ညမှာ ပါတီသဘောမျိုးပေါ့ လာသမျှကျောင်းသားတွေအတွက် ဘီယာ ဝိုင်နဲ့ သစ်သီးမျိုးစုံ တစ်ခြားအမြည်းလည်း free လုပ်ပေးတယ်။ လေးနိုင်ငံပေါင်းပြီးလုပ်ကြတာပါ။ ဘဝမှာ မမေ့ စရာပွဲတစ်ပွဲပါပဲ။လေးနိုင်ငံက မြန်မာ၊ထိုင်း၊လာအိုနဲ့ ကမ္ဘောဒီးယား ပါ။ ဒီလေးနိုင်ငံက ဘာသာစကားပဲ ကွဲသွားတယ် ကျန်တာတွေက တစ်နိုင်ငံထဲပဲလို့ ကျန်နိုင်ငံသားတိုင်းက ပြောကြပါတယ်။ အမှန်တိုင်းပြောရရင် အဲဒီညက မင်းသားဖြစ်သွားတာက ကိုနန္ဒတို့ ၂ ယောက်ပါ။ တကယ်ပါ တိုက်ပုံ စတစ်ဖြူ ပုဆိုး (ကျောင်းရောက် ကတည်းက အခွင့်မသာလို့လေ) ဝတ်ပြီး တက်လိုက်တာ အိုး..ပြောမနေနဲ့ (ကျန်-၃ နိုင်ငံကဘောင်းဘီ တီရှပ် မရိုးသော နေ့စဉ်ဝတ်နဲ့ကိုး) လူတိုင်းက ဓါတ်ပုံပဲ အတင်းတွဲရိုက်ကြပါတော့တယ် သီးသန့်ပုံလေးတွေရိုက် အတွဲလိုက်ရိုက်နဲ့ ဟိုလူကဆွဲခေါ်သွား ဒီလူကဆွဲခေါ်သွားနဲ့ဗျာ ... အိုး နီမန်းကျင်းထျန်း ကျန်းတ ဟန်ရွှိုက်..တဲ့ ဒီနေ့မင်းတို့ ၂ ယေက် တကယ်ခန့်ချော..တဲ့ (ဟီးဟီး အရင်နေ့တွေက မမိုက်ဘူးပေါ့နော်..) အတန်းထဲမှာ နိုင်ငံတကာအကတွေအကြောင်းပြောကြတော့ ယူကရိန်းနဲ့ချီလီ က အရှေ့တောင်အာရှအကတွေက ပျင်းစရာ နဲနဲမကောင်းဘူးလားဆိုတော့ ထိုင်းကမမကြီးက အိုးကစ်ပါတော့တယ် ငါတို့အကတွေက အရမ်းယဉ်ကျေး သိမ်မွေ့တာ နူးညံ့စေတာ မင်းတို့လို လူမပင်ပန်းဘူးလာညာနဲ့ ကြာတော့ ဟိုကအလျှော့ပေးရပါတယ်။ မပေးလို့လည်းမရဘူးသူက အတန်းထဲကအကြီးတွေကို နိုင်တယ်။ တစ်ခါတစ်ခါကလေးပဲ။
ကျွန်တော်တို့မြန်မာ-၂ကောင်မှာ ပါရာစီတမောလ်နဲ့ ဘာမီတွန် လောက်တောင် ၂ ကဒ်စီလားပါလာတာ။ တကယ်တမ်းဖျားဟဲ့နာဟဲ့ဆို ဆေးတိုက် ကော်ဖီတိုက်တာက ထိုင်း က မမကြီးပါ။ စာမေးပွဲနီးရင် အခန်းကို ခနခနတက်လာကြည့်တယ် စာကျက်ဘဲ ကွန်ပျူတာရှေ့ရောက်နေလို့ကတော့ ချက်ချင်းကွန်ပျူတာပိတ်ပဲ။ နွားနို့ဗူးတွေ လာလာပေးပါတယ်။ ခေါ်တာကိုက ဝေါ်တ တိတိ.. ကျွန်တော်တို့ကို သူ့မောင်လေးတွေလို့ အမြဲပြောလေ့ရှိပါတယ်။ ရွှေတိဂုံကိုရောက်ဖူးတယ်။ ကျိုက်ထီးရိုးဘုရားကြီးကို သူလာဖို့ကျိုးစားဦးမယ်လို့ အမြဲအားတက်သရောပြောတတ်ပါတယ်။ မြန်မာစကား တစ်လုံး နှစ်လုံးသိပါတယ်။ ကျွန်တော်ကလည်း တာချီလိတ် နယ်စပ်ဘက်မှာစခန်းထိုင်ခဲ့ရတုန်းက မတောက်တစ်ခေါက် ယိုးဒယားစကားလေး လေ့လားထား ခဲ့တာ ပြောတော့ဟုတ်နေတာပဲ။ Presentation powerpoint ပြလိုက်ပြီးတဲ့နောက်ပိုင်း ရောက်အောင်လာကို လာမယ်ဆိုသူတွေတော်တော်များပါတယ်။ မြန်မာအကြောင်းထည့်ပြောတော့လား... ဦးသန့် ကိုသိတဲ့သူအများ အပြားတွေ့ရပါတယ်။ အင်းလေး လှေလှော်တာရယ်။ မန္တလေးခြင်းအလှ နဲ့ နန်းမြို့ရိုး နန်းတော်။ ပုဂံက ရှေးဟောင်းဘုရားအရေအတွက်(လှည်းဝန်ရိုးသံတညံညံ)။ အံ့ချီးမကုန်ရွှေတိဂုံ။ကျိုက်ထီးရိုးဘုရားကြီး အကြောင်းကို ဥပမာသေချာပေးပြောပြတော့ တော်တော်အံ့သြကြတယ်။ အစုံပါပဲကျွန်တော်လည်း မြန်မာ့ အမှတ်အသားရိုးရာအမွေအနှစ်စုံပေါ့။ တစ်ယောက်နဲ့တစ်ယေက်နှုတ်ဆက်ရင် တစ်ခါတစ်ခါ အဲဒီသူရဲ့ ဘာသာစကားကိုပြောပြီးနှုတ်ဆက်ကြတယ်။ အခုဆိုအားလုံးက ကိုနန္ဒတို့ကို မင်္ဂလာပါ ဆိုပြီး ပြောကြပါတယ်။
အီးလိုက ဟဲလို၊ တရုတ်လိုက နီးဟောင်၊ စပိတ်လိုက အိုးလာ၊ ထိုင်းက ဆဝါဒီခ (ခပ်)၊ အများကြီးပါပဲ။
ဖျားလို့နာလို့ အတန်းမတက်နိုင်ဘူးဆိုတာနဲ့ အဲဒီနေ့ကျတဲ့ မော်နီတာကနေ ထမင်းစားအပြီး တစ်နေရာရာမှာ စုပြီး အဲဒီဖျားတဲ့သူအခန်းကို ကိုယ်စီ လူမမာမေးတဲ့ ပစ္စည်းလေးတွေနဲ့ သွားကြပါတယ်။ မွေးနေ့ဆိုကောင်းတယ် ကျောင်းဝင်လွှာနဲ့ ပတ်စ်ပို့ထဲက မွေးနေ့ကို ကျောင်းသားရေးရာဌာနက မှတ်ထားပြီး မီးဖိုကြီး စားဖိုဆောင်ကို စာရင်းပေးထားပါတယ်။ အဲဒီသူရဲ့မွေးနေ့ ညစာစားချိန် ထမင်းစားခန်းမှာ မွေးနေ့ကိတ်ကြီးတင်ထားပေး ပြီးသားပါ။ ဒုတိယထပ်မှာ အဲဒီလိုပါတီပွဲတွေလုပ်ဖို့ သီးသန့် ဟောလ်ခန်းထားပေးထားပါတယ်။ ကိတ်မုန့်ကြီး ကို free ဖုတ်ပေးတာပါ။ အသက်နဲ့ကွက်တိ ဖယောင်းတိုင်လေးတွေ ခွက်လေးတွေပါအပြီး ထည့်ပေးပြီးသား မိုက်တယ်နော် အနော်တို့ကျောင်းက ။ ကျွန်တော်တို့ကိုလား ဂရုတစိုက်နဲ့မေးကြတာပေါ့ဗျာ အားလုံးသိကြတဲ့ အတိုင်းပဲ နာဂစ် က နာကျင်ပူဆွေး ရင်တွင်းကျန်ရစ် ဒဏ်ဖြစ်စေခဲ့တာကိုး (ကျန်ရစ်စေတဲ့ ဒဏ်ဆိုတာကတော့ လူတန်းအားလုံးရဲ့ ခံစားချက်အားလုံး မတူညီသည်ဖြစ်စေတူညီသည်ဖြစ်စေ ကျွန်တော် ရည်ညွှန်းဖွဲ့ဆို ကိုယ်စားပြုလိုက်တာပါ) မင်းအိမ်ရော ဘယ်လိုလဲ မိဘဆွေမျိုး အပေါင်းသင်းရောင်းရင်းတွေရော.. ဘာဖြစ်ကြသေးလဲ ငါတို့ တကယ်စိထိခိုက်ကြေကွဲကြရပါကြောင်း သင်္ကေတပစ္စည်းလေးတွေ ပေးလို့ပေါ့ဗျာ....
Posted by နေလွမ်းသူ at 8:43 PM 0 comments