ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Friday, June 6, 2008

ကျွန်တော်တို့ကျောင်းတော်-၂

ကျွန်တော် အတန်း ၂ ရက်ဆက်တိုက်ပျက်ပါတယ်။ အကြောင်းက ဗိုက်က အစာအိမ်က အရမ်းနာနာ လာလို့ ညအိပ်နေချိန် ၂ နာရီ ၃ နာရီလောက်က စနာလိုက်တာ မိုးလင်းတဲ့အထိ ဆိုပါတော့။ ဒါကလည်း သဘာဝအရ ရလာခဲ့တာပါ။ အစာစားချိန်မမှန် ဆာနေရင်မစားဖြစ်ခဲ့ အဆာလွန်မှစား စားချင်တဲ့အချိန်မှာ မစားခဲ့ရတဲ့ ကာလတွေ အဲဒီကလ တွေကြောင့်ဖြစ်တာက ၈၅% ပါပါလိမ့်မယ်။ အတန်း-၂ ခါပျက်တော့ ထုံးစံအတိုင်း ဘော်ဘော်များ အတန်းဖော်များ လူမမာ လာမေးကြပါလေရော။

တစ်ပြုံကြီးစုကျလာရင် ထိုင်စရာကမရှိ။ နေတာကတော့ ကိုယ် တစ်ယောက်ထဲဆိုအကျယ်ကြီးပါ။ တော်သေးတယ် သူတို့လာတဲ့အချိန် လူကကွန်ပျူတာရှေ့ရောက်မနေလို့ မဟုတ်ရင် ပြောလို့ဆိုလို့ကိုမပြီးကြတော့ဘူး။ ယူကရိန်းကဘော်ဒါက ဗိုက်အရမ်းနာရင်နေရတဲ့ပုံစံလုပ်ပြတော့ အူတက်အောင်ရယ်ကြရတယ်။ နယူးဇီလန်က ပါးပါး မားမားအတွဲကတော့ ပန်းစီးလေးနဲ့ ကိတ်မုန့်လေးတွေနဲ့။ သူတို့ကအတန်းထဲမှာအသက်အကြီးဆုံးဆိုတော့ class mate (朋友) (同学) လို့ခေါ်တာထက် Dad n mom ဆိုပြီး (爸爸 နဲ့ 妈妈)လို့ခေါ်ကြတာပါ။

ကျောင်းမှာက ဘူဖေး buffet ပဲကျွေးတာပါ။ နိုင်ငံခြားကျောင်းသားအားလုံးအတွက် ထမင်းစားခန်း ၂ ခုခွဲထား ပေးပါတယ်။ တစ်ခု မွတ်စလင် ဘာသာနိုင်ငံများအတွက်ပါ။ သူကနဲနဲလည်း ပိုကျဉ်းပါတယ်။ နန္ဒအောင်တို့ ဒီဘက်ထမင်းစားခန်းထက်ပိုသေးပါတယ်။ ဒီဘက်မှာတော့ အရှေ့တောင်အာရှနိုင်ငံအားလုံး၊ ဝက်သားစားတဲ့ နိုင်ငံတွေပေါ့လေ။ လူ ၁၂၀ ဆန့်ထမင်းစားခန်းပါ။ မြန်မာကနေပါလာတဲ့ ပင်ပျိုရွက်နုကထုတ်တဲ့ ready eat မန်ကျီးငပိချက်တို့ ဘာလချောင်ကြော်ထုတ်တို့ကို စားလိုက်ကြတာ ကျန်တဲ့ မာဂျားစကား၊လာအို၊ ဗီယက်နမ်၊ ကိုရီးယား၊ ကမ္ဘောဒီယား၊ စပိန်ရဲ့သားများ(စပိန်စကားပြောတဲ့ အဖွဲ့တွေ)တော်တော်ကြိုက်ကြသဗျ။ ငပိကြော် ကမ္ဘောဒီးယားနဲ့ လာအိုက အလွန်ကောင်းဆိုပြီး လာလာရှူးလို့နောက်တော့ ဖွက်စားရတယ်။ ပြောရဦးမယ် ထူးဆန်းတာတစ်ခု။ ယို ပုလင်းလေးတွေ ပေါင်မုန့်နဲ့စားဖို့ နာနတ်တို့ စတော်ဘယ်ရီ၊စပျစ်ပုလင်းလေးတွေ ချပေးထားတာရှိပါတယ်။ ယူကရိန်းသားနဲ့ ဘူလ်ဂေးရီးယားသားများ အဲဒီယိုကို ဇွန်းနဲ့ခပ်ပြီး ဖန်ခွက်ထဲထည့် ရေအေး ရေနွေးထည့်ပြီး ဖျော်သောက်တာဗျာ(သူတို့အတွက်တော့မသိဘူး ကျွန်တော်က တောကတက်လာလို့ မမြင်ဘူး အထူးအဆန်းဖြစ်နေပါရောလား)။

