ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Thursday, June 19, 2008

နာဂစ်မှာ ကြွေလွင့်သွားသော ဒုတိယမြောက် ကြယ်တစ်ပွင့်


သူ့နာမည်က ဖိုးလုံး။ ထာဝရ အပြုံး ပိုင်ရှင်။ သူ့မျက်နှာ နှင့် သူ့ အပြုံးက ၀မ်းဆက်။ ဗိုလ်လောင်း ဘ၀က စီနီယာတွေ အပြစ်ပေးတာ ခံနေရစဉ်မှာ တောင် ဒီအပြုံးက မပျောက်။ ဘယ်လောက်ပဲ ဒုက္ခရောက် နေပါစေ၊ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ၊ သူ့မျက်နှာပေါ်က အပြုံးက ပျောက်မသွား။ သူ့ကို တွေ့လိုက်ရလျှင် ထာဝစဉ် အပြုံးမျက်နှာဖြင့် သာတွေ့ရ လေ့ရှိပါသည်။ ထို့ကြောင့်ပင် အပါတ်စဉ်တူ သူငယ်ချင်းများက စရ်ျ စီနီယာများရော၊ ဂျူနီယာများကပါ သူ့ကို လွန်စွာ ခင်မင်ကြပါသည်။ က်ျကဲ့သို့ ချစ်သူခင်သူ များသောကြောင့် ပေလော မသိ။ လောကကြီးက အနှီ ဖိုးလုံး ခေါ် ဗိုလ်ကြီးဖိုးလုံးကို အိမ်ထောင်ပြုခွင့်လေးတောင် ပေးသနားခဲ့ခြင်း မရှိခဲ့ပေ။

ကျွှန်တော်တို့ တစ်တွေ နောက်ဆုံးနှစ်တွင် မိမိ တာဝန် ထမ်းဆောင်လိုသော လက်ရုံးတပ်ကို ရွေးချယ် လျှောက်ထားကြတော့ အများသူငှာ များစွာတို့က စွန့်လွတ် အနစ်နာခံခြင်း ကြီးစွာတို့ဖြင့် ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်သို့ စုပြုံလျှောက်ထား ကြကုန်၏။ တစ်ချို့ တစ်ချို့သော မိဘမောင်ဘွား ဆွေမျိုး မိတ်သင်္ဂဟ ချစ်သူရည်းစား အစရှိသော မကင်းရာ မကင်းကြောင်း ပတ်သက်နေကြသူများကလည်း မိမိတို့ ၏ တူ၊သား၊ ချစ်သူရည်းစားကို စွန့်လွတ် အနစ်နာခံတတ်သော၊ တိုင်းပြည်တာဝန် ကို ကိုယ်ကျိုးစွန့် ထမ်းရွက်တတ်သော သူတစ်ယောက် အဖြစ်မြင်လို ကြသည်ထင်၏။ “တို့က...လမ်းတွေဖောက်၊ တိုက်တွေဆောက်မှ အင်ဂျင်နီယာလို့ မြင်တာ” ဟူသော လေပြေလေးဖြင့် ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ကိုသာ လျှောက်ထားရန် နားပူနားဆာ လုပ်ကြလေသတည်း။ က်ျသို့ က်ျပုံ ဈေးတွက် တွက်နေကြသော ကာလတွင် သူငယ်ချင်းဖိုးလုံးက တပ်မတော်ရေ သို့ ခြေစုံပစ် ၀င်ရောက် သွားလေသည်။

ကျောင်းဆင်းရ်ျ အရာရှိတွေ ဖြစ်သွားကြပြီးနောက် သံတောင် ဘုရင့်နောင် တပ်မြို့တွင် ခြေလျင်တပ်စုမှူး သင်တန်း ပြန်တက်ကြရသော အခါ သူငယ်ချင်း ဖိုးလုံးကို အပြာဝတ်ဖြင့် ပြန်တွေ့ရလေသည်။ ကျွှန်တော်တို့က သူ၏ တပ်မတော်ရေ ယူနီဖောင်းကို စနောက်သော အားဖြင့် ကိုမီးသတ်ကြီး ဟု ခေါ်ဆိုကြလေတိုင်း သူက သူ့မူပိုင် အပြုံးနုနု ဖြင့် “ ဟေ့ တို့ ရေတပ်ကို မစော်ကားနဲ့ ကွ၊ တို့ ရေတပ်က ဆော်ကြည်တယ်နော် အဆိုတော် ယုဇန ကတောင် ကိုကိုရေ..ချစ်တယ် လို့ သီချင်းထဲမှာ ဆိုသွားတာ ကြားတယ် မဟုတ်လား ” ဟု ပြန်ပြန်ပြော လေ့ရှိပါသည်။ က်ျသို့ပင် သူ့ကို မည်မျှပင် စစ နောက်နောက် သူက စိတ်မဆိုးတတ်ပဲ အမြဲပြုံး နေတတ်သူ သာ ဖြစ်သဖြင့် လူတိုင်းက ခင်မင်ကြကုန်၏။ ဘောကန်ကောင်းရ်ျလည်း ဘောသမားကိုကို တို့က လွန်စွာ ချစ်ခင် ကြလေသည်။