ချဉ်ပေါင်ရွက်နဲ့ပုဇွန်ခြောက်ကြော်ကအများဆုံးပါလာတဲ့ဗူးကြီး ဘော့စ်ဝါနာ(Botswans) က ကလားများ တော်တော်စားကောင်းလို့ဆိုပြီး မကုန်သရွေ့လာခပ်နေတော့တာ။ ဒီကောင်တွေလုပ်တာပြောရဦးမယ်။ ကျွန်တော်တို့အခန်းက ဝက်သားဟင်းလျာမှန်သမျှရှိတော့ အဲဒါကို စတီးခွက်လုံးလေးနဲ့နဲ့လာလာသယ်ပြီး ဟိုဘက် မွတ်စလင်ခန်း(သူတို့က ခရစ်ယာန်တွေ) ပြန်ယူစားတာပါ။ ကျွန်တော်တို့က နောက်တာပေါ့ သူတို့ကို မင်းတို့ ဟိုက ဝက်သားလုံးဝမစားတဲ့ သူတွေရဲ့အခန်းကို အဲလိုလုပ်တာ မကောင်းဘူးဆိုတော့ အဲဒါ မွတ်စလင် သီးသန့်အပိုင်ပေးတာမဟုတ်ဘူး ဒါ တို့ကျောင်းက ထမင်းစားခန်း ကျောင်းသားတိုင်းစားလို့ရတယ် ဆိုပြီးပြန် ပြောပါတယ်။ ကျွေးတဲ့ဟင်းတွေကတော့ သိတဲ့အတိုင်းပဲ တရုတ်ဟင်းလျာ တရုတ်စတိုင်လ်ချက်ပေါ့။ ကျွန်တော် တို့အတွက်တော့ အေးဆေး။ ဝက်သား၊ သိုးသား၊ ကြက်သားနဲ့ငါး အများဆုံး(ပုံစံအမျိုးမျိုးချက်) ပင်လယ်ခရု၊ ပင်လယ်ကထွက် ရေဘဝဲ၊ ဟင်းသီးအရွက်ကြော်စုံ...အများကြီးပါပဲ။ မှိုမျိုးစုံလဲပါတယ်။ ကြက်ဆို ပေါင်နဲ့ တောင်ပံကြော်က ၂ ဘန်းလောက်အမြဲချပေးတယ်။ ပေါက်စီသေးစားနဲ့ အစာသွပ်မုန့်လုံးတွေရောပဲ။