သူငယ်ချင်း ဖိုးလုံး၏ မိခင်တပ်က မွန်ပြည်နယ် မော်လမြိုင်မြို့ မောရ၀တီ ရေတပ် စခန်းဌာနချုပ် လက်အောက်ခံ စစ်ရေယာဉ်စု အမှတ်( ၂ ) ဗျူဟာ ။ သူတို့တာဝန်က မြန်မာ့ ပင်လယ်ပြင် စိုးမိုးရေးနှင့် ကာကွယ်ရေး။ သူ့ရာထူးက စက်ခန်းတာဝန်ခံ အရာရှိ ခေါ် အင်ဂျင်အရာရှိ ( EO )။ လူက ငဖောင်ရိုးသာသာ ဆိုသော်လည်း သူ့အစွမ်းဖြင့် မြင်းကောင်ရေအား များစွာရှိသော သင်္ဘော အင်ဂျင်ကြီးများကို လည်ပတ်စေသူ။ ရေတပ်ရောက်မှ ရေကူးရေငုပ် စတင် သင်ကြားခဲ့ရသော်လည်း ပင်လယ်ပြင် ထွက်တိုင်း ပျော်နေတတ်သူ ပင်လယ်ပျော် ဇင်ယော် တစ်ကောင်။ သီချင်းလေး တအေးအေးဖြင့် စီးကရက်လေး လက်ကြားညှပ်ပြီး အလုပ် လုပ်တတ်သောကြောင့် ရေယာဉ်မှူး၏ အကြိမ်းအမောင်း ကလည်း မလွတ်တတ်သူ သာဖြစ်သည်။

ကပလီပင်လယ် ခေါ် ကုလားပင်လယ် မှာ တရုတ်နိုင်ငံလုပ် စစ်သင်္ဘောဖြင့် ဗမာလူမျိုး ဗိုလ်ကြီးဖိုးလုံးတို့ ဂျောင်းဂျောင်းပြေးအောင် တာဝန်ထမ်းဆောင်ခဲ့ ဖူးလေပြီ။ ယခုလည်း ဧပြီ လလယ်လောက်က စရ်ျ ဗိုလ်ကြီး ဖိုးလုံးတို့ ၏ တပ်မတော်(ရေ) တိုက်ရေယာဉ် အမှတ် ၄၄၁ သည် ပင်လယ်ပြင် လုံခြုံရေးခရီးပတ်ရင်းမှ မြန်မာ့ကမ်းရိုးတန်းသို့ ပြန်လည် ၀င်ရောက်လာနေခဲ့သည်။ ငြိမ်းချမ်းအေးဆေးစွာ တာဝန်ပြီးဆုံးတော့မည့် စစ်ဆင်ရေး အပတ် လည်း ဖြစ်ပြီး မကြာမှီ ကမ်းကို ကပ်ရ်ျ ကုန်းပေါ်ခြေချရတော့မည် သာဖြစ်ပါသည်။ သို့သော် မေလ (၂) ရက်နေ့ ဟိုင်းကြီးကျွှန်း အနီး ရေတပ်သား အများအပြား နှစ်ခြိုက်စွာအိပ်မောကျနေသော ညကာလ အခါသမယတွင် ငြိမ်းချမ်းစွာ ခုတ်မောင်းနေသော ဗိုလ်ကြီး ဖိုးလုံးတို့၏ စစ်ရေယာဉ် ၄၄၁ ကို လွန်စွာ ကြီးမားသော လွန်စွာရက်စက်သော လွန်စွာကြမ်းကြုပ်သော ကြောက်မက်ဖွယ် အရာကြီးတစ်ခုက လာရောက် တိုက်ခိုက်လေတော့သည်။

ထိုအရာကား မြန်မာပြည်သူ ပြည်သားပေါင်း များစွာတို့၏ အသက်ဝိညဉ် ကို နှုတ်ယူသွားခဲ့သူ၊ သန်းပေါင်း များစွာသော မြန်မာပြည်သူတို့ အား မျက်ရည် ဖြိုင်ဖြိုင်ကျစေခဲ့သူ၊ အနာဂတ်၏ မြန်မာ့သားကောင်း ရတနာ များစွာတို့ကို ကြက်ကလေး ငှက်ကလေး များသဖွယ် ဖုတ်ကျည်းသဂြိုလ် သွားခဲ့သူ၊ ၂၁ ရာစု၏ အဆိုးဝါးဆုံး အရက်စက်ဆုံး သူ၊ သူကား “ နာဂစ် ”။ ကျွှန်တော်တို့တတွေ နိုင်ငံရပ်ခြား တိုင်းတပါး ကျည်လွတ်မြေတွင် အေးချမ်းစွာ ပညာသင်နေကြသော ကာလတွင် သူငယ်ချင်း ဖိုးလုံးတို့တတွေမှာတော့ အဆမတန် ပြင်းထန် လှသော မုန်တိုင်း အောက်တွင် အသက်လုရ်ျ ရုန်းကန် နေခဲ့ရပေလိမ့်မည်။ သို့သော် အင်အားချင်း အဆမတန် သော ရန်သူ့ထိုးစစ်ကို ခံရသည့် အလား နောက်ဆုံးတော့ အမေ့ထမီ အထက်ဆင်စ လေးကလည်း ချစ်စွာသော သား၏ အသက်ကို မကယ်နိုင်တော့။ မြန်မာပြည်သူ များစွာတို့နှင့် အတူ မုန်တိုင်း၏ သားကောင် ဘ၀ ရောက်ခဲ့ရရှာတော့သည်။ စစ်ရေယာဉ် ၄၄၁ နှင့် အတူ သူငယ်ချင်း ဖိုးလုံးတို့ အားလုံးကို ရေအောက် သင်းချိုင်းသို့ နာဂစ်ဆိုသော မာန်နတ်၏ တမန်တော်က ဆွဲခေါ်သွားခဲ့လေတော့သည်။

မင်းတို့ နိုင်ငံခြားက ပြန်လာတဲ့ အခါ တို့ တတွေပြန်ဆုံ ကြသေးတာပေါ့ကွာ… ဟု အပြုံးမျက်နှာဖြင့် မှာကြား လိုက်သော သူငယ်ချင်း ဖိုးလုံး၏ အသံကို အခု ထိ နားထဲက မထွက်။ သေခြင်းတရားနဲ့ စစ်သားဟာ တကယ်တော့ လင်မယားပါ ဆိုသော်လည်း ယခုလို စောစီးစွာ ကြွေလွင့် သွားခဲ့ ရရှာသော သူငယ်ချင်းဖိုးလုံးနှင့် သူငယ်ချင်း ဇေယျ တို့အတွက်တော့ ဖြေမဆည်နိုင် ဖြစ်ရပါ၏။ ချစ်စွာသောသားတို့ အသက်အန္တရယ် ဘေးကင်း စေရန် ထမီ အထက်ဆင်လေးများကို တခုတ်တရ ထည့်ပေးတတ်သော မိခင်တို့၏ ခံစားမှုကိုတော့ စာဖြင့် ဖွဲ့ပြရန် မစွမ်းသာပါတော့ချေ။ အော် … ဖြစ်ပျက် လောက ကြီးတွင် ဖြစ်ပြီးလျှင် ပျက်ရမည်မှာ ဓမ္မတာ ဖြစ်သော်လည်း အသေစောလို့ နှမျော လိုက်လေ သူငယ်ချင်း ဖိုးလုံးရယ်………

အို နာဂစ် ! ငါတို့၏ အေးချမ်းစွာ နေထိုင်ကြကုန်သော အပြစ်မဲ့ ပြည်သူ သန်းပေါင်းများစွာ တို့ကို ရက်စက်စွာ ၀ါးမြို ဖျက်ဆီးခဲ့သော သင့်အား ငါတို့သည် ကမ္ဘာကျေသော်လည်း ဥဒါန်း မကျေနိုင်…
( မေလ ၂ ရက်နေ့က ဟိုင်းကြီးကျွှန်း အနီးတွင် စစ်ရေယာဉ် ၄၄၁ နှင့် အတူ ရေအောက်သင်းချိုင်းသို့ ဆွဲခေါ်သွားခြင်းခံ ခဲ့ရသည့် သူငယ်ချင်း ဖိုးလုံး ခေါ် ဗိုလ်ကြီး ဟိန်းဇော်အောင်နှင့် တကွ နာဂစ်မုန်တိုင်းကြောင့် သေဆုံး ခဲ့ရရှာသောမြန်မာ ပြည်သူပြည်သားတို့ အတွက် အမှတ်တရ…) ……………..ကိုဥာဏ်(စက်မှု)

1 comments:

Anonymous said...

ကိုဖိုးလုံးအတွက် ခံစားမိပါတယ်...