သောကြာနေ့ဆို Beer day ညနေ စားပွဲပေါ်မှာ လူအရေအတွက်အတိုင်း ပုလင်းချပေးထားတယ်။ ဘီယာ မသောက် တဲ့သူတွေက ပက်စ်စီ ကိုလာ စပရိုက် ကြိုက်တဲ့ပုလင်းနဲ့လဲပေးတယ်။ ကျွန်တော်တို့ကတော့ အအေးပုလင်းပဲ။ ဘီယာသမားကလွဲ ရင် ကျန်တဲ့သူတွေအားလုံးက အခန်းပြန်သယ်တာများပါတယ်။ နေ့တိုင်း မနက်စာ ညနေစာ စားပြီးရင် ပန်းသစ်တော်သီး၊ ပန်းသီး၊ ဖရဲသီး (ရာသီအလိုက်အသီးတွေ) စားပွဲအပြည့် ခင်းပေးထားတယ်။ အခုတော့ စားပွဲပေါ်ချချပေးသွားတယ်။ စာသင်ခန်းကအတန်းပြီးရင် အားလုံး စုပြုံရောက် ထမင်းထည့်ရင် စနစ်တကျတန်းစီပြီထည့်သွားရတယ်။ Breakfast ကလည်း Hotel တွေမှာကျွေးတဲ့ပုံစံနဲ့ အတူတူပါပဲ။ ကော်ဖီ၊နွားနို့၊ ပေါင်မုန့်တွေ၊ ဘာဂါလည်းရတယ်။ ကြက်ဥကြော်-ပြုတ်၊ထမင်းကြော်၊ ပေါက်စီတွေ အီကြာကွေးသေးသေးလေးတွေရောပဲ ကြိုက်တာကို ကြိုက်သလောက်ယူ စားပေတော့ပဲ။(ဟီးဟီး သွားရေ ယို မနေနဲ့ဗျ) ကျွန်တော်တို့ကတော့ ထမင်းကြော်ထဲ ငြုပ်သီးမှုံ့နဲနဲထည့် ကြက်ဥကြော်နဲ့ ချစ်သူပို့ပေးတဲ့ ငပိကြော်လေးနဲ့ ကစ်တာပဲ။( အဟဲ နောက်တာ နော်)။ စာသင်ခန်းနဲ့အိပ်ဆောင်က လှမ်းအော်ပြီး စကားပြော ကြားရတယ်။(ကျောင်းကို ကားနဲ့သွားတာလား subway နဲ့သွားတာလားလို့ မေးတဲ့သူရှိလို့ပြောပြတာပါ)

အပါတ်စဉ် ဗုဒ္ဓဟူးနေ့ည စနေနေ့လည်တိုင်း ကားနဲ့မြို့ထဲက အကြီးဆုံး SuperMarket ကိုပို့ပေးတယ်။ တစ်ချို့ ဆိုင်ကြီးတွေက ကျောင်းကို ကားကြီးတွေလွှတ်ပြီး မိတ်ခေါ်တာလည်းရှိပါတယ်။အင်း ပြောရဦးမယ် စာသင်တဲ့ အခါ သင်ခန်းစာတွေကိုလက်တွေ့နားထောင်လို့ရအောင် ကျောင်းသားတိုင်းကို MP-3 တစ်ခုစီက အလကား ထုတ်ပေးသေးတယ်။အင်တာနက်သုံးတဲ့ စနစ်ကတော့ တစ်ကျောင်းလုံး Local Area ချိတ်ထားပြီး User name Password နဲ့အကောင့်တစ်ခုစီယူရတယ်။ unlimit တစ်လကို ယွမ်-၆၀ သွင်းရတယ်။ နိုင်ငံအလိုက်က group တစ်ခုစီ မီးပူ တစ်လုံးစီပေးထားတယ်။ အဝတ်လျှော်စက်ကျတော့ တစ်လွှာမှာ ၃ လုံးစီပဲ အခန်းနဲ့ထားပေးတယ် စနေဂနွေဆို လုပြီးလျှော်နေရတာ။ စနေဂနွေလေး နားရတာကို ဗီယက်နမ်နဲ့ ကမ္ဘောဒီယား သူငယ်ချင်းများက အိပ်ယာမထချင်သေးတာကို လာနှိုးပြီး ဘောလုံးကန်ဖို့။(တပ်ရင်း-၃ လက်ရွေးစင်နော် ဟဲဟဲ အောင်ဇေယျ တပ်ရင်းဆိုပါတော့) အာဂျင်တီးနား နဲ့ အင်ဂိုလာ သားများ ဘောလုံးတော်တော်ကောင်းတယ်။ တစ်ခါတစ်ခါ များသေားအားဖြင့်တော့ အီးလိုနဲ့ တရုတ်လိုပဲ ပြောတာကို တကယ့်ရေထဲမိုးထဲဆို သူတို့လည်း အာရေဗျ ဘာသာနဲ့အော် ကိုယ်ကလည်း မြန်မာလိုပြန်အော်တာပဲ လုပ်မနေနဲ့ အဓိက ကအပေးအယူတည့်ဖို့ပဲလေ။

အခုတော့လည်း အတော်ကိုဟုတ်နေပါပြီ။ ရောက်စကပိုဆိုးသေး။ ဘောလုံးကွင်းထဲက အသုံးအနှုံးကို အီးလိုက ရုတ်တရတ်ကို ပြောမထွက်ဘူး။ ကိုယ်၌ကလည်း မလေ့လာခဲ့တာပါ။ အလေးမ ဘာညာသာရကာ အခန်းကြီး တစ်ခန်းလည်းရှိတယ်။ အီကိုတို့ကတော့ ပြက်သားတယ် ကိုယ်အလေးချိန်လေး စစ်ဦးမယ်ဆိုကာမှ အဲဒီထဲ ရောက်တာ၊ ကျန်တဲ့အချိန်ကိုယ်နဲ့လားလားမျှမဆိုင်။ အခန်းသော့ကိုအခန်းထဲထားပြီး ဆွဲဆွဲပိတ်မိတာက အခါခါပဲ။ ဒါဆိုရင်တော့ အောက်ဆုံးမြေညီထပ်ဆင်း reception က ရှောင်ဂျယ် ကို တရုတ်လို ကျားကန်ပြီး ပြောခေါ်လာရတယ်။ သူက ကဒ်နဲ့လိုက်ဖွင့်ပေးတာ။ တစ်ယောက်ခန်းသမားတွေကို ကဒ်မပေးပါဘူး။ သော့ပဲပေးထားတာ။ ရေတို့မီးတို့ ဖြတ်မယ်ဆို ကြိုပြီး ကြော်ငြာကပ်ပေးတယ်။ မီးပျက်တာကတော့ ၅ ခါတော့ အနည်းဆုံးရှိပြီမှတ်ထားတာ။ နေ့တစ်ပိုင်းလောက်ပဲ ပြီးတာနဲ့ပြန်လာတာ။(မပြောနဲ့ သိတယ် ဘာပြောတော့ မယ်ဆိုတာ...ဟဲဟဲ) အခန်းထဲကတီဗွီကနေ မြန်မာ့အသံနဲ့ MR TV-3 လေး ၃ လပိုင်းလောက်က စမိတော့ ကြည့်ရတယ် ဘာပဲဖြစ်ဖြစ် မြန်မာနဲ့နီးနေသလိုခံစားရတယ်လေ။ သင်္ကြန်လည်းပြီးရော လစ်သွားတာ အခုထိကို ပြန်မရတော့ဘူး တစ်ခြားလိုင်းအားလုံးရတယ်။ ဒီလိုနဲ့ နောက်ဆုံးအကြိမ်စာမေးပွဲကြီးဖြေရခါနီးလာပြီ။ ပထမနှစ် စာသင်နှစ်တော့ကုန်တော့မယ်။ အင်း ကျောင်းပိတ်တုန်း ခန မြန်မာကိုပြန်ဦးမှပါ။ လွမ်းလို့....................... မှတ်ချက်။ အမေချက်တဲ့ ထမင်းဟင်း ဖျားရင်နာရင်ဆေးတိုက်ဆေးလိမ်းပေးတဲ့ အမေ့ရဲ့အကြင်နာလေးတွေ။ နေလွမ်းသူ

0 comments